< လုကာ 15 >
1 ၁ အခွန်ခံသူများနှင့်အပယ်ခံသူအပေါင်း တို့သည် ကိုယ်တော်၏တရားတော်ကိုကြားနာ ရန်အထံတော်သို့ချဉ်းကပ်ကြ၏။-
Y SE llegaban á él todos los publicanos y pecadores á oirle.
2 ၂ ဖာရိရှဲများနှင့်ကျမ်းတတ်ဆရာများက ``ဤ သူသည်အပြစ်ကူးသူများအားလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား'' ဟုညည်းတွားပြောဆိုကြ၏။-
Y murmuraban los Fariséos y los escribas, diciendo: Este á los pecadores recibe, y con ellos come.
3 ၃ ထိုအခါကိုယ်တော်သည်ပုံဥပမာဆောင်၍၊
Y él les propuso esta parábola, diciendo:
4 ၄ ``သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် သိုးအကောင်တစ်ရာရှိ၍တစ်ကောင်ပျောက် လျှင်မည်သို့ပြုမည်နည်း။ သူသည်ကျန်ကိုးဆယ့် ကိုးကောင်ကိုစားကျက်တွင်ထားခဲ့၍ ပျောက် သောသိုးကိုမတွေ့မချင်းရှာမည်မဟုတ် လော။-
¿Qué hombre de vosotros, teniendo cien ovejas, si perdiere una de ellas, no deja las noventa y nueve en el desierto, y va á la que se perdió, hasta que la halle?
5 ၅ ထိုသိုးကိုတွေ့သောအခါ ရွှင်လန်းဝမ်းမြောက် စွာဖြင့်ပခုံးထက်တွင်တင်၍ထမ်းလာလိမ့် မည်။-
Y hallada, [la] pone sobre sus hombros gozoso;
6 ၆ အိမ်သို့ပြန်ရောက်သောအခါမိတ်ဆွေနှင့်အိမ်နီး ချင်းတို့ကိုခေါ်ကာ`ပျောက်သောသိုးကိုငါပြန် တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်းမြောက်ကြလော့' ဟုဆိုလိမ့်မည်။-
Y viniendo á casa junta á los amigos y á los vecinos, diciéndoles: Dadme el parabien: porque he hallado mi oveja que se habia perdido.
7 ၇ ထိုနည်းတူစွာနောင်တရရန်မလိုသောဂုဏ် အသရေရှိသူကိုးဆယ့်ကိုးယောက်အတွက် ထက် အပြစ်ကူးသူတစ်ယောက်နောင်တရသည့် အတွက်ကောင်းကင်ဘုံတွင်ပို၍ရွှင်လန်းဝမ်း မြောက်ခြင်းရှိလိမ့်မည်ဟုငါဆိုသည်။
Os digo, que así habrá [más] gozo en el cielo de un pecador que se arrepiente, que de noventa y nueve justos, que no necesitan arrepentimiento.
8 ၈ ``တစ်နည်းကား၊ အမျိုးသမီးတစ်ဦးသည်မိမိ မှာရှိသည့်ဒင်္ဂါးဆယ်ပြားအနက်တစ်ပြားပျောက် သွား၏။ ထိုအခါသူသည်မီးထွန်း၍ အိမ်ကို လှည်းကျင်းကာမတွေ့မချင်းသေချာစွာရှာ မည်မဟုတ်လော။-
¿O qué mujer que tiene diez dracmas, si perdiere una dracma, no enciende el candil y barre la casa. y busca con diligencia hasta hallar[la?]
9 ၉ သူသည်ထိုဒင်္ဂါးကိုတွေ့သောအခါမိတ်ဆွေနှင့် အိမ်နီးချင်းတို့ကိုခေါ်၍`ပျောက်သွားသောဒင်္ဂါး ကိုငါပြန်တွေ့ပြီ။ ငါနှင့်အတူရွှင်လန်းဝမ်း မြောက်ကြလော့' ဟုဆိုလိမ့်မည်။-
Y cuando [la] hubiere hallado, junta las amigas y las vecinas, diciendo: Dadme el parabien, porque he hallado la dracma que habia perdido.
10 ၁၀ ထိုနည်းတူစွာဘုရားသခင်၏ကောင်းကင်တမန် များသည် အပြစ်ကူးသူတစ်ယောက်နောင်တရ ခြင်းအတွက်ရွှင်လန်းဝမ်းမြောက်ကြသည်ဟု ငါဆို၏'' ဟုမိန့်တော်မူ၏။
Así os digo que hay gozo delante de los ángeles de Dios por un pecador que se arrepiente.
