< လုကာ 20 >
1 ၁ တစ်နေ့သ၌ကိုယ်တော်သည်ဗိမာန်တော်တွင် လူတို့အားဆုံးမသြဝါဒပေး၍ သတင်း ကောင်းကိုဟောပြောလျက်နေတော်မူစဉ်ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ နှင့်ဘာသာရေးခေါင်းဆောင်များသည်အထံ တော်ကိုလာကြ၏။-
或 日イエス宮にて民を教へ、福音を宣べゐ給ふとき、祭司長・學者らは、長老どもと共に近づき來り、
2 ၂ သူတို့က ``အရှင်သည်ဤအမှုအရာများ ကို အဘယ်အခွင့်အာဏာအရပြုတော်မူ ပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့်အား အဘယ်သူအပ်နှင်းပါသနည်း'' ဟုလျှောက် ထားမေးမြန်းကြ၏။
イエスに語りて言ふ『なにの權威をもて此 等の事をなすか、此の權威を授けし者は誰か、我らに告げよ』
3 ၃ ကိုယ်တော်က ``ငါသည်လည်းသင်တို့အား မေးခွန်းတစ်ခုကိုမေးဦးမည်။-
答へて言ひ給ふ『われも一言なんぢらに問はん、答へよ。
4 ၄ ယောဟန်ဗတ္တိဇံပေးသည်မှာဘုရားသခင် ၏အခွင့်အာဏာအရလော၊ လူတို့၏အခွင့် အာဏာအရလော၊ ငါ့အားဖြေကြားကြ လော့'' ဟုမိန့်တော်မူ၏။
ヨハネのバプテスマは天よりか、人よりか』
5 ၅ သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟုငါတို့ဆိုလျှင်`ယောဟန်ကို သင်တို့အဘယ်ကြောင့်မယုံကြည်ကြသနည်း' ဟုမေးလိမ့်မည်။-
彼ら互に論じて言ふ『もし「天より」と言はば「なに故かれを信ぜざりし」と言はん。
6 ၆ သို့ရာတွင်လူတို့အခွင့်အာဏာအရဟု ငါတို့ဆိုလျှင် လူအပေါင်းတို့ကယောဟန် ကိုပရောဖက်တစ်ပါးဟုအမှန်ပင်ယုံကြည် ကြသဖြင့် ငါတို့အားခဲနှင့်ပေါက်ကြလိမ့် မည်'' ဟုအချင်းချင်းဆွေးနွေးကြ၏။-
もし「人より」と言はんか、民みなヨハネを預言者と信ずるによりて、我らを石にて撃たん』
7 ၇ ထို့ကြောင့်သူတို့က ``မည်သူ့အခွင့်အာဏာ အရပေးသည်ကိုအကျွန်ုပ်တို့မသိပါ'' ဟု ဖြေကြားကြ၏။
遂に何處よりか知らぬ由を答ふ。
8 ၈ ထိုအခါသခင်ယေရှုက `ငါပြုသည့်အမှု အရာများကိုအဘယ်အခွင့်အာဏာအရ ပြုသည်ကိုလည်း သင်တို့အားငါမပြော' ဟု မိန့်တော်မူ၏။
イエス言ひたまふ『われも何の權威をもて此 等の事をなすか、汝らに告げじ』
9 ၉ ထို့နောက်ကိုယ်တော်သည်လူတို့အားဤပုံ ဥပမာကိုမိန့်ကြားတော်မူ၏။ ကိုယ်တော် က ``လူတစ်ယောက်သည်စပျစ်ဥယျာဉ်တစ် ခုကိုစိုက်ပျိုး၍သီးစားချ၏။ ထိုနောက် နိုင်ငံရပ်ခြားသို့ကာလအတော်ကြာ သွား၍နေ၏။-
かくて次の譬を民に語りいで給ふ『ある人、葡萄園を造りて農夫どもに貸し、遠く旅立して久しくなりぬ。
10 ၁၀ အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍သီးစားခကိုတောင်းခံ စေ၏။ သို့ရာတွင်ခြံသမားတို့သည်ထိုကျွန် ကိုရိုက်၍ လက်ချည်းသက်သက်ပြန်လွှတ်လိုက် ကြ၏။-
時 至りて、葡萄園の所得を納めしめんとて、一人の僕を農夫の許に遣ししに、農夫ども之を打ちたたき、空手にて歸らしめたり。
11 ၁၁ ထိုနောက်ဥယျာဉ်ရှင်သည်အခြားကျွန်တစ် ယောက်ကိုစေလွှတ်ပြန်၏။ သို့ရာတွင်ခြံသမား တို့သည်သူ့ကိုလည်းရိုက်၍အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။-
又ほかの僕を遣ししに、之をも打ちたたき、辱しめ、空手にて歸らしめたり。
