< လုကာ 18 >
1 ၁ ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
Les narró también una parábola con respecto a la necesidad de hablar ellos siempre con Dios y no desmayar:
2 ၂ ကိုယ်တော်က ``မြို့ကြီးတစ်မြို့မှာတရားသူ ကြီးတစ်ယောက်ရှိ၏။ သူသည်ဘုရားသခင်ကို မကြောက်။ လူမျက်နှာကိုမထောက်သူဖြစ်၏။-
Había un juez en una ciudad que no temía a Dios ni respetaba a hombre.
3 ၃ ထိုမြို့မှာပင်မုဆိုးမတစ်ယောက်ရှိ၏။ သူသည် တရားသူကြီး၏ထံသို့အကြိမ်ကြိမ်လာ ၍ `ကျွန်မ၏တရားတွေ့ဘက်အပေါ်တွင် အနိုင်ရအောင်စီရင်တော်မူပါ' ဟုလျှောက် ထား၏။-
Había también una viuda en aquella ciudad que iba ante él y decía: Hazme justicia contra mi oponente.
4 ၄ တရားသူကြီးသည်အတန်ကြာမျှမုဆိုးမ ၏လျှောက်ထားချက်ကိုငြင်းဆန်နေခဲ့၏။ ထို နောက် `ငါသည်ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်တတ်။-
No quería por un tiempo, pero después de esto se dijo: Aunque no temo a Dios, ni respeto a hombre,
5 ၅ သို့သော်လည်းဤမုဆိုးမသည်ငါ့ကိုနှောင့်ယှက် လှသည်ဖြစ်၍သူ့အားတရားမျှတမှုရရှိစေ ရန် ငါသူ့အမှုကိုစီရင်မည်။ သို့မဟုတ်လျှင်သူ သည်ငါ့ကိုဆက်လက်နှောင့်ယှက်သဖြင့်နောက် ဆုံး၌ငါ့အားပင်ပန်းစေမည်' ဟုဆိုလေ၏။''
por cuanto esta viuda me causa molestia, le haré justicia, no sea que al venir de continuo me agote la paciencia.
6 ၆ ``ဤမသမာသောတရားသူကြီးပြောပုံကို ကြည့်လော့။-
Y dijo el Señor: Oigan al juez injusto.
7 ၇ ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။-
¿Dios de ningún modo hará la justicia a sus escogidos que claman a Él día y noche? ¿Demorará en responderles?
8 ၈ သင်တို့အားငါဆိုသည်ကားကိုယ်တော်သည် ဆောလျင်စွာ ထိုသူတို့အတွက်တရားသဖြင့် ဖြစ်စေရန်စီရင်တော်မူပေအံ့။ သို့ရာတွင် လူသားကြွလာတော်မူသောအခါ၌ ဤ လောကတွင်ယုံကြည်ခြင်းကိုတွေ့ရပါ မည်လော'' ဟုမိန့်တော်မူ၏။
Les digo que con prontitud les hará justicia. Pero cuando el Hijo del Hombre venga, ¿hallará la fe en la tierra?
9 ၉ မိမိတို့ကိုယ်ကိုသူတော်ကောင်းဟုယုံကြည် ကာသူတစ်ပါးတို့ကိုအထင်အမြင်သေး တတ်သူလူအချို့တို့အားသခင်ယေရှု သည်ပုံဥပမာကိုဆောင်၍၊-
Narró esta parábola a unos que confiaban en ellos mismos como justos y menospreciaban a los demás:
10 ၁၀ ``လူနှစ်ယောက်သည်ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်က ဖာရိရှဲ၊ အခြားတစ်ယောက်ကအခွန်ခံသူ ဖြစ်၏။-
Dos hombres subieron al Templo a hablar con Dios: el uno fariseo y el otro publicano.
11 ၁၁ ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
El fariseo se puso en pie y hablaba consigo mismo: Dios, te doy gracias porque no soy como los demás hombres: ladrones, injustos, adúlteros, ni aun como este publicano.
12 ၁၂ အကျွန်ုပ်သည်ရက်သတ္တတစ်ပတ်လျှင်နှစ်ကြိမ် တိုင်တိုင်အစာရှောင်ပါ၏။ ရရှိသမျှဥစ္စာပစ္စည်း ၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏' ဟုဆုတောင်း ပတ္ထနာပြု၏။-
Ayuno dos veces [por] semana y doy diezmo de todo lo que me gano.
13 ၁၃ သို့ရာတွင်အခွန်ခံသူမူကားအဝေးတွင် ရပ်လျက်ကောင်းကင်သို့မော်၍မျှမကြည့်ဝံ့ ဘဲ `အို ဘုရားသခင်၊ အပြစ်ကူးသူအကျွန်ုပ် အားသနားတော်မူပါ' ဟုရင်ပတ်ကိုတီးခတ် လျက်ဆုတောင်းလေ၏။-
Pero el publicano, situado lejos, no quería ni aun levantar los ojos al cielo, sino golpeaba su pecho y decía: ¡Dios, compadécete de mí, pecador!
