< လုကာ 5 >

1 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဂင်​နေ​သ​ရက် အိုင်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​တော်​မူ​စဉ် လူ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ကြား​နာ​ရန်​ကိုယ်​တော်​၏​အ​နီး​သို့​တိုး​ကြိတ် လာ​ကြ​၏။-
Comme Jésus se trouvait auprès du lac de Génésareth, et que la foule se pressait autour de lui pour entendre la parole de Dieu,
2 ထို​အ​ခါ​ကိုယ်​တော်​သည်​ကမ်း​နား​မှာ​ဆိုက်​ထား သော​လှေ​နှစ်​စင်း​ကို​မြင်​တော်​မူ​၏။ တံ​ငါ​သည် တို့​သည်​ထို​လှေ​များ​ပေါ်​မှ​ဆင်း​ပြီး​နောက် မိ​မိ တို့​၏​ပိုက်​ကွန်​များ​ကို​ဆေး​ကြော​လျက်​နေ ကြ​၏။-
il vit au bord du lac deux barques, d’où les pêcheurs étaient descendus pour laver leurs filets.
3 ကိုယ်​တော်​သည်​ထို​လှေ​နှစ်​စင်း​အ​နက်​ရှိ​မုန်​၏ လှေ​သို့​တက်​တော်​မူ​ပြီး​လျှင်​လှေ​ကို​ကမ်း​မှ အ​နည်း​ငယ်​ခွာ​စေ​ရန်​ရှိ​မုန်​အား​စေ​ခိုင်း​တော် မူ​၏။ ထို​နောက်​ထိုင်​၍​လူ​ပ​ရိ​သတ်​တို့​အား ဟော​ပြော​သွန်​သင်​တော်​မူ​၏။
Il monta dans l’une de ces barques, qui était à Simon, et il le pria de s’éloigner un peu de terre. Puis il s’assit, et de la barque il enseignait la foule.
4 ထို​သို့​ဟော​ပြော​သွန်​သင်​ပြီး​သော​အ​ခါ ``ရေ နက်​ရာ​သို့​ခွာ​ထွက်​လော့။ ငါး​များ​ဖမ်း​မိ​စေ ရန်​သင်​နှင့်​သင်​တို့​အ​ဖော်​တို့​၏​ကွန်​များ ကို​ချ​လော့'' ဟု​ရှိ​မုန်​အား​မိန့်​တော်​မူ​၏။
Lorsqu’il eut cessé de parler, il dit à Simon: Avance en pleine eau, et jetez vos filets pour pêcher.
5 ရှိ​မုန်​က ``သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​တစ်​ည​လုံး ကြိုး​စား​၍​ငါး​များ​ကို​ဖမ်း​ပါ​သော်​လည်း ငါး​တစ်​ကောင်​ကို​မျှ​မ​မိ​ကြ​ပါ။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ကွန်​များ​ကို အ​ကျွန်ုပ်​ချ​ပါ​မည်'' ဟု​လျှောက်​ထား​၏။-
Simon lui répondit: Maître, nous avons travaillé toute la nuit sans rien prendre; mais, sur ta parole, je jetterai le filet.
6 သူ​တို့​သည်​ကွန်​များ​ကို​ချ​ပြီး​နောက်​အုပ်​မိ သော​ငါး​များ​လှ​သ​ဖြင့်​ကွန်​များ​ပင်​စုတ် လု​မ​တတ်​ရှိ​၏။-
L’ayant jeté, ils prirent une grande quantité de poissons, et leur filet se rompait.
7 သို့​ဖြစ်​၍​လာ​ရောက်​ကူ​ညီ​ရန်​အ​ခြား​လှေ​မှ မိ​မိ​တို့​၏​အ​ဖော်​တံ​ငါ​သည်​များ​ကို​အ​ချက် ပြ​၍​ခေါ်​ကြ​၏။ ထို​သူ​တို့​သည်​လာ​၍​လှေ နှစ်​စင်း​လုံး​ပြည့်​အောင်​ငါး​များ​ကို​ထည့် ကြ​ရာ​လှေ​များ​နစ်​လု​မ​တတ်​ရှိ​တော့​၏။-
Ils firent signe à leurs compagnons qui étaient dans l’autre barque de venir les aider. Ils vinrent et ils remplirent les deux barques, au point qu’elles enfonçaient.
