< တောလည်ရာ 21 >

1 ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင်​အာ​ရဒ်​မြို့​ကို​အုပ် စိုး​သော​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ အ​သ​ရိမ်​လမ်း​ဖြင့်​လာ​နေ​ကြောင်း​သိ​ရ​လျှင် သူ​တို့​ကို​စစ်​ချီ​တိုက်​ခိုက်​ရာ​အ​ချို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​မိ​လေ​သည်။-
A gdy król Aradu, Kananejczyk, który mieszkał na południu, usłyszał, że Izrael nadciąga drogą, którą [przeszli] szpiedzy, stoczył walkę z Izraelem i wziął jeńców.
2 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ကိုယ် တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဤ​သူ​တို့​ကို​တိုက် ခိုက်​အောင်​မြင်​စေ​တော်​မူ​လျှင် သူ​တို့​နှင့်​သူ​တို့ ၏​မြို့​များ​ကို​ကိုယ်​တော်​အား​အ​ပြီး​အ​ပိုင် ဆက်​ကပ်​သော​ပူ​ဇော်​သကာ​အ​ဖြစ်​ဖျက်​ဆီး ပစ်​ပါ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ က​တိ​ပြု​ကြ​လေ​သည်။-
Wtedy Izrael złożył PANU ślub, mówiąc: Jeśli wydasz ten lud w moje ręce, całkowicie zniszczę ich miasta.
3 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​လျှောက်​ထား​သည် အ​တိုင်း​ခါ​နာန်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက် အောင်​မြင်​စေ​တော်​မူ​၏။ ထို​ကြောင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ​တို့​၏​မြို့​များ​ကို လုံး​ဝ​ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​ကို ဟော်​မာ​ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​သည်။
I PAN wysłuchał głosu Izraela, i wydał mu Kananejczyków. Całkowicie zniszczyli ich oraz ich miasta, a nadano temu miejscu nazwę Chorma.
4 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊-
Potem wyruszyli od góry Hor w kierunku Morza Czerwonego, aby obejść ziemię Edom. I lud bardzo się zniechęcił w drodze.
5 ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​တို့​အား​ပြစ်​တင်​ပြော ဆို​ကြ​လေ​သည်။ သူ​တို့​က``အ​စာ​ရေ​စာ​မ​ရှိ သည့်​ဤ​တော​ကန္တာ​ရ​တွင်​သေ​စေ​ရန် အ​ဘယ် ကြောင့် အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ခေါ် ဆောင်​လာ​ပါ​သ​နည်း။ ဤ​ပေါ့​ပျက်​သော အ​စား​အ​စာ​ကို​လည်း အ​ကျွန်ုပ်​တို့​ငြီး ငွေ့​လာ​ပါ​ပြီ'' ဟု​ညည်း​ညူ​ကြ​၏။-
Lud zaczął więc mówić przeciw Bogu i Mojżeszowi: Dlaczego wyprowadziliście nas z Egiptu, abyśmy pomarli na tej pustyni? Bo nie ma chleba ani wody, a nasza dusza obrzydziła sobie ten cienki chleb.
6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​မြွေ​ဆိုး​များ​ကို​စေ လွှတ်​သ​ဖြင့် လူ​ပေါင်း​များ​စွာ​တို့​သည်​မြွေ ကိုက်​ခံ​ရ​၍​သေ​ဆုံး​ကြ​၏။-
Zesłał więc PAN na lud węże jadowite, które go kąsały; i pomarło wiele osób z Izraela.
7 ထို​ကြောင့်​လူ​များ​သည်​မော​ရှေ​ထံ​သို့​လာ ၍``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ကိုယ် တော်​ကို ဆန့်​ကျင်​ပြော​ဆို​၍​ပြစ်​မှား​မိ​ပါ​ပြီ။ ဤ​မြွေ​များ​ကို​ဖယ်​ရှား​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် သူ​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​လေ​၏။-
I lud przyszedł do Mojżesza, i powiedział: Zgrzeszyliśmy przez to, że mówiliśmy przeciw PANU i przeciw tobie. Módl się do PANA, aby oddalił od nas te węże. I Mojżesz modlił się za lud.
8 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား သတ္တု မြွေ​ရုပ်​ကို​ပြု​လုပ်​၍​တိုင်​ထိပ်​တွင်​တင်​ထား​ရန် ခိုင်း​စေ​တော်​မူ​၏။ မြွေ​ကိုက်​ခံ​ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ မည်​ဖြစ်​ကြောင်း​ဆင့်​ဆို​စေ​တော်​မူ​၏။-
Wtedy PAN powiedział do Mojżesza: Wykonaj jadowitego węża i umieść go na drzewcu. I stanie się tak, że każdy ukąszony, kiedy spojrzy na niego, będzie żył.
