< လုကာ 8 >

1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ကိုယ်​တော်​သည် မြို့​ရွာ​များ​ကို​ဖြတ်​ကြွ​လျက် ဘု​ရား​သ​ခင် နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​တော်​မူ​၏။-
Lan den pugini waami, ke jesu gedi a longbanani yen i dogiciamani, k muadi U Tienu maama.
2 တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊-
O Den ye yen o ŋuankaaba piig n bonbilie, yen bi puobi yaaba kuli den bieli t cicibianda ke gɔ paagidi bi yiama: Mari, Magidala pua yua ko den paagu k cicibiada lele den kub bo.
3 ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။
Sann, chuza denpua, chuza den tie Herod tuonsɔnli, Suzann yeni o lieba kuli den todi jesu yeni o ŋuankaaba yeni bi ŋalimanu
4 အ​မြို့​မြို့​မှ​လာ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​တွင်​စု​ရုံး​လျက်​နေ​ကြ​စဉ်​ကိုယ် တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊-
O nuwuligu den ñan a longbana nni k cua o kani, k jesu pua ba ya maa kpanjama ne:
5 ``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။-
O kpakpaalo den ñani, ke bi pagi o bonbi, wan den pagi yeni, ke mi bonbima baa o sankuni, k bi ŋmaadi, ke ti bonyugiti dini.
6 အ​ချို့​မျိုး​စေ့​များ​သည်​ကျောက်​မြေ​ပေါ်​တွင်​ကျ ၏။ အ​ပင်​များ​ပေါက်​ပြီး​နောက်​ရေ​မ​ရ​သ​ဖြင့် ညှိုး​နွမ်း​ခြောက်​သွေ့​ကုန်​၏။-
Tianli baa a tana ni ke pani ke kpe, kelima i tinga den kuoni.
7 အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။-
Li tianli mɔ baa ti konkondi ke pani, ama ti konkondi fii ki luoni li po.
8 အ​ချို့​မျိုး​စေ့​များ​ကား​မြေ​ကောင်း​မြေ​သန့်​တွင်​ကျ သ​ဖြင့်​အ​ပင်​ပေါက်​၍​အ​ဆ​တစ်​ရာ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက် ``ကြား တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု ကြွေး​ကြော်​တော်​မူ​၏။
Ke li liela baa i tinŋanga po, ke pani ke loni a luana. Jesu pugini ke maadi: ... yua pia a tuba ke cengi, wan cengi
9 တ​ပည့်​တော်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-
O ŋuandikaaba bual'o l maa kpanjama niima ni.
10 ၁၀ ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။
Ko maadi ba: yinba la li yumanli gbia U Tienu diema ŋasiili, ama lieba po li tie maa kpanjama. Bi pia i nuni, ama bi naa nua; bi cengi, bi naa gbia.
11 ၁၁ ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​ဤ​သို့ တည်း။ မျိုး​စေ့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဆို​လို​၏။-
Diidi mani li maa kpanjama niima ni: U Tienu maama,
12 ၁၂ လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သူ​များ​ကို​ဆို​လို​၏။ သို့ ရာ​တွင်​မာရ်​နတ်​သည်​ထို​သူ​တို့​ယုံ​ကြည်​၍ ကယ် တင်​ခြင်း​ခံ​ရ​ကြ​မည်​စိုး​သ​ဖြင့်​လာ​၍ သူ​တို့​၏ စိတ်​နှ​လုံး​ထဲ​မှ​နှုတ်​က​ပတ်​တ​ရား​တော်​ကို နုတ်​ယူ​သွား​၏။-
“o sankuni” tie yaaba cengi mi maama, ama sitaan n cua ke kua bi pala ni ke bel'o, wan da daani li maama po ke la mi faabma.
13 ၁၃ ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။-
A tana po tie: yaabi n cengi mi maam, ke tuo yeni li pamanli, ama ke kan ŋa lan kpa jiina bi po. Bigili yogunu, wan sundi li kuli po.