8 ထို​အ​ခြင်း​အ​ရာ​ကို​ရှိ​မုန်​ပေ​တ​ရု​မြင်​လျှင် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ် လျက် ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အြုပစ် သား​ဖြစ်​သော​ကြောင့်​အ​ကျွန်ုပ်​၏​ထံ​မှ ကြွ​သွား​တော်​မူ​ပါ'' ဟု​လျှောက်​၏။
Quand il vit cela, Simon Pierre tomba aux genoux de Jésus, et dit: Seigneur, retire-toi de moi, parce que je suis un homme pécheur.
9 ရှိ​မုန်​နှင့်​တ​ကွ​ပါ​လာ​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​ဖမ်း​မိ​သော​ငါး​အ​ရေ​အ​တွက်​ကို​ကြည့်​၍ တ​အံ့​တ​သြ​ဖြစ်​ကြ​၏။-
Car l’épouvante l’avait saisi, lui et tous ceux qui étaient avec lui, à cause de la pêche qu’ils avaient faite.
10 ၁၀ ရှိ​မုန်​နှင့်​ငါး​ဖမ်း​ဘက်​ဖြစ်​ကြ​သော​ဇေ​ဗေ​ဒဲ ၏​သား​နှစ်​ယောက်၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် လည်း​ထို​နည်း​တူ​အံ့​သြ​ကြ​၏။ သ​ခင်​ယေ​ရှု က​ရှိ​မုန်​အား ``မ​ကြောက်​နှင့်၊ ယ​ခု​မှ​စ​၍​သင် တို့​သည်​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Il en était de même de Jacques et de Jean, fils de Zébédée, les associés de Simon. Alors Jésus dit à Simon: Ne crains point; désormais tu seras pêcheur d’hommes.
11 ၁၁ ထို​သူ​တို့​သည်​လှေ​များ​ကို​ကမ်း​တွင်​ဆိုက်​ကပ် ပြီး​နောက် ရှိ​သ​မျှ​တို့​ကို​စွန့်​၍​နောက်​တော် သို့​လိုက်​ကြ​၏။
Et, ayant ramené les barques à terre, ils laissèrent tout, et le suivirent.
12 ၁၂ တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​မြို့​ကြီး​တစ်​မြို့​တွင် ရှိ​နေ​တော်​မူ​၏။ ထို​မြို့​တွင်​တစ်​ကိုယ်​လုံး​အ​ရေ ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ယောက်​ရှိ​၏။ သူ သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​ပျပ်​ဝပ်​လျက် ``အ​ရှင် အ​လို​တော်​ရှိ​လျှင်​အ​ကျွန်ုပ်​ကို​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​၏။
Jésus était dans une des villes; et voici, un homme couvert de lèpre, l’ayant vu, tomba sur sa face, et lui fit cette prière: Seigneur, si tu le veux, tu peux me rendre pur.
13 ၁၃ ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍​ထို​သူ့​ကို တို့​ထိ​တော်​မူ​၏။ ထို​နောက် ``ငါ​အ​လို​ရှိ​၏။ သန့် စင်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​ခ​ဏ​၌​ထို​သူ သည်​ရော​ဂါ​ပျောက်​လေ​၏။-
Jésus étendit la main, le toucha, et dit: Je le veux, sois pur. Aussitôt la lèpre le quitta.
14 ၁၄ ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။
Puis il lui ordonna de n’en parler à personne. Mais, dit-il, va te montrer au sacrificateur, et offre pour ta purificationce que Moïse a prescrit, afin que cela leur serve de témoignage.
15 ၁၅ သို့​ရာ​တွင်​ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပို​၍ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​အ​ကု​အ​သ ခံ​ရန်​လာ​ကြ​ကုန်​၏။-
Sa renommée se répandait de plus en plus, et les gens venaient en foule pour l’entendre et pour être guéris de leurs maladies.
16 ၁၆ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည် အ​တိုင်း​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​၍​ဆု​တောင်း တော်​မူ​၏။
Et lui, il se retirait dans les déserts, et priait.
17 ၁၇ တစ်​နေ့​သ​၌​ကိုယ်​တော်​ဟော​ပြော​သွန်​သင်​လျက် နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ ကျေး​ရွာ​အ​ပေါင်း​မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း​လာ​ရောက်​သော​ဖာ​ရိ​ရှဲ​များ နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည်​အ​နီး​တွင်​ထိုင် လျက်​ရှိ​ကြ​၏။ ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။-
Un jour Jésus enseignait. Des pharisiens et des docteurs de la loi étaient là assis, venus de tous les villages de la Galilée, de la Judée et de Jérusalem; et la puissance du Seigneur se manifestait par des guérisons.
