< လုကာ 9 >

1 သ​ခင်​ယေ​ရှု​သည်​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် နတ်​မိစ္ဆာ အ​ပေါင်း​ကို​နှင်​ထုတ်​နိုင်​သော​တန်​ခိုး​အာ​ဏာ နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-
फेर उसनै अपणे बारहां चेल्यां ताहीं बुलाकै उननै सारी ओपरी आत्मायाँ अर बिमारियाँ ताहीं दूर करण की सामर्थ अर हक दिया,
2 ထို​နောက်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို​ဟော​ပြော​ရန်​လည်း​ကောင်း၊ ဖျား​နာ​သူ​များ ကို​ကျန်း​မာ​အောင်​ကု​သ​ပေး​ရန်​လည်း​ကောင်း စေ​လွှတ်​တော်​မူ​၏။-
अर उननै परमेसवर कै राज्य का प्रचार करण अर बिमारां ताहीं आच्छा करण खात्तर भेज्या।
3 ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​သင်​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ ရိက္ခာ၊ ကြေး​ငွေ​တို့​ကို​မ​ယူ​ရ​ကြ။ လူ​တစ်​ကိုယ်​လျှင်​အင်္ကျီ​အ​ပို​တစ်​ထည်​ပင် မ​ပါ​ရ။-
उसनै उनतै कह्या, “राह खात्तर कुछ ना लियो, ना तो लाठ्ठी, ना झोळी, ना रोट्टी, ना रपिये अर ना दो-दो कुड़ते।
4 မည်​သည့်​အိမ်​မ​ဆို​သင်​တို့​ကို​ဝင်​ခွင့်​ပြု​လျှင် မြို့​မှ​ထွက်​ခွာ​သည်​တိုင်​အောင်​ထို​အိမ်​မှာ​ပင် တည်း​ခို​ကြ​လော့။-
जिस किसे घर म्ह उतरो, उड़ैए रहो, अर उड़ैए तै बिदा होइयो।
5 သင်​တို့​အား​လက်​မ​ခံ​သူ​များ​ကို​မူ​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ထို​မြို့​မှ​ထွက်​ခွာ​ချိန်​၌ သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
जो कोए थमनै न्ही अपणावै, उस नगर तै जान्दे होए अपणे पायां की धूळ झाड़ दियो के उनपै गवाही होवै।”
6 တ​မန်​တော်​တို့​သည်​အ​ထံ​တော်​မှ​ထွက်​သွား ပြီး​လျှင် အ​ရပ်​ရပ်​သို့​လှည့်​လည်​လျက်​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​၍​အ​နာ​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​ကြ​၏။
आखर म्ह वे लिकड़कै गाम-गाम सुसमाचार सुणान्दे, अर हरेक माणसां नै ठीक करदे होए हांडदे रहे।
7 ဂါ​လိ​လဲ​ဘု​ရင်​ခံ​မင်း​ကြီး​ဟေ​ရုဒ်​မင်း​သည် ကိုယ် တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​အ​ကြောင်း ကို​ကြား​၏။ လူ​အ​ချို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သေ​ရာ​မှ​ရှင်​ပြန်​လေ​ပြီ'' ဟူ​၍​လည်း​ကောင်း၊-
चौथाई देश के गलील परदेस का राजा हेरोदेस यो सारा सुणकै घबराग्या, क्यूँके कईयाँ नै कह्या, के यूहन्ना मरे होया म्ह तै जिन्दा होया सै,
8 အ​ချို့​က ``ဧ​လိ​ယ​ကြွ​လာ​လေ​ပြီ'' ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ ``ရှေး​ပ​ရော​ဖက်​တစ် ပါး​အ​သက်​ပြန်​၍​ရှင်​လာ​လေ​ပြီ'' ဟူ​၍​လည်း ကောင်း​ပြော​ဆို​နေ​ကြ​သည်​ကို​ဟေ​ရုဒ်​သည် ကြား​သ​ဖြင့်​စိတ်​ရှုပ်​ထွေး​လျက်၊-
अर कईयाँ नै न्यू कह्या के एलिय्याह दिख्या सै, अर औरां नै न्यू के पुराणे नबियाँ म्ह तै कोए जिन्दा होया सै।
9 ``ငါ​သည်​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​ခဲ့​၏။ ငါ သ​တင်း​ကြား​နေ​ရ​သော​ဤ​သူ​ကား​အ​ဘယ်​သူ နည်း'' ဟု​ဆို​၍​သ​ခင်​ယေ​ရှု​ကို​တွေ့​မြင်​ရန်​ကြိုး စား​လျက်​နေ​၏။
