< လုကာ 7 >
1 ၁ သခင်ယေရှုသည်လူတို့အားဤသို့ဟောပြော သွန်သင်ပြီးနောက်ကပေရနောင်မြို့သို့ကြွ တော်မူ၏။-
cum autem implesset omnia verba sua in aures plebis intravit Capharnaum
2 ၂ ထိုမြို့တွင်တာဝန်ကျသောတပ်ခွဲမှူးတစ်ယောက် ၌အစေခံတစ်ယောက်ရှိ၏။ တပ်ခွဲမှူးသည်ထို အစေခံကိုအလွန်ချစ်မြတ်နိုး၏။ သူသည် ဖျားနာလျက်သေအံ့ဆဲဆဲဖြစ်၍နေ၏။-
centurionis autem cuiusdam servus male habens erat moriturus qui illi erat pretiosus
3 ၃ တပ်ခွဲမှူးသည်သခင်ယေရှု၏သတင်းတော်ကို ကြားသောအခါ ယုဒအမျိုးသားခေါင်းဆောင် များကိုအထံတော်သို့စေလွှတ်ပြီးလျှင် ကိုယ် တော်ကြွ၍မိမိအစေခံအားကျန်းမာစေရန် လျှောက်စေ၏။-
et cum audisset de Iesu misit ad eum seniores Iudaeorum rogans eum ut veniret et salvaret servum eius
4 ၄ သခင်ယေရှုထံသို့ရောက်သောအခါခေါင်းဆောင် က ``ထိုတပ်ခွဲမှူးသည်အရှင်၏ကျေးဇူးပြုခြင်း ကိုခံထိုက်သူဖြစ်ပါ၏။-
at illi cum venissent ad Iesum rogabant eum sollicite dicentes ei quia dignus est ut hoc illi praestes
5 ၅ အကျွန်ုပ်တို့အမျိုးသားများကိုချစ်သောကြောင့် တရားဇရပ်တစ်ဆောင်ကိုဆောက်လုပ်ပေးသူ ဖြစ်ပါ၏'' ဟုလေးနက်စွာထောက်ခံလျှောက် ထားကြ၏။
diligit enim gentem nostram et synagogam ipse aedificavit nobis
6 ၆ သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-
Iesus autem ibat cum illis et cum iam non longe esset a domo misit ad eum centurio amicos dicens Domine noli vexari non enim dignus sum ut sub tectum meum intres
7 ၇ အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။-
propter quod et me ipsum non sum dignum arbitratus ut venirem ad te sed dic verbo et sanabitur puer meus
8 ၈ အကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။
nam et ego homo sum sub potestate constitutus habens sub me milites et dico huic vade et vadit et alio veni et venit et servo meo fac hoc et facit
9 ၉ ကိုယ်တော်သည်နောက်တော်ကလိုက်လာကြ သော လူပရိသတ်တို့ကိုလှည့်ကြည့်တော်မူ လျက် ``ငါဆိုသည်ကားဤကဲ့သို့သောယုံကြည် ခြင်းကို ဣသရေလအမျိုးသားတို့အထဲမှာ ပင် ငါမတွေ့မကြုံဖူးသေး'' ဟုမိန့်တော်မူ၏။
quo audito Iesus miratus est et conversus sequentibus se turbis dixit amen dico vobis nec in Israhel tantam fidem inveni
10 ၁၀ တပ်ခွဲမှူးစေလွှတ်လိုက်သောသူများသည်အိမ် သို့ပြန်ရောက်ကြသောအခါထိုအစေခံသည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။
et reversi qui missi fuerant domum invenerunt servum qui languerat sanum
11 ၁၁ ထိုနောက်ကိုယ်တော်သည်နာဣနမြို့သို့ကြွတော် မူသောအခါ တပည့်တော်တို့နှင့်လူပရိသတ် ကြီးသည်လိုက်ပါလာကြ၏။-
et factum est deinceps ibat in civitatem quae vocatur Naim et ibant cum illo discipuli eius et turba copiosa
12 ၁၂ မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-