14 ၁၄ သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
Les digo que éste bajó a su casa justificado y no el otro, porque todo el que se enaltece será humillado, y el que se humilla será enaltecido.
15 ၁၅ လက်တော်ဖြင့်တို့ထိတော်မူစေရန်လူအချို့တို့ သည်မိမိတို့၏ကလေးသူငယ်များကိုအထံ တော်သို့ခေါ်ဆောင်ခဲ့ကြသည်ကို တပည့်တော် တို့မြင်လျှင်ထိုသူတို့အားအပြစ်တင်ကြ၏။-
Le presentaban también los niños para que los tocara. Al ver esto, los discípulos los reprendían.
16 ၁၆ သို့ရာတွင်သခင်ယေရှုသည်ကလေးတို့ကို ခေါ်လျက် ``ကလေးသူငယ်တို့ငါ့ထံသို့လာ ကြပါစေ။ မဆီးတားကြနှင့်၊ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏နိုင်ငံတော်သည် ထို သို့သောသူတို့၏နိုင်ငံဖြစ်သောကြောင့်တည်း။-
Pero Jesús los llamó y les dijo: Dejen que los niños vengan a Mí, y no se lo impidan, porque de ellos es el reino de Dios.
17 ၁၇ အမှန်အကန်သင်တို့အားငါဆိုသည်ကား ကလေးသူငယ်ကဲ့သို့ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူလျှင် နိုင်ငံတော်သို့ဝင်ရ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
En verdad les digo: El que no reciba el reino de Dios como un niño, que de ningún modo entre en él.
18 ၁၈ ယုဒအမျိုးသားအရာရှိတစ်ယောက် က ``ကောင်းမြတ်တော်မူသောဆရာ၊ ထာဝရ အသက်ကိုရအံ့ငှာအကျွန်ုပ်သည်အဘယ် အရာကိုပြုရပါမည်နည်း'' ဟုကိုယ်တော် အားမေးလျှောက်၏။ (aiōnios )
Un dignatario le preguntó: Maestro bueno, ¿qué hago para heredar [la] vida eterna? (aiōnios )
19 ၁၉ သခင်ယေရှုက ``သင်သည်အဘယ်ကြောင့်ငါ့ ကိုကောင်းမြတ်သည်ဟုခေါ်သနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။-
Jesús le preguntó: ¿Por qué me llamas bueno? Nadie es bueno, sino uno solo: Dios.
20 ၂၀ သင်သည်ပညတ်တော်တို့ကိုသိသည်မဟုတ် လော။ `သူ့အိမ်ရာကိုမပြစ်မှားနှင့်။ လူ့အသက် ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။ မိဘကိုရိုသေသမှုပြု လော့'' ဟုမိန့်တော်မူ၏။
Sabes los Mandamientos: No adulteres, no asesines, no robes, no des falso testimonio, honra a tu padre y a tu madre.
21 ၂၁ ထိုသူက ``ဤပညတ်များကိုအကျွန်ုပ်သည် ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုလျှောက် ၏။
Y él respondió: Todo esto guardé desde [la] juventud.
22 ၂၂ ထိုစကားကိုကြားတော်မူလျှင်သခင်ယေရှု က ``သင်သည်ပြုလုပ်ရန်တစ်ခုလိုသေး၏။ သင့် ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသူတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင်သင်သည် ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့ စွန့်ကြဲပြီးနောက်ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
Cuando Jesús lo oyó le dijo: Aún te falta uno: Vende todo lo que tienes. Repártelo a los pobres y tendrás un tesoro en [el] cielo. Y ven, sígueme.
23 ၂၃ ထိုသူကားဥစ္စာများစွာကြွယ်ဝသူဖြစ်သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါအလွန် ပင်စိတ်ညှိုးငယ်သွားလေ၏။
Cuando oyó esto se entristeció profundamente porque era muy rico.
24 ၂၄ ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။-
Jesús lo miró y dijo: ¡Cuán difícilmente entran los ricos en el reino de Dios!
25 ၂၅ အပ်နဖားကိုကုလားအုတ်လျှိုဝင်ရန်လွယ် ကောင်းလွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံ တော်သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားမလွယ် ကူ'' ဟုမိန့်တော်မူ၏။
Es más fácil pasar un camello por un ojo de aguja que entrar un rico en el reino de Dios.
26 ၂၆ ထိုစကားကိုကြားကြသောသူတို့က ``ဤသို့ ဖြစ်ပါမူအဘယ်သူသည်ကယ်တင်ခြင်းကိုရ နိုင်ပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
Entonces los que lo oyeron le preguntaron: ¿Quién puede ser salvo?
27 ၂၇ ကိုယ်တော်က ``လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏'' ဟုမိန့်တော် မူ၏။
Y Él respondió: Lo imposible para [los] hombres es posible para Dios.
