< လုကာ 8 >
1 ၁ ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
A muri tata iho ka haereere ano ia ki nga pa ki nga kainga, ka kauwhau, ka whakapuaki i te rongopai o te rangatiratanga o te Atua: i a ia hoki te tekau ma rua,
2 ၂ တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
Me etahi wahine kua oti nei te whakaora i nga wairua kino, i nga ngoikoretanga, ko Meri, e huaina ana ko Makarini, e whitu nei nga rewera i puta mai i roto i a ia,
3 ၃ ဟေရုဒ်မင်း၏အိမ်ထောင်အုပ်ချုပ်ရေးမှူးခုဇ၏ ဇနီးယောဟန္န၊ ရှုရှန္နနှင့်အခြားအမျိုးသမီး များပါ၏။ ဤအမျိုးသမီးများသည်မိမိတို့ စရိတ်ဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့အား လုပ်ကျွေးသမှုပြုကြ၏။
Ko Hoana hoki, ko te wahine a Kuha, a te kaiwhakahauhau a Herora, me Huhana, me te tokomaha noa atu; na ratou i mahi etahi o a ratou taonga hei mea ma ratou.
4 ၄ အမြို့မြို့မှလာကြသောလူအပေါင်းတို့သည် အထံတော်တွင်စုရုံးလျက်နေကြစဉ်ကိုယ် တော်သည်ပုံဥပမာဆောင်၍၊-
Na, ka rahi te hui i mine mai, a ka haere mai ki a ia o ia pa, o ia pa, ka korero kupu whakarite ia:
5 ၅ ``မျိုးကြဲသူသည်မျိုးကြဲရန်ထွက်သွား၏။ မျိုးကြဲ သောအခါအချို့မျိုးစေ့များသည်လမ်းတွင်ကျ၏။ ထိုမျိုးစေ့တို့ကိုလူများကျော်နင်း၍ငှက်များ ကောက်စားကြ၏။-
I haere atu te kairui ki te rui i tana purapura: a, i a ia e rui ana, ka ngahoro etahi ki te taha o te ara; a takahia ana ki raro, kainga ake e nga manu o te rangi.
6 ၆ အချို့မျိုးစေ့များသည်ကျောက်မြေပေါ်တွင်ကျ ၏။ အပင်များပေါက်ပြီးနောက်ရေမရသဖြင့် ညှိုးနွမ်းခြောက်သွေ့ကုန်၏။-
Ko etahi i ngahoro ki runga ki te toka; ko te tupunga ake, kua maroke, kahore hoki he makuku.
7 ၇ အချို့မျိုးစေ့များသည်ဆူးတောတွင်ကျ၏။ ဆူးပင် များသည်အပင်ငယ်များနှင့်အတူကြီးထွားလာ ပြီးလျှင်ထိုအပင်ငယ်တို့ကိုလွှမ်းမိုးသွား၏။-
Ko etahi i ngahoro ki roto ki nga tataramoa; a tupu tahi ana nga tataramoa, kowaowaotia iho.
8 ၈ အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။
Ko etahi i ngahoro ki te oneone pai; tupu ana, tatakirau nga hua. Ka mutu enei korero, ka karanga ia, Ko ia he taringa ona hei whakarongo, kia rongo ia.
9 ၉ တပည့်တော်တို့သည်ဤပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
Na ka ui ana akonga ki a ia, ka mea, he aha te tikanga o tenei kupu whakarite?
10 ၁၀ ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
Ka mea ia, Kua hoatu ki a koutou te matauranga ki nga mea ngaro o te rangatiratanga o te Atua: ki era atu ia, he whakarite nga kupu: kia kite ai ratou, a e kore e kite, kia rongo ai, a kore ake e matau.
11 ၁၁ ``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကားဤသို့ တည်း။ မျိုးစေ့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဆိုလို၏။-
Na, tenei te kupu whakarite: Ko te purapura ko te kupu a te Atua.
12 ၁၂ လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။-
Ko era i te huarahi, ko nga kaiwhakarongo; me i reira ka haere mai te rewera, ka kapo i te kupu i roto i o ratou ngakau, kei whakapono ratou, a ka ora.
