< မဿဲ 12 >

1 ထို​နောက်​များ​မ​ကြာ​မီ​ဥ​ပုသ်​နေ့​၌​သ​ခင် ယေ​ရှု​သည် ဂျုံ​ခင်း​တို့​ကို​ဖြတ်​၍​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့် ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​၍​စား​ကြ​၏။-
AYO na tiempo nae jumajanao si Jesus un sabalo na jaane gui entalo mais ya y disipuluña manñalang, ya jatutujon manmañule ni espiga ya jacano.
2 ဤ​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``ကြည့် ပါ။ ကိုယ်​တော်​၏​တ​ပည့်​များ​သည်​ဥ​ပုသ်​နေ့​၌​မ​ပြု အပ်​သော​အ​မှု​ကို​ပြု​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။
Ya anae jalie y Fariseo sija, ilegñija: Estagüe y disipulumo na jafatitinas y ti mauleg para umafatinas gui sabalo na jaane.
3 ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တို့ ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ​အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​ပါ​သ​လော။-
Ya güiya ilegña nu sija: Ada ti untaetae, jafa finatinasña si David, anae ñalang yan y mangachogña?
4 သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။-
Jaftaemano jumalom gui guimayuus, ya jacano y pan proposision sija, na ti cabales güiya ucano, ni y mangachongña; lao para y mamaleja?
5 ထို​မှ​တစ်​ပါး​ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော​ဟိတ် တို့​သည် ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက် သော်​လည်း​အ​ပြစ်​မ​သင့်​ကြောင်း မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင်​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-
Pat, ada ti untaetae gui lay, na y jaanin y sabado, gui templo y mamale sija japrofana y sabado, ya taya isaoñija?
6 ဤ​အ​ရပ်​တွင်​ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော အ​ရာ​ရှိ​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။-
Guajo sumangane jamyo, uno mas dangculo qui y templo gaegue güine.
7 `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော်​ခြင်း ထက်​ပို​၍​နှစ်​သက်​၏' ဟု​ကျမ်း​စ​ကား​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​မူ သင်​တို့​သည်​အ​ပြစ် မ​ရှိ​သူ​များ​ကို​ပြစ်​တင်​ရှုတ်​ချ​ကြ​လိမ့်​မည် မ​ဟုတ်။-
Lao yaguin intingo jafa este ilelegña, Minaase malagojo, ti inefrese, ti insangan mojon contra y manaeisao.
8 လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု မိန့်​တော်​မူ​၏။
Sa y Señot y sabado y Lajin taotao.
9 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ကြွ​တော်​မူ​၍ တ​ရား​ဇ​ရပ်​တစ်​ခု​သို့​ဝင်​တော်​မူ​၏။-
Ya anae jumanao güije malag y gumayusñija;
10 ၁၀ တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။
Ya estagüe un taotao na majlog y canaeña; ya mafaesen ilegñija: Ada mauleg para jita na infanamte gui sabado? para umafaaela güe.
11 ၁၁ ကိုယ်​တော်​က ``အ​ကယ်​၍​သင်​တို့​၏​သိုး​တစ်​ကောင် သည်​ဥ​ပုသ်​နေ့​၌​တွင်း​ထဲ​သို့​ကျ​သည်​ရှိ​သော် ထို သိုး​ကို​မ​ဆွဲ​မ​တင်​ဘဲ​နေ​မည့်​သူ​သင်​တို့​တွင် ရှိ​ပါ​သ​လော။-
Ya güiya ilegna: Jafa taotao guaja gui entalo miyo yaguin guaja un quinilo na podong gui joyo, gui jaanin sabalo, ada ti uestira y canaeña ya jochule?
12 ၁၂ လူ​သည်​သိုး​ထက်​များ​စွာ​ပို​၍​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​ပါ​လော။ သို့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌​ကောင်း သော​အ​မှု​ကို​ပြု​လုပ်​နိုင်​ခွင့်​ရှိ​၏'' ဟု​မိန့်​တော် မူ​သည်။-
Ada ti mas baliña un taotao qui un quinilo? Pot este, cabales na umafatinas mauleg gui jaanin sabado.