cum autem adpropinquaret portae civitatis et ecce defunctus efferebatur filius unicus matri suae et haec vidua erat et turba civitatis multa cum illa
13 ၁၃ ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။-
quam cum vidisset Dominus misericordia motus super ea dixit illi noli flere
14 ၁၄ ထို့နောက်အနီးသို့ကြွတော်မူပြီးလျှင် အလောင်း စင်ကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ ထိုအခါ အလောင်းစင်ထမ်းသူတို့သည်ရပ်တန့်ကြ၏။ ကိုယ် တော်က ``အချင်းလူငယ်၊ ထလော့၊ သင့်အားငါ အမိန့်ပေး၏'' ဟုမိန့်တော်မူရာ၊-
et accessit et tetigit loculum hii autem qui portabant steterunt et ait adulescens tibi dico surge
15 ၁၅ သူသေသည်ထိုင်ပြီးလျှင်စကားပြောလေ၏။ ထိုနောက်ကိုယ်တော်သည်သူ့ကိုမိခင်အားအပ် ပေးတော်မူ၏။
et resedit qui erat mortuus et coepit loqui et dedit illum matri suae
16 ၁၆ လူအပေါင်းတို့သည်ကြောက်ရွံ့လျက်ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးကြ၏။ သူတို့ က ``ငါတို့တွင်ပရောဖက်ကြီးတစ်ပါးပေါ်ထွန်း လေပြီ။ ဘုရားသခင်သည်မိမိလူစုတော်အား ကယ်တင်ရန်ကြွလာတော်မူပြီ'' ဟုဂုဏ်ကျေးဇူး တော်ကိုချီးကူးကြ၏။
accepit autem omnes timor et magnificabant Deum dicentes quia propheta magnus surrexit in nobis et quia Deus visitavit plebem suam
17 ၁၇ ကိုယ်တော်၏သတင်းတော်သည်ယုဒပြည်တစ် လျှောက်လုံးနှင့်ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားတော့ ၏။
et exiit hic sermo in universam Iudaeam de eo et omnem circa regionem
18 ၁၈ ယောဟန်အားတပည့်များကဤအကြောင်း အရာအလုံးစုံတို့ကိုပြောကြားကြ၏။ ထို အခါသူသည်တပည့်နှစ်ယောက်ကိုခေါ်ပြီး လျှင်သခင်ယေရှုထံသို့စေလွှတ်လျက်၊-
et nuntiaverunt Iohanni discipuli eius de omnibus his
19 ၁၉ ``ကိုယ်တော်သည်ကြွလာတော်မူမည်ဟုဆို သောအရှင်ပေလော။ သို့တည်းမဟုတ်အခြား ပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည်လော'' ဟု မေးလျှောက်စေ၏။
et convocavit duos de discipulis suis Iohannes et misit ad Dominum dicens tu es qui venturus es an alium expectamus
20 ၂၀ ထိုသူနှစ်ယောက်တို့သည်ကိုယ်တော်၏ထံသို့လာ ကြပြီးနောက် ``ကိုယ်တော်သည်ကြွလာတော်မူ မည်ဟုဆိုသောအရှင်ပေလော။ သို့တည်းမဟုတ် အခြားပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည် လော။ ဤသို့မေးလျှောက်ရန်ဗတ္တိဇံဆရာယောဟန် ကအကျွန်ုပ်တို့ကိုစေလွှတ်လိုက်ပါသည်'' ဟု လျှောက်ထားကြ၏။
cum autem venissent ad eum viri dixerunt Iohannes Baptista misit nos ad te dicens tu es qui venturus es an alium expectamus
21 ၂၁ ထိုအခါ၌ကိုယ်တော်သည်လူတို့၏ရောဂါ ဝေဒနာများကိုပျောက်ကင်းစေတော်မူ၏။ နတ် မိစ္ဆာများကိုနှင်ထုတ်၍မျက်မမြင်များကို မျက်စိမြင်စေတော်မူ၏။-
in ipsa autem hora curavit multos a languoribus et plagis et spiritibus malis et caecis multis donavit visum