9 ထို့​ကြောင့်​မောရှေ​သည်​ကြေး​ဝါ​မြွေ​ရုပ်​ကို​ပြု လုပ်​၍ တိုင်​ထိပ်​တွင်​တင်​ထား​ရာ​မြွေ​ကိုက်​ခံ ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင်​အ​သက် ချမ်း​သာ​ရာ​ရ​လေ​၏။
Mojżesz wykonał więc węża miedzianego i umieścił go na drzewcu; gdy wąż kogoś ukąsił, a ten spojrzał na węża miedzianego, pozostawał przy życiu.
10 ၁၀ တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​သြ​ဗုတ်​အ​ရပ်​တွင်​စ​ခန်း​ချ ကြ​၏။-
I wyruszyli synowie Izraela, i rozbili obóz w Obot.
11 ၁၁ ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​ရှိ​ယို ယွင်း​ပျက်​စီး​နေ​သော ဗာ​ရိမ်​မြို့​တွင်​စ​ခန်း​ချ ကြ​လေ​သည်။-
A z Obot wyruszyli i rozbili obóz w Ijje-Haabarim na pustyni, która leży naprzeciw Moabu ku wschodowi słońca.
12 ၁၂ ထို​နောက်​သူ​တို့​သည်​ဇာ​ရက်​မြစ်​ဝှမ်း​တွင် စ​ခန်း​ချ​ကြ​သည်။-
Stamtąd wyruszyli i rozbili obóz nad potokiem Zered.
13 ၁၃ ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​လာ ခဲ့​ကြ​ရာ အာ​နုန်​မြစ်​မြောက်​ဘက်​အာ​မော​ရိ​ပြည် တော​ကန္တာ​ရ​နှင့်​တစ်​ဆက်​တည်း​ရှိ​သော​တော ကန္တာ​ရ​တွင်​စ​ခန်း​ချ​ကြ​၏။ (အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​နှင့်​အာ​မော​ရိ​ပြည်​တို့​၏​နယ်​ခြား ဖြစ်​၏။-)
Stamtąd wyruszyli i rozbili obóz po drugiej stronie [rzeki] Arnon, która wypływa na pustyni od granicy Amorytów; Arnon stanowi bowiem granicę Moabu między Moabitami a Amorytami.
14 ၁၄ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​စစ်​ပွဲ​များ​စာ စောင်​တွင်``သု​ပ​ဒေ​သ​တွင်​တည်​သော​ဝါ​ဟက် မြို့​နှင့်​ချိုင့်​ဝှမ်း​များ​အာ​နုန်​မြစ်​နှင့်၊-
Dlatego jest powiedziane w księdze wojen PANA: Jak uczynił w Morzu Czerwonym i w potokach Arnonu;
15 ၁၅ မော​ဘ​ပြည်​နယ်​စပ်​အာ​ရ​မြို့​သို့​တိုင်​အောင် လျှော​ဆင်း​သော​ချိုင့်​ဝှမ်း​များ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​လေ​သည်။
U ujścia tych potoków, które ciągnie się ku osadzie Ar i przylega do granicy Moabu.
16 ၁၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​အ​ရပ်​မှ ရေ​တွင်း​ဟု​အ​နက်​ရှိ​သော​ဗေ​ရ​စ​ခန်း​သို့ ရောက်​ကြ​လေ​သည်။ ထို​စ​ခန်း​တွင်​ထာ​ဝ​ရ ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​လော့။ ငါ​သည်​သူ​တို့​အား​ရေ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။-
Stamtąd udali się do Beer; to jest ta studnia, o której PAN powiedział do Mojżesza: Zgromadź lud, a dam mu wody.
17 ၁၇ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စပ်​ဆို ကြ​သော​သီ​ချင်း​သည်​ကား၊- ``ရေ​တွင်း​တို့​ရေ​ထွက်​ကြ​လော့။ ငါ​တို့​သည်​သီ​ချင်း​ဆို​၍​ကြို​ဆို​မည်။
Wtedy Izrael śpiewał tę pieśń: Wzbierz studnio! Śpiewajcie o niej.