पर हेरोदेस नै कह्या, “यूहन्ना का तो मन्नै सिर कटवाया, इब यो कौण सै जिसकै बाबत इसी बात सुणु सूं?” अर उसनै उस ताहीं देखण की चाहन्ना करी।
10 ၁၀ တ​မန်​တော်​တို့​သည်​ကိုယ်​တော်​ထံ​သို့​ပြန်​လာ​ကြ လျက် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​တို့​ကို​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​၍ ဗက်​ဇဲ​ဒ​နာ​မည်​တွင်​သော​မြို့​သို့​ကြွ​တော်​မူ​၏။-
फेर प्रेरितां नै बोहड़कै जो कुछ उननै करया था, उस ताहीं बता दिया, अर वो उननै न्यारे करकै बैतसैदा नामक नगर म्ह लेग्या।
11 ၁၁ လူ​ပရိ​သတ်​တို့​သည်​ထို​သို့​ကြွ​သွား​ကြောင်း​ကို ကြား​သိ​ကြ​သော​အ​ခါ​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကြို​ဆို လက်​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ မ​ကျန်း​မာ​သူ​ကို​လည်း​ကျန်းမာ​စေ​တော်​မူ​၏။
न्यू जाणकै भीड़ उसकै पाच्छै हो ली, अर वो राज्जी होकै उनतै मिल्या, अर उनतै परमेसवर कै राज्य की बात करण लाग्या, अर जो चंगे होणा चाहवै थे उन ताहीं ठीक करया।
12 ၁၂ မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``ဤ လူ​ပ​ရိ​သတ်​ကို​ပတ်​ဝန်း​ကျင်​ကျေး​လက်​နှင့်​တော ရွာ​များ​သို့​သွား​၍ တည်း​ခို​ရန်​နေ​ရာ​နှင့်​အ​စား အ​စာ​ကို​ရှာ​စေ​တော်​မူ​ပါ။ ဤ​အ​ရပ်​သည်​လူ သူ​နှင့်​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။
जिब दिन छिपण लाग्या तो बारहां नै आकै उसतै कह्या, “भीड़ नै जाणदे के चौगरदे के गाम्मां अर बस्तियाँ म्ह जाकै ठहरै अर खाणे का जुगाड़ करै, क्यूँके हम उरै बियाबान जगहां म्ह सां।”
13 ၁၃ ကိုယ်​တော်​က ``သင်​တို့​ပင်​ထို​သူ​တို့​အား​စား စ​ရာ​ကို​ကျွေး​မွေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဤ​လူ​ထု အ​တွက်​အ​စား​အ​စာ​များ​ကို​သွား​၍​ဝယ်​ရ ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ထံ​မှာ​မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​၏'' ဟု​ပြန်​လည် လျှောက်​ထား​ကြ​၏။-
यीशु नै उनतै कह्या, “थमे उननै खाण नै द्यो।” उननै कह्या, “म्हारै धोरै पाँच रोट्टी अर दो मच्छियाँ नै छोड़कै और कुछ कोनी, पर हाँ, जै हम जाकै इन सारया खात्तर खाणा मोल ल्यावां, फेर हो सकै सै।” वे माणस तो पाँच हजार माणसां कै करीबन थे।
14 ၁၄ (အ​ဘယ်​ကြောင့်​ဤ​သို့​လျှောက်​ထား​ရ​သ​နည်း ဆို​သော်​လူ​ပ​ရိ​သတ်​ဦး​ရေ​ငါး​ထောင်​ခန့်​ရှိ သော​ကြောင့်​ဖြစ်​၏။) ကိုယ်​တော်​က ``ဤ​သူ​တို့​ကို​ငါး​ဆယ်​ခန့်​စီ အ​စု​လိုက်​ထိုင်​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ သည်။-
फेर उसनै अपणे चेल्यां तै कह्या, “उननै पचास-पचास करकै लैणपतार म्ह बिठा द्यो।”
15 ၁၅ တ​ပည့်​တော်​တို့​သည်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။-
उननै न्यूए करया, अर सारया ताहीं बिठा दिया।
