< နေဟမိ 8 >
1 ၁ သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-
– Alors tout le peuple s’assembla comme un seul homme sur la place qui est devant la porte des eaux. Et ils dirent à Esdras, le scribe, d’apporter le livre de la loi de Moïse, que l’Éternel avait commandée à Israël.
2 ၂ ထိုကြောင့်ဧဇရသည်နားလည်နိုင်စွမ်းရှိသူ အမျိုးသား၊ အမျိုးသမီးပရိသတ်စုရုံး လျက်ရှိရာအရပ်သို့ ပညတ်ကျမ်းကိုယူ ဆောင်သွားပြီးလျှင်၊-
Et le premier jour du septième mois, Esdras, le sacrificateur, apporta la loi devant la congrégation des hommes et des femmes, et devant tous ceux qui avaient de l’intelligence pour entendre.
3 ၃ တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
Et il y lut devant la place qui est devant la porte des eaux, depuis l’aube jusqu’à midi, en présence des hommes et des femmes, et de ceux qui avaient de l’intelligence. Et tout le peuple prêtait l’oreille au livre de la loi.
4 ၄ ဧဇရသည်ထိုအချိန်အခါအတွက်ဆောက် လုပ်ထားသောသစ်သားစင်မြင့်ပေါ်တွင်ရပ် ၍ ပညတ်ကျမ်းကိုဖတ်လေသည်။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိနှင့်မာသေယတို့ သည်သူ၏လက်ယာဘက်၌လည်းကောင်း၊ ပေဒါ ယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိနှင့်မေရှုလံတို့သည်လက်ဝဲဘက်၌ လည်းကောင်းရပ်လျက်နေကြ၏။
Et Esdras, le scribe, se tenait sur une estrade de bois qu’on avait faite pour l’occasion; et Matthithia, et Shéma, et Anaïa, et Urie, et Hilkija, et Maascéïa, se tenaient à côté de lui, à sa droite; et à sa gauche, Pedaïa, et Mishaël, et Malkija, et Hashum, et Hashbaddana, Zacharie, [et] Meshullam.
5 ၅ ဧဇရသည်ထိုသူတို့၏အထက်စင်မြင့်ပေါ် မှာရပ်လျက်နေစဉ် လူအပေါင်းတို့သည်သူ့ ကိုစိုက်ကြည့်ကြ၏။ ပညတ်ကျမ်းကိုဖွင့် လိုက်သောအခါသူတို့သည်ထကြ၏။-
Et Esdras ouvrit le livre aux yeux de tout le peuple, car il était [élevé] au-dessus de tout le peuple; et quand il l’ouvrit, tout le peuple se tint debout.
6 ၆ ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။ ပရိတ်သတ်တို့သည်လက်အုပ်ချီလျက်``အာမင်၊ အာမင်'' ဟုဝန်ခံပြီးလျှင်ဒူးထောက်ကာ ထာဝရဘုရားအားပျပ်ဝပ်ရှိခိုးကြ လေသည်။
Et Esdras bénit l’Éternel, le grand Dieu, et tout le peuple répondit: Amen, amen! en élevant les mains, et ils s’inclinèrent et se prosternèrent devant l’Éternel, le visage contre terre.
7 ၇ ထိုနောက်လူတို့သည် မိမိတို့နေရာတွင်ထ ၍ရပ်ကြ၏။ ထိုအခါသူတို့အားလေဝိ အနွယ်ဝင်ဖြစ်ကြသောယောရှု၊ ဗာနိ၊ ရှေ ရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်နှင့်ပေလာယတို့ကပညတ်ကျမ်း စာတော်၏အနက်အဋ္ဌိပ္ပါယ်ကိုရှင်းပြကြ၏။
Et Jéshua, et Bani, et Shérébia, Jamin, Akkub, Shabthaï, Hodija, Maascéïa, Kelita, Azaria, Jozabad, Hanan, Pelaïa, et les lévites, faisaient comprendre la loi au peuple; et le peuple se tenait à sa place.
8 ၈ သူတို့သည်ထာဝရဘုရား၏ ပညတ်တရား တော်ကိုလူတို့နားလည်နိုင်ရန် ဘာသာပြန် ဆို ကာရှင်းပြကြလေသည်။
Et ils lisaient distinctement dans le livre de la loi de Dieu, et ils en donnaient le sens et le faisaient comprendre lorsqu’on lisait.
9 ၉ သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။-
Et Néhémie, qui était le Thirshatha, et Esdras, le sacrificateur, le scribe, et les lévites qui faisaient comprendre au peuple [ce qu’on lisait], dirent à tout le peuple: Ce jour est saint à l’Éternel, votre Dieu; ne menez pas deuil et ne pleurez pas! Car tout le peuple pleurait en entendant les paroles de la loi.