18 ၁၈ မင်း​ညီ​မင်း​သား​နှင့်​ခေါင်း​ဆောင်​တို့​တူး​ဖော် သော ရေ​တွင်း၊ရာ​ဇ​လှံ​တံ​နှင့်​တောင်​ဝှေး​များ​ဖြင့် တူး​ဖော်​သော​ရေ​တွင်း​ပေ​တည်း'' ဟူ​၍​ဖြစ် သည်။ သူ​တို့​သည်​ထို​တော​ကန္တာ​ရ​မှ​မတ္တ​နာ​စ​ခန်း သို့​လည်း​ကောင်း၊-
To studnia, którą wykopali naczelnicy; wykopali ją dostojnicy ludu wraz z prawodawcą swoimi laskami. A z tej pustyni [poszli] do Mattany;
19 ၁၉ ထို​မှ​တစ်​ဖန်​န​ဟာ​လျေ​လ​စ​ခန်း​သို့​လည်း ကောင်း၊ န​ဟာ​လျေ​လ​စ​ခန်း​မှ​ဗာ​မုတ်​စ​ခန်း သို့​လည်း​ကောင်း၊-
A z Mattany do Nahalielu, a z Nahalielu do Bamot;
20 ၂၀ ဗာ​မုတ်​စ​ခန်း​မှ​သဲ​ကန္တာ​ရ​ကို​မျက်​နှာ​မူ​နေ​သော ပိ​သ​ဂါ​တောင်​ခြေ​ရှိ​မော​ဘ​ချိုင့်​ဝှမ်း​သို့​လည်း ကောင်း​ခ​ရီး​ဆက်​ကြ​လေ​သည်။
A z Bamot do kotliny, która [jest] w ziemi Moabu, i do szczytu Pizga wznoszącego się nad Jeszimonem.
21 ၂၁ ဣ​သ​ရေ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​လျက်၊-
I Izrael wysłał posłańców do Sichona, króla Amorytów, mówiąc:
22 ၂၂ ``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။-
Pozwól nam przejść przez twoją ziemię; nie pójdziemy ani przez pola, ani przez winnice; nie będziemy pić wód ze studni. Pójdziemy drogą królewską, dopóki nie przejdziemy twoich granic.
23 ၂၃ သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-
Sichon jednak nie pozwolił Izraelowi przejść przez swoją granicę; Sichon zebrał cały swój lud i wyszedł przeciw Izraelowi na pustynię, a gdy przyszedł do Jahazy, stoczył bitwę z Izraelem.
24 ၂၄ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန် သူ​များ​စွာ​တို့​ကို တိုက်​ပွဲ​၌​ကျ​ဆုံး​စေ​ပြီး​လျှင် အာ​နုန်​မြစ်​မှ​မြောက်​ဘက်​အမ္မုန်​ပြည်​နယ်​စပ် ယဗ္ဗုတ်​မြစ်​တိုင်​အောင် ရှိ​ဟုန်​ဘု​ရင်​၏​နယ်​မြေ များ​ကို​သိမ်း​ယူ​ကြ​လေ​သည်။ အမ္မုန်​ပြည် နယ်​စပ်​တိုင်​အောင်​သာ​ချီ​တက်​နိုင်​ခြင်း​မှာ ထို​နယ်​စပ်​ကို​ခိုင်​ခံ့​စွာ​ကာ​ကွယ်​ထား​ခြင်း ကြောင့်​ဖြစ်​သည်။-
I Izrael pobił go ostrzem miecza, i wziął w posiadanie jego ziemię od Arnonu do Jabboku, aż do [ziemi] synów Ammona, gdyż granica Ammonitów była silna.
25 ၂၅ ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဟေ​ရှ​ဘုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပါ​အ​ဝင် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​မြို့ အား​လုံး​ကို​သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ ထိုင်​ကြ​လေ​သည်။-
Wtedy Izrael zdobył wszystkie te miasta i zamieszkał we wszystkich miastach Amorytów, w Cheszbonie i we wszystkich przylegających do niego wsiach.
26 ၂၆ ဟေ​ရှ​ဘုန်​မြို့​သည်​ကား​ရှိ​ဟုန်​ဘု​ရင်​နန်း​စိုက် သော​မြို့​တော်​ဖြစ်​သည်။ ရှိ​ဟုန်​ဘု​ရင်​၏​ပိုင်​နက် မှာ​အာ​နုန်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​သော ယ​ခင် မော​ဘ​ပြည်​ဘု​ရင်​ပိုင်​နက်​ဖြစ်​သည်။ ထို​နယ်​မြေ ကို​ရှိ​ဟုန်​ဘု​ရင်​က​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​ခြင်း ဖြစ်​သည်။-
Cheszbon był miastem Sichona, króla Amorytów, który walczył z królem Moabu i zabrał mu z rąk całą jego ziemię aż po Arnon.