11 ၁၁ ကိုယ်တော်က ``လူတစ်ယောက်မှာသားနှစ်ယောက်ရှိ၏။-
Y dijo: Un hombre tenia dos hijos;
12 ၁၂ သားငယ်သည်အဖအား `အဖ၊ ကျွန်တော်ရထိုက် သောအမွေကိုခွဲဝေပေးပါ' ဟုဆို၏။ ထိုအခါ ဖခင်သည် မိမိ၏ဥစ္စာပစ္စည်းများကိုသားနှစ် ယောက်အားခွဲဝေပေး၏။-
Y el menor de ellos dijo á su padre: Padre, dáme la parte de la hacienda que [me] pertenece: y [él] les repartió la hacienda.
13 ၁၃ ထိုနောက်ရက်အနည်းငယ်ကြာသောအခါ သား ငယ်သည်မိမိ၏ဥစ္စာပစ္စည်းအားလုံးရောင်းချ ၍ရသောငွေကိုယူပြီးလျှင် ဝေးလံရပ်ခြား တိုင်းတစ်ပါးသို့ထွက်သွား၏။ သူသည်ထိုပြည် တွင်အပျော်အပါးလိုက်စားကာ မိမိ၏ငွေကို ဖြုန်းတီးပစ်၏။-
Y no muchos dias despues, juntándolo todo el hijo menor, partió lejos á una provincia apartada, y allí desperdició su hacienda viviendo perdidamente.
14 ၁၄ ရှိသမျှငွေကုန်ချိန်၌ထိုပြည်တွင်အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် သဖြင့်သူသည်ငတ်ပြတ်လေ၏။-
Y cuando todo lo hubo malgastado, vino una grande hambre en aquella provincia, y comenzóle á faltar.
15 ၁၅ သို့ဖြစ်၍ထိုပြည်သားတစ်ယောက်ထံတွင်ခိုကိုး ရ၏။ ထိုသူကသူ့အားလယ်တောသို့စေလွှတ် ၍ဝက်များကိုကျောင်းစေ၏။-
Y fué, y se llegó á uno de los ciudadanos de aquella tierra, el cual le envió á su hacienda para que apacentase los puercos.
16 ၁၆ သူသည်ဝက်များစားနေသည့်ပဲတောင့်ကိုပင် စားချင်စိတ်ပေါက်လာ၏။ သို့သော်သူ့အားစား စရာတစ်စုံတစ်ခုကိုမျှပေးမည့်သူမရှိ။-
Y deseaba henchir su vientre de las algarrobas que comian los puercos; mas nadie se [las] daba.
17 ၁၇ ထိုအခါသူသည်အမြင်မှန်ရရှိလာသဖြင့်`ငါ့ အဖ၏လုပ်သားအားလုံးပင်ဝစွာစားရကြ၏။ ငါမူကားဤအရပ်တွင်ငတ်ပြတ်လျက်နေပါ ပြီတကား။-
Y volviendo en sí, dijo: ¡Cuántos jornaleros en casa de mi padre tienen abundancia de pan, y yo aquí perezco de hambre!
18 ၁၈ ငါထ၍အဖထံသို့သွားပြီးလျှင်`အဖ၊ ကျွန်တော် သည်ဘုရားသခင်ကိုလည်းကောင်း၊ အဖကိုလည်း ကောင်းပြစ်မှားမိပါပြီ။-
Me levantaré, é iré á mi padre, y le diré: Padre, he pecado contra el cielo, y contra tí;
19 ၁၉ အဖ၏သားဟူ၍ပင်အခေါ်မခံထိုက်တော့ပါ ဟုငါပြောမည်' ဟူ၍ဆို၏။-
Ya no soy digno de ser llamado tu hijo; hazme como á uno de tus jornaleros.
20 ၂၀ ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
Y levantándose, vino á su padre. Y como aun estuviese lejos, viólo su padre, y fué movido á misericordia, y corrió, y echóse sobre su cuello, y besóle.
21 ၂၁ သားဖြစ်သူက `အဖ၊ ကျွန်တော်သည်ဘုရားသခင် ကိုလည်းကောင်း၊ အဖကိုလည်းကောင်းပြစ်မှားမိ ပါပြီ။ သို့ဖြစ်၍အဖ၏သားဟူ၍ပင်အခေါ် မခံထိုက်တော့ပါ' ဟုဆို၏။-
Y el hijo le dijo: Padre, he pecado contra el cielo, y contra tí, y ya no soy digno de ser llamado tu hijo.
22 ၂၂ ဖခင်က `အကောင်းဆုံးသောဝတ်လုံကိုအမြန် ယူခဲ့၍သူ့အားဝတ်ပေးကြ။ သူ၏လက်၌လက် စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။-
Mas el padre dijo á sus siervos: Sacad el principal vestido, y vestidle, y poned un anillo en su mano, y zapatos en sus piés;
23 ၂၃ ဆူဖြိုးအောင်ကျွေးထားသည့်နွားကလေးကို သတ်ကြ။ ငါတို့ပျော်ရွှင်စွာစားကြကုန်အံ့။-
Y traed el becerro grueso, y matad[lo, ] y comamos, y hagamos fiesta.
24 ၂၄ ငါ့သားသည်ယခင်ကသေသော်လည်းယခု ပြန်၍အသက်ရှင်လာပြီ။ ယခင်ကပျောက်ဆုံး သော်လည်းယခုပြန်၍တွေ့ပြီ' ဟုမိမိ၏လုပ် သားတို့အားဆို၏။ ထိုနောက်သူတို့သည်ပျော် ရွှင်ပွဲကိုဆင်နွှဲကြကုန်၏။
Porque este mi hijo muerto era, y ha revivido; habíase perdido, y es hallado. Y comenzaron á regocijarse.
25 ၂၅ ``သို့ရာတွင်ထိုအချိန်၌သားကြီးဖြစ်သူသည် လယ်တောတွင်ရောက်ရှိနေ၏။ သူပြန်လာ၍အိမ် အနီးသို့ရောက်သောအခါတီးမှုတ်သံနှင့်က ခုန်သံကိုကြားရ၏။-
Y su hijo el mayor estaba en el campo; el cual como vino, y llegó cerca de casa, oyó la sinfonía y las danzas;
26 ၂၆ ထိုအခါလုပ်သားတစ်ယောက်ကိုခေါ်၍ `ဤ အခြင်းအရာကအဘယ်နည်း' ဟုမေး၏။-
Y llamando uno de los criados, preguntóle qué era aquello.
27 ၂၇ လုပ်သားက `အရှင်၏ညီသည်ဘေးမဲ့လုံခြုံစွာ ပြန်ရောက်လာသဖြင့် အရှင့်ဖခင်သည်ဆူဖြိုး အောင်ကျွေးထားသောနွားကလေးတစ်ကောင် ကိုသတ်ပါ၏' ဟုဆို၏။-
Y él le dijo: Tu hermano ha venido; y tu padre ha muerto el becerro grueso, por haberle recibido salvo.
28 ၂၈ သားကြီးသည်စိတ်ဆိုးလျက်အိမ်ထဲသို့မဝင် ဘဲနေ၏။ ဖခင်သည်အပြင်သို့ထွက်လာ၍ သားကြီးအားအိမ်ထဲသို့ဝင်ရန်ဖျောင်းဖျ၏။-
Entónces [él] se enojó, y no queria entrar. Salió por tanto su padre, y le rogaba [que entrase.]
29 ၂၉ သားကြီးက `ကျွန်တော်သည်နှစ်ပေါင်းများစွာ အဖ၏အစေကိုခံခဲ့ပါ၏။ အဖ၏အမိန့်ကို အဘယ်အခါကမျှမလွန်ဆန်ခဲ့ဘူးပါ။ သို့ ရာတွင်သူငယ်ချင်းများနှင့်အတူကျွန်တော် ပျော်ပွဲစားရန် အဖသည်အဘယ်အခါကမျှ ဆိတ်ကလေးတစ်ကောင်ကိုမျှမပေးခဲ့ပါ။-
Mas él respondiendo, dijo al padre: Hé aquí, tantos años [há que] te sirvo, no habiendo traspasado jamás tu mandamiento, y nunca me has dado un cabrito para gozarme con mis amigos.
30 ၃၀ အဖ၏ဥစ္စာပစ္စည်းများကိုပြည့်တန်ဆာများ နှင့်ပျော်ပါးဖြုန်းတီးပစ်သည့်သားပြန်လာ သောအခါ၌မူ သူ့အတွက်ဆူဖြိုးအောင် ကျွေးထားသောနွားကလေးကိုသတ်ပါ သည်တကား' ဟုဆို၏။-
Mas cuando vino este tu hijo, que ha consumido tu hacienda con rameras has matado para él el becerro grueso.
31 ၃၁ အဖဖြစ်သူက `ငါ့သား၊ သင်သည်ငါနှင့်အတူ အမြဲနေ၏။ ငါ့ဥစ္စာပစ္စည်းရှိသမျှကိုသင်ပိုင်၏။-
El entónces le dijo: Hijo, tú siempre estás conmigo, y todas mis cosas son tuyas.
32 ၃၂ သင့်ညီသည်ယခင်ကသေသော်လည်း ယခုပြန်၍ အသက်ရှင်လာ၏။ ယခင်ကသူ့ကိုပျောက်ဆုံးခဲ့ သော်လည်း ယခုပြန်၍တွေ့ရ၏။ သို့ဖြစ်၍ငါတို့ သည်ဝမ်းမြောက်လျက်ပျော်ပွဲကိုဆင်နွှဲရကြ ၏' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။
Mas era menester hacer fiesta y holgar[nos, ] porque este tu hermano muerto era, y ha revivido; habíase perdido, y es hallado.