< လုကာ 1 >
1 ၁ အရှင်သော်ဖိလု၊ အကျွန်ုပ်တို့သက်ဝင်ယုံကြည် သောဘာသာ၏အခြေအမြစ်ဖြစ်သည့်အကြောင်း အရာများကိုရေးသားပြုစုသူအများပင်ရှိခဲ့ ပါသည်။-
Mutane da yawa sun ɗau niyyar rubuta labarin abubuwan da aka cika a cikinmu,
2 ၂ ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
kamar yadda muka karɓe su daga waɗanda tun farko shaidu ne da kuma masu hidimar bishara.
3 ၃ အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
Saboda haka, da yake ni da kaina na binciko kome a hankali daga farko, na ga ya yi kyau in rubuta maka labarin dalla-dalla, ya mafifici Tiyofilus,
4 ၄ အရှင်ဖတ်ရှုနိုင်ရန်အစီအစဉ်ညီညွတ်သည့် ကျမ်းစောင်ကိုပြုစုရသော်ကောင်းမည်ဟုယူဆ အပ်ပါသည်။ အရှင်ကြားသိခဲ့သောအကြောင်း အရာများကိုစုံလင်စွာအရှင့်အားသိစေလို သောကြောင့်ဤကျမ်းကိုပြုစုရခြင်းဖြစ်ပါသည်။
don ka san tabbacin abubuwan da aka koyar da kai.
5 ၅ ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-
A lokacin da Hiridus ne yake sarautar Yahudiya, an yi wani firist mai suna Zakariya, na sashin firistoci gidan Abiya. Matarsa Elizabet ma’yar zuriyar Haruna ce.
6 ၆ ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
Dukansu biyu kuwa masu adalci ne a gaban Allah, suna kuma bin umarnan Ubangiji da farillansa duka da halin rashin zargi.
7 ၇ သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။-
Sai dai ba su da’ya’ya, domin Elizabet bakararriya ce; kuma dukansu biyu sun tsufa.
8 ၈ တစ်နေ့သ၌ဇာခရိသည်မိမိ၏အဖွဲ့တာဝန် အလှည့်ကျသဖြင့် ဗိမာန်တော်တွင်ယဇ်ပုရော ဟိတ်ဝတ္တရားကိုဆောင်ရွက်စဉ်၊-
Wata rana da lokacin aikin firistoci na sashen Zakariya na yin hidima ya kewayo, yana kuma cikin hidimarsa ta firist a gaban Allah,
9 ၉ ယဇ်ပုရောဟိတ်တို့၏ထုံးစံအရမဲကျသဖြင့် ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကိုမီးရှို့ပူဇော်ရ၏။-
sai aka zaɓe shi ta wurin ƙuri’a, bisa ga al’adar aikin firist, yă shiga haikalin Ubangiji yă ƙone turare.
10 ၁၀ ထိုသို့မီးရှို့ပူဇော်နေချိန်၌ကိုးကွယ်ဝတ်ပြု သူလူအပေါင်းတို့သည် အပြင်မှာဆုတောင်း လျက်နေကြ၏။-
Da lokacin ƙone turare ya yi, duk taron masu sujada suna a waje suna addu’a.
11 ၁၁ ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည် ဇာခရိ၏ရှေ့တွင်ပေါ်လာ၍နံ့သာပေါင်း ကို မီးရှို့ပူဇော်ရာပလ္လင်၏လက်ယာဘက်တွင် ရပ်လျက်နေ၏။-
Sai mala’ikan Ubangiji ya bayyana gare shi, tsaye a dama da bagaden turare.
12 ၁၂ ဇာခရိသည်ကောင်းကင်တမန်ကိုမြင်သော အခါစိတ်တုန်လှုပ်ချောက်ချားသွား၏။-
Da Zakariya ya gan shi sai ya firgita, tsoro kuma ya kama shi.
13 ၁၃ သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။-
Amma mala’ikan ya ce masa, “Kada ka ji tsoro, Zakariya; an ji addu’arka. Matarka Elizabet za tă haifa maka ɗa, za ka kuma ba shi suna Yohanna.