28 ၂၈ ပေတရုက ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် မိမိတို့၏အိုးအိမ်ကိုစွန့်၍ ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ'' ဟုလျှောက်၏။
Luego Pedro le dijo: Mira: Nosotros dejamos todo y te seguimos.
29 ၂၉ ကိုယ်တော်က ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကားဘုရားသခင်၏နိုင်ငံတော်အတွက် မိမိ၏အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ် ကိုဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေစွန့် သောသူသည်၊-
Entonces Él les contestó: En verdad les digo que nadie hay que deje casa, esposa, hermanos, padres o hijos por causa del reino de Dios
30 ၃၀ ဤဘဝ၌အဆပေါင်းများစွာသောအကျိုး ခံစားရသည်သာမက နောင်ဘဝ၌လည်း ထာဝရအသက်ကိုရလိမ့်မည်'' ဟုမိန့်တော် မူ၏။ (aiōn , aiōnios )
que no reciba muchas veces más en este tiempo, y en la era que viene, [la] vida eterna. (aiōn , aiōnios )
31 ၃၁ သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် ``နားထောင်ကြလော့။ ငါ တို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက် ရှိကြ၏။ လူသားအကြောင်းနှင့်ပတ်သက်၍ ပရောဖက်များဖော်ပြခဲ့သည့်အမှုအရာ အလုံးစုံတို့သည်ဖြစ်ပျက်ရလိမ့်မည်။-
[Jesús] tomó consigo a los 12 y les dijo: Miren, subimos a Jerusalén. Se cumplirán todas las cosas que fueron escritas por los profetas con respecto al Hijo del Hombre.
32 ၃၂ လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။-
Porque será entregado a los gentiles, ridiculizado, maltratado, escupido,
33 ၃၃ ကြိမ်ဒဏ်ပေး၍အသေသတ်ကြလိမ့်မည်။ ထို နောက်သုံးရက်မြောက်သောနေ့၌လူသားသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
y después de azotarlo, lo asesinarán. Pero al tercer día será resucitado.
34 ၃၄ သို့ရာတွင်တပည့်တော်တို့သည်ကိုယ်တော်၏ စကားတစ်ခွန်းကိုမျှနားမလည်ကြ။ ထို စကားများ၏အနက်အဋ္ဌိပ္ပါယ်သည်ကွယ်ဝှက် လျက်နေသဖြင့် ကိုယ်တော်၏မိန့်တော်မူချက် ကိုနားမလည်ကြ။
Ellos nada de esto entendieron. Esta Palabra era oculta de ellos. No entendían lo que se les decía.
35 ၃၅ သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။-
Cuando [Él] se acercó a Jericó, un ciego estaba sentado junto al camino y mendigaba.
36 ၃၆ သူသည်လူပရိသတ်များသွားကြသံကို ကြားလျှင်အကြောင်းကိုစုံစမ်းမေးမြန်း၏။
Al oír que pasaba una multitud, preguntaba qué sería aquello,
37 ၃၇ လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။
y le informaron: Que viene Jesús el Nazareno.
38 ၃၈ ထိုသူက ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ် ကိုသနားတော်မူပါ'' ဟုဟစ်အော်၏။
Entonces gritó: ¡Jesús, Hijo de David, ten misericordia de mí!
39 ၃၉ ရှေ့တွင်ရှိသည့်လူများကသူ့အားတိတ်တိတ် နေရန်ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။
Y los que iban delante lo reprendían para que callara. Pero él gritaba mucho más: ¡Hijo de David, ten misericordia de mí!
40 ၄၀ သို့ဖြစ်၍သခင်ယေရှုသည်ရပ်တန့်တော်မူ လျက် ``ထိုသူအားခေါ်ခဲ့ပါ'' ဟုမိန့်တော်မူ၏။ ထိုသူသည်အနီးသို့ရောက်လျှင်၊-
Entonces Jesús se detuvo y pidió que se lo trajeran. Cuando se acercó, le preguntó:
41 ၄၁ ကိုယ်တော်က ``သင့်အတွက်အဘယ်အရာကို ပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်၊ အကျွန်ုပ်အားမျက်စိ မြင်စေတော်မူပါ'' ဟုလျှောက်၏။
¿Qué quieres que te haga? Y él contestó: Señor, que vea.
42 ၄၂ သခင်ယေရှုက ``မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည်သင့်မျက်စိကိုမြင်စေပြီ'' ဟုမိန့်တော်မူ၏။
Jesús le ordenó: Ve. Tu fe te salvó.
43 ၄၃ ထိုခဏ၌သူသည်မျက်စိမြင်လာ၏။ ထိုနောက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး လျက် ကိုယ်တော်၏နောက်သို့လိုက်လေ၏။ ထိုအခြင်း အရာကိုမြင်လျှင် လူအပေါင်းတို့သည်ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။
Al instante vio. Lo seguía y glorificaba a Dios. Cuando todo el pueblo lo vio, alabó a Dios.