22 ၂၂ ကိုယ်တော်က ``သင်တို့မြင်ရကြားရသည့်အရာ များကိုယောဟန်ထံသွား၍ပြောကြားလော့။ မျက်မမြင်များမျက်စိအလင်းကိုပြန်လည် ရရှိကြ၏။ ခြေကျိုးသူများလမ်းလျှောက်ကြ၏။ အရေပြားရောဂါသည်များသန့်စင်သွားကြ ၏။ နားပင်းသူများနားကြားရကြ၏။ သေ သူများအသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သတင်းကောင်းကိုကြားရကြ၏။-
et respondens dixit illis euntes nuntiate Iohanni quae vidistis et audistis quia caeci vident claudi ambulant leprosi mundantur surdi audiunt mortui resurgunt pauperes evangelizantur
23 ၂၃ ငါ့အပေါ်၌ယုံမှားခြင်းကင်းသူသည်မင်္ဂ လာရှိ၏'' ဟုယောဟန်၏တပည့်များအား ဖြေကြားတော်မူ၏။
et beatus est quicumque non fuerit scandalizatus in me
24 ၂၄ ယောဟန်တပည့်များအထံတော်မှထွက်သွား ကြသောအခါ သခင်ယေရှုသည်ယောဟန် အကြောင်းနှင့်ပတ်သက်၍လူပရိသတ်တို့ အား ``သင်တို့သည်အဘယ်အရာကိုကြည့်ရှု ရန်တောကန္တာရသို့သွားကြသနည်း။ လေတိုက် ၍လှုပ်သောကူပင်ကိုကြည့်ရှုကြရန်လော။-
et cum discessissent nuntii Iohannis coepit dicere de Iohanne ad turbas quid existis in desertum videre harundinem vento moveri
25 ၂၅ ထိုသို့မဟုတ်ပါမူဝတ်ကောင်းစားလှဝတ်ဆင် ထားသူကိုကြည့်ရှုကြရန်လော။ ဝတ်ကောင်းစား လှဝတ်ဆင်ကာစည်းစိမ်ခံသူများကားမင်း အိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
sed quid existis videre hominem mollibus vestimentis indutum ecce qui in veste pretiosa sunt et deliciis in domibus regum sunt
26 ၂၆ ထိုသို့မဟုတ်ပါမူပရောဖက်ကိုကြည့်ရှုရန် လော။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သူ ကိုကြည့်ရှုရန်ဖြစ်၏။-
sed quid existis videre prophetam utique dico vobis et plus quam prophetam
27 ၂၇ ကျမ်းစာတော်တွင် `နားထောင်လော့၊ သင်၏လမ်း ကိုအသင့်ဖြစ်စေရန် ငါ၏စေတမန်ကိုသင့် အလျင်စေလွှတ်မည်' ဟုဖော်ပြထား၏။ ယောဟန်ကားထိုစေတမန်ပင်ဖြစ်၏။-
hic est de quo scriptum est ecce mitto angelum meum ante faciem tuam qui praeparabit viam tuam ante te
28 ၂၈ အမျိုးသမီးများမှဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူတစ်ယောက်မျှမရှိ ဟုသင်တို့အားငါဆို၏။ သို့ရာတွင်ဘုရား သခင်၏အုပ်စိုးခြင်းကိုဝန်ခံသူတို့တွင် အသိမ်ငယ်ဆုံးသောသူသည်ယောဟန်ထက် ကြီးမြတ်၏'' ဟုမိန့်တော်မူ၏။
dico enim vobis maior inter natos mulierum propheta Iohanne Baptista nemo est qui autem minor est in regno Dei maior est illo
29 ၂၉ လူအပေါင်းတို့သည်ကိုယ်တော်၏စကားတော် ကိုကြားကြ၏။ ထိုသူတို့အနက်အထူးသဖြင့် အခွန်ခံသူများသည်ဘုရားသခင်၏ဖြောင့်မှန် သောပြဋ္ဌာန်းချက်များကိုလိုက်နာ၍ ယောဟန် ထံမှဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သူများဖြစ် ကြ၏။-
et omnis populus audiens et publicani iustificaverunt Deum baptizati baptismo Iohannis
30 ၃၀ သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။