12 ၁၂ နောက်တစ်ဖန်ဥယျာဉ်ရှင်သည်တတိယကျွန် ကိုစေလွှတ်၏။ သို့ရာတွင်ခြံသမားတို့သည် ထိုကျွန်ကိုလည်းဒဏ်ရာများရစေပြီးနောက် အပြင်သို့နှင်ထုတ်လိုက်ကြ၏။-
なほ三度めの者を遣ししに、之をも傷つけて逐ひ出したり。
13 ၁၃ ဥယျာဉ်ရှင်သည် `ငါအဘယ်သို့ပြုရအံ့နည်း။ ငါ၏တစ်ဦးတည်းသောသားကိုစေလွှတ်မည်။ သူ့ကိုတွေ့လျှင်ခြံသမားတို့လေးစားကြ ရာ၏' ဟုဆို၏။-
葡萄園の主いふ「われ何を爲さんか。我が愛しむ子を遣さん、或は之を敬ふなるべし」
14 ၁၄ သို့ရာတွင်ဥယျာဉ်ရှင်၏သားရောက်လာသော အခါခြံသမားတို့က `ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ ငါတို့ဥယျာဉ် ကိုအမွေခံရအောင်သူ့အားသတ်ကြကုန် အံ့' ဟုအချင်းချင်းဆွေးနွေးပြောဆိုလျက်။-
農夫ども之を見て互に論じて言ふ「これは世嗣なり。いざ殺して其の嗣業を我らの物とせん」
15 ၁၅ ဥယျာဉ်ရှင်၏သားကိုအပြင်သို့ထုတ်ပြီး လျှင်သတ်ပစ်ကြ၏။ ထိုအခါဥယျာဉ်ရှင်သည်ခြံသမားများ အားအဘယ်သို့ပြုလိမ့်မည်နည်း။-
かくてこれを葡萄園の外に逐ひ出して殺せり。さらば葡萄園の主かれらに何を爲さんか、
16 ၁၆ သူသည်လာ၍ထိုသူတို့ကိုသတ်ပြီးသော် စပျစ်ဥယျာဉ်ကိုအခြားသူများသို့ပေး အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုစကားကိုကြားသောအခါသူတို့ က ``ဘုရားမ၍ထိုသို့မဖြစ်ပါစေနှင့်'' ဟုဆိုကြ၏။
來りてかの農夫どもを亡し、葡萄園を他の者どもに與ふべし』人々これを聽きて言ふ『然はあらざれ』
17 ၁၇ ကိုယ်တော်သည်လူတို့ကိုကြည့်ရှုတော်မူလျက်၊ `တိုက်ကိုတည်ဆောက်သူတို့ပယ်ထားသည့်ကျောက် သည် အရေးအကြီးဆုံးဖြစ်သောထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟူသောကျမ်းစကား၏အနက်အဋ္ဌိပ္ပါယ်ကား အသို့နည်း။
イエス彼らに目を注めて言ひ給ふ『されば「造家者らの棄てる石は、これぞ隅の首石となれる」と録されたるは何ぞや。
18 ၁၈ ထိုကျောက်အပေါ်သို့ကျသောသူသည်အပိုင်း ပိုင်းကျိုးလိမ့်မည်။ ထိုကျောက်အကျခံရသော သူသည်ညက်ညက်ကြေ၍သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
凡そその石の上に倒るる者は碎け、又その石、人の上に倒るれば、その人を微塵にせん』
19 ၁၉ ကျမ်းတတ်ဆရာနှင့်ယဇ်ပုရောဟိတ်ကြီးများ သည် မိမိတို့ကိုရည်စူး၍ဤပုံဥပမာကို မိန့်တော်မူကြောင်းသိကြသဖြင့် ချက်ချင်း ပင်ကိုယ်တော်ကိုဖမ်းဆီးရန်ကြံစည်ကြ၏။ သို့ရာတွင်လူတို့ကိုကြောက်ကြ၏။-
此のとき學者・祭司長ら、イエスに手をかけんと思ひたれど、民を恐れたり。この譬の己どもを指して言ひ給へるを悟りしに因る。
20 ၂၀ ထို့ကြောင့်အခွင့်ကောင်းကိုစောင့်နေကြ၏။ သူတို့ သည်ကိုယ်တော်၏စကားတွင်အမှားကိုရှာပြီး လျှင် ကိုယ်တော်အားဘုရင်ခံမင်း၏လက်သို့ အပ်နိုင်ရန်သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုများကိုအထံတော်သို့စေလွှတ်ကြ၏။-
かくて彼ら機を窺ひ、イエスを司の支配と權威との下に付さんとて、その言を捉ふるために、義人の樣したる間諜どもを遣したれば、
21 ၂၁ သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
其の者どもイエスに問ひて言ふ『師よ、我らは汝の正しく語り、かつ教へ、外貌を取らず、眞をもて神の道を教へ給ふを知る。
22 ၂၂ အကျွန်ုပ်တို့သည်ကဲသာဘုရင်အားအခွန် ဆက်အပ်သလော၊ မဆက်အပ်သလော'' ဟု မေးလျှောက်ကြ၏။