16 ၁၆ ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို ယူ​တော်​မူ​၏။ ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ မုန့်​နှင့်​ငါး​ကို​ဖဲ့​တော်​မူ​ပြီး​လျှင်​လူ​တို့​အား ဝေ​ငှ​ရန်​အ​တွက်​တ​ပည့်​တော်​တို့​အား​ပေး​အပ် တော်​မူ​၏။-
फेर यीशु नै वे पाँच रोट्टी अर दो मच्छियाँ ली, सुर्ग कान्ही लखाकै परमेसवर का धन्यवाद करया, अर रोट्टी तोड़-तोड़कै चेल्यां ताहीं देंदा गया के माणसां ताहीं बांडै।
17 ၁၇ လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ သူ​တို့ ၏​စား​ကြွင်း​စား​ကျန်​များ​ကို​ကောက်​သိမ်း​ရာ တောင်း​တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။
फेर सारे खाकै छिकगे, अर चेल्यां नै बचे होड़ टुकड्या तै भरी होई बारहां टोकरी ठाई।
18 ၁၈ အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ကိုယ်​တည်း ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​လာ ကြ​၏။ ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ် သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
जिब वो एक्ले म्ह प्रार्थना करै था अर चेल्लें उसकै गेल्या थे, तो उसनै उनतै बुझ्झया, “माणस मन्नै के कहवै सै?”
19 ၁၉ တ​ပည့်​တော်​တို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု အ​ချို့​ဆို​ကြ​ပါ​သည်။ အ​ချို့​က​ဧ​လိ​ယ​ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ​ပြန်​လည်​အ​သက်​ရှင်​လာ သော​ရှေး​ပ​ရော​ဖက်​တစ်​ပါး​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။
उननै जवाब दिया, “यूहन्ना बपतिस्मा देण आळा, अर कोए एलिय्याह, अर कोए यो के पुराणे नबियाँ म्ह तै कोए जिन्दा होया सै।”
20 ၂၀ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​စေ​လွှတ် တော်​မူ​သည့်​မေ​ရှိ​ယ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​ဆို လျှောက်​ထား​၏။
उसनै उनतै बुझ्झया, “पर थम मन्नै के कहो सो?” पतरस नै जवाब दिया, “परमेसवर का मसीह।”
21 ၂၁ ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​မည်​သူ​မျှ မ​သိ​စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော် မူ​၏။-
फेर उसनै उनतै चिताकै कह्या के यो किसे तै ना कहियो।।
22 ၂၂ ထို​နောက်​ဆက်​လက်​၍ ``လူ​သား​သည်​ဝေ​ဒ​နာ​များ စွာ​ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​သူ့​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ လူ​သား သည်​အ​သေ​ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့ ၌​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော် တို့​အား​မိန့်​တော်​မူ​၏။
फेर उसनै कह्या, “मुझ माणस कै बेट्टे खात्तर जरूरी सै के मै घणा दुख ठाऊँ, अर यहूदी अगुवें, प्रधान याजक अर शास्त्री मन्नै तुच्छ समझकै मार देवै, अर मै तीसरे दिन जिन्दा हो जाऊँगा।”
23 ၂၃ ထို​နောက်​ကိုယ်​တော်​က​လူ​အ​ပေါင်း​တို့​အား ``ငါ့ တ​ပည့်​ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​နေ့​စဉ်​ထမ်း​၍​ငါ့ နောက်​သို့​လိုက်​ရ​မည်။-