14 ၁၄ သင်သည်ဝမ်းမြောက်ရွှင်မြူးလိမ့်မည်။ ထိုသား ဖွားမြင်လာသည့်အတွက်လူအများပင် ဝမ်းမြောက်ကြလိမ့်မည်။-
Zai zama abin murna da farin ciki a gare ka, mutane da yawa kuwa za su yi murna don haihuwarsa,
15 ၁၅ သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
gama zai zama mai girma a gaban Ubangiji. Ba kuwa zai taɓa shan ruwan inabi ko wani abu mai sa maye ba. Zai cika da Ruhu Mai Tsarki tun haihuwa.
16 ၁၆ များစွာသောဣသရေလအမျိုးသားတို့ကို မိမိတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။-
Shi ne zai juye mutanen Isra’ila da yawa zuwa wurin Ubangiji Allahnsu.
17 ၁၇ ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
Zai sha gaban Ubangiji, a ruhu da kuma iko irin na Iliya, domin yă juye zukatan iyaye ga’ya’yansu, marasa biyayya kuma ga zama masu biyayya don yă kintsa mutane su zama shiryayyu domin Ubangiji.”
18 ၁၈ ဇာခရိက ``ဤသို့ဖြစ်မည်ကိုအဘယ်သို့သိ နိုင်ပါမည်နည်း။ အကျွန်ုပ်သည်အိုမင်းသူဖြစ် ပါ၏။ အကျွန်ုပ်၏ဇနီးမှာလည်းအသက်ကြီး ရင့်ပါပြီ'' ဟုကောင်းကင်တမန်အားပြန် ပြော၏။
Sai Zakariya ya tambayi mala’ikan ya ce, “Yaya zan tabbatar da wannan? Ga ni tsoho, matana kuma ta kwana biyu.”
19 ၁၉ ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။-
Mala’ikan ya ce, “Ni ne Jibra’ilu. Ina tsaya a gaban Allah, an kuma aiko ni in yi maka magana, in kuma faɗa maka wannan labari mai daɗi.
20 ၂၀ နားထောင်လော့။ သင်သည်ငါ့စကားကိုမယုံ ကြည်သောကြောင့် ဤအမှုအရာဖြစ်ပွားလာ သည့်နေ့တိုင်အောင်စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ အချိန်တန်လျှင်ငါ ၏စကားမှန်ကန်လာလိမ့်မည်'' ဟုဆို၏။
Yanzu za ka zama bebe, ba za ka ƙara iya magana ba sai ranar da wannan magana ta cika, saboda ba ka gaskata da kalmomina waɗanda za su zama gaskiya a daidai lokacinsu ba.”
21 ၂၁ လူတို့သည်ဇာခရိကိုစောင့်မျှော်လျက်နေ ကြ၏။ ဇာခရိသည်ဗိမာန်တော်ထဲတွင် ကြန့်ကြာနေသည်ကိုအံ့သြကြ၏။-
Ana cikin haka, mutane suna jiran Zakariya, suna kuma mamaki me ya sa ya daɗe haka a cikin haikali.
22 ၂၂ ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
Da ya fito, bai iya yin musu magana ba. Sai suka gane, ya ga wahayi ne a haikali, domin ya dinga yin musu alamu, amma ya kāsa yin magana.
23 ၂၃ ထိုနောက်သူ၏တာဝန်ကုန်ဆုံးချိန်၌အိမ်ကို ပြန်လေ၏။-
Da lokacin hidimarsa ya cika, sai ya koma gida.
24 ၂၄ ကာလအနည်းငယ်ကြာသောအခါသူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ရှိ၍ငါးလပတ်လုံး အိမ်တွင်းအောင်းလျက်နေ၏။-
Bayan wannan, matarsa Elizabet ta yi ciki, ta kuma riƙa ɓuya har wata biyar.
25 ၂၅ ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။
Sai ta ce, “Ubangiji ne ya yi mini wannan. A waɗannan kwanaki ya nuna tagomashinsa ya kuma kawar mini da kunya a cikin mutane.”
26 ၂၆ ဧလိရှဗက်ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့ရှိမိန်းမပျိုတစ်ဦးထံ သို့စေလွှတ်တော်မူ၏။-
A wata na shida, sai Allah ya aiki mala’ika Jibra’ilu zuwa Nazaret, wani gari a Galili,
27 ၂၇ ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
gun wata budurwar da aka yi alkawarin aurenta ga wani mutum mai suna Yusuf daga zuriyar Dawuda. Sunan budurwar Maryamu.