14 ၁၄ ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။-
“Mi bonbima yaali baa ti konkondini” wangidi, yaaba cengi mi maama, ama ke ŋa mi maalima, mi piama yen li ŋandunli bona n cedi wan da loni luana.
15 ၁၅ မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။
“Mi bonbima yaali baa i tinnŋanga ni”maadi ti, ya niba n cengi U Tienu maama ke biligidi bi pala ni ke suani yenli li tuonli, ke puni li juunli ke loni a luana.
16 ၁၆ ``ဆီ​မီး​ကို​ထွန်း​ပြီး​လျှင်​တောင်း​ဖြင့်​အုပ်​ထား ခြင်း၊ ခု​တင်​အောက်​မှာ​ထား​ခြင်း​ကို​အ​ဘယ်​သူ မျှ​မ​ပြု​တတ်။ အ​ခန်း​ထဲ​သို့​ဝင်​လာ​သူ​များ အ​လင်း​ကို​မြင်​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။
... Bi ki congi fidili ki cubidi bobili ni bii k wuondi gadogu yagima nni, bi yi tuani naani ke bi niba ya kua, ban la mi yinyema.
17 ၁၇ ``ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ် လာ​ရ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​ဟူ​သ​မျှ သည်​ပေါ်​လွင်​ထင်​ရှား​လာ​ရ​မည်။
Yaali wuo mɔlane kuli, te bi juodi ke ña mi yinyema nni yen ya bonli n tie ŋasiili, te ba dogidi li daa gbengili daali.
18 ၁၈ ``သို့​ဖြစ်​၍​သင်​တို့​မည်​သို့​မည်​ပုံ​ကြား​နာ​သည် ကို​သ​တိ​ပြု​ကြ​လော့။ ရှိ​သူ​အား​ထပ်​၍​ပေး လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ​သည်​ဟု​ထင်​ရ​သော အ​ရာ​ရှိ​သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
ŋanbi mani ki diidi i yula po, yin cengi maama, kelima, yua pia bi ba pugini wani; ama yua pia, ban gaa wan daani ke pia yaali.
19 ၁၉ ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​များ​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ သတ်​တိုး​မ​ပေါက်​သ​ဖြင့်​ကိုယ်​တော်​အား​တွေ့ ခွင့်​မ​ရ​နိုင်​ကြ။-
Jesu naa yen o ŋuandikaaba cua ki lagu, ama bi bo ki fidi nagin'o ki dugini o nuwuligu po.
20 ၂၀ လူ​တို့​က ``မယ်​တော်​နှင့်​ညီ​တော်​များ​သည်​အ​ရှင့် ကို​တွေ့​လို​သ​ဖြင့်​အ​ပြင်​တွင်​စောင့်​နေ​ကြ​ပါ သည်'' ဟု​လျှောက်​ကြ​၏။
Ke bi maad'o: a naa yen a ŋuandikaaba ye cincanli ki kpaan'a.
21 ၂၁ ထို​အ​ခါ​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တော်​ကို​ကြား​၍​လိုက်​လျှောက်​သူ​တို့​ကား ငါ​၏​အ​မိ၊ ငါ​၏​ညီ​များ​ပေ​တည်း'' ဟု​မိန့်​တော် မူ​၏။
... N naa yen n ŋuandikaab tie yaaba n cengi U Tienu maama, ki gɔ tugidi k suani li tuonli lan buali maama.
22 ၂၂ တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။-
Daa yenli k jesu den kua o ñin biaguni wan i yeni o ŋɔdkaaba. Yeni ko maadi ba: ... tin puodi mani bongbantianli po. K bi tugi o ñin-gbanu.
23 ၂၃ သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။-
Ban bo puodi ya yogunu, k jesu guandi. Ko faaciangu kpil k fidi o ñinbɔnguni. Mi ñima den bua cubini o ñinbiagu. Li ji den paa bi po.
24 ၂၄ သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-
K jesu ŋɔdikaaba den nagini ki yigini ki fiin'o: canbaa, canbaa mi ñima bu di ti naa. Ko findi k gaa mi jama o faalu yen a ñinguona po, k li kuli sedi suoo.
