< လုကာ 3 >
1 ၁ ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
Na i te tekau ma rima o nga tau o te rangatiratanga o Taipiria Hiha, i a Ponotia Pirato e kawana ana i Huria, i a Herora e tetaraki ana i Kariri, i tona teina hoki, i a Piripi, e tetaraki ana i Ituria, i te whenua hoki o Tarakonaiti, ko Raihania e tetaraki ana i Apirini,
2 ၂ အန္နနှင့်ကယာဖတို့သည်ကားယဇ်ပုရောဟိတ် မင်းများဖြစ်ကြ၏။ ထိုအခါတောကန္တာရ၌ရှိ သောဇာခရိ၏သားယောဟန်သည် ဘုရားသခင် ၏ဗျာဒိတ်တော်ကိုခံရ၏။-
Ko Anaha raua ko Kaiapa nga tohunga nui, ka puta te kupu a te Atua ki a Hoani tama a Hakaraia ki te koraha.
3 ၃ သို့ဖြစ်၍ယောဟန်သည်ယော်ဒန်မြစ်ဝှမ်းတလျှောက် သို့သွားရောက်၍ ``နောင်တရ၍ဗတ္တိဇံကိုခံယူကြ လော့။ သို့မှသာဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟုလူတို့အား ဟောပြော၏။-
Na ka haere mai ia ki nga wahi katoa e patata ana ki Horano, ka kauwhau i te iriiri ripeneta hei murunga hara;
4 ၄ ပရောဖက်ဟေရှာယကျမ်းတွင်ပါရှိသည်နှင့် အညီ၊ တောကန္တာရတွင်လူတစ်ယောက်သည် ကြွေး ကြော်လျက်နေသည်မှာ၊ `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့။
I pera ano ia me te mea i tuhituhia ki te pukapuka o nga korero a Ihaia poropiti, He reo no tetahi i te koraha e karanga ana, Whakapaia te huarahi o te Ariki, whakatikaia ona ara;
5 ၅ ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကို ဖြိုရကြမည်။ လမ်းကောက်များကိုဖြောင့်စေ၍လမ်းကြမ်းများကို ချောမောပြေပြစ်စေရမည်။
Ka whakakiia nga awaawa katoa, ka whakahoroa nga maunga me nga pukepuke katoa; e meinga hoki kia tika nga wahi kopikopiko, ko nga wahi taratara hei ara maeneene.
6 ၆ လူအပေါင်းတို့သည်ဘုရားသခင်၏ကယ်တင်ခြင်း ကျေးဇူးကိုတွေ့မြင်ရကြလတ္တံ့' ဟု တောကန္တာရတွင်လူတစ်ယောက်သည် ကြွေးကြော်လျက်နေ၏။
A e kite nga kikokiko katoa i te whakaoranga a te Atua.
7 ၇ ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
Na reira ka mea ia ki nga mano i haere kia iriiria e ia, E te uri nakahi, na wai koutou i whakamahara kia rere i te riri meake puta mai?
8 ၈ နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
Na whakaputaina nga hua e rite ana ki o te ripeneta; kei anga kei mea i roto i a koutou, Ko Aperahama to tatou matua: ko taku kupu hoki tenei ki a koutou, E ahei ana ano i te Atua te whakaara tamariki ake ma Aperahama i roto i enei kohatu.
9 ၉ သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
Na inaianei ano kei te pa te toki ki te pakiaka o nga rakau: ki te kahore tetahi rakau e hua i te hua pai, ka tuaina, ka maka ki te ahi.
10 ၁၀ လူပရိသတ်အပေါင်းတို့က ``ထိုသို့ဖြစ်ပါမူ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်း'' ဟု မေးလျှောက်၏။
Na ka ui nga mano ki a ia, ka mea, Me aha ra matou?
11 ၁၁ ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
Na ka whakahoki ia, ka mea ki a ratou, Ko te tangata i nga koti e rua, kia hoatu ki te tangata kahore ona; me te tangata he kai tana, kia pera ano.
12 ၁၂ အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံယူရန်ရောက်လာ ကြ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
Na ka haere mai hoki nga pupirikana kia iriiria, ka mea ki a ia, E te kaiwhakaako, me aha matou?
13 ၁၃ ယောဟန်က ``သင်တို့သည်တရားဥပဒေရှိ သည်ထက်ပို၍ အခွန်အကောက်မခွဲမခံကြ နှင့်'' ဟုပြန်ပြော၏။
Ka mea ia ki a ratou, Kei nui ake i nga mea i whakaritea ma koutou ta koutou e tango ai.
14 ၁၄ စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
Ka ui ano hoki nga hoia ki a ia, ka mea, Me aha hoki matou? Na ko tana meatanga ki a ratou, Kaua e tukinotia tetahi, kaua e muru noa i tetahi mea; kati ano ma koutou ko o koutou utu.
