< လုကာ 10 >
1 ၁ ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။-
tataḥ paraṁ prabhuraparān saptatiśiṣyān niyujya svayaṁ yāni nagarāṇi yāni sthānāni ca gamiṣyati tāni nagarāṇi tāni sthānāni ca prati dvau dvau janau prahitavān|
2 ၂ ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများစွာရှိ၏။ သို့ရာတွင်ကောက်ရိတ်သူများကားနည်းလှ၏။ သို့ဖြစ်၍ကောက်ရိတ်သမားများပိုမိုစေလွှတ် ပေးရန်စပါးရှင်အားဆုတောင်းကြလော့။-
tebhyaḥ kathayāmāsa ca śasyāni bahūnīti satyaṁ kintu chedakā alpe; tasmāddhetoḥ śasyakṣetre chedakān aparānapi preṣayituṁ kṣetrasvāminaṁ prārthayadhvaṁ|
3 ၃ သွားကြ၊ ဝံပုလွေစုထဲသို့သိုးသူငယ်များအား စေလွှတ်သကဲ့သို့သင်တို့အားငါစေလွှတ်၏။-
yūyaṁ yāta, paśyata, vṛkāṇāṁ madhye meṣaśāvakāniva yuṣmān prahiṇomi|
4 ၄ သင်တို့သည်ပိုက်ဆံအိတ်၊ လွယ်အိတ်၊ ဖိနပ်တို့ကို ယူမသွားကြနှင့်။ လမ်းမှာရပ်၍မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။-
yūyaṁ kṣudraṁ mahad vā vasanasampuṭakaṁ pādukāśca mā gṛhlīta, mārgamadhye kamapi mā namata ca|
5 ၅ သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။-
aparañca yūyaṁ yad yat niveśanaṁ praviśatha tatra niveśanasyāsya maṅgalaṁ bhūyāditi vākyaṁ prathamaṁ vadata|
6 ၆ ထိုအိမ်တွင်ငြိမ်သက်မှုကိုလိုလားသူရှိလျှင် သင်တို့ပို့သသည့်မေတ္တာကိုထိုသူခံစားရ လိမ့်မည်။ ထိုသို့သောသူတစ်စုံတစ်ယောက်မျှ မရှိပါမူသင်တို့ပို့သည့်မေတ္တာသည်သင်တို့ ၏ထံသို့ပြန်လာလိမ့်မည်။-
tasmāt tasmin niveśane yadi maṅgalapātraṁ sthāsyati tarhi tanmaṅgalaṁ tasya bhaviṣyati, nocet yuṣmān prati parāvarttiṣyate|
7 ၇ သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။-
aparañca te yatkiñcid dāsyanti tadeva bhuktvā pītvā tasminniveśane sthāsyatha; yataḥ karmmakārī jano bhṛtim arhati; gṛhād gṛhaṁ mā yāsyatha|
8 ၈ သင်တို့အားကြိုဆိုလက်ခံသောမြို့တွင်သင် တို့အားကျွေးမွေးသမျှတို့ကိုစားကြလော့။-
anyacca yuṣmāsu kimapi nagaraṁ praviṣṭeṣu lokā yadi yuṣmākam ātithyaṁ kariṣyanti, tarhi yat khādyam upasthāsyanti tadeva khādiṣyatha|
9 ၉ ထိုမြို့ရှိသူနာများကိုရောဂါပျောက်ကင်းစေ ကြလော့။ ထိုနောက်သူတို့တွင်ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်နီးပြီဖြစ်ကြောင်းပြော ကြားကြလော့။-
tannagarasthān rogiṇaḥ svasthān kariṣyatha, īśvarīyaṁ rājyaṁ yuṣmākam antikam āgamat kathāmetāñca pracārayiṣyatha|
10 ၁၀ သင်တို့ကိုမကြိုဆိုလက်မခံသောမြို့တွင် လမ်းများပေါ်သို့ထွက်၍ ဤသို့ပြောကြလော့၊-