25 ၂၅ ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
Li puoli po ko maadi o ŋɔdikaaba: ... i dindanli ye le e? ti jawandi yeni o yaalidigu den kua ba, k bi maadi bi ŋmialini: O ne tie ŋma i? diidi mani: o pia ti yikodi o faalu yeni a ñinguona po, k bi cɔlini o.
26 ၂၆ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​ရ​စ​နယ် သို့​ရွက်​လွှင့်​ကြ​၏။ ဂါ​ရ​စ​သည်​ဂါ​လိ​လဲ​ပြည် အိုင်​တစ်​ဖက်​ကမ်း​တွင်​ရှိ​၏။-
B ji bo kua Gerasa doguni, li bo ye Galile nuntuali.
27 ၂၇ ကိုယ်​တော်​သည်​ကမ်း​ပေါ်​သို့​တက်​သော​အ​ခါ မြို့​သား​တစ်​ဦး​သည်​ကိုယ်​တော်​ကို​လာ​ရောက် တွေ့​ဆုံ​၏။ ထို​သူ​ကို​နတ်​မိစ္ဆာ​ပူး​ကပ်​နေ​သည် မှာ​ကာ​လ​ကြာ​လေ​ပြီ။ သူ​သည်​အ​ဝတ်​ကို မ​ဝတ်၊ အိမ်​တွင်​လည်း​မ​နေ၊ သင်္ချိုင်း​ဂူ​များ တွင်​သာ​နေ​၏။-
Ya yogunu k jesu bo tugi o taali ki ŋmaa i tinga po, o doguni o nulo yua k ti cicibiadi bo kub'o yeni, bo sani ki cend'o. O den ki yie tiadi ki gɔ ki kpendi deni, ama o den yi dua a kakula nni.
28 ၂၈ သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​သူ​သည်​အော်​ဟစ်​ပြီး လျှင်​ရှေ့​တော်​မှာ​ပျပ်​ဝပ်​လျက် ``အ​မြင့်​မြတ်​ဆုံး သော​ဘု​ရား​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်'' ဟု ကျယ်​စွာ​လျှောက်​ထား​၏။-
Ya yogunu ko la jesu, ko baa ki gbaani o taana po ki yigini yeni o paalu kuli. ... A bua be n po, jesu, U Tienu badicamo biga? N miad'a sugili, da wangidini fala.
29 ၂၉ သို့​လျှောက်​ထား​ရ​သည့်​အ​ကြောင်း​မှာ​ကိုယ်​တော် သည်​ညစ်​ညမ်း​သော​နတ်​အား​ထို​သူ​၏​အ​ထဲ​မှ ထွက်​ခဲ့​ရန်​အ​မိန့်​ပေး​လိုက်​သော​ကြောင့်​ဖြစ်​၏။ နတ်​မိစ္ဆာ​သည်​ထို​သူ​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ကပ် ခဲ့​၏။ သူ​၏​ခြေ​လက်​တို့​ကို​သံ​ကြိုး​များ​ဖြင့် ချည်​နှောင်​ဖမ်း​ချုပ်​စောင့်​ကြပ်​ထား​သော်​လည်း သူ​သည်​သံ​ကြိုး​များ​ကို​ချိုး​ဖြတ်​၍​တော ကန္တာ​ရ​သို့​ထွက်​ပြေး​တတ်​၏။
O bo maadi yeni kelima jesu bo cedi k ti cicibiadi kuli siedi ki ŋagu. Yeni ban bo yi lol'o yeni i kudiseseli a taana yeni o nugi, o bo yi cie li kuli, ti cicibiadi n tug'o ke kua yen'o li fuali nni.
