< မာကု 2 >
1 ၁ ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာ၏။ အိမ်သို့ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို လူတို့ကြားကြကုန်၏။-
Y ENTRÓ otra vez en Capernaum despues de [algunos] dias; y se oyó que estaba en casa.
2 ၂ ထို့ကြောင့်အထံတော်သို့စုရုံးလာကြသူများ လှသဖြင့် အိမ်ဥပစာမှာခြေချစရာမရှိ တော့ပေ။ ကိုယ်တော်သည်ထိုသူတို့အားတရား တော်ကိုဟောပြောလျက်နေတော်မူ၏။-
Y luego se juntaron á él muchos, que ya no cabian ni aun á la puerta; y les predicaba la palabra.
3 ၃ ထိုအခါလူလေးယောက်တို့သည်လေဖြတ်သူ တစ်ဦးကို ထမ်းစင်ဖြင့်အထံတော်သို့ယူဆောင် လာကြ၏။-
Entónces vinieron á él [unos] trayendo un paralítico, que era traido por cuatro.
4 ၄ ပရိသတ်တိုးမပေါက်သဖြင့် သူတို့သည်ကိုယ်တော် အနီးသို့မချဉ်းကပ်နိုင်ကြ။ ထို့ကြောင့်ကိုယ်တော် ရှိသည့်နေရာအထက်မှခေါင်မိုးကိုဖောက်ထွင်း၍ လူမမာလဲလျောင်းနေသောထမ်းစင်ကိုလျောချ ကြ၏။-
Y como no podian llegar á él á causa del gentío, descubrieron el techo [de] donde estaba, y hacienda abertura, bajaron el lecho en que yacia el paralítico.
5 ၅ သခင်ယေရှုသည်သူတို့၏ယုံကြည်ခြင်းကိုမြင် တော်မူလျှင် လေဖြတ်သူအား ``ငါ့သား၊ သင်၏ အပြစ်များကိုဖြေလွှတ်ပြီ'' ဟုမိန့်တော်မူ၏။-
Y viendo Jesus la fé de ellos, dice al paralítico: Hijo, tus pecados te son perdonados.
6 ၆ သို့သော်လည်းထိုအရပ်မှာထိုင်လျက်ရှိကြ သောကျမ်းတတ်ဆရာအချို့တို့က၊-
Y estaban allí sentados algunos de los escribas, los cuales pensando en sus corazones,
7 ၇ ``ဤသူသည်အဘယ်ကြောင့်ဤသို့ဆိုပါသနည်း။ သူသည်ဘုရားသခင်ကိုပြစ်မှားပြောဆိုလေ ပြီ။ ဘုရားသခင်မှတစ်ပါးအဘယ်သူသည် အပြစ်ကိုဖြေလွှတ်နိုင်ပါမည်နည်း'' ဟူ၍ တွေးတောနေကြလေသည်။-
Decian: ¿Por qué habla este así? blasfemias dice. ¿Quién puede perdonar pecados, sino solo Dios?
8 ၈ သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေသည်ကို ချက်ချင်းသိတော်မူသဖြင့် ``သင်တို့ သည်အဘယ်ကြောင့်ဤသို့တွေးတောနေကြ သနည်း။-
Y conociendo luego Jesus en su espíritu que pensaban así dentro de si mismos, les dijo: ¿Por qué pensais estas cosas en vuestros corazones?
9 ၉ လေဖြတ်သူအားအဘယ်သို့ပြောရန်ပို၍လွယ်ကူ သနည်း။ `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန် ပို၍လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှ ထလော့၊ သင်၏ထမ်းစင်ကိုထမ်း၍လှမ်းသွား လော့' ဟုပြောရန်ပို၍လွယ်ကူသလော။-
¿Qué es más fácil: Decir al paralítico: Tus pecados te son perdonados; ó decirle: Levántate, y toma tu lecho y anda?