10 ၁၀ ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
Et [Néhémie] leur dit: Allez, mangez de ce qui est gras et buvez de ce qui est doux, et envoyez des portions à ceux qui n’ont rien de préparé, car ce jour est saint, [consacré] à notre Seigneur. Et ne vous affligez pas, car la joie de l’Éternel est votre force.
11 ၁၁ လေဝိအနွယ်ဝင်တို့သည်လှည့်လည်၍ထို နေ့မြတ်၌ ဝမ်းမနည်းဘဲစိတ်တည်ငြိမ်မှု ရှိကြရန်လူတို့အားပြောကြားကြ၏။-
Et les lévites tranquillisèrent tout le peuple, en disant: Taisez-vous, car ce jour est saint, et ne vous affligez pas.
12 ၁၂ သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။
Et tout le peuple s’en alla pour manger et pour boire, et pour envoyer des portions, et pour faire de grandes réjouissances; car ils avaient compris les paroles qu’on leur avait fait connaître.
13 ၁၃ နောက်တစ်နေ့၌သားချင်းစုခေါင်းဆောင်များ သည် ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များနှင့်အတူ ပညတ်ကျမ်းကိုလေ့လာရန် ဧဇရထံသို့လာရောက်ကြ၏။-
Et le second jour, les chefs des pères de tout le peuple, les sacrificateurs et les lévites, s’assemblèrent auprès d’Esdras, le scribe, et [cela] pour devenir intelligents dans les paroles de la loi.
14 ၁၄ သူတို့သည်မောရှေအားဖြင့်ထာဝရဘုရား ပေးအပ်ထားတော်မူသော ပညတ်ကျမ်းတွင် သစ်ခက်တဲနေပွဲတော်အခါ၌ ဣသရေလ အမျိုးသားများသည်ယာယီတဲများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိကြရ၏။-
Et ils trouvèrent écrit dans la loi que l’Éternel avait commandée par Moïse, que les fils d’Israël devaient habiter dans des tabernacles pendant la fête du septième mois,
15 ၁၅ သို့ဖြစ်၍သူတို့က``ပညတ်ကျမ်းတွင်ဖော်ပြ ပါရှိသည့် ညွှန်ကြားချက်များအတိုင်းတောင် များသို့သွား၍သံလွင်ခက်၊ ထင်းရှူးခက်၊ မုရ တုခက်၊ စွန်ပလွံခက်နှင့်အခြားသစ်ခက် များကိုခုတ်ယူ၍တဲထိုးကြရမည်'' ဟု ယေရုရှလင်မြို့နှင့်တကွအခြားမြို့ရွာ ရှိသမျှတို့ကိုညွှန်ကြားချက်ပေးပို့ကြ လေသည်။
et qu’ils devaient faire entendre et faire passer une proclamation dans toutes leurs villes et à Jérusalem, disant: Sortez dans la montagne, et apportez des branches d’olivier, et des branches d’olivier sauvage, et des branches de myrte, et des branches de palmier, et des branches d’arbres touffus, pour faire des tabernacles, comme il est écrit.
16 ၁၆ သို့ဖြစ်၍လူတို့သည်သစ်ခက်များကိုခုတ် ၍ မိမိတို့အိမ်မိုးပေါ်၊ အိမ်ဝင်း၊ ဗိမာန်တော် ဝင်း၊ ရေတံခါးနှင့်ဧဖရိမ်တံခါးအနီး ကွက်လပ်များတွင်တဲများထိုးကြ၏။-
Et le peuple sortit et [en] apporta, et ils se firent des tabernacles, chacun sur son toit, et dans leurs cours, et dans les parvis de la maison de Dieu, et sur la place de la porte des eaux, et sur la place de la porte d’Éphraïm.
17 ၁၇ ဖမ်းဆီးသိမ်းသွားရာမှပြန်လာသူလူ အပေါင်းတို့သည် သစ်ခက်တဲများထိုး၍ နေထိုင်ကြလေသည်။ နုန်၏သားယောရှု လက်ထက်မှအစပြု၍ ယနေ့တိုင်အောင် ပထမဆုံးအကြိမ်သစ်ခက်တဲနေပွဲကို ကျင်းပခြင်းဖြစ်၍ လူတိုင်းပင်ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။-
Et toute la congrégation de ceux qui étaient revenus de la captivité fit des tabernacles, et ils habitèrent dans les tabernacles; car les fils d’Israël n’avaient pas fait cela depuis les jours de Josué, fils de Nun, jusqu’à ce jour-là. Et il y eut une très grande joie.
18 ၁၈ သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။
Et on lut dans le livre de la loi de Dieu chaque jour, depuis le premier jour jusqu’au dernier jour. Et ils célébrèrent la fête sept jours, et au huitième jour, il y eut une assemblée solennelle, selon l’ordonnance.