30 ၃၀ သ​ခင်​ယေ​ရှု​က​နတ်​မိစ္ဆာ​အား ``သင့်​နာ​မည် ကား​အ​ဘယ်​နည်း'' ဟု​မေး​တော်​မူ​၏။ ``အ​ကျွန်ုပ်​နာ​မည်​မှာ​လေ​ဂေါင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​၏။ ဤ​သို့​လျှောက်​ရ​သည့်​အ​ကြောင်း မှာ​ထို​သူ​အား​နတ်​မိစ္ဆာ​များ​စွာ​ပူး​ကပ်​နေ​သော ကြောင့်​ဖြစ်​၏။-
Jesu bual'o: ... A yeli i? ... ŋmian'o: ti yabi. Kelima ti fuobiidi boncianli den ŋuagu.
31 ၃၁ နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။ (Abyssos g12)
Li fuobiidi den miadi jesu sugili k wan da kuan ba naani tie fala kangbediguni. (Abyssos g12)
32 ၃၂ ထို​အ​ချိန်​၌​ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​တောင်​ကုန်း ပေါ်​တွင်​ကျက်​စား​လျက်​ရှိ​၏။ နတ်​မိစ္ဆာ​များ​သည် ထို​ဝက်​များ​ကို​ပူး​ဝင်​ခွင့်​ပြု​ရန်​ကိုယ်​တော်​အား တောင်း​ပန်​ကြ​၏။-
Li den sua ki duoli boncianli den kobi li kani k bi kpaab li juali po. K ti cicibiadi ne mia jesu sugili, k wan cabi ba, k ban gedi ki kua li duoli nni. Ko cabi ba.
33 ၃၃ ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။
K bi ŋaa li ja, ki ji kua li duoli nni. Ki li duoli ñani li juali, k san sani ki baa mi ñima nni kpe.
34 ၃၄ ဤ​သို့​ဖြစ်​ပျက်​သည့်​အ​ခြင်း​အ​ရာ​ကို​ဝက်​ထိန်း တို့​မြင်​သော​အ​ခါ​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည် မြို့​နှင့်​ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို​အ​နှံ့​အ​ပြား​ပြော​ကြား ကြ​၏။-
A duogula n la yeni, ki bi sani k gedi ki pagi o dogu nni, yen i dogbanbimu nni
35 ၃၅ လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။-
K bi niba ña, k caa ki diidi yaali bo tieni. Bi bo pundi jesu kani, k la o ja yua k ti fuobiidi bo siedi kani yeni, ko kaa jesu taana po. O den la ti tiadi, ki li ba kuli ji k kub, o. Ti jawandi den kua ba.
36 ၃၆ မျက်​မြင်​သက်​သေ​များ​က​လည်း​ထို​သူ​နတ်​မိစ္ဆာ ဘေး​မှ​ကင်း​လွတ်​လာ​ပုံ​ကို​လူ​တို့​အား​ပြော​ပြ ကြ​၏။-
Yaabi bo la ya bona n bo tieni kuli lan kani, ki bi dugini maama ki ti fuobiidi yaadi k ŋaa li ja, ko ji la mi faabima.
37 ၃၇ ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။-
Gerase dogu niba kuli, ti jawandi bo kua ba boncianli. K bi maadi jesu k wan ña bi dogu nni. Ko guani k kua o ñinbiagu nni k lebidi
38 ၃၈ နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။-
Ko ja yua ti fuobiidi bo ñan o kani yeni, buali jesu k wan cian'o, ama jesu bo bel'o, k maad'o: kuni a deni k pan waan ba, yaali ko tienu tieni a po.
39 ၃၉ သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။
Ko kuni ki pagi yaali n tieni ne kuli.
40 ၄၀ သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။-
Wan den guani galile, bi niba boncianli den gagu kelima bi den gu o baama.
41 ၄၁ ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။-
Li yogunu ja ba cua jesu kani ko yeli tie jayiris, o den tie o jandieguni canbaa. Ko baa k gbaani jesu taana po ki miagu sugili k wan cua o deni.
42 ၄၂ ဤ​သို့​တောင်း​ပန်​ရ​သည့်​အ​ကြောင်း​မှာ​သူ​၏ တစ်​ဦး​တည်း​သော​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ် သ​မီး​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​နေ​သော​ကြောင့် ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​နှင့်​အ​တူ​လိုက်​သွား​သော အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို တိုး​ဝှေ့​မိ​ကြ​၏။-
O bonpuoyenga ko pia nani piiga yen bina lie yeni, k den mɔ yeni mi kuuma. K jesu fii k gedi o kani, ko nuwuligu tudi k mɔ ban nagini jesu kani.