10 ၁၀ လူသားသည်လောကတွင်အပြစ်ဖြေလွှတ်ပိုင် သည်ကို သင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက် လက်ခြေသေသူအား၊-
Pues para que sepais que el Hijo del hombre tiene potestad en la tierra de perdonar los pecados: (dice al paralítico)
11 ၁၁ ``နေရာမှထ၍ထမ်းစင်ကိုထမ်း၍အိမ်သို့ပြန် လော့'' ဟုမိန့်တော်မူ၏။
á tí digo: Levántate, y toma tu lecho, y véte á tu casa.
12 ၁၂ လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။
Entonces [él] se levantó luego, y tomando su lecho, se salió delante de todos; de manera que todos se asombraron, y glorificaron á Dios, diciendo: Nunca tal hemos visto.
13 ၁၃ ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေသို့တစ်ဖန် ကြွတော်မူပြန်၏။ လူအပေါင်းတို့သည်ကိုယ်တော် ထံသို့လာကြသဖြင့် ကိုယ်တော်သည်သူတို့ကို ဟောပြောသွန်သင်တော်မူ၏။-
Y volvió á salir á la mar, y toda la gente venia á él, y los enseñaba.
14 ၁၄ ကိုယ်တော်သည်ဆက်လက်၍လျှောက်သွားတော်မူ ပြန်သောအခါ အကောက်ခွန်ရုံးခန်းတွင်အာလဖဲ ၏သားလေဝိထိုင်နေသည်ကိုမြင်တော်မူ၏။ သူ့ ကိုကိုယ်တော်က ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့် တော်မူလျှင်သူသည်ထ၍နောက်တော်သို့လိုက် လေ၏။
Y pasando vió á Leví, [hijo] de Alféo, sentado al banco de los públicos tributes, y le dice: Sígueme. Y levantándose, le siguió.
15 ၁၅ ထိုနောက်သခင်ယေရှုသည်လေဝိ၏အိမ်တွင် တပည့်တော်တို့နှင့်အတူစားသောက်လျက်ရှိစဉ်၊ အခွန်ခံသူနှင့်အပယ်ခံသူအမြောက်အမြား သည်လည်း ကိုယ်တော်နှင့်လိုက်ပါလာကြသဖြင့် ကိုယ်တော်နှင့်တကွတပည့်တော်တို့နှင့်အတူ စားသောက်လျက်ရှိကြ၏။-
Y aconteció que estando Jesus á la mesa, en casa de él, muchos publicanos y pecadores estaban tambien á la mesa juntamente con Jesus y con sus discípulos: porque habia muchos, y le habian seguido.
16 ၁၆ ဤသို့ထိုသူတို့နှင့်ကိုယ်တော်ထိုင်၍စားသောက်နေ သည်ကို ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ်ဆရာတို့မြင် လျှင် ``အဘယ်ကြောင့်ကိုယ်တော်သည်အခွန်ခံသူ များ၊ အပြစ်ကူးသူများနှင့်ထိုင်၍စားသောက်နေ ပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်း ကြ၏။
Y los escribas y los Fariséos, viéndole comer con los publicanos, y con los pecadores, dijeron á sus discípulos: ¿Qué es esto que él come y bebe con los publicanos y con los pecadores?
17 ၁၇ ယင်းသို့မေးမြန်းသည်ကို သခင်ယေရှုကြားတော် မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကိုမလို။ ဖျား နာသူသာလျှင်လို၏။ ငါသည်ဂုဏ်အသရေရှိ သူများကိုခေါ်ရန်ကြွလာသည်မဟုတ်။ အပြစ် ကူးသူများကိုခေါ်ရန်ကြွလာသတည်း'' ဟု ထိုသူတို့အားမိန့်တော်မူ၏။
Y oyéndo[lo] Jesus les dice: los sanos no tienen necesidad de médico, mas los que tienen mal. No he venido á llamar á los justos, sino á los pecadores.
18 ၁၈ တစ်နေ့၌ယောဟန်၏တပည့်များနှင့်ဖာရိရှဲတို့ သည်အစာရှောင်လျက်နေကြ၏။ လူအချို့တို့သည် ကိုယ်တော့်ထံလာ၍ ``ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည်အစာရှောင်ကြပါသည်။ အရှင် ၏တပည့်များမူကားအဘယ်ကြောင့်အစာ မရှောင်ကြပါသနည်း'' ဟုမေးလျှောက်ကြ၏။
Y los discípulos de Juan, y de los Fariséos ayunaban; y vienen, y le dicen: ¿Por qué los discípulos de Juan, y [los] de los Fariséos ayunan, y tus discípulos no ayunan?