28 ၂၈ သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။
Mala’ikan ya je wurinta ya ce, “A gaishe ki, ya ke da kika sami tagomashi ƙwarai! Ubangiji yana tare da ke.”
29 ၂၉ ထိုစကားကိုကြားလျှင်မာရိသည်စိတ်မငြိမ် မသက်ဖြစ်ကာ ဤနှုတ်ဆက်စကားကားအဘယ် သို့နည်းဟုတွေးတောဆင်ခြင်လျက်နေ၏။-
Maryamu ta damu ƙwarai da kalmominsa, tana tunani wace irin gaisuwa ce haka?
30 ၃၀ ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။-
Amma mala’ikan ya ce mata, “Kada ki ji tsoro, Maryamu, kin sami tagomashi a wurin Allah.
31 ၃၁ သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။-
Ga shi za ki yi ciki ki kuma haifi ɗa, za ki kuma ba shi suna Yesu.
32 ၃၂ ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။-
Zai zama mai girma, za a kuma kira shi Ɗan Maɗaukaki. Ubangiji Allah zai ba shi gadon sarautar kakansa Dawuda,
33 ၃၃ သူသည်ယာကုပ်အမျိုးအနွယ်များကိုအစဉ် မပြတ်အုပ်စိုးတော်မူလိမ့်မည်။ သူ၏နန်းသက် သည်အဘယ်အခါမျှကုန်ဆုံးလိမ့်မည်မဟုတ်'' ဟုမာရိအားပြော၏။ (aiōn )
zai yi mulkin gidan Yaƙub har abada, mulkinsa kuma ba zai taɓa ƙare ba.” (aiōn )
34 ၃၄ မာရိက ``ကျွန်မသည်သတို့သမီးကညာဖြစ် သဖြင့်အဘယ်သို့လျှင်ကိုယ်ဝန်ဆောင်၍သား ဖွားနိုင်ပါမည်နည်း'' ဟုကောင်းကင်တမန်အား မေး၏။
Maryamu ta tambayi mala’ikan ta ce, “Yaya wannan zai yiwu, da yake ni budurwa ce?”
35 ၃၅ ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
Mala’ikan ya amsa ya ce, “Ruhu Mai Tsarki zai sauko miki, ikon Maɗaukaki kuma zai rufe ke. Saboda haka, Mai Tsarkin nan da za a haifa, za a kira shi Ɗan Allah.
36 ၃၆ သင့်ဆွေမျိုးဖြစ်သောဧလိရှဗက်သည်လည်း အိုမင်းခါမှ သားရတနာကိုကိုယ်ဝန်ဆောင် လျက်ရှိ၏။ အမြုံမဟုအခေါ်ခံရသူသည် ကိုယ်ဝန်ဆောင်၍ဆဋ္ဌမလသို့ရောက်လေပြီ။-
’Yar’uwarki Elizabet ma za tă haifi ɗa a tsufanta, ita da aka ce bakararriya, ga shi tana a watanta na shida.
37 ၃၇ ဘုရားသခင်တတ်နိုင်တော်မမူသောအရာ တစ်စုံတစ်ခုမျှမရှိ'' ဟုဆို၏။
Gama ba abin da zai gagari Allah.”
38 ၃၈ မာရိက ``ကျွန်မသည်ထာဝရဘုရား၏ အစေခံဖြစ်ပါ၏။ အရှင်ဖော်ပြသည့်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုကောင်းကင်တမန်အား ပြန်ပြော၏။ ထိုအခါကောင်းကင်တမန်သည် မာရိထံမှထွက်ခွာသွား၏။
Maryamu ta amsa ta ce, “To, ni baiwar Allah ce, bari yă zama mini kamar yadda ka faɗa.” Sai mala’ikan ya tafi abinsa.
39 ၃၉ များမကြာမီမာရိသည်အသင့်ပြင်၍တောင်ပေါ် ဒေသရှိယုဒပြည်မြို့တစ်မြို့သို့အလျင်အမြန် သွား၏။-
A lokacin sai Maryamu ta shirya ta gaggauta zuwa wani gari a ƙasar tudu ta Yahudiya,
40 