われら貢をカイザルに納むるは、善きか、惡しきか』
23 ၂၃ ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့်။-
イエスその惡巧を知りて言ひ給ふ、
24 ၂၄ ``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။
『デナリを我に見せよ。これは誰の像、たれの號なるか』『カイザルのなり』と答ふ。
25 ၂၅ ကိုယ်တော်က ``ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အားဆက်ကြလော့။ ဘုရားသခင် ပိုင်သည့်အရာကိုဘုရားသခင်အားဆက်ကြ လော့'' ဟုမိန့်တော်မူ၏။
イエス言ひ給ふ『さらばカイザルの物はカイザルに、神の物は神に納めよ』
26 ၂၆ သူတို့သည်လူတို့ရှေ့၌ကိုယ်တော်၏စကား တွင်အမှားရှာ၍မရသဖြင့် ကိုယ်တော်ဖြေ ကြားတော်မူပုံကိုအံ့သြလျက်ဆိတ်ဆိတ် နေကြ၏။
かれら民の前にて其の言をとらへ得ず、且その答を怪しみて默したり。
27 ၂၇ ထို့နောက်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့ချဉ်းကပ်ကြ၏။ သူတို့ကားသေခြင်းမှ လူတို့ရှင်ပြန်ထမြောက်ခြင်းမရှိဟုယုံ ကြည်သူများဖြစ်ကြ၏။-
また復活なしと言張るサドカイ人の或 者ども、イエスに來り問ひて言ふ、
28 ၂၈ သူတို့က ``ဆရာတော် `တစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင် ကျန်ခဲ့ သည့်ဇနီးကိုညီဖြစ်သူကဆက်ခံထိမ်းမြား ရမည်။ အစ်ကို၏အမျိုးအနွယ်ကိုသူ၏ ကိုယ်စားတိုးပွားစေရမည်' ဟုအကျွန်ုပ်တို့ အားမောရှေမိန့်မှာခဲ့ပါသည်။-
『師よ、モーセは、人の兄弟もし妻あり子なくして死なば、其の兄弟かれの妻を娶りて、兄弟のために嗣子を擧ぐべしと、我らに書き遣したり。
29 ၂၉ အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိ ပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော် လည်းသားသမီးမရ။-
さて茲に七人の兄弟ありて、兄、妻を娶り、子なくして死に、
30 ၃၀ ထိုသူသေသွားသောအခါသူ့ညီအကြီးဆုံး သည်မရီးဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထို ညီသည်သားသမီးမရဘဲသေပြန်၏။-
第二、第三の者も之を娶り、
31 ၃၁ ဒုတိယညီသည်လည်းထိုအမျိုးသမီးကို သိမ်းပိုက်၏။ ထိုနည်းတူစွာညီအစ်ကိုခုနစ် ယောက်စလုံးသားသမီးမရဘဲသေသွား ကြ၏။-
七人みな同じく子を殘さずして死に、
32 ၃၂ နောက်ဆုံး၌အမျိုးသမီးသည်လည်းသေ၏။-
後には其の女も死にたり。
33 ၃၃ ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက်ခဲ့ ကြသည်ဖြစ်၍သေခြင်းမှထမြောက်ရာနေ့တွင် ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
されば復活の時、この女は誰の妻たるべきか、七人これを妻としたればなり』
34 ၃၄ သခင်ယေရှုက ``ဤဘဝ၌လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုပြုတတ်ကြ၏။- (aiōn )
イエス言ひ給ふ『この世の子らは娶り嫁ぎすれど、 (aiōn )
35 ၃၅ သို့ရာတွင်သေခြင်းမှရှင်ပြန်ထမြောက်၍ တမလွန်သို့ဝင်ထိုက်သောသူတို့မူကား ထိမ်းမြားစုံဖက်ခြင်းကိုမပြုကြကုန်။- (aiōn )
かの世に入るに、死人の中より甦へるに相應しとせらるる者は、娶り嫁ぎすることなし。 (aiōn )