18 ၁၈ ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​တစ်​ယောက် ကို​ထမ်း​စင်​နှင့်​တင်​၍​ဆောင်​ခဲ့​ကြ​၏။ ထို​သူ​နာ ကို​အိမ်​ထဲ​သို့​သယ်​ဆောင်​ကာ​သ​ခင်​ယေ​ရှု​၏ ရှေ့​တော်​တွင်​ချ​ထား​ရန်​ကြိုး​စား​ကြ​၏။-
Et voici, des gens, portant sur un lit un homme qui était paralytique, cherchaient à le faire entrer et à le placer sous ses regards.
19 ၁၉ သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် အိမ်​အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​အုတ်​ကြွပ် များ​ကို​ဖောက်​၍ သူ​နာ​ကို​ထမ်း​စင်​နှင့်​တ​ကွ လူ​တို့​အ​လယ်​သ​ခင်​ယေ​ရှု​၏​ရှေ့​တော်​သို့ လျော​ချ​ကြ​၏။-
Comme ils ne savaient par où l’introduire, à cause de la foule, ils montèrent sur le toit, et ils le descendirent par une ouverture, avec son lit, au milieu de l’assemblée, devant Jésus.
20 ၂၀ ကိုယ်​တော်​သည်​ထို​သူ​တို့​၌​ယုံ​ကြည်​ခြင်း​ရှိ​ပုံ ကို​မြင်​တော်​မူ​လျှင်​လေ​ဖြတ်​သူ​အား ``အ​ချင်း လူ၊ သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော် မူ​၏။
Voyant leur foi, Jésus dit: Homme, tes péchés te sont pardonnés.
21 ၂၁ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။
Les scribes et les pharisiens se mirent à raisonner et à dire: Qui est celui-ci, qui profère des blasphèmes? Qui peut pardonner les péchés, si ce n’est Dieu seul?
22 ၂၂ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။-
Jésus, connaissant leurs pensées, prit la parole et leur dit: Quelles pensées avez-vous dans vos cœurs?
23 ၂၃ `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ်`နေ​ရာ​မှ​ထ ၍​လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ သ​လော။-
Lequel est le plus aisé, de dire: Tes péchés te sont pardonnés, ou de dire: Lève-toi, et marche?
24 ၂၄ သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``သင့်​အား​ငါ ဆို​သည်​ကား​ထ​လော့။ သင့်​ထမ်း​စင်​ကို​ထမ်း ၍​အိမ်​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။
Or, afin que vous sachiez que le Fils de l’homme a sur la terre le pouvoir de pardonner les péchés: Je te l’ordonne, dit-il au paralytique, lève-toi, prends ton lit, et va dans ta maison.
25 ၂၅ ချက်​ချင်း​ပင်​ထို​သူ​သည်​လူ​တို့​ရှေ့​တွင်​ထ​၍ မိ​မိ​လဲ​လျောင်း​နေ​ခဲ့​သော​ထမ်း​စင်​ကို​ထမ်း ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော် ကို​ချီး​ကူး​လျက်​အိမ်​သို့​ပြန်​လေ​၏။-
Et, à l’instant, il se leva en leur présence, prit le lit sur lequel il était couché, et s’en alla dans sa maison, glorifiant Dieu.
26 ၂၆ လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြောက်​ရွံ့ လျက် ``အံ့​ဖွယ်​သော​အ​ရာ​များ​ကို​ငါ​တို့ ယ​နေ့​တွေ့​မြင်​ရ​လေ​ပြီ'' ဟု​ပြော​ဆို​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။
Tous étaient dans l’étonnement, et glorifiaient Dieu; remplis de crainte, ils disaient: Nous avons vu aujourd’hui des choses étranges.
27 ၂၇ ထို​နောက်​ကိုယ်​တော်​သည်​က​ပေ​ရ​နောင်​မြို့​မှ ထွက်​ကြွ​တော်​မူ​၍ အ​ကောက်​ခွန်​ရုံး​ခန်း​တွင် လေ​ဝိ​နာ​မည်​ရှိ​သူ​အ​ခွန်​ခံ​ထိုင်​နေ​သည်​ကို မြင်​တော်​မူ​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-
Après cela, Jésus sortit, et il vit un publicain, nommé Lévi, assis au lieu des péages. Il lui dit: Suis-moi.
28 ၂၈ ထို​သူ​သည်​ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး​လျှင်​ထ ၍​နောက်​တော်​သို့​လိုက်​လေ​၏။
Et, laissant tout, il se leva, et le suivit.