15 ၁၅ လူတို့သည်မေရှိယကြွလာတော့မည်ဟုယုံ ကြည်လျက်စောင့်မျှော်နေချိန်ဖြစ်ရာ ``ယောဟန် သည်မေရှိယပင်ဖြစ်လေသလော'' ဟုတွေးတော နေကြ၏။-
Na, i te iwi e tatari ana e whakaaroaro katoa ana i roto i o ratou ngakau ki a Hoani, mehemea ko te Karaiti ia;
16 ၁၆ သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
Ka whakahoki a Hoani, ka mea ki a ratou katoa, Ko ahau nei, he iriiri taku i a koutou ki te wai; kei te haere mai ia tetahi he kaha rawa ake i ahau, e kore ahau e tau hei wewete i te here o ona hu: mana koutou e iriiri ki te Wairua Tapu, ki te k apura.
17 ၁၇ မိမိ၏ကောက်နယ်တလင်းကိုရှင်းလင်းပစ်ရန် လက်တော်တွင်ဆန်ကောကိုကိုင်ထားတော်မူသည် ဖြစ်၍ ဂျုံစပါးများကိုကျီတွင်စုသိမ်း၍အဖျင်း များကိုမူ ငြိမ်းသတ်၍မရနိုင်သောမီးတွင်ကျွမ်း လောင်စေတော်မူလတ္တံ့'' ဟုသူတို့အားဆို၏။
Ko tana mea tahi kei tona ringa, hei tino tahi i tana patunga witi, hei kohi hoki i te witi ki roto ki tana whare witi: ko te papapa ia e tahuna ki te kapura e kore e tineia.
18 ၁၈ ယောဟန်သည်အခြားနှိုးဆော်ချက်များဖြင့် လူတို့အားသတင်းကောင်းကိုဟောပြောကြေ ညာ၏။-
He maha atu ano ana kupu whakahau i kauwhau ai ia i te rongopai ki te iwi.
19 ၁၉ သို့ရာတွင်ဟေရုဒ်ဘုရင်သည်မိမိညီဖြစ်သူ၏ ဇနီးဟေရောဒိကိုသိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မိမိကူးလွန်ခဲ့သောအပြစ်အပေါင်း နှင့်ပတ်သက်၍လည်းကောင်းယောဟန်ကသူ့အား ဆုံးမခဲ့၏။-
Otira, na tona riringa i a Herora tetaraki mo Heroriaha, mo te wahine a tona tuakana, a Piripi, a mo nga kino katoa hoki i meinga e Herora;
20 ၂၀ ထိုနောက်ယောဟန်ကိုထောင်ထဲတွင်ချုပ်နှောင်ထား စေခြင်းဖြင့် ဟေရုဒ်သည်ကူးလွန်ပြီးခဲ့သည့် အပြစ်အပေါင်းတို့ထက်ဆိုးရွားသောအပြစ် ကိုကူးလွန်လေသည်။
Ka apititia atu e Herora tenei ki runga i era katoa, tutakina ana e ia a Hoani ki te whare herehere.
21 ၂၁ လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
Na, ka poto katoa te iwi te iriiri, i a Ihu kua oti te iriiri, a i a ia e inoi ana, ka tuwhera te rangi,
22 ၂၂ သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
A ka heke iho te Wairua Tapu, ka heke tinana iho, ano he kukupa, ki runga ki a ia, a ka puta mai he reo no te rangi, e mea ana, Ko koe taku Tama i aroha ai, taku i ahuareka ai.