13 ၁၃ ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
Ko era i runga i te toka ko te hunga i tango i te kupu me te hari ano i to ratou rongonga; otira kahore o ratou pakiaka, ka whakapono mo te wa poto nei, a i te wa o te whakamatautau ka taka atu.
14 ၁၄ ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
Ko tera i ngahoro ki roto ki nga tataramoa, ko te hunga e whakarongo ana, a, ko te haerenga atu, ka kowaowaotia e nga manukanuka, e nga taonga, e nga whakaahuareka o te ao, a hore ake e pakari o ratou hua.
15 ၁၅ မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
Ko tera i te oneone pai, ko te hunga e tika ana, e pai ana te ngakau, i te rongonga i te kupu, ka pupuri, a hua ana nga hua i runga i te manawanui.
16 ၁၆ ``ဆီမီးကိုထွန်းပြီးလျှင်တောင်းဖြင့်အုပ်ထား ခြင်း၊ ခုတင်အောက်မှာထားခြင်းကိုအဘယ်သူ မျှမပြုတတ်။ အခန်းထဲသို့ဝင်လာသူများ အလင်းကိုမြင်စေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။
E kore e tahuna te rama e tetahi, e hipokina ki te oko, e waiho ranei i raro i te moenga; engari ka whakaturia ki runga ki te turanga, kia kitea ai te marama e te hunga e tomo ana.
17 ၁၇ ``ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ် လာရမည်။ ဖုံးအုပ်ထားသောအရာဟူသမျှ သည်ပေါ်လွင်ထင်ရှားလာရမည်။
E kore hoki tetahi mea i huna, e mahue te whakakite; e kore ano tetahi mea i ngaro, e mahue te mohio, te puta hoki ki te marama.
18 ၁၈ ``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
Na reira kia tupato ta koutou whakarongo: ki te whai mea hoki tetahi, ka hoatu ano ki a ia; ki te kahore he mea a tetahi, ko te mea i mahara ai ia nana ake, ka tangohia i a ia.
19 ၁၉ ကိုယ်တော်၏မယ်တော်နှင့်ညီတော်များသည် အထံတော်သို့လာကြ၏။ သို့ရာတွင်လူပရိ သတ်တိုးမပေါက်သဖြင့်ကိုယ်တော်အားတွေ့ ခွင့်မရနိုင်ကြ။-
Na ka haere mai ki a ia tona whaea me ona teina, otira kahore ratou i ahei te tutuki mai ki a ia, i te pipiri o te tangata.
20 ၂၀ လူတို့က ``မယ်တော်နှင့်ညီတော်များသည်အရှင့် ကိုတွေ့လိုသဖြင့်အပြင်တွင်စောင့်နေကြပါ သည်'' ဟုလျှောက်ကြ၏။
Na ka korerotia ki a ia, Ko tou whaea me ou teina te tu mai nei i waho, e mea ana kia kite i a koe.
21 ၂၁ ထိုအခါကိုယ်တော်က ``ဘုရားသခင်၏နှုတ် ကပတ်တော်ကိုကြား၍လိုက်လျှောက်သူတို့ကား ငါ၏အမိ၊ ငါ၏ညီများပေတည်း'' ဟုမိန့်တော် မူ၏။
Otira ka whakahoki ia, ka mea ki a ratou, Ko enei, e whakarongo nei, a e mahi nei i te kupu a te Atua, toku whaea me oku teina.
22 ၂၂ တစ်နေ့သ၌ကိုယ်တော်နှင့်တပည့်တော်တို့သည် လှေပေါ်ကိုတက်ကြ၏။ ထိုနောက်ကိုယ်တော်က ``အိုင် တစ်ဖက်ကိုကူးကြကုန်အံ့'' ဟုမိန့်တော်မူသဖြင့် တပည့်တော်တို့သည်ရွက်လွှင့်ကြ၏။-
Na i tetahi o aua ra ka eke ia, ratou ko ana akonga ki te kaipuke: a ka mea ia ki a ratou, Tatou ka whakawhiti ki tawahi o te roto. Na rere ana ratou.