kintu kimapi puraṁ yuṣmāsu praviṣṭeṣu lokā yadi yuṣmākam ātithyaṁ na kariṣyanti, tarhi tasya nagarasya panthānaṁ gatvā kathāmetāṁ vadiṣyatha,
11 ၁၁ `သင်တို့အားသတိပေးသည့်အနေဖြင့်ငါတို့ ခြေတွင်ကပ်သည့်သင်တို့မြို့ကမြေမှုန့်ကိုငါ တို့ခါချ၏။ သို့ရာတွင်ဘုရားသခင်၏နိုင်ငံ တော်သည်သင်တို့၏အနီးသို့ရောက်ရှိပြီဖြစ် ကြောင်းကိုသိမှတ်ကြလော့၊-'
yuṣmākaṁ nagarīyā yā dhūlyo'smāsu samalagan tā api yuṣmākaṁ prātikūlyena sākṣyārthaṁ sampātayāmaḥ; tathāpīśvararājyaṁ yuṣmākaṁ samīpam āgatam iti niścitaṁ jānīta|
12 ၁၂ ငါဆိုသည်ကားတရားစီရင်တော်မူရာနေ့၌ ဘုရားသခင်သည်ထိုမြို့ထက်ပို၍သောဒုံ မြို့အားကရုဏာထားတော်မူလိမ့်မည်။''
ahaṁ yuṣmabhyaṁ yathārthaṁ kathayāmi, vicāradine tasya nagarasya daśātaḥ sidomo daśā sahyā bhaviṣyati|
13 ၁၃ ``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-
hā hā korāsīn nagara, hā hā baitsaidānagara yuvayormadhye yādṛśāni āścaryyāṇi karmmāṇyakriyanta, tāni karmmāṇi yadi sorasīdono rnagarayorakāriṣyanta, tadā ito bahudinapūrvvaṁ tannivāsinaḥ śaṇavastrāṇi paridhāya gātreṣu bhasma vilipya samupaviśya samakhetsyanta|
14 ၁၄ ဘုရားသခင်သည်တရားစီရင်တော်မူရာ ကာလ၌ သင်တို့ထက်ပို၍တုရုနှင့်ဇိဒုံမြို့ တို့အားကရုဏာထားတော်မူပေအံ့။-
ato vicāradivase yuṣmākaṁ daśātaḥ sorasīdonnivāsināṁ daśā sahyā bhaviṣyati|
15 ၁၅ အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။ (Hadēs )
he kapharnāhūm, tvaṁ svargaṁ yāvad unnatā kintu narakaṁ yāvat nyagbhaviṣyasi| (Hadēs )
16 ၁၆ သခင်ယေရှုသည်တပည့်တော်တို့အား ``သင်တို့ ၏စကားကိုနားထောင်သူသည်ငါ့စကားကို နားထောင်၏။ သင်တို့ကိုပစ်ပယ်သူသည်ငါ့ကို ပစ်ပယ်၏။ ငါ့ကိုပစ်ပယ်သူသည်ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုပစ်ပယ်သည်'' ဟုမိန့် တော်မူ၏။
yo jano yuṣmākaṁ vākyaṁ gṛhlāti sa mamaiva vākyaṁ gṛhlāti; kiñca yo jano yuṣmākam avajñāṁ karoti sa mamaivāvajñāṁ karoti; yo jano mamāvajñāṁ karoti ca sa matprerakasyaivāvajñāṁ karoti|
17 ၁၇ ခုနစ်ဆယ့်နှစ်ဦးသောတပည့်တော်တို့သည် အလွန် ဝမ်းမြောက်ရွှင်လန်းစွာပြန်လည်ရောက်ရှိလာကြ လျက် ``အရှင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမ တော်အားဖြင့် နတ်မိစ္ဆာများပင်နှိမ်နင်းခဲ့ပါသည်'' ဟု လျှောက်ကြ၏။
atha te saptatiśiṣyā ānandena pratyāgatya kathayāmāsuḥ, he prabho bhavato nāmnā bhūtā apyasmākaṁ vaśībhavanti|
18 ၁၈ ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။-
tadānīṁ sa tān jagāda, vidyutamiva svargāt patantaṁ śaitānam adarśam|
19 ၁၉ မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။-