23 ၂၃ အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-
Na ko Ihu, i a ia i timata ai ki te whakaako, kei te toru tekau ona tau, a ki ta te tangata ki, he tama ia na Hohepa, tama a Heri,
24 ၂၄ ဧလိကားမဿတ်၏သား၊ မဿတ်ကားလေဝိ၏ သား၊ လေဝိကားမေလခိ၏သား၊ မေလခိကား ယန္န၏သား၊ ယန္နကားယောသပ်၏သားဖြစ်၏။-
Ko ia he tama na Matata, tama a Riwai, tama a Mereki, tama a Iana, tama a Hohepa,
25 ၂၅ ယောသပ်သည်မတ္တသိ၏သား၊ မတ္တသိသည်အာမုတ် ၏သား၊ အာမုတ်သည်နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည်န္ဂဲ၏သား၊ န္ဂဲ သည်မာအတ်၏သားဖြစ်၏။-
Tama a Matatiaha, tama a Amoho, tama a Nahumu, tama a Eheri, tama a Nakai,
26 ၂၆ မာအတ်ကားမတ္တသိ၏သား၊ မတ္တသိကားရှေမိ၏ သား၊ ရှေမိကားယောသပ်၏သား၊ ယောသပ်ကား ယုဒ၏သား၊ ယုဒကားယောဟန္န၏သားဖြစ်၏။-
Tama a Maata, tama a Matiaha, tama a Hemei, tama a Hohepa, tama a Hura,
27 ၂၇ ယောဟန္နသည်ရေသ၏သား၊ ရေသသည်ဇေရုဗ ဗေလ၏သား၊ ဇေရုဗဗေလသည်ရှာလသေလ ၏သား၊ ရှာလသေလသည်နေရိ၏သား၊ နေရိသည် မေလခိ၏သား၊ မေလခိသည်အဒ္ဒိ၏သားဖြစ်၏။-
Tama a Hoana, tama a Reha, tama a Herupapera, tama a Haratiera, tama a Neri,
28 ၂၈ အဒ္ဒိကားကောသံ၏သား၊ ကောသံကားဧလ မောဒံ၏သား၊ ဧလမောဒံကားဧရ၏သား ဖြစ်၏။-
Tama a Mereki, tama a Ari, tama a Kohama, tama a Eremorama, tama a Ere,
29 ၂၉ ဧရသည်ယောရှု၏သား၊ ယောရှုသည်ဧလျေဇာ ၏သား၊ ဧလျေဇာသည်ယောရိမ်၏သား၊ ယောရိမ် သည်မဿတ်၏သား၊ မဿတ်သည်လေဝိ၏သား ဖြစ်၏။-
Tama a Hohe, tama a Erietere, tama a Horimi, tama a Matata, tama a Riwai,
30 ၃၀ လေဝိကားရှိမောင်၏သား၊ ရှိမောင်ကားယုဒ၏သား၊ ယုဒကားယောသပ်၏သား၊ ယောသပ်ကားယောနန် ၏သား၊ ယောနန်ကားဧလျာကိမ်၏သားဖြစ်၏။-
Tama a Himiona, tama a Hura, tama a Hohepa, tama a Honana, tama a Eriakimi,
31 ၃၁ ဧလျာကိမ်သည်မေလေ၏သား၊ မေလေသည်မဲနန်၏ သား၊ မဲနန်သည်မတ္တသ၏သား၊ မတ္တသသည်နာသန်၏ သား၊ နာသန်သည်ဒါဝိဒ်၏သားဖြစ်၏။-
Tama a Merea, tama a Menana, tama a Matata, tama a Natana, tama a Rawiri,
32 ၃၂ ဒါဝိဒ်ကားယေရှဲ၏သား၊ ယေရှဲကားသြဗက်၏သား၊ သြဗက်ကားဗောဇ၏သား၊ ဗောဇကားစာလမုန်၏ သား၊ စာလမုန်ကားနာရှုန်၏သားဖြစ်၏။-
Tama a Hehe, tama a Opere, tama a poaha, tama a Haramono, tama a Nahona,
33 ၃၃ နာရှုန်သည်အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည်အာရံနိ၏သား၊ အာရံနိသည်ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည်ယုဒ၏သားဖြစ်၏။-
Tama a Aminarapa, tama a Arame tama a Heteromo, tama a Parete, tama a Hura,
34 ၃၄ ယုဒကားယာကုပ်၏သား၊ ယာကုပ်ကားဣဇာက်၏ သား၊ ဣဇာက်ကားအာဗြဟံ၏သား၊ အာဗြဟံ ကားတေရ၏သား၊ တေရကားနာခေါ်၏သား ဖြစ်၏။-
Tama a Hakopa, tama a Ihaka, tama a Aperahama, tama a Tera, tama a Nahora,
35 ၃၅ နာခေါ်သည်စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည်ဖာလက်၏သား၊ ဖာလက်သည်ဟေဗာ၏သား၊ ဟေဗာသည် ရှာလ၏သားဖြစ်၏။-
Tama a Haruku, tama a Rakau, tama a Pereke, tama a Epere, tama a Haraha,
36 ၃၆ ရှာလကားကာဣနန်၏သား၊ ကာဣနန်ကား အာဖာဇဒ်၏သား၊ အာဖာဇဒ်ကားရှေမ၏ သား၊ ရှေမကားနောဧ၏သား၊ နောဧကား လာမက်၏သားဖြစ်၏။-
Tama a Kainana, tama a Arapahata, tama a Hema, tama a Noa, tama a Rameka,
37 ၃၇ လာမက်သည်မသုရှလ၏သား၊ မသုရှလသည် ဧနောက်၏သား၊ ဧနောက်သည်ယာရက်၏သား၊ ယာရက်သည်မဟာလေလ၏သား၊ မဟာ လေလသည်ကာဣနန်၏သားဖြစ်၏။-
Tama a Matuhara, tama a Enoka, tama ia Iarere, tama a Marereere, tama a Kainana,
38 ၃၈ ကာဣနန်ကားဧနုတ်၏သား၊ ဧနုတ်ကားရှေသ၏ သား၊ ရှေသသည်ကားအာဒံ၏သား၊ အာဒံကား ဘုရားသခင်၏သားဖြစ်သတည်း။
Tama a Enoha, tama a Heta, tama a Arama, a te tama a te Atua.