36 ၃၆ သူတို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ် သဖြင့်သေနိုင်ကြမည်မဟုတ်။ သူတို့သည် သေခြင်းမှရှင်ပြန်ထမြောက်စေသူများဖြစ် သောကြောင့်ဘုရားသခင်၏သားများဖြစ် ကြ၏။
彼 等ははや死ぬること能はざればなり。御使たちに等しく、また復活の子どもにして、神の子供たるなり。
37 ၃၇ ``မီးလျှံထွက်သည့်ချုံအကြောင်းကိုဖော်ပြရာ တွင်မောရှေက `ထာဝရဘုရားသည်အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်' ဟုဆို၏။ သို့ဆိုရာ၌သေလွန်သော သူတို့ရှင်ပြန်ထမြောက်ကြောင်းကိုဖော်ပြ ခြင်းပင်ဖြစ်၏။-
死にたる者の甦へる事は、モーセも柴の條に、主を「アブラハムの神、イサクの神、ヤコブの神」と呼びて之を示せり。
38 ၃၈ ထိုသူတို့သည်ကိုယ်တော်ရှေ့တော်၌ ထာဝရ ကာလပတ်လုံးအသက်ရှင်သူများဖြစ်ကြ သဖြင့် ထာဝရဘုရားသည်သေလွန်သူတို့ ၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ ဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
神は死にたる者の神にあらず、生ける者の神なり。それ神の前には皆 生けるなり』
39 ၃၉ ကျမ်းတတ်ဆရာအချို့တို့သည်ထပ်မံ၍ ကိုယ်တော်အားမမေးမလျှောက်ဝံ့ကြ။ သူ တို့သည် ``ဆရာတော်၊ အရှင်မိန့်တော်မူသော စကားတို့သည်လျောက်ပတ်ပါသည်'' ဟု လျှောက်ထားကြ၏။
學者のうちの或 者ども答へて『師よ、善く言ひ給へり』と言ふ。
41 ၄၁ ကိုယ်တော်သည်ထိုသူတို့အား ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ်ကြောင့် ဆိုကြသနည်း။-
イエス彼らに言ひたまふ『如何なれば人々、キリストをダビデの子と言ふか。
42 ၄၂ ဒါဝိဒ်မင်းကိုယ်တိုင်ပင်လျှင်ဆာလံကျမ်း၌ `ထာဝရဘုရားကငါသည်သင်၏ရန်သူများ ကို သင့်ခြေတင်ခုံဖြစ်စေမည်။ သို့မဖြစ်စေသေးမီကာလငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုငါ၏အရှင်အားမိန့်တော်မူ၏' ဟုဆိုချေသည်။-
ダビデ自ら詩 篇に言ふ「主わが主に言ひたまふ、
われ汝の敵を汝の足臺となすまでは、わが右に坐せよ」
44 ၄၄ ဒါဝိဒ်မင်းသည်မေရှိယကို `အရှင်' ဟုခေါ်သည် ဖြစ်ရာအသို့လျှင်မေရှိယသည်ဒါဝိဒ်၏သား မြေးဖြစ်နိုင်မည်နည်း'' ဟုမေးတော်မူ၏။
ダビデ斯く彼を主と稱ふれば、爭でその子ならんや』
45 ၄၅ ကိုယ်တော်သည်လူပရိသတ်များနားထောင် နေစဉ်တပည့်တော်တို့အား။-
民の皆ききをる中にて、イエス弟子たちに言ひ給ふ、
46 ၄၆ ``ကျမ်းတတ်ဆရာတို့ကိုသတိနှင့်ရှောင်ကြ လော့။ သူတို့သည်ဝတ်လုံများကိုဝတ်၍ပလွှား သွားလာလိုကြ၏။ စျေးရပ်ကွက်တွင်အလေး ပြုခြင်းကိုခံလိုကြ၏။ တရားဇရပ်များတွင် သီးသန့်ထားသောနေရာများကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများကိုလည်းကောင်းနှစ်သက်ကြ၏။-
『學者らに心せよ。彼らは長き衣を著て歩むことを好み、市場にての敬禮、會堂の上座、饗宴の上席を喜び、
47 ၄၇ မုဆိုးမများ၏အိမ်များကိုမတရားသိမ်း ယူပြီးလျှင်လူအထင်ကြီးစေရန်ရှည်လျား စွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့ သည်ပို၍ကြီးလေးသောအပြစ်ဒဏ်ကိုခံ ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
また寡婦らの家を呑み、外見をつくりて長き祈をなす。其の受くる審判は更に嚴しからん』