43 ၄၃ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​တစ်​ဆယ့်​နှစ် နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ခဲ့​၏။ မိ​မိ​တွင် ရှိ​သ​မျှ​ကြေး​ငွေ​များ​ကို​အ​ကုန်​ခံ​၍​ဆေး ဆ​ရာ​များ​နှင့်​ကု​သ​သော်​လည်း အ​ဘယ် ဆေး​ဆ​ရာ​မျှ​ရော​ဂါ​ကို​မ​ပျောက်​စေ​နိုင်။-
Li kani pua ba den ye ki wuuli o faadi kli k koligidi, hali piiga yeni bina lie. O bo biani o ligi kuli dogida deni, ama o bo ki fidi ki tebi o ba.
44 ၄၄ ထို​အ​မျိုး​သ​မီး​သည်​ကိုယ်​တော်​၏​နောက်​က ကပ်​လိုက်​လျက်​အ​ဝတ်​တော်​ပန်း​ဖွား​ကို​တို့​ထိ လေ​၏။ ထို​ခ​ဏ​၌​သွေး​သွန်​နာ​ပျောက်​သွား​၏။-
Ko nagini jesu puoli po ki sii o liadili, ki li yogunu mɔno, ko faadi sedi.
45 ၄၅ သ​ခင်​ယေ​ရှု​က ``ငါ့​ကို​အ​ဘယ်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​မြန်း​တော်​မူ​၏။ လူ​အ​ပေါင်း တို့​က​မိ​မိ​တို့​မ​တို့​မ​ထိ​ရ​ကြ​ကြောင်း​ငြင်း ဆို​ကြ​သော​အ​ခါ​ပေ​တ​ရု​နှင့်​အ​ပေါင်း​အ​ဖော် များ​က ``အ​ရှင်၊ လူ​ပ​ရိ​သတ်​တို့​သည်​အ​ရှင့်​ကို တိုး​ဝှေ့​နေ​ကြ​ပါ​၏။ သို့​ပါ​လျက်​ငါ့​ကို​အ​ဘယ် သူ​တို့​ထိ​သ​နည်း​ဟု​အ​ရှင်​မိန့်​တော်​မူ​ပါ သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
K jesu buali: ... ŋma n sii nni? Nani bi kuli n bo tieni mi niama, k Pial maadi: ... canbaa, tin diidi mani, o nuwuligu lini ki maba.
46 ၄၆ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​က ``လူ​တစ်​စုံ​တစ်​ယောက် သည်​အ​မှန်​ပင်​ငါ့​ကို​တို့​ထိ​လေ​ပြီ။ ငါ​၏​ကိုယ်​မှ တန်​ခိုး​ထွက်​သွား​သည်​ကို​ငါ​သိ​၏'' ဟု​မိန့်​တော် မူ​၏။-
Ama kop ŋmian'o: ... o nulo sii nni, kelima mi tuama o paalu ñani n gbano nni.
47 ၄၇ အ​မျိုး​သ​မီး​သည်​မိ​မိ​ပြု​သည့်​အ​မှု​ပေါ်​သွား ကြောင်း​သိ​ရှိ​သော​အ​ခါ တုန်​လှုပ်​လျက်​ရှေ့​တော် သို့​လာ​၍​ပျပ်​ဝပ်​၏။ ထို​နောက်​ကိုယ်​တော်​အား အ​ဘယ်​ကြောင့်​တို့​ထိ​ရ​သည့်​အ​ကြောင်း​ကို လည်း​ကောင်း၊ ချက်​ချင်း​ပင်​မိ​မိ​၏​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​လည်း​ကောင်း​လူ အ​ပေါင်း​တို့​၏​ရှေ့​တွင်​လျှောက်​၏။-
Wan bo la li kuli k li k tie wuolin bonli, ko pua nagini, ki jegili, ki baa ki gbaani jesu taana po k cili ki dugidi yaali ya po ko siigu yeni wan paag'o maama toma.