23 ၂၃ သို့ရွက်လွှင့်ကြစဉ်ကိုယ်တော်သည်အိပ်စက်လျက် နေတော်မူ၏။ ထိုအချိန်၌အိုင်တွင်လေမုန်တိုင်း ကျသဖြင့်လှေသည်ရေနှင့်ပြည့်လုမတတ်ရှိ လေ၏။ တပည့်တော်တို့သည်ရေနစ်မည့်ဘေးနှင့် တွေ့ကြုံရကြ၏။-
Otira i a ratou e rere ana, ka moe ia: na ko te putanga o tetahi hau, he tupuhi, ki te roto; a ka tomo ratou, tata pu te totohu.
24 ၂၄ သူတို့သည်ကိုယ်တော်ကိုနှိုးပြီးလျှင် ``အရှင်၊ အရှင်၊ အကျွန်ုပ်တို့သေကြပါတော့မည်'' ဟု ဆိုကြ၏။ ကိုယ်တော်သည်အိပ်စက်ရာကထတော်မူ၍ လေနှင့်လှိုင်းများကိုဟန့်တားတော်မူသဖြင့် လေနှင့်လှိုင်းများသည်ငြိမ်သက်သွားလေ၏။-
Na ka haere ratou, ka whakaara i a ia, ka mea, E kara, e kara, ka mate tatou. Na ka ara ia, a riria ana e ia te hau, me te ngaru o te moana: a mutu iho, na kua marino.
25 ၂၅ ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်း မရှိကြသလော'' ဟုတပည့်တော်တို့အား မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများကို ပင်အမိန့်ပေး၍သူတို့သည်လိုက်နာကြပါ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
Na ka mea ia ki a ratou, Kei hea to koutou whakapono? Mataku ana ratou, miharo ana, ka mea ki a ratou ano, Ko wai ra tenei, ka tapa nei ki nga hau, ki te moana, a rongo rawa ki a ia?
26 ၂၆ ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါရစနယ် သို့ရွက်လွှင့်ကြ၏။ ဂါရစသည်ဂါလိလဲပြည် အိုင်တစ်ဖက်ကမ်းတွင်ရှိ၏။-
na ka tae ratou ki te whenua o nga Kararini, ki tawahi atu o Kariri.
27 ၂၇ ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါ မြို့သားတစ်ဦးသည်ကိုယ်တော်ကိုလာရောက် တွေ့ဆုံ၏။ ထိုသူကိုနတ်မိစ္ဆာပူးကပ်နေသည် မှာကာလကြာလေပြီ။ သူသည်အဝတ်ကို မဝတ်၊ အိမ်တွင်လည်းမနေ၊ သင်္ချိုင်းဂူများ တွင်သာနေ၏။-
A, no tona haerenga atu ki uta, ka tutaki ki a ia he tangata no te pa, he rewera ona, he roa kahore ano i mau kakahu, kihai ano i noho i roto i te whare, engari ki nga urupa.
28 ၂၈ သခင်ယေရှုကိုမြင်လျှင်သူသည်အော်ဟစ်ပြီး လျှင်ရှေ့တော်မှာပျပ်ဝပ်လျက် ``အမြင့်မြတ်ဆုံး သောဘုရား၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်'' ဟု ကျယ်စွာလျှောက်ထား၏။-
A, i tona kitenga i a Ihu, ka karanga, ka takoto ki tona aroaro, he nui tona reo ki te mea, he aha taku ki a koe e Ihu, e te Tama a te Atua, a te Runga Rawa? E, kaua ra ahau e whakamamaetia.
29 ၂၉ သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။
I mea hoki ia ki te wairua poke kia puta i taua tangata. He maha hoki nga wa i hopukia ai ia e ia; e tiakina ana hoki ia, he mea here ki nga mekameka, ki nga here waewae; heoi motumotuhia ana e ia nga here, a aia ana ia e te rewera ki te koraha.
30 ၃၀ သခင်ယေရှုကနတ်မိစ္ဆာအား ``သင့်နာမည် ကားအဘယ်နည်း'' ဟုမေးတော်မူ၏။ ``အကျွန်ုပ်နာမည်မှာလေဂေါင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်၏။ ဤသို့လျှောက်ရသည့်အကြောင်း မှာထိုသူအားနတ်မိစ္ဆာများစွာပူးကပ်နေသော ကြောင့်ဖြစ်၏။-
Na ka ui a Ihu ki a ia, Ko wai tou ingoa? Ka mea ia, Ko Rihiona; he tokomaha hoki nga rewera i tomo ki roto ki a ia.