13 ၁၃ ထို​နောက်​ကိုယ်​တော်​က​လက်​သေ​သူ​အား ``သင်​၏ လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည် လက်​ကို​ဆန့်​လိုက်​လျှင်​ထို​လက်​သည်​အ​ခြား​လက် တစ်​ဖက်​ကဲ့​သို့​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​၏။-
Ayo nae ilegña ni y ayo na taotao: Juto y canaemo; ya jajuto ya finamauleg talo parejo yan y otro.
14 ၁၄ ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​သွား​ကြ ပြီး​လျှင် ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​တိုင်​ပင် ကြ​၏။
Ayo nae y Fariseo sija manjanao, ya manafaesen entre sija contra güiya para umapuno güe.
15 ၁၅ ယင်း​သို့​ကြံ​စည်​ကြောင်း​ကို​သ​ခင်​ယေ​ရှု​ကြား သိ​တော်​မူ​သော​အ​ခါ ထို​အ​ရပ်​မှ​ကြွ​သွား​တော် မူ​၏။ များ​စွာ​သော​လူ​တို့​သည်​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ဖျား​နာ​သူ​တို့​၏​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-
Lao anae jatungo ai Jesus, mapos güije; ya madalalag güe linajyan taotao, ya janafanjomlo todosija.
16 ၁၆ သို့​ရာ​တွင်​မိ​မိ​၏​အ​ကြောင်း​ကို​သူ​တစ်​ပါး​တို့ အား​မ​ပြော​ကြား​ရန် ထို​သူ​တို့​ကို​ပ​ညတ်​တော် မူ​၏။-
Ya güiya guefmanencatga, na chañija munamatutungo güe.
17 ၁၇ ဤ​သို့​ပ​ညတ်​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​တော်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ထို​ဗျာ​ဒိတ်​တော်​ကား၊
Para umacumple y esta munjayan masangan pot y profeta Isaias, ilegña:
18 ၁၈ ``ငါ​နှစ်​သက်​မြတ်​နိုး​သူ၊ငါ​ရွေး​ချယ်​သော အ​စေ​ခံ​ကို​ကြည့်​ကြ​လော့။ ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​၏​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်။ သူ​သည်​ငါ​ချ​မှတ်​တော်​မူ​သည့်​တ​ရား စီ​ရင်​ချက်​ကို၊ လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​လိမ့်​မည်။
Estagüiya y tentagojo ni y juayig, y güinaeyaco ni y janamagof y antijo: na jupoluye ni y Espiritujo gui jiloña, ya jasangane Gentiles y juisio.
19 ၁၉ သို့​ရာ​တွင်​သူ​သည်​ငြင်း​ခုံ​ခြင်း၊သို့​မ​ဟုတ် ဟစ်​အော်​ခြင်း​ကို​ပြု​လိမ့်​မည်​မ​ဟုတ်၊ လမ်း​တွင်​သူ​၏​အ​သံ​ကို​အ​ဘယ်​သူ​မျှ ကြား​ရ​လိမ့်​မည်​မ​ဟုတ်။
Ti upotfia, ni uagang; ya taya ni uno ujiningog y inagangña gui chalan.
20 ၂၀ သူ​သည်​ကွေ့​ကောက်​လျက်​ရှိ​သော​ကူ​ပင်​ကို​မ​ချိုး၊ မီး​မ​တောက်​ဘဲ​တ​ငွေ့​ငွေ့​လောင်​နေ​သော မီး​စာ​ကို​မ​ငြိမ်း​သတ်။ သူ​သည်​တ​ရား​မျှ​တ​မှု​စိုး​မိုး​လာ​သည်​တိုင်​အောင် လုပ်​ဆောင်​လိမ့်​မည်။
Ti umayulang y piao ni mayamag ni umapuno y mechan dangis ni y aasa asta qui machule y juisio para y guinana.
21 ၂၁ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​သူ့​ကို​ကိုး​စား​လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။
Ya pot y naanña, manmannanangga y Gentiles.