paśyata sarpān vṛścikān ripoḥ sarvvaparākramāṁśca padatalai rdalayituṁ yuṣmabhyaṁ śaktiṁ dadāmi tasmād yuṣmākaṁ kāpi hāni rna bhaviṣyati|
20 ၂၀ သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
bhūtā yuṣmākaṁ vaśībhavanti, etannimittat mā samullasata, svarge yuṣmākaṁ nāmāni likhitāni santīti nimittaṁ samullasata|
21 ၂၁ ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အားရွှင်လန်းဝမ်းမြောက်စေတော်မူ သဖြင့်ကိုယ်တော်က ``မိုးမြေကိုအစိုးရတော်မူ သောအဖ၊ ကိုယ်တော်သည်အသိပညာရှင်များမှ ထိမ်ဝှက်ထားတော်မူသောအကြောင်းအရာများ ကို ပညာမဲ့သူများအားဖွင့်ပြတော်မူသော ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အဖ ခမည်းတော်၊ ဤသို့ဖြစ်ရခြင်းမှာကိုယ်တော် လိုလားတော်မူသည်အတိုင်းဖြစ်ပါ၏။
tadghaṭikāyāṁ yīśu rmanasi jātāhlādaḥ kathayāmāsa he svargapṛthivyorekādhipate pitastvaṁ jñānavatāṁ viduṣāñca lokānāṁ purastāt sarvvametad aprakāśya bālakānāṁ purastāt prākāśaya etasmāddhetostvāṁ dhanyaṁ vadāmi, he pitaritthaṁ bhavatu yad etadeva tava gocara uttamam|
22 ၂၂ ``ငါ့ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ ကိုငါ့အားပေးအပ်တော်မူပြီ။ သားတော်သည် အဘယ်သူဖြစ်ကြောင်းကိုခမည်းတော်မှ တစ်ပါးမည်သူမျှမသိ။ ခမည်းတော်သည် အဘယ်သူဖြစ်ကြောင်းကိုလည်းသားတော် နှင့်သားတော်ဖွင့်ပြလိုသူများမှတစ်ပါး မည်သူမျှမသိ'' ဟုမိန့်တော်မူ၏။
pitrā sarvvāṇi mayi samarpitāni pitaraṁ vinā kopi putraṁ na jānāti kiñca putraṁ vinā yasmai janāya putrastaṁ prakāśitavān tañca vinā kopi pitaraṁ na jānāti|
23 ၂၃ ထိုနောက်ကိုယ်တော်သည်တပည့်တော်တို့ဘက်သို့ လှည့်၍ ``ယခုမြင်သမျှသောအရာတို့ကိုသင် တို့မြင်သောကြောင့်သင်တို့မျက်စိသည်မင်္ဂလာ ရှိ၏။-
tapaḥ paraṁ sa śiṣyān prati parāvṛtya guptaṁ jagāda, yūyametāni sarvvāṇi paśyatha tato yuṣmākaṁ cakṣūṁṣi dhanyāni|
24 ၂၄ သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။
yuṣmānahaṁ vadāmi, yūyaṁ yāni sarvvāṇi paśyatha tāni bahavo bhaviṣyadvādino bhūpatayaśca draṣṭumicchantopi draṣṭuṁ na prāpnuvan, yuṣmābhi ryā yāḥ kathāśca śrūyante tāḥ śrotumicchantopi śrotuṁ nālabhanta|
25 ၂၅ ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။ (aiōnios )
anantaram eko vyavasthāpaka utthāya taṁ parīkṣituṁ papraccha, he upadeśaka anantāyuṣaḥ prāptaye mayā kiṁ karaṇīyaṁ? (aiōnios )
26 ၂၆ ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
yīśuḥ pratyuvāca, atrārthe vyavasthāyāṁ kiṁ likhitamasti? tvaṁ kīdṛk paṭhasi?