27 ၂၇ သို့​ဖြစ်​၍​က​ဗျာ​ဆ​ရာ​တို့​က၊ ``ရှိ​ဟုန်​ဘု​ရင်​၏​မြို့​တော်​ဟေ​ရှ​ဘုန်​မြို့​သို့ လာ​ကြ​လော့။ ငါ​တို့​သည်​ထို​မြို့​ကို​အ​သစ်​တစ်​ဖန်​တည်​ကြ ကုန်​စို့။
Dlatego mówią w przypowieści: Wejdźcie do Cheszbonu i niech się odbuduje, i umocni miasto Sichona.
28 ၂၈ တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍ မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။
Ponieważ ogień wyszedł z Cheszbonu, płomień z miasta Sichona; i pochłonął Ar moabskie oraz wzgórza Arnonu.
29 ၂၉ မော​ဘ​ပြည်​သား​တို့​သင်​တို့​သည်​အ​လွန် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​ပါ​ပြီ​တ​ကား။ ခေ​မု​ရှ​ဘု​ရား​ကို​ကိုး​ကွယ်​သော​အ​သင်​တို့ ပျက်​စီး​ရ​ကြ​လေ​ပြီ။ သင်​တို့​၏​ဘု​ရား​များ​သည်​သင်​တို့​၏​အ​မျိုး သား​များ​ကို စစ်​ပြေး​ဒုက္ခ​သည်​များ​ဖြစ်​စေ​၍၊ အ​မျိုး​သ​မီး​များ​ကို​အာ​မော​ရိ​ဘု​ရင်​၏ သုံ့​ပန်း​များ​ဖြစ်​စေ​၏။
Biada tobie, Moabie! Zginąłeś, ludu Kemosza! Wydał swoich synów na tułaczkę i swoje córki w niewolę Sichonowi, królowi Amorytów.
30 ၃၀ သို့​ဖြစ်​၍​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ဟေ​ရှ​ဘုန်​မြို့​မှ​ဒိ​ဘုန်​မြို့​သို့​လည်း​ကောင်း၊ နာ​ရှင်​မြို့​မှ​မေ​ဒ​ဘ​မြို့​အ​နီး​နော​ဖာ​မြို့​သို့ လည်း​ကောင်း၊ ဖျက်​ဆီး​သုတ်​သင်​ခြင်း​ခံ​ရ​လေ​ပြီ'' ဟူ​၍ စပ်​ဆို​ကြ​၏။
Strzelaliśmy do nich, zginął Cheszbon aż po Dibon; a zburzyliśmy [je] aż do Nofach, które [idzie] aż do Medeby.
31 ၃၁ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ လေ​သည်။-
Tak to Izrael zamieszkał w ziemi Amorytów.
32 ၃၂ မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။
Wtedy Mojżesz wysłał [wywiadowców] do Jazer na wyszpiegowanie, a oni zdobyli jego wsie i wypędzili Amorytów, którzy tam [byli].
33 ၃၃ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​ရှန် ပြည်​ကို​ဦး​တည်​ချီ​တက်​ကြ​လေ​သည်။ ထို​အ​ခါ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​သည်​စစ်​ချီ​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ဧ​ဒြိ​အ​ရပ်​တွင် တိုက်​ခိုက်​လေ​သည်။-
Potem zawrócili i poszli w kierunku Baszanu; tam Og, król Baszanu, wyszedł przeciwko nim, on i cały jego lud, do walki w Edre.
34 ၃၄ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သူ့​ကို​မ ကြောက်​နှင့်။ သူ​နှင့်​တ​ကွ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ​၏​ပြည်​ကို လည်း​ကောင်း​သင့်​လက်​၌​ငါ​အပ်​ပေး​မည်။ သင်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ မော​ရိ​ဘု​ရင်​ရှိ​ဟုန်​အား​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
Wtedy PAN powiedział do Mojżesza: Nie bój się go, gdyż wydałem go w twoje ręce wraz z całym jego ludem i ziemią i uczynisz z nim tak, jak uczyniłeś z Sichonem, królem Amorytów, który mieszkał w Cheszbonie.
35 ၃၅ ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သြ​ဃ​ဘု​ရင်​နှင့်​သူ​၏​သား​များ​အ​ပါ​အ​ဝင် တိုင်း​သူ​ပြည်​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​သတ်​ဖြတ်​ပြီး​နောက်​တိုင်း​ပြည်​ကို သိမ်း​ပိုက်​လေ​သည်။
I pobili go i jego synów oraz cały jego lud, tak że nikogo z niego nie pozostawili przy życiu, i wzięli w posiadanie jego ziemię.

< တောလည်ရာ 21 >