22 ၂၂ နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သ​ဖြင့်​မျက်​စိ​မ​မြင်၊ ဆွံ့​အ နေ​သူ​လူ​တစ်​ယောက်​ကို လူ​အ​ချို့​တို့​သည်​အ​ထံ တော်​သို့​ခေါ်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​သ​ဖြင့် ထို​သူ​သည်​မျက်​စိ​မြင် လာ​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။-
Ya machuliegüe guato un inanite, na bachet yan udo, ya janajomlo; ayo nae cumuentos y udo yan manlie.
23 ၂၃ လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​ပါ မည်​လော'' ဟု​ဆို​ကြ​၏။
Ya todo y taotao sija ninafanmanman, ya ilegñija: Ada ti este yuje y lajin David?
24 ၂၄ ဤ​သို့​ပြော​ဆို​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ သော​အ​ခါ ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ဗေ​လ ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ် သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။
Lao y Fariseo sija jajungog ya ilegñija: Este ti uyute juyong y anite, yaguin ti pot Beetsebub, magas y anite sija.
25 ၂၅ ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-
Ya si Jesus, anae jatungo y jinasoñija, ilegña: Todo y raeno umadibide contra güiyaja uyulang; ya cada guma, pat siuda, umadibide contra güiyaja, ti usaga.
26 ၂၆ သို့​ဖြစ်​၍​စာ​တန်​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​သူ​တို့ သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​လျက်​နေ​ပါ​လျှင် သူ​၏​နိုင်​ငံ​သည်​အ​ဘယ်​သို့​တည်​တံ့​နိုင်​ပါ မည်​နည်း။-
Yaguin si Satanas jayute juyong si Satanas, güiya umadibide contra güiyaja, ya jaftaemano y raenoña sumaga?
27 ၂၇ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​လျှင် သင်​တို့​၏ တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ​ပြု​၍​နှင်​ထုတ် ကြ​ပါ​သ​နည်း။ သင်​တို့​မှား​ယွင်း​ကြောင်း​ကို​သင် တို့​တ​ပည့်​များ​၏​အ​ပြု​အ​မူ​က​ပင်​သက်​သေ ခံ​၏။-
Yanguin guajo pot si Beetsebub juyuyute juyong y anite sija; pot jaye y famaguonmiyo, fanyinite sija juyong? Pot ayo, sija ufanjuesmiyo.
28 ၂၈ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​၏​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်။ ထို သို့​မှန်​လျှင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​တွင်​တည်​လျက်​ရှိ​ပေ​ပြီ။
Yanguin pot y Espiritun Yuus, juyute juyong y anite sija, magajet na esta mato guiya jamyo y raenon Yuus.
29 ၂၉ ``အ​ဘယ်​သူ​သည်​ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ မ​ချည်​မ​နှောင်​ဘဲ သူ​၏​အိမ်​သို့​ဝင်​၍​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​နိုင်​ပါ​မည်​နည်း။ ချည်​နှောင်​ပြီး မှ​သာ​လု​ယူ​နိုင်​ပေ​မည်။
Sajafa? Jaftaemano siña un taotao jumalom gui guima y matatnga na taotao ya uyulang todo y güinajaña, yanguin ti jagode finenana y matatnga? Ayo nae siña jayulang y guimaña.
30 ၃၀ ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။-
Y ti jumajame, contrariujo güe; ya y ti rumecoje güe guiya guajo, güiya umachalapon.
31 ၃၁ ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ အ​ပြစ်​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း၊ ပြစ် မှား​ပြော​ဆို​သည့်​စ​ကား​ဟူ​သ​မျှ​အ​တွက် လည်း​ကောင်း လူ​တို့​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​ရှိ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို သူ​သည်​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​မ​ရှိ။-
Pot enao na jusangane jamyo: Todo isao yan y chatfino contra si Yuus, umasie y taotao sija; lao y chatfino contra y Espiritu, ti umaasie y taotao.