उसनै सारया तै कह्या, “जो कोए मेरै मेरा चेल्ला बणणा चाहवै, वो अपणी ए इच्छा पूरी ना करै बल्के हरेक दिन अपणे दुखां का क्रूस ठाकै, मेरै पाच्छै हो लेवै।
24 ၂၄ မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည်​အ​သက် ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​ကြောင့်​အ​သက်​ဆုံး​ရှုံး သူ​သည်​မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-
क्यूँके जो कोए अपणी जान बचाणा चाहवैगा वो उसनै खोवैगा, पर जो कोए मेरी खात्तर अपणी जान खोवैगा वोए उसनै बचावैगा।
25 ၂၅ လူ​သည်​တစ်​လော​က​လုံး​ကို​စိုး​ပိုင်​ခွင့်​ရ​သော် လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။-
जै माणस सारी दुनिया नै पा लेवै अर अपणी जान खो दे या उसका नुकसान ठावै, तो उसनै के फायदा?
26 ၂၆ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါဒ​ကြောင့်​ရှက် လျှင်​လူ​သား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း တော်​၏​ဘုန်း​အ​သ​ရေ၊ သန့်​ရှင်း​သော​ကောင်း​ကင် တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ​ထို​သူ​ကြောင့်​ရှက်​တော်​မူ လတ္တံ့။-
जो कोए मेरै तै अर मेरी बात्तां तै सरमावैगा, मै माणस का बेट्टा भी, जिब अपणी अर अपणे पिता की अर पवित्र सुर्गदूत्तां की महिमा सुधां आऊँगा, तो उसतै सरमावैगा।
27 ၂၇ သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။
“मै थमनै साच्ची कहूँ सूं, के जो याड़ै खड़े सै, उन म्ह तै कुछ इसे सै के जिब ताहीं परमेसवर का राज्य ना देख लेवैं, जद ताहीं मौत उननै कदे छू भी न्ही पावैगी।”
28 ၂၈ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ရှစ်​ရက်​ခန့်​ကြာ​သော အ​ခါ​ကိုယ်​တော်​သည်​ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ် တို့​ကို​ခေါ်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် သို့​ကြွ​တော်​မူ​၏။-
इन बात्तां कै कोए आठ दिनां पाच्छै वो पतरस, यूहन्ना अर याकूब नै गेल्या लेकै प्रार्थना करण खात्तर पहाड़ पै गया।
29 ၂၉ ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။-
जिब वो प्रार्थना करै था, तो उसके मुँह का रूप बदल ग्या, अर उसके लत्ते धोळे होकै चमकण लाग्गे।
30 ၃၀ လူ​နှစ်​ယောက်​တို့​သည်​ရုတ်​တ​ရက်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​လျက်​နေ​၏။ ထို​သူ တို့​သည်​ကား​မော​ရှေ​နှင့်​ဧ​လိ​ယ​ဖြစ်​ကြ​၏။-
अर लखाओ, मूसा नबी अर एलिय्याह नबी ये दो माणस उसकै गेल्या बतळावै थे।
31 ၃၁ သူ​တို့​သည်​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ​ပေါ်​လာ ၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​မ​ကြာ​မီ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော် မူ​ရ​မည့်​အ​ကြောင်း​ကို​ကိုယ်​တော်​နှင့်​ပြော​ဆို နေ​ကြ​သ​တည်း။-
ये महिमा सुधां दिक्खे अर यीशु के मरण का जिक्र करै थे, जो यरुशलेम म्ह होण आळा था।