Pharisaei autem et legis periti consilium Dei spreverunt in semet ipsos non baptizati ab eo
31 ၃၁ ကိုယ်တော်က ``ဤခေတ်လူတို့ကိုအဘယ်သို့ပုံ ဥပမာခိုင်းနှိုင်းရမည်နည်း။ သူတို့သည်အဘယ် သူများနှင့်တူကြသနည်း။-
cui ergo similes dicam homines generationis huius et cui similes sunt
32 ၃၂ သူတို့ကားစျေးရပ်ကွက်တွင်ထိုင်လျက် `ငါတို့ သာယာစွာတီးမှုတ်သော်လည်းသင်တို့သည် မကမခုန်။ ငါတို့ငိုချင်းကိုဆိုသော်လည်း သင်တို့သည်မငိုမကြွေး' ဟုအချင်းချင်း အော်ဟစ်ပြောဆိုသောကလေးသူငယ်များ နှင့်တူ၏။-
similes sunt pueris sedentibus in foro et loquentibus ad invicem et dicentibus cantavimus vobis tibiis et non saltastis lamentavimus et non plorastis
33 ၃၃ အဘယ်ကြောင့်ဆိုသော်ဗတ္တိဇံဆရာယောဟန် သည်အစားအစာကိုမစား၊ စပျစ်ရည်ကို မသောက်ဘဲလာသောအခါသင်တို့က `ဤ သူသည်နတ်မိစ္ဆာပူးဝင်သူ' ဟုဆိုကြ၏။-
venit enim Iohannes Baptista neque manducans panem neque bibens vinum et dicitis daemonium habet
34 ၃၄ လူသားသည်စားလျက်သောက်လျက်လာသော အခါသင်တို့က `ကြည့်လော့၊' ဤသူသည်စား ကြူးသူဖြစ်သည်။ အခွန်ခံသူများနှင့်အခြား အပယ်ခံသူများနှင့်မိတ်ဖွဲ့သူဖြစ်သည်' ဟု ဆိုကြ၏။-
venit Filius hominis manducans et bibens et dicitis ecce homo devorator et bibens vinum amicus publicanorum et peccatorum
35 ၃၅ သို့ရာတွင်ဘုရားသခင်၏ရွှေဉာဏ်တော်ကို လက်ခံသူအပေါင်းတို့က ထိုရွှေဉာဏ်တော် သည်မှန်ကန်ကြောင်းကိုပြသကြ၏'' ဟု မိန့်တော်မူ၏။
et iustificata est sapientia ab omnibus filiis suis
36 ၃၆ ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားမိမိ နှင့်အတူညစာသုံးဆောင်တော်မူရန်ပင့်ဖိတ် ၏။ ကိုယ်တော်သည်ဖာရိရှဲ၏အိမ်သို့ဝင်၍စား ပွဲတွင်ထိုင်တော်မူ၏။-
rogabat autem illum quidam de Pharisaeis ut manducaret cum illo et ingressus domum Pharisaei discubuit
37 ၃၇ ထိုမြို့တွင်အပြစ်ကူးသူအမျိုးသမီးတစ် ယောက်ရှိ၏။ သူသည်ဖာရိရှဲ၏အိမ်တွင်ကိုယ်တော် ညစာသုံးဆောင်တော်မူကြောင်းကိုသိသောအခါ ဆီမွှေးကျောက်ဖြူဘူးတစ်လုံးကိုယူဆောင်ပြီး လျှင် ကိုယ်တော်၏နောက်၌ခြေတော်ရင်းတွင် ရပ်လျက်ငိုယိုကာနေ၏။-
et ecce mulier quae erat in civitate peccatrix ut cognovit quod accubuit in domo Pharisaei adtulit alabastrum unguenti
38 ၃၈ သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။-
et stans retro secus pedes eius lacrimis coepit rigare pedes eius et capillis capitis sui tergebat et osculabatur pedes eius et unguento unguebat
39 ၃၉ ကိုယ်တော်အားပင့်ဖိတ်သူဖာရိရှဲသည်ဤ အခြင်းအရာကိုမြင်လျှင် ``ဤသူသည်ပရော ဖက်ဖြစ်ပါမူ သူ၏ခြေကိုကိုင်သောအမျိုး သမီးသည်အဘယ်သူဖြစ်သည်ကိုလည်း ကောင်း၊ အဘယ်သို့သောအပြစ်ကူးလွန်သည့် အမျိုးသမီးဖြစ်သည်ကိုလည်းကောင်း သိလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
videns autem Pharisaeus qui vocaverat eum ait intra se dicens hic si esset propheta sciret utique quae et qualis mulier quae tangit eum quia peccatrix est
