< လုကာ 15 >

1 အ​ခွန်​ခံ​သူ​များ​နှင့်​အ​ပယ်​ခံ​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ ရန်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။-
Na ka whakatata ki a ia nga pupirikana katoa me nga tangata hara, ki te whakarongo ki a ia.
2 ဖာ​ရိ​ရှဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​က ``ဤ သူ​သည်​အ​ပြစ်​ကူး​သူ​များ​အား​လက်​ခံ​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည်​တ​ကား'' ဟု​ညည်း​တွား​ပြော​ဆို​ကြ​၏။-
A ka amuamu nga Parihi, me nga karaipi, ka mea, E manako ana tenei tangata ki nga tangata hara, e kai tahi ana me ratou.
3 ထို​အ​ခါ​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊
Na ka korerotia e ia tenei kupu whakarite ki a ratou, a ka mea,
4 ``သင်​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သိုး​အ​ကောင်​တစ်​ရာ​ရှိ​၍​တစ်​ကောင်​ပျောက် လျှင်​မည်​သို့​ပြု​မည်​နည်း။ သူ​သည်​ကျန်​ကိုး​ဆယ့် ကိုး​ကောင်​ကို​စား​ကျက်​တွင်​ထား​ခဲ့​၍ ပျောက် သော​သိုး​ကို​မ​တွေ့​မ​ချင်း​ရှာ​မည်​မ​ဟုတ် လော။-
Ko tehea tangata o koutou he rau ana hipi, a ka ngaro tetahi o ratou, e kore ianei e waiho e ia nga mea e iwa tekau ma iwa i te koraha, a ka haere ki taua mea i ngaro, kia kitea ra ano?
5 ထို​သိုး​ကို​တွေ့​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက် စွာ​ဖြင့်​ပ​ခုံး​ထက်​တွင်​တင်​၍​ထမ်း​လာ​လိမ့် မည်။-
A ka kitea, ka waha i runga i ona pokohiwi, ka koa.
6 အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ​မိတ်​ဆွေ​နှင့်​အိမ်​နီး ချင်း​တို့​ကို​ခေါ်​ကာ`ပျောက်​သော​သိုး​ကို​ငါ​ပြန် တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။-
A, no ka tae ki te whare, ka karangatia ona hoa me nga tangata e noho tata ana, ka mea ki a ratou, Kia hari tahi tatou; kua kitea hoki taku hipi i ngaro.
7 ထို​နည်း​တူ​စွာ​နောင်​တ​ရ​ရန်​မ​လို​သော​ဂုဏ် အ​သ​ရေ​ရှိ​သူ​ကိုး​ဆယ့်​ကိုး​ယောက်​အ​တွက် ထက် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ​သည့် အ​တွက်​ကောင်း​ကင်​ဘုံ​တွင်​ပို​၍​ရွှင်​လန်း​ဝမ်း မြောက်​ခြင်း​ရှိ​လိမ့်​မည်​ဟု​ငါ​ဆို​သည်။
Ko taku kupu tenei ki a koutou, ka pera ano te hari i te rangi mo te tangata hara kotahi ina ripeneta, nui atu i te hari mo nga tangata tika e iwa tekau ma iwa, kahore nei o ratou mea e ripeneta ai.
8 ``တစ်​နည်း​ကား၊ အ​မျိုး​သ​မီး​တစ်​ဦး​သည်​မိ​မိ မှာ​ရှိ​သည့်​ဒင်္ဂါး​ဆယ်​ပြား​အ​နက်​တစ်​ပြား​ပျောက် သွား​၏။ ထို​အ​ခါ​သူ​သည်​မီး​ထွန်း​၍ အိမ်​ကို လှည်း​ကျင်း​ကာ​မ​တွေ့​မ​ချင်း​သေ​ချာ​စွာ​ရှာ မည်​မ​ဟုတ်​လော။-
Ko tehea wahine ranei, kotahi tekau nei ana moni hiriwa, ki te ngaro tetahi, e kore ianei ia e tahu i te rama, e tahi i te whare, e rapu marie, kia kitea ra ano?
9 သူ​သည်​ထို​ဒင်္ဂါး​ကို​တွေ့​သော​အ​ခါ​မိတ်​ဆွေ​နှင့် အိမ်​နီး​ချင်း​တို့​ကို​ခေါ်​၍`ပျောက်​သွား​သော​ဒင်္ဂါး ကို​ငါ​ပြန်​တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။-
A, no ka kitea, ka karangatia e ia ona hoa me te hunga e noho tata ana, ka mea, kia hari tahi me ahau, kua kitea hoki taku moni i ngaro ra.
10 ၁၀ ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် များ​သည် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ ခြင်း​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သည်​ဟု ငါ​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
Waihoki, ko taku kupu tenei ki a koutou, he hari kei te aroaro o nga anahera a te Atua mo te tangata hara kotahi ina ripeneta.
11 ၁၁ ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။-
I mea ano ia, Tokorua nga tama a tetahi tangata:
12 ၁၂ သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။-
Ka mea to muri o raua ki tona papa, E pa, homai ki ahau te whai taonga e wehea e koe moku. Na, ka wehewehea e ia ki a raua tona oranga.
13 ၁၃ ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။-
A kihai i maha nga ra, ka kohikohia e te tama o muri nga mea katoa, a haere ana ki te whenua tawhiti, maumauria ana ona taonga ki reira, he toreretanga ki te kino.
14 ၁၄ ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။-
A, no ka poto ana mea katoa, ka pa te matekai ki taua whenua, a ka timata ia te rawakore.
15 ၁၅ သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။-
Na ka haere ia, ka piri ki tetahi o nga tangata o taua whenua; ka tonoa e ia ki ana mara ki te whangai poaka.
16 ၁၆ သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။-
I hiahia hoki ia kia whakakiia tona kopu ki nga kiri e kainga ana e nga poaka: heoi kihai i hoatu e tetahi ki a ia.
17 ၁၇ ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။-
No te hokinga ake ia o ona whakaaro, ka mea ia, Ano te tini o nga kaimahi a toku papa, he nui noa atu a ratou taro, ko ahau ia ka ngaro i te kaikore!
18 ၁၈ ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။-
Ka whakatika ahau, ka haere ki toku matua, ka mea ki a ia, E pa, kua hara ahau ki te rangi, ki tou aroaro ano,
19 ၁၉ အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။-
A heoi ano tikanga kia kiia ahau he tama nau: meinga ahau kia rite ki tetahi o au kaimahi.
20 ၂၀ ထို​နောက်​သူ​သည်​ထ​၍​ဖ​ခင်​ထံ​သို့​ပြန်​သွား​လေ​၏။ ``အ​ဝေး​၌​ပင်​ရှိ​နေ​စဉ်​ဖ​ခင်​သည်​သူ့​ကို​မြင် သော်​သ​နား​သ​ဖြင့် ပြေး​၍​ဖက်​ပြီး​လျှင်​နမ်း​ရှုပ် လေ​၏။-
Na ka whakatika ia, a haere ana ki tona matua. Na, i a ia ano i tawhiti, ka kite tona matua i a ia, ka aroha, ka oma, hinga iho ki tona kaki, kihi ana i a ia.
21 ၂၁ သား​ဖြစ်​သူ​က `အ​ဖ၊ ကျွန်​တော်​သည်​ဘု​ရား​သ​ခင် ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း​ကောင်း​ပြစ်​မှား​မိ ပါ​ပြီ။ သို့​ဖြစ်​၍​အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်​တော့​ပါ' ဟု​ဆို​၏။-
Na ko te meatanga a te tama ki a ia, E pa, kua hara ahau ki te rangi, ki tou aroaro ano, a heoi ano tikanga kia kiia ahau he tama nau.
22 ၂၂ ဖ​ခင်​က `အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို​အ​မြန် ယူ​ခဲ့​၍​သူ့​အား​ဝတ်​ပေး​ကြ။ သူ​၏​လက်​၌​လက် စွပ်​ကို​ဆင်​ပေး​ကြ။ ဖိ​နပ်​ကို​စီး​ပေး​ကြ။-
Na ka mea te matua ki ana pononga, Kia hohoro te mau mai i te kakahu pai rawa, a ka whakakakahu ki a ia; homai hoki he mowhiti mo tona ringa, he hu hoki mo ona waewae:
23 ၂၃ ဆူ​ဖြိုး​အောင်​ကျွေး​ထား​သည့်​နွား​က​လေး​ကို သတ်​ကြ။ ငါ​တို့​ပျော်​ရွှင်​စွာ​စား​ကြ​ကုန်​အံ့။-
Kawea mai ano te kuao kau, te mea whangai, patua; kia kai tatou, kia koa te ngakau;
24 ၂၄ ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။
Ko tenei tama hoki aku i mate, a kua ora; i ngaro, a kua kitea. A ka anga ratou ka koa.
25 ၂၅ ``သို့​ရာ​တွင်​ထို​အ​ချိန်​၌​သား​ကြီး​ဖြစ်​သူ​သည် လယ်​တော​တွင်​ရောက်​ရှိ​နေ​၏။ သူ​ပြန်​လာ​၍​အိမ် အ​နီး​သို့​ရောက်​သော​အ​ခါ​တီး​မှုတ်​သံ​နှင့်​က ခုန်​သံ​ကို​ကြား​ရ​၏။-
Na kei te mara tana tama matamua: a, no tona haerenga mai, ka whakatata ki te whare, ka rongo i te waiata, i te kanikani.
26 ၂၆ ထို​အ​ခါ​လုပ်​သား​တစ်​ယောက်​ကို​ခေါ်​၍ `ဤ အ​ခြင်း​အ​ရာ​က​အ​ဘယ်​နည်း' ဟု​မေး​၏။-
Na karangatia ana e ia tetahi o nga kaimahi, ka ui atu, he aha ra enei mea.
27 ၂၇ လုပ်​သား​က `အ​ရှင်​၏​ညီ​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​ရောက်​လာ​သ​ဖြင့် အ​ရှင့်​ဖ​ခင်​သည်​ဆူ​ဖြိုး အောင်​ကျွေး​ထား​သော​နွား​က​လေး​တစ်​ကောင် ကို​သတ်​ပါ​၏' ဟု​ဆို​၏။-
Na ka mea mai tera ki a ia, Kua tae mai tou teina; kua patua e tou matua te kuao momona a te kau, no te mea kua tae ora mai ia ki a ia.
28 ၂၈ သား​ကြီး​သည်​စိတ်​ဆိုး​လျက်​အိမ်​ထဲ​သို့​မ​ဝင် ဘဲ​နေ​၏။ ဖ​ခင်​သည်​အ​ပြင်​သို့​ထွက်​လာ​၍ သား​ကြီး​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖျောင်း​ဖျ​၏။-
Na ka riri ia, kihai hoki i pai kia haere ki roto: me i reira ka haere atu tona matua ki waho, ka tohe ki a ia.
29 ၂၉ သား​ကြီး​က `ကျွန်​တော်​သည်​နှစ်​ပေါင်း​များ​စွာ အ​ဖ​၏​အ​စေ​ကို​ခံ​ခဲ့​ပါ​၏။ အ​ဖ​၏​အ​မိန့်​ကို အ​ဘယ်​အ​ခါ​က​မျှ​မ​လွန်​ဆန်​ခဲ့​ဘူး​ပါ။ သို့ ရာ​တွင်​သူ​ငယ်​ချင်း​များ​နှင့်​အ​တူ​ကျွန်​တော် ပျော်​ပွဲ​စား​ရန် အ​ဖ​သည်​အ​ဘယ်​အ​ခါ​က​မျှ ဆိတ်​က​လေး​တစ်​ကောင်​ကို​မျှ​မ​ပေး​ခဲ့​ပါ။-
Na ka whakahoki ia, ka mea ki tona matua, Nana, te tini o nga tau i mahi ai ahau ki a koe, kahore rawa hoki i takatakahi i tau kupu: heoi kahore rawa i homai e koe ki ahau he kuao koati, kia koa tahi ai ahau me oku hoa:
30 ၃၀ အ​ဖ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြည့်​တန်​ဆာ​များ နှင့်​ပျော်​ပါး​ဖြုန်း​တီး​ပစ်​သည့်​သား​ပြန်​လာ သော​အ​ခါ​၌​မူ သူ့​အ​တွက်​ဆူ​ဖြိုး​အောင် ကျွေး​ထား​သော​နွား​က​လေး​ကို​သတ်​ပါ သည်​တ​ကား' ဟု​ဆို​၏။-
Otira, i te taenga mai o tenei tama au, i pau nei tou oranga i a ia, ratou tahi ko nga wahine kairau, kua patua e koe te kuao momona a te kau mana.
31 ၃၁ အ​ဖ​ဖြစ်​သူ​က `ငါ့​သား၊ သင်​သည်​ငါ​နှင့်​အ​တူ အ​မြဲ​နေ​၏။ ငါ့​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​သင်​ပိုင်​၏။-
Na ka mea tera ki a ia, E tama, kei ahau tonu koe, amu hoki aku mea katoa.
32 ၃၂ သင့်​ညီ​သည်​ယ​ခင်​က​သေ​သော်​လည်း ယ​ခု​ပြန်​၍ အ​သက်​ရှင်​လာ​၏။ ယ​ခင်​က​သူ့​ကို​ပျောက်​ဆုံး​ခဲ့ သော်​လည်း ယ​ခု​ပြန်​၍​တွေ့​ရ​၏။ သို့​ဖြစ်​၍​ငါ​တို့ သည်​ဝမ်း​မြောက်​လျက်​ပျော်​ပွဲ​ကို​ဆင်​နွှဲ​ရ​ကြ ၏' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
He tika ia kia koa tatou, kia hari: i mate hoki tou teina nei, a kua ora; i ngaro, a kua kitea.

< လုကာ 15 >