29 ၂၉ ထို​နောက်​လေ​ဝိ​သည်​မိ​မိ​၏​အိမ်​တွင်​ကိုယ်​တော် အ​တွက်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​၏။ ဧည့်​သည်​များ တွင်​အ​ခွန်​ခံ​သူ​နှင့်​အ​ခြား​သူ​အ​မြောက်​အ​မြား ပါ​ဝင်​ကြ​၏။-
Lévi lui donna un grand festin dans sa maison, et beaucoup de publicains et d’autres personnes étaient à table avec eux.
30 ၃၀ ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။
Les pharisiens et les scribes murmurèrent, et dirent à ses disciples: Pourquoi mangez-vous et buvez-vous avec les publicains et les gens de mauvaise vie?
31 ၃၁ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကျန်း​မာ​သူ​သည် ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။-
Jésus, prenant la parole, leur dit: Ce ne sont pas ceux qui se portent bien qui ont besoin de médecin, mais les malades.
32 ၃၂ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​နောင်​တ​ရ စေ​ခြင်း​ငှာ​ခေါ်​ဖိတ်​ရန်​လာ​သည်​မ​ဟုတ်။ အ​ပယ် ခံ​သူ​များ​ကို​နောင်​တ​ရ​စေ​ခြင်း​ငှာ​ခေါ်​ဖိတ် ရန်​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
Je ne suis pas venu appeler à la repentance des justes, mais des pécheurs.
33 ၃၃ လူ​အ​ချို့​က ``ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ တို့​၏​တ​ပည့်​များ​သည်​အ​စာ​ရှောင်​ခြင်း​နှင့် ဆု တောင်း​ခြင်း​တို့​ကို​မ​ကြာ​ခ​ဏ​ပြု​လေ့​ရှိ​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​၏​တ​ပည့်​များ​မူ​ကား​စား လျက်​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု လျှောက်​ထား​ကြ​၏။
Ils lui dirent: Les disciples de Jean, comme ceux des pharisiens, jeûnent fréquemment et font des prières, tandis que les tiens mangent et boivent.
34 ၃၄ ကိုယ်​တော်​က ``မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​သ​တို့​သား ရှိ​နေ​သည့်​ကာ​လ​ဧည့်​သည်​များ​အား​အ​စာ ရှောင်​ခိုင်း​နိုင်​ပါ​မည်​လော။-
Il leur répondit: Pouvez-vous faire jeûner les amis de l’époux pendant que l’époux est avec eux?
35 ၃၅ သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Les jours viendront où l’époux leur sera enlevé, alors ils jeûneront en ces jours-là.
36 ၃၆ ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​လျက် ``မည်​သူ​မျှ အ​ထည်​သစ်​မှ​အ​စ​တစ်​စ​ကို​ဆုတ်​၍​အ​ထည် ဟောင်း​ကို​ဖာ​ရိုး​မ​ရှိ။ ယင်း​သို့​ဖာ​ခဲ့​ပါ​မူ အ​ထည်​သစ်​ပျက်​စီး​သွား​သည်​သာ​မ​က၊ အ​စ​သစ်​နှင့်​အ​ထည်​ဟောင်း​တို့​အ​ဆင် အ​သွေး​မ​တူ​ဘဲ​ရှိ​လိမ့်​မည်။-
Il leur dit aussi une parabole: Personne ne déchire d’un habit neuf un morceau pour le mettre à un vieil habit; car, il déchire l’habit neuf, et le morceau qu’il en a pris n’est pas assorti au vieux.
37 ၃၇ ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး ဟောင်း​တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား ရေ​ဘူး​သည်​ပေါက်​ကွဲ​၍​စ​ပျစ်​ရည်​ယို​ထွက် လိမ့်​မည်။ သား​ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့် မည်။-
Et personne ne metdu vin nouveau dans de vieilles outres; autrement, le vin nouveau fait rompre les outres, il se répand, et les outres sont perdues;
38 ၃၈ စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​သာ ထည့်​ရာ​၏။-
mais il faut mettre le vin nouveau dans des outres neuves.
39 ၃၉ ထို့​အ​ပြင်​စ​ပျစ်​ရည်​ဟောင်း​ကို​သောက်​ပြီး သူ​သည်​စ​ပျစ်​ရည်​သစ်​ကို​မ​သောက်​လို။ စ​ပျစ် ရည်​ဟောင်း​က​သာ​၍​ကောင်း​သည်​ဟု​ဆို​တတ် ၏'' ဟု​မိန့်​တော်​မူ​၏။
Et personne, après avoir bu du vin vieux, ne veut du nouveau, car il dit: Le vieux est bon.

< လုကာ 5 >