48 ၄၈ ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း သည်​သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ သွား​ပေ​တော့'' ဟု​မိန့်​တော်​မူ​၏။
K jesu maadi li pua: ... n bipuoga, a paagi ki dugini a dindanli yabi n po. Ya caa k laafia n cian'a
49 ၄၉ ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ချိန်​၌​တ​ရား​ဇ​ရပ် အုပ်​ချုပ်​ရေး​မှူး​၏​အိမ်​မှ​လူ​တစ်​ယောက်​ရောက်​လာ ၏။ ``အ​ရှင်​၏​သ​မီး​သေ​ဆုံး​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​တော်​ကို​နှောင့်​ယှက်​ပါ​တော့​မည်​နည်း'' ဟု ပြော​၏။
O da den k maadi ki gbeni, ko nulo ñan li jandidieli nni canbaa deni, k maad'o: a jafaanu kpe o, ji da mabi canbaa.
50 ၅၀ ထို​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် တ​ရား​ဇ​ရပ်​မှူး​အား ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ ယုံ​ကြည်​ခြင်း​သာ​ရှိ​စေ​လော့။ သူ​ငယ်​မ​သည် ကျန်း​မာ​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။
Jesu den gbadi li maama, ko maadi Sayiris: ... da jie, ya duu n po baba, a jafaano ba paagi.
51 ၅၁ ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှူး​၏​အိမ်​သို့​ဝင် သော​အ​ခါ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​သူ​ငယ် မ​၏​မိ​ဘ​များ​မှ​တစ်​ပါး​မည်​သူ​ကို​မျှ မိ​မိ နှင့်​အ​တူ​ဝင်​စေ​တော်​မ​မူ။-
Wan pundi deni, o ki cabi ki nulo ba kua, lan ñani: Pial, San, Sak yeni i biga náa yeni o baà.
52 ၅၂ သူ​ငယ်​မ​သေ​သည့်​အ​တွက် လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ​၏။ ကိုယ်​တော် က ``မ​ငို​ကြွေး​ကြ​နှင့်။ သူ​ငယ်​မ​သေ​သည် မ​ဟုတ်၊ အိပ်​လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။
Kaana kuli den tie: bubuuli yeni i fanfabini. K Jesu maadi: da buudi mani, o ki kpe ka, ama o guandi.
53 ၅၃ ထို​အ​ခါ​လူ​တို့​သည်​သူ​ငယ်​မ​သေ​ဆုံး​ပြီး ကြောင်း​ကို​သိ​သ​ဖြင့်​ကိုယ်​တော်​ကို​ပြောင်​လှောင် ကြ​၏။-
Bi niba den ñuadi laagu ki ban nani ko kpe i.
54 ၅၄ ကိုယ်​တော်​သည်​သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင် ကာ ``က​လေး​မ၊ ထ​လော့'' ဟု​မိန့်​တော်​မူ​၏။-
Yeni k jesu cuo i bonpuo biga nugu, k maadi yeni o paalu: ... n biga fii!
55 ၅၅ သူ​ငယ်​မ​သည်​အ​သက်​ပြန်​ဝင်​လာ​၍​ချက်​ချင်း ပင်​ထ​လေ​၏။ ကိုယ်​တော်​သည်​သူ​ငယ်​မ​အား အ​စား​အ​စာ​ကျွေး​မွေး​ရန်​မိန့်​မှာ​တော်​မူ​၏။-
O den guani ki fuodi, k fii, k jesu maadi: k ban ten'o mi jiema wan je.
56 ၅၆ မိ​ဘ​တို့​သည်​များ​စွာ​အံ့​သြ​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို မည်​သူ​အား​မျှ​မ​ပြော​ရန်​သူ​တို့​အား​ပ​ညတ် တော်​မူ​၏။
K li yaa ki lidi o dama. Jesu den kpaaba tiadiba, k ban da ŋa bi niba n bandi yaala n tieni.

< လုကာ 8 >