32 ၃၂ ပေ​တ​ရု​နှင့်​အ​ဖော်​များ​သည်​ငိုက်​မြည်း အိပ်​ပျော်​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ နိုး​လာ​သော​အ​ခါ​ကိုယ်​တော်​၏​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ ရပ်​နေ​သူ​နှစ်​ဦး​ကို​လည်း​ကောင်း​မြင်​ကြ​၏။-
पतरस अर उसके साथी नींद म्ह होरे थे, अर जिब ठीक तरियां सोध्दी म्ह आए, तो उसकी महिमा अर उन दो माणसां नै, जो उसकै गेल्या खड़े थे, देख्या।
33 ၃၃ ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။
जिब वे उसकै धोरै तै जाण लाग्गे, तो पतरस नै यीशु तै कह्या, “हे माल्लिक, म्हारा उरै रहणा भला सै: आखर म्ह हम तीन मण्डप बणावा, एक तेरे खात्तर, एक मूसा नबी खात्तर, एक एलिय्याह नबी कै खात्तर।” उसनै बेरा कोनी था के कह के रह्या सै।
34 ၃၄ ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။-
वो न्यू कहवैए था के एक बाद्दळ आकै उनपै छाग्या, अर जिब वे उस बाद्दळ तै घिरण लाग्गे तो वे डरगे।
35 ၃၅ မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။
फेर उस बाद्दळ म्ह तै या वाणी लिकड़ी, “यो मेरा बेट्टा अर मेरा चुण्या होया सै, इसकी सुणो।”
36 ၃၆ အ​သံ​တော်​ထွက်​ပေါ်​ပြီး​သည့်​နောက်​သ​ခင်​ယေ​ရှု တစ်​ပါး​တည်း​ကို​သာ​လျှင်​တ​ပည့်​တော်​တို့​မြင် ရ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​တွေ့​မြင်​ရ​သည့် အ​ကြောင်း​အ​ရာ​ကို​ထို​စဉ်​အ​ခါ​က​မည်​သူ့ ကို​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​ကြ​၏။
या आवाज होन्दे यीशु एक्ला होग्या, अर वे बोल-बाल्ले रहे, अर जो कुछ देख्या था उसकी कोए बात उन दिनां म्ह किसे तै न्ही कही।
37 ၃၇ နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင်​ပေါ်​မှ​ဆင်း​လာ​ကြ​၏။ ထို​အ​ခါ​များ​စွာ သော​လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခ​ရီး​ဦး ကြို​ဆို​ကြ​၏။-
दुसरे दिन जिब वो पहाड़ तै उतरया तो एक बड्डी भीड़ उसतै आ मिली।
38 ၃၈ ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​တော်​မူ​ရန်​တောင်း ပန်​ပါ​၏။ သူ​သည်​အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော သား​ဖြစ်​ပါ​၏။-
अर लखाओ, भीड़ म्ह तै एक माणस नै किल्की मारकै कह्या, “हे गुरु, मै तेरे तै बिनती करुँ सूं के मेरे बेट्टे पै दया की निगांह फेर दे, क्यूँके वो मेरा एक्ला बेट्टा सै।
39 ၃၉ နတ်​ပူး​ဝင်​သ​ဖြင့်​ရုတ်​တ​ရက်​အော်​ဟစ်​တတ် ပါ​၏။ နတ်​သည်​သူ့​ကို​တုန်​တက်​စေ​သ​ဖြင့်​သူ့ ပါး​စပ်​မှ​အ​မြှုပ်​ထွက်​တတ်​ပါ​၏။ နတ်​သည် သူ့​အား​ပင်​ပန်း​မော​ဟိုက်​နာ​ကျင်​စေ​ပြီး​မှ ခက်​ခက်​ခဲ​ခဲ​နှင့်​သာ​လျှင်​ထွက်​ခွာ​တတ်​ပါ​၏။-
अर दे, एक भुंडी ओपरी आत्मा उसनै पकड़ै थी, अर वो चाणचक किल्की मारै था, अर वा उसनै इसा मरोड़ै थी के वो मुँह म्ह तै झाग भर लावै सै, उसनै रोंदकै घणी मुश्किल तै छोड्डै थी।