32 ၃၂ လူ​သား​ကို​ပြစ်​မှား​ပြော​ဆို​သူ​သည်​အ​ပြစ်​ဖြေ လွှတ်​နိုင်​၏။ သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​ပြစ်​မှား​ပြော​ဆို​သော​သူ​မူ​ကား​ယ​ခု​ဘ​ဝ နောင်​ဘ​ဝ​တွင်​အ​ပြစ်​ဖြေ​လွှတ်​လိမ့်​မည်​မ​ဟုတ်။ (aiōn g165)
Ya jayeja y cumuentos contra y Lajin taotao, umaasie; lao jayeja y cumuentos contra y Espiritu Santo, ti umaasie, ni este na tiempo, ni y ayo na mamamaela. (aiōn g165)
33 ၃၃ ``အ​သီး​ကောင်း​ကို​ရ​လို​လျှင်​အ​ပင်​ကောင်း​ကို စိုက်​ရ​မည်။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး လိမ့်​မည်။ အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း ကို​သိ​ရ​၏။-
Fatinas mauleg na trongcon jayo, yan y tinegchaña mauleg; pat fatinas taelaye na trongcon jayo, yan taelaye y tinegchaña; sa pot y tinegchaña, y jayo esta matungo.
34 ၃၄ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​ဆိုး​ယုတ် သူ​များ​ဖြစ်​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ကောင်း​မြတ် သည့်​စ​ကား​ကို​ပြော​နိုင်​ကြ​ပါ​မည်​နည်း။ စိတ် နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ​ကို​နှုတ် က​ဖော်​ပြ​တတ်​၏။-
O rasan culebla! jafa taemano jamyo na manaelaye siña manguentos mauleg, lo sa gui minegae y guaja gui corason, sinasangan y pachot.
35 ၃၅ ကောင်း​မြတ်​သော​သူ​သည်​မိ​မိ​၏​ကောင်း​မြတ်​သော စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ​ကောင်း​မြတ်​သော အ​ရာ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သော​သူ​သည် မိ​မိ​ဆိုး​ယုတ်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း မှ​ဆိုး​ယုတ်​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။
Y mauleg na taotao, nu y mauleg na güinaja gui corasonña, mauleg chinileleña; lao y taelaye na taotao, nu y taelaye na güinaja gui corasonña, taelaye chinileleña.
36 ၃၆ ``သင်​တို့​အား​ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော် မူ​ရာ​နေ့​၌​လူ​တို့​သည်​မိ​မိ​တို့​အ​ကျိုး​မဲ့​ပြော​ဆို သော​စ​ကား​များ​အ​တွက်​စစ်​ဆေး​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လတ္တံ့။-
Lao guajo sumangane jamyo, na todo y finijo na taesetbe ya jasasangan y taotao sija, janesesita ufanmannae cuenta gui jaanin y sentensia.
37 ၃၇ သင်​တို့​အ​ပြစ်​ဒဏ်​ခံ​ထိုက်​သည်​မ​ခံ​ထိုက်​သည် ကို​သင်​တို့​ပြော​ဆို​သည့်​စ​ကား​များ​အ​ရ ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Sa pot y finomo na unmanatunas jao, yan pot y finomo na unmasentensia jao.
38 ၃၈ အ​ချို့​သော​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​တို့​အား​နိ​မိတ်​လက္ခ​ဏာ တစ်​ခု​ကို​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
Ayo nae manmanope y escriba yan y Fariseo sija ilegñija: Maestro manmalagojam na inlie un señatmo.
39 ၃၉ ကိုယ်​တော်​က ``ဆိုး​ညစ်​၍​ဘု​ရား​မဲ့​သော​ဤ​ခေတ် လူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ပါ သည်​တ​ကား။ သင်​တို့​သည်​ယော​န​၏​နိ​မိတ်​လက္ခ ဏာ​မှ​တစ်​ပါး အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
Ya güiya manope ilegña nu sija: y generasion manaelaye yan manábale manmanaliligao y señat, lao taya señat ufanmanae, na y señat Jonas profeta.
40 ၄၀ ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။-
Sa taegüenaoja si Jonas sumaga tres na jaane yan tres na puenge gui jalom y tiyan y bayena, ayo locue mina y Lajin taotao, usaga tres na jaane yan tres na puenge gui jalom corason y tano.
41 ၄၁ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​၏​ဟော​ပြော​ချက် ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် တရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထ​၍​သင်​တို့​အား ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်။ ဤ​အ​ရပ်​တွင်​ယော​န ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။
Y taotao Ninibe ufangajulo gui juisio yan este na generasion, ya ufanmasentensia, sa sija manmañotsot ni y setmon Jonas; ya estagüeja, uno güine na lugat na mas dangculo qui si Jonas.
42 ၄၂ ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။
Y raena gui sancatan ucajulo gui juisio yan este na generasion ya ufanmasentensia, sa mato guine y uttimon tano, para uecungog y tiningo Salomon, ya estagüeja uno güine na lugat na mas dangculo qui si Salomon.
43 ၄၃ ``ညစ်​ညမ်း​သော​နတ်​သည်​မိ​မိ​ပူး​ဝင်​နေ​သူ​လူ ထဲ​မှ​ထွက်​သည့်​အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​တွင် လှည့်​လည်​၍​နား​နေ​စ​ရာ​ကို​ရှာ​တတ်​၏။ ယင်း သို့​ရှာ​၍​မ​တွေ့​သော​အ​ခါ၊
Yanguin y áplacha na espiritu jumanao gui taotao, mamomocat gui anglo na lugat, ya jaaliligao nae udescansa, lao ti mañoda.
44 ၄၄ `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင်​ပြန်​ပါ​အံ့' ဟု​ဆို​၏။ ထို​နေ​ရာ​သို့​ပြန်​ရောက်​သော​အ​ခါ သပ်​ရပ်​စွာ​လှည်း​ကျင်း​ထား​သည်​ကို​တွေ့​သ​ဖြင့်၊
Ayo nae ilegña: Jutalo guato para y iyajame ni anae guine ayoyo. Ya anae mato guato, jasoda taesinajguan, binale yan maadotna.
45 ၄၅ သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
Ayo nae mapos, ya mangone talo gachongña siete na espiritu na mas taelaye qui güiya, ya manjalom ya mañaga güije; ya mas taelaye uttimoña yuje na taotao qui y finenaña. Taegüineja locue ujumuyong este na generasion y manaelaye.
46 ၄၆ ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ်​မယ်​တော်​နှင့်​ညီ​တော် များ​ရောက်​လာ​၍​ကိုယ်​တော်​နှင့်​တွေ့​လို​သ​ဖြင့် အ​ပြင်​တွင်​စောင့်​လျက်​နေ​ကြ​၏။-
Ya anae estaba güe cumuecuentos yan y taotao sija; estagüe, si nanaña, yan y mañeluña mangaegue gui sumanjiyong, na manmalago na umacuentuse güe.
47 ၄၇ လူ​တစ်​ယောက်​က ``အ​ရှင်​၏​မယ်​တော်​နှင့်​ညီ​တော် များ​သည်​အ​ရှင်​နှင့်​တွေ့​လို​၍​အ​ပြင်​တွင်​စောင့် နေ​ကြ​ပါ​သည်'' ဟု​လျှောက်​၏။-
Ya ilegña uno: Estagüe, si nanamo, yan y mañelumo gui sumanjiyong, na manmalago na umacuentuse jao.
48 ၄၈ ကိုယ်​တော်​က ``ငါ့​အ​မိ​ကား​မည်​သူ​နည်း။ ငါ့​ညီ၊ ငါ့​အစ်​ကို​များ​ကား​မည်​သူ​နည်း'' ဟု​ပြန်​၍ မေး​တော်​မူ​၏။-
Ya güiya jaope ayo y sumangan este, ya ilegña: Jaye nanajo yan jaye mañelujo?
49 ၄၉ ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ညွှန်​ပြ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ၊ ငါ့​အစ်​ကို​များ ကား​ဤ​သူ​တို့​တည်း။-
Ya jajuto y canaeña gui disipuluña, ya ilegña: Estagüe, y nanajo yan y mañelujo.
50 ၅၀ ကောင်း​ကင်​ဘုံ​ရှင်​ငါ့​ခ​မည်း​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​သူ​မှန်​သ​မျှ​သည်​ငါ့​ညီ၊ ငါ့ အစ်​ကို၊ ငါ့​အစ်​မ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့​ပေ တည်း'' ဟု​မိန့်​တော်​မူ​၏။
Sa todo ayo y fumatinas y minalago y Tatajo ni y gaegue gui langet, este güiya chelujo laje, yan chelujo palaoan, yan nanajo.

< မဿဲ 12 >