40 ၄၀ ထိုအခါသခင်ယေရှုကထိုသူအား ``ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိ၏'' ဟုမိန့် တော်မူ၏။ ရှိမုန်က ``ဆရာတော်၊အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
et respondens Iesus dixit ad illum Simon habeo tibi aliquid dicere at ille ait magister dic
41 ၄၁ သခင်ယေရှုက ``ငွေချေးစားသူတစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးကငွေဒင်္ဂါး ငါးရာ၊ အခြားတစ်ဦးကငါးဆယ်အကြွေး တင်၏။-
duo debitores erant cuidam feneratori unus debebat denarios quingentos alius quinquaginta
42 ၄၂ သူတို့သည်အကြွေးမဆပ်နိုင်သဖြင့်ကြွေးရှင် သည် ထိုသူနှစ်ဦးလုံး၏အကြွေးအားလုံးကို လျှော်ပစ်လိုက်၏။ ထိုသူနှစ်ဦးအနက်အဘယ် သူသည် ကြွေးရှင်ကိုပို၍မေတ္တာရှိလိမ့်မည် နည်း'' ဟုမေးတော်မူ၏။
non habentibus illis unde redderent donavit utrisque quis ergo eum plus diliget
43 ၄၃ ရှိမုန်က ``ငွေပို၍လျှော်ပစ်ခြင်းခံရသူသည် ပို၍မေတ္တာရှိမည်ထင်ပါသည်'' ဟုလျှောက်၏။ ကိုယ်တော်က ``သင့်ယူဆချက်သည်မှန်ပေ၏'' ဟုမိန့်တော်မူ၏။
respondens Simon dixit aestimo quia is cui plus donavit at ille dixit ei recte iudicasti
44 ၄၄ ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
et conversus ad mulierem dixit Simoni vides hanc mulierem intravi in domum tuam aquam pedibus meis non dedisti haec autem lacrimis rigavit pedes meos et capillis suis tersit
45 ၄၅ သင်သည်ငါ့ကိုမနမ်း။ ထိုအမျိုးသမီး သည်ဤအိမ်သို့ဝင်ချိန်မှစ၍ငါ၏ခြေ ကိုအဆက်မပြတ်နမ်းလေပြီ။-
osculum mihi non dedisti haec autem ex quo intravit non cessavit osculari pedes meos
46 ၄၆ သင်သည်ငါ၏ခေါင်းကိုဆီဖြင့်မလိမ်း။ သူမူကား ငါ၏ခြေကိုဆီမွှေးဖြင့်လိမ်းလေပြီ။ ထိုကြောင့်သင့် အားငါဆိုသည်ကား ဤအမျိုးသမီးသည်များစွာ သောအပြစ်တို့မှပြေလွတ်လေပြီ။-
oleo caput meum non unxisti haec autem unguento unxit pedes meos
47 ၄၇ ထိုသို့ပြေလွတ်ကြောင်းကိုသူ၏ကြီးမားသော မေတ္တာကသက်သေခံ၏။ အပြစ်အနည်းငယ်သာ ပြေလွတ်သူမူကားအနည်းငယ်သာလျှင်ချစ် တတ်၏'' ဟုမိန့်တော်မူ၏။
propter quod dico tibi remittentur ei peccata multa quoniam dilexit multum cui autem minus dimittitur minus diligit
48 ၄၈ ထိုနောက်ကိုယ်တော်က ``သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုအမျိုးသမီးအားမိန့်တော်မူ၏။
dixit autem ad illam remittuntur tibi peccata
49 ၄၉ ကိုယ်တော်နှင့်အတူညစာစားနေကြသူတို့ သည် ``အပြစ်ကိုပင်ဖြေလွှတ်သောဤသူကား အဘယ်သူနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
et coeperunt qui simul accumbebant dicere intra se quis est hic qui etiam peccata dimittit
50 ၅၀ သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။
dixit autem ad mulierem fides tua te salvam fecit vade in pace