31 ၃၁ နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။ (Abyssos )
Katahi ka inoi ratou ki a ia kia kaua ratou e tonoa e ia kia haere ki te hohonu. (Abyssos )
32 ၃၂ ထိုအချိန်၌ဝက်အုပ်ကြီးတစ်အုပ်သည်တောင်ကုန်း ပေါ်တွင်ကျက်စားလျက်ရှိ၏။ နတ်မိစ္ဆာများသည် ထိုဝက်များကိုပူးဝင်ခွင့်ပြုရန်ကိုယ်တော်အား တောင်းပန်ကြ၏။-
Na i reira tetahi kahui poaka maha e kai ana i runga i te maunga: a ka inoi ratou ki a ia kia tukua ratou kia tomo ki aua poaka. A tukua ana ratou.
33 ၃၃ ကိုယ်တော်ခွင့်ပြုတော်မူသဖြင့်နတ်မိစ္ဆာများသည် လူမှခွာ၍ဝက်များကိုပူးဝင်ကြ၏။ ထိုအခါ ဝက်အုပ်တစ်အုပ်လုံးသည်အိုင်ကမ်းစောက်ကို တစ်ဟုန်တည်းပြေးဆင်းပြီးလျှင်ရေနစ်သေ ဆုံးကြကုန်၏။
A, ko te putanga o aua rewera i roto i te tangata, ka tomo ki roto ki nga poaka: na ko te tino rerenga o te kahui ra te pari ki te moana, a paremo iho.
34 ၃၄ ဤသို့ဖြစ်ပျက်သည့်အခြင်းအရာကိုဝက်ထိန်း တို့မြင်သောအခါထွက်ပြေးကြ၏။ သူတို့သည် မြို့နှင့်ကျေးလက်တောရွာများတွင်ထိုအဖြစ် အပျက်အကြောင်းကိုအနှံ့အပြားပြောကြား ကြ၏။-
A, no ka kite nga kaiwhangai i taua mea i meatia, ka whati, ka haere ka korero ki te pa, ki aua whenua hoki.
35 ၃၅ လူတို့သည်ထိုအဖြစ်အပျက်ကိုကြည့်ရန်လာ ကြ၏။ သခင်ယေရှု၏ထံတော်သို့ရောက်ကြသော် နတ်မိစ္ဆာများစွန့်ခွာသွားသူသည်အဝတ်ဝတ် လျက် သခင်ယေရှု၏ခြေတော်ရင်းမှာအကောင်း ပကတိထိုင်လျက်နေသည်ကိုမြင်ကြလျှင် ကြောက်ရွံ့ကြ၏။-
Na ka haere ratou kia kite i taua mea i meatia; a, i to ratou taenga mai ki a Ihu, ka kite i te tangata i puta nei nga rewera i roto i a ia, kua oti te whakakakahu, kua tika ona whakaaro, e noho ana i nga waewae o Ihu: a ka mataku ratou.
36 ၃၆ မျက်မြင်သက်သေများကလည်းထိုသူနတ်မိစ္ဆာ ဘေးမှကင်းလွတ်လာပုံကိုလူတို့အားပြောပြ ကြ၏။-
A, korerotia ana ki a ratou e te hunga i kite, te whakaoranga o te tangata i nga rewera.
37 ၃၇ ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-
Na ka mea te huihui katoa o nga kainga patata o nga Kararini kia mawehe atu ia i a ratou; i mataku whakaharahara hoki ratou: a eke ana ia ki te kaipuke, hoki ana.
38 ၃၈ နတ်မိစ္ဆာများစွန့်ခွာသွားသူသည်မိမိအား ကိုယ်တော်နှင့်အတူလိုက်ခွင့်ပြုရန်ပန်ကြား၏။-
Otira ka inoi ki a ia te tangata i puta ra nga rewera i roto i a ia, kia waiho ia hei hoa mona: heoi ka tono atu a Ihu i a ia, ka mea,
39 ၃၉ သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။
Hoki atu ki tou whare, korerotia nga mea nui kua meinga nei e te Atua ki a koe. na haere ana ia, korerotia ana ki te pa katoa nga mea nui i mea ai a Ihu ki a ia.
40 ၄၀ သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။-
A, i a Ihu i hoki ai, ka koa te mano; i te tatari katoa hoki ratou ki a ia.
41 ၄၁ ထိုအခါယာဣရုဆိုသူသည်ထံတော်သို့ရောက် လာ၏။ သူသည်တရားဇရပ်အုပ်ချုပ်ရေးမှူးဖြစ် ၏။ ကိုယ်တော်၏ခြေတော်ရင်းမှာပျပ်ဝပ်ကာသူ ၏အိမ်သို့ကြွတော်မူရန် ကိုယ်တော်အားတောင်း ပန်၏။-
Na ka haere mai tetahi tangata, ko Hairuha te ingoa, he rangatira no te whare karakia; a takoto ana ki nga waewae o Ihu, ka inoi ki a ia kia tomo ki tona whare:
42 ၄၂ ဤသို့တောင်းပန်ရသည့်အကြောင်းမှာသူ၏ တစ်ဦးတည်းသောတစ်ဆယ့်နှစ်နှစ်အရွယ် သမီးသည်သေအံ့ဆဲဆဲရှိနေသောကြောင့် ဖြစ်၏။ ကိုယ်တော်သည်သူနှင့်အတူလိုက်သွားသော အခါလူအပေါင်းတို့သည်ကိုယ်တော်ကို တိုးဝှေ့မိကြ၏။-
Kotahi tana tamahine, he huatahi kei te tekau ma rua ona tau, na, e whakahemohemo ana. Na, i tona haerenga atu, ka popo nga mano ki a ia.
43 ၄၃ အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။-
Na tera tetahi wahine e mate ana i te pakaruhanga toto, tekau ma rua nga tau, a poto katoa tona oranga ki nga rata, kihai rawa i taea te whakaora e tetahi.
44 ၄၄ ထိုအမျိုးသမီးသည်ကိုယ်တော်၏နောက်က ကပ်လိုက်လျက်အဝတ်တော်ပန်းဖွားကိုတို့ထိ လေ၏။ ထိုခဏ၌သွေးသွန်နာပျောက်သွား၏။-
Ka haere ia i muri i a ia, ka pa ki te taniko o tona kakahu: a mutu iho te rere o ona toto.
45 ၄၅ သခင်ယေရှုက ``ငါ့ကိုအဘယ်သူတို့ထိ သနည်း'' ဟုမေးမြန်းတော်မူ၏။ လူအပေါင်း တို့ကမိမိတို့မတို့မထိရကြကြောင်းငြင်း ဆိုကြသောအခါပေတရုနှင့်အပေါင်းအဖော် များက ``အရှင်၊ လူပရိသတ်တို့သည်အရှင့်ကို တိုးဝှေ့နေကြပါ၏။ သို့ပါလျက်ငါ့ကိုအဘယ် သူတို့ထိသနည်းဟုအရှင်မိန့်တော်မူပါ သလော'' ဟုမေးလျှောက်ကြ၏။
Na ka mea a Ihu, Ko wai tenei kua pa nei ki ahau? A, no ka whakakahore katoa, ka mea a Pita ratou ko ona hoa, E kara, e pipiri ana nga mano ki a koe, e tutetute ana, ka mea koe, ko wai e pa ki ahau?
46 ၄၆ သို့ရာတွင်သခင်ယေရှုက ``လူတစ်စုံတစ်ယောက် သည်အမှန်ပင်ငါ့ကိုတို့ထိလေပြီ။ ငါ၏ကိုယ်မှ တန်ခိုးထွက်သွားသည်ကိုငါသိ၏'' ဟုမိန့်တော် မူ၏။-
Otira i mea a Ihu, Ehara, kua pa tetahi ki ahau: e mohio ana ahau, kua puta atu he mana i ahau.
47 ၄၇ အမျိုးသမီးသည်မိမိပြုသည့်အမှုပေါ်သွား ကြောင်းသိရှိသောအခါ တုန်လှုပ်လျက်ရှေ့တော် သို့လာ၍ပျပ်ဝပ်၏။ ထိုနောက်ကိုယ်တော်အား အဘယ်ကြောင့်တို့ထိရသည့်အကြောင်းကို လည်းကောင်း၊ ချက်ချင်းပင်မိမိ၏ရောဂါ ပျောက်ကင်းသွားကြောင်းကိုလည်းကောင်းလူ အပေါင်းတို့၏ရှေ့တွင်လျှောက်၏။-
A, no te kitenga o te wahine kihai ia i ngaro, haere wiri ana, takoto ana i tona aroaro, korerotia ana e ia ki a ia i te aroaro o te iwi katoa te take i pa ai ia ki a ia, me te hohoro o tona oranga.
48 ၄၈ ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်း သည်သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားပေတော့'' ဟုမိန့်တော်မူ၏။
Na ka mea ia ki a ia, E ko, na tou whakapono koe i ora ai; haere marie.
49 ၄၉ ယင်းသို့ကိုယ်တော်မိန့်တော်မူချိန်၌တရားဇရပ် အုပ်ချုပ်ရေးမှူး၏အိမ်မှလူတစ်ယောက်ရောက်လာ ၏။ ``အရှင်၏သမီးသေဆုံးပါပြီ။ အဘယ်ကြောင့် ဆရာတော်ကိုနှောင့်ယှက်ပါတော့မည်နည်း'' ဟု ပြော၏။
I a ia ano e korero ana, ka haere mai tetahi i te whare o te rangatira o te whare karakia, ka mea ki a ia, Kua mate tau tamahine; kaua e whakararuraru i te Kaiwhakaako.
50 ၅၀ ထိုစကားကိုသခင်ယေရှုကြားတော်မူလျှင် တရားဇရပ်မှူးအား ``မစိုးရိမ်နှင့်။ သင့်မှာ ယုံကြည်ခြင်းသာရှိစေလော့။ သူငယ်မသည် ကျန်းမာလာပေအံ့'' ဟုမိန့်တော်မူ၏။
Otiia, i te rongonga o Ihu, ka whakahoki ki a ia, ka mea, Kaua e mataku: ko te whakapono ia kia whakapono, a ka ora ia.
51 ၅၁ ကိုယ်တော်သည်တရားဇရပ်မှူး၏အိမ်သို့ဝင် သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်သူငယ် မ၏မိဘများမှတစ်ပါးမည်သူကိုမျှ မိမိ နှင့်အတူဝင်စေတော်မမူ။-
A, i tona tomokanga ki te whare, kihai tetahi i tukua e ia ki tapoko, ko Pita anake, ko Hemi, ko Hoani, me te papa raua ko te whaea o te kotiro.
52 ၅၂ သူငယ်မသေသည့်အတွက် လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းလျက်နေကြ၏။ ကိုယ်တော် က ``မငိုကြွေးကြနှင့်။ သူငယ်မသေသည် မဟုတ်၊ အိပ်လျက်နေ၏'' ဟုမိန့်တော်မူ၏။
E tangi ana ratou katoa, e aue ana mona. Na ka mea ia, Kaua e tangi; kahore ia i mate, engari e moe ana.
53 ၅၃ ထိုအခါလူတို့သည်သူငယ်မသေဆုံးပြီး ကြောင်းကိုသိသဖြင့်ကိုယ်တော်ကိုပြောင်လှောင် ကြ၏။-
A kataina iho ia e ratou, i mohio hoki ratou kua mate ia.
54 ၅၄ ကိုယ်တော်သည်သူငယ်မ၏လက်ကိုဆုပ်ကိုင် ကာ ``ကလေးမ၊ ထလော့'' ဟုမိန့်တော်မူ၏။-
Otira ka mau ia ki tona ringa, ka karanga, ka mea, E ko, e ara.
55 ၅၅ သူငယ်မသည်အသက်ပြန်ဝင်လာ၍ချက်ချင်း ပင်ထလေ၏။ ကိုယ်တော်သည်သူငယ်မအား အစားအစာကျွေးမွေးရန်မိန့်မှာတော်မူ၏။-
Na hoki mai ana tona wairua, a whakatika tonu ake ia: na ka whakahautia e ia kia hoatu he kai mana.
56 ၅၆ မိဘတို့သည်များစွာအံ့သြကြ၏။ သို့ရာတွင် ကိုယ်တော်သည်ဤအဖြစ်အပျက်အကြောင်းကို မည်သူအားမျှမပြောရန်သူတို့အားပညတ် တော်မူ၏။
A, miharo tonu ona matua: na ka whakatupato ia i a ratou kia kaua e korerotia taua meatanga ki tetahi.