40 ၄၀ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​တ​ပည့်​များ​အား​ထို နတ်​ကို​နှင်​ထုတ်​ပေး​ရန်​တောင်း​ပန်​ပါ​သော် လည်း​သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ'' ဟု လျှောက်​ထား​၏။
मन्नै तेरे चेल्यां तै बिनती करी के उसनै लिकाड़ै, पर वे कोनी काढ सके।”
41 ၄၁ သ​ခင်​ယေ​ရှု​က ``ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန် တတ်​သော​ခေတ်​လူ​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​၍​သည်း​ခံ​ရ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​ထို​သူ​အား ``သင်​၏​သား ကို​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
यीशु नै जवाब दिया, “हे अबिश्वासी अर जिद्दी माणसों, मै कद ताहीं थारे गेल्या रहूँगा अर थारी सहूँगा? अपणे बेट्टे नै उरै लिया।”
42 ၄၂ သူ​ငယ်​လာ​နေ​စဉ်​ပင်​နတ်​မိစ္ဆာ​သည်​သူ့​အား​မြေ ပေါ်​သို့​လှဲ​၍​တုန်​တက်​စေ​၏။ သ​ခင်​ယေ​ရှု​သည် နတ်​မိစ္ဆာ​အား​အ​မိန့်​ပေး​၍​သူ​ငယ်​ကို​ကျန်း​မာ စေ​တော်​မူ​ပြီး​နောက်​ဖ​ခင်​အား​ပြန်​လည်​ပေး အပ်​တော်​မူ​၏။-
जिब वो आवै था तो ओपरी आत्मा नै उस ताहीं पटककै मरोड्या, पर यीशु नै उस ओपरी आत्मा ताहीं धमकाया अर छोरे ताहीं ठीक करकै पिता तै थमा दिया।
43 ၄၃ လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​မ​ဟာ တန်​ခိုး​တော်​ကို​မြင်​ရ​၍​အံ့​သြ​ကြ​ကုန်​၏။ လူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု အ​ရာ​များ​ကြောင့်​အံ့​သြ​နေ​ကြ​စဉ်၊ ကိုယ်​တော် က၊-
फेर सारे माणस परमेसवर कै घणे सामर्थ तै हैरान होए। पर जिब सारे माणस उन सारे काम्मां तै जो वो करै था, हक्के-बक्के थे, तो उसनै अपणे चेल्यां तै कह्या,
44 ၄၄ ``လူ​သား​သည်​လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဤ​စ​ကား​ကို​သင်​တို့​သ​တိ​ပြု​၍ မှတ်​ထား​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။-
“थम इन बात्तां पै गौर करो, क्यूँके मै माणस का बेट्टा माणसां कै हाथ्थां म्ह पकड़वाया जाण पै सूं।”
45 ၄၅ သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​စ​ကား​ကို နား​မ​လည်​ကြ။ ယင်း​သို့​နား​မ​လည်​ကြ​စေ​ရန် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကွယ်​ဝှက်​လျက်​ရှိ​သ​တည်း။ သူ တို့​သည်​လည်း​ကိုယ်​တော်​အား​မ​မေး​မ​လျှောက် ဝံ့​ကြ။
पर वे इस बात नै कोनी समझै थे, अर या बात उनतै लुक्ही रही के उननै उसका बेरा न्ही पाट्टै, अर वे इस बात कै बारै म्ह उसतै बुझ्झण तै डरै थे।
46 ၄၆ တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​နည်း​ဟု​အ​ချင်း​ချင်း အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​၏။-
फेर उन म्ह या बहस होण लाग्गी के म्हारै तै बड्ड़ा कौण सै।
47 ၄၇ သ​ခင်​ယေ​ရှု​သည်​ထို​သို့​ငြင်း​ခုံ​နေ​ကြ​သည် ကို​သိ​တော်​မူ​သ​ဖြင့် က​လေး​သူ​ငယ်​တစ်​ယောက် ကို​ခေါ်​၍​မိ​မိ​အ​နီး​တွင်​ရပ်​စေ​တော်​မူ​၏။-
पर यीशु नै उनकै मन के विचारां ताहीं पढ़ लिया, अर एक बाळक नै लेकै अपणे धोरै खड्या करया,
48 ၄၈ ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​နာ​မ​ကို​ထောက် ၍​ဤ​က​လေး​သူ​ငယ်​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ ၏။ သင်​တို့​တွင်​အ​သိမ်​ငယ်​ဆုံး​သော​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
अर उनतै कह्या, “जो कोए मेरै नाम तै इस बाळक नै अपणावै सै, वो मन्नै अपणावै सै, अर जो कोए मन्नै अपणावै सै, वो मेरै भेजण आळे नै भी अपणावै सै, क्यूँके जो थारे म्ह सारया म्ह छोट्टे तै छोट्टा सै, वोए बड्ड़ा सै।”
49 ၄၉ ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ လူ​တစ်​ယောက်​သည် အ​ရှင်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့ ကို​နှင်​ထုတ်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့​တွေ့​မြင် ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​ဘက်​သား မ​ဟုတ်။ ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​သည်​သူ့​အား အ​ရှင်​၏​နာ​မ​တော်​ကို​အ​သုံး​မ​ပြု​ရန် တား​မြစ်​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား​၏။
फेर यूहन्ना नै कह्या, “हे स्वामी, हमनै एक माणस ताहीं तेरे नाम तै ओपरी आत्मा लिकाड़दे देख्या, अर हमनै उसतै मना करया, क्यूँके वो म्हारी तरियां तेरा चेल्ला न्ही था।”
50 ၅၀ သ​ခင်​ယေ​ရှု​က ``ထို​သူ​ကို​မ​တား​မြစ်​ကြ နှင့်။ သင်​တို့​ကို​မ​ဆန့်​ကျင်​သူ​သည်​သင်​တို့ ဘက်​သား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
यीशु नै उसतै कह्या, “उसनै नाट्टो ना, क्यूँके जो थारे बिरोध म्ह न्ही, वो थारे कान्ही सै।”
51 ၅၁ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ရန်​အ​ချိန်​နီး​လာ သော​အ​ခါ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​ရန်​စိတ်​ပိုင်း​ဖြတ်​လျက်-
जिब उसके उप्पर ठाए जाण के दिन पूरे होण पै थे, तो उसनै यरुशलेम जाण का विचार पक्का करया।
52 ၅၂ စေ​တ​မန်​များ​ကို​ကြို​တင်​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​သွား​၍​ကိုယ်​တော်​၏​အ​တွက်​ပြင် ဆင်​မှု​များ​ကို​ပြု​ရန်​ရှ​မာ​ရိ​ရွာ​တစ်​ရွာ​သို့ ဝင်​ကြ​၏။-
उसनै अपणे आग्गै दूत भेज्जै। वे सामरियाँ कै एक गाम म्ह गए ताके उसकै खात्तर जगहां त्यार करै।
53 ၅၃ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​ပြု​လျက်​နေ​တော်​မူ​သည်​ကို​ထောက်​၍ ရွာ​သား​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။-
पर उन माणसां नै उस ताहीं उतरण कोनी दिया, क्यूँके वो यरुशलेम जावै था।
54 ၅၄ ဤ​အ​ခြင်း​အ​ရာ​ကို​ကိုယ်​တော်​၏​တ​ပည့်​တော် များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​မြင် ကြ​သော​အ​ခါ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​ထို​သူ​တို့​အား​လောင် ကျွမ်း​စေ​ရန်​အ​လို​ရှိ​တော်​မူ​သ​လော'' ဟု​မေး လျှောက်​ကြ​၏။
न्यू देखकै उसके चेल्लें याकूब अर यूहन्ना नै कह्या, “हे प्रभु, तू के चाहवै सै के हम हुकम देवां, के अकास तै आग गिरकै उननै भस्म करदे?”
55 ၅၅ ကိုယ်​တော်​သည်​လှည့်​၍​သူ​တို့​အား​ဆုံး​မ​တော် မူ​၏။-
पर उसनै बोहड़कै उन ताहीं धमकाया (अर कह्या, “थम न्ही जाणदे के थम किसी आत्मा के सो। क्यूँके माणस का बेट्टा लोग्गां नै जान तै मारण कोनी आया, बल्के उननै बचाण आया सै।”)
56 ၅၆ ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အ​ခြား​ရွာ​တစ်​ရွာ​သို့​ထွက်​သွား​ကြ​၏။
अर वे किसे दुसरे गाम म्ह चले गये।
57 ၅၇ ယင်း​သို့​ခ​ရီး​ပြု​နေ​ကြ​စဉ်​လူ​တစ်​ယောက် က ``အ​ကျွန်ုပ်​သည်​အ​ရှင်​ကြွ​တော်​မူ​ရာ​သို့ လိုက်​ပါ​မည်'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။
जिब वे राह म्ह जावै थे, तो किसे नै उसतै कह्या, “जित्त-जित्त तू जावैगा, मै तेरे पाच्छै हो ल्यूँगा।”
58 ၅၈ သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။
यीशु नै उसतै कह्या, “लोमड़ियां की घुरखाण अर अकास के पंछियाँ के बसेरे हो सै, पर माणस के बेट्टे खात्तर सिर छिपाण की भी जगहां कोनी।”
59 ၅၉ ကိုယ်​တော်​သည်​အ​ခြား​လူ​တစ်​ယောက်​အား ``ငါ့ နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​က ``အ​ကျွန်ုပ်​အ​ဖ​၏​အ​လောင်း ကို​ဦး​စွာ​သွား​၍​သင်္ဂြိုဟ်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု လျှောက်​၏။
उसनै दुसरे तै कह्या, “मेरै पाच्छै हो ले।” उसनै कह्या, “हे प्रभु, पैहले मन्नै घर जाणदे, मै अपणे पिता के मरण कै बाद उस ताहीं दफना के आऊँगा, फेर तेरा चेल्ला बणुगाँ।”
60 ၆၀ ကိုယ်​တော်​က ``လူ​သေ​တို့​သည်​အ​ချင်း​ချင်း သင်္ဂြိုဟ်​ကြ​ပါ​စေ။ သင်​မူ​ကား​သွား​၍​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ဟော​ပြော လော့'' ဟု​မိန့်​တော်​မူ​၏။
उसनै उसतै कह्या, “जो आत्मिक रूप तै मर चुके सै, उननै मुर्दे दफणाण दे। पर तू जाकै परमेसवर कै राज्य की कथा सुणा।”
61 ၆၁ အ​ခြား​သော​သူ​တစ်​ယောက်​က ``အ​ရှင်၊ အ​ကျွန်ုပ် သည်​နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အိမ်​သူ​အိမ်​သား​များ​အား​ဦး စွာ​သွား​၍​နှုတ်​ဆက်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု လျှောက်​၏။
एक और नै भी कह्या, “हे प्रभु, मै तेरे पाच्छै हो लूँगा, पर पैहल्या मन्नै जाणदे के अपणे घर के माणसां तै बिदा ले आऊँ।”
62 ၆၂ သ​ခင်​ယေ​ရှု​က ``ထွန်​ကိုင်း​ကို​ကိုင်​လျက်​နောက် သို့​လှည့်​ကြည့်​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​အ​တွက်​အ​သုံး​မ​ဝင်'' ဟု​မိန့်​တော်​မူ​၏။
यीशु नै उसतै कह्या, “जो कोए अपणा हाथ हळ पै धरकै पाच्छै देक्खै सै, वो परमेसवर के राज्य कै जोग्गा कोनी।”

< လုကာ 9 >