19 ၁၉ သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည် သတို့သားနှင့်အတူ ရှိနေချိန်၌အစာရှောင်နိုင်ပါမည်လော။ သတို့ သားရှိနေသမျှကာလပတ်လုံးသူတို့သည် အစာမရှောင်နိုင်ကြရာ။-
Y Jesus les dice: ¿Pueden ayunar los que están de bodas, cuando el Esposo está con ellos? Entre tanto que tienen consigo al Esposo no pueden ayunar.
20 ၂၀ သို့ရာတွင်သူတို့ထံမှသတို့သားကို ခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာသော အခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။
Mas vendrán dias, cuando el Esposo les será quitado, y entónces en aquellos dias ayunarán.
21 ၂၁ ``မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကို ဖာရိုးမရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ပြဲရာပို၍ဆိုးပေမည်။-
Nadie echa remiendo de paño recio en vestido viejo; de otra manera el mismo remiendo nuevo tira del viejo, y la rotura se hace peor.
22 ၂၂ ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။
Ni nadie echa vino nuevo en odres viejos; de otra manera el vino nuevo rompe los odres, y se derrama el vino, y los odres se pierden: mas el vino nuevo en odres nuevos se ha de echar.
23 ၂၃ ဥပုသ်နေ့၌ကိုယ်တော်သည်တပည့်တော်တို့နှင့် အတူ ဂျုံခင်းကိုဖြတ်၍လျှောက်သွားစဉ်တပည့် တော်တို့သည်ဂျုံနှံများကိုဆွတ်ခူးကြ၏။-
Y aconteció que pasando él por los sembrados en Sábado, sus discípulos andando, comenzaron á arrancar espigas.
24 ၂၄ ထိုအခါဖာရိရှဲများက ``ကြည့်ပါ၊ ဥပုသ်နေ့ ၌မပြုအပ်သောအမှုကို သူတို့သည်အဘယ် ကြောင့်ပြုကြပါသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
Entónces los Fariséos le dijeron: Hé aquí, ¿por qué hacen [tus discípulos] en Sábado lo que no es lícito?
25 ၂၅ ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တစ်စု တို့ဆာလောင်မွတ်သိပ်သောအခါ အဘယ်သို့ပြုခဲ့ ကြောင်းကိုသင်တို့တစ်ခါမျှမဖတ်ဖူးသ လော။-
Y él les dijo: ¿Nunca leísteis qué hizo David cuando tuvo necesidad, y tuvo hambre, él y los que con él [estaban]?
26 ၂၆ ယဇ်ပုရောဟိတ်မင်းအဗျာသာလက်ထက်တွင် ဒါဝိဒ်မင်းသည်ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါးမည်သူမျှ မစားထိုက်သောရှေ့တော်မုန့်ကိုစား၍ မိမိ အပေါင်းအဖော်များအားလည်းထိုမုန့်ကို ပေးဖူးသည်မဟုတ်လော'' ဟုမိန့်တော်မူ၏။
¿Cómo entró en la casa de Dios, siendo Abiathar sumo pontífice, y comió los panes de la proposicion, de los cuales no es lícito comer sino á los sacerdotes, y aun dió á los que con él estaban?
27 ၂၇ ထိုနောက်ကိုယ်တော်က ``လူ၏အကျိုးငှာဥပုသ် နေ့ကိုပြဋ္ဌာန်းထား၏။ ဥပုသ်နေ့၏အကျိုးငှာ လူကိုဖန်ဆင်းထားသည်မဟုတ်။-
Tambien les dijo: El Sábado por causa del hombre es hecho; no el hombre por causa del Sábado.
28 ၂၈ သို့ဖြစ်၍လူသားသည်ဥပုသ်နေ့၏အရှင် ဖြစ်တော်မူ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။
Así que el Hijo del hombre es Señor aun del Sábado.