27 ၂၇ ထိုသူက ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့။ သင်၏အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့ဟုပါရှိပါသည်'' ဟူ၍ လျှောက်၏။
tataḥ sovadat, tvaṁ sarvvāntaḥkaraṇaiḥ sarvvaprāṇaiḥ sarvvaśaktibhiḥ sarvvacittaiśca prabhau parameśvare prema kuru, samīpavāsini svavat prema kuru ca|
28 ၂၈ ကိုယ်တော်က ``သင်၏အဖြေသည်မှန်ပေ၏။ ဤ အတိုင်းပြုလျှင်သင်သည်ထာဝရအသက်ကို ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
tadā sa kathayāmāsa, tvaṁ yathārthaṁ pratyavocaḥ, ittham ācara tenaiva jīviṣyasi|
29 ၂၉ ထိုသူသည်မိမိ၏ပညာကိုဖော်ပြလို သဖြင့် ``အဘယ်သူသည်အကျွန်ုပ်၏အိမ် နီးချင်းဖြစ်ပါသနည်း'' ဟုမေးမြန်း၏။
kintu sa janaḥ svaṁ nirddoṣaṁ jñāpayituṁ yīśuṁ papraccha, mama samīpavāsī kaḥ? tato yīśuḥ pratyuvāca,
30 ၃၀ ထိုအခါသခင်ယေရှုက ``လူတစ်ယောက်သည် ယေရုရှလင်မြို့မှယေရိခေါမြို့ကိုသွားရာ လမ်းတွင်ဋ္ဌားပြများနှင့်တွေ့၏။ ဋ္ဌားပြတို့သည် ထိုသူ၏အဝတ်များကိုချွတ်ယူကြ၏။ ထိုနောက် သူ့ကိုရိုက်နှက်၍သေလုနီးပါးရှိသောအခါ ပစ်ထားခဲ့ကြ၏။-
eko jano yirūśālampurād yirīhopuraṁ yāti, etarhi dasyūnāṁ kareṣu patite te tasya vastrādikaṁ hṛtavantaḥ tamāhatya mṛtaprāyaṁ kṛtvā tyaktvā yayuḥ|
31 ၃၁ ယဇ်ပုရောဟိတ်တစ်ပါးသည်ထိုလမ်းအတိုင်း ခရီးပြုလာစဉ်ထိုသူကိုမြင်၏။ သို့ရာတွင် သူသည်ရှောင်ကွင်း၍သွား၏။-
akasmād eko yājakastena mārgeṇa gacchan taṁ dṛṣṭvā mārgānyapārśvena jagāma|
32 ၃၂ ထိုနည်းတူလေဝိအနွယ်ဝင်တစ်ယောက်သည်ထို နေရာသို့ရောက်လာ၏။ သူသည်လည်းလူနာကို လာကြည့်ပြီးလျှင်ရှောင်ကွင်း၍သွားလေ၏။-
ittham eko levīyastatsthānaṁ prāpya tasyāntikaṁ gatvā taṁ vilokyānyena pārśvena jagāma|
33 ၃၃ သို့ရာတွင်ရှမာရိအမျိုးသားတစ်ယောက်သည် ခရီးပြုလာစဉ်သူနာရှိရာသို့ရောက်လာသော် သူနာကိုမြင်၍သနားကြင်နာစိတ်ရှိသဖြင့်၊-
kintvekaḥ śomiroṇīyo gacchan tatsthānaṁ prāpya taṁ dṛṣṭvādayata|
34 ၃၄ သူနာ၏ထံသို့ချဉ်းကပ်ပြီးလျှင် သူနာ၏ဒဏ် ရာများကိုဆီနှင့်စပျစ်ရည်လိမ်းကျံ၍အဝတ် ဖြင့်စည်းပေး၏။ ထိုနောက်မိမိမြည်းပေါ်မှာ သူနာကိုတင်လျက်တည်းခိုရိပ်သာသို့ဆောင် သွား၍ပြုစုလေ၏။-
tasyāntikaṁ gatvā tasya kṣateṣu tailaṁ drākṣārasañca prakṣipya kṣatāni baddhvā nijavāhanopari tamupaveśya pravāsīyagṛham ānīya taṁ siṣeve|
35 ၃၅ နောက်တစ်နေ့၌တည်းခိုရိပ်သာမှထွက်ခွာချိန် တွင်သူသည်ဒေနာရိဒင်္ဂါးနှစ်ပြားကိုထုတ်၍ တည်းခိုရိပ်သာပိုင်ရှင်အားပေးပြီးလျှင် `ဤ သူနာကိုကြည့်ရှုပြုစုပါ။ နောက်ထပ်ကုန်ကျ သမျှကိုအကျွန်ုပ်ပြန်လာသောအခါပေး ပါမည်' ဟုပြော၏။
parasmin divase nijagamanakāle dvau mudrāpādau tadgṛhasvāmine dattvāvadat janamenaṁ sevasva tatra yo'dhiko vyayo bhaviṣyati tamahaṁ punarāgamanakāle pariśotsyāmi|
36 ၃၆ ထိုသူသုံးယောက်တို့အနက်အဘယ်သူသည် ဋ္ဌားပြဘေးနှင့်တွေ့ရသူ၏အိမ်နီးချင်းဖြစ် မည်ဟုသင်ထင်သနည်း'' ဟုမေးတော်မူ၏။
eṣāṁ trayāṇāṁ madhye tasya dasyuhastapatitasya janasya samīpavāsī kaḥ? tvayā kiṁ budhyate?
37 ၃၇ ကျမ်းတတ်ဆရာက ``သူနာအားသနားကြင်နာ စွာပြုစုသူဖြစ်ပါသည်'' ဟုလျှောက်လျှင်၊ သခင်ယေရှုက ``သင်သည်သွား၍ထိုနည်းတူ ပြုလော့'' ဟုမိန့်တော်မူ၏။
tataḥ sa vyavasthāpakaḥ kathayāmāsa yastasmin dayāṁ cakāra| tadā yīśuḥ kathayāmāsa tvamapi gatvā tathācara|
38 ၃၈ သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-
tataḥ paraṁ te gacchanta ekaṁ grāmaṁ praviviśuḥ; tadā marthānāmā strī svagṛhe tasyātithyaṁ cakāra|
39 ၃၉ မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။-
tasmāt mariyam nāmadheyā tasyā bhaginī yīśoḥ padasamīpa uvaviśya tasyopadeśakathāṁ śrotumārebhe|
40 ၄၀ မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
kintu marthā nānāparicaryyāyāṁ vyagrā babhūva tasmāddhetostasya samīpamāgatya babhāṣe; he prabho mama bhaginī kevalaṁ mamopari sarvvakarmmaṇāṁ bhāram arpitavatī tatra bhavatā kiñcidapi na mano nidhīyate kim? mama sāhāyyaṁ karttuṁ bhavān tāmādiśatu|
41 ၄၁ သခင်ဘုရားက ``မာသ၊ မာသ၊ သင်သည်များ စွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန် လျက်နေ၏။-
tato yīśuḥ pratyuvāca he marthe he marthe, tvaṁ nānākāryyeṣu cintitavatī vyagrā cāsi,
42 ၄၂ သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။
kintu prayojanīyam ekamātram āste| aparañca yamuttamaṁ bhāgaṁ kopi harttuṁ na śaknoti saeva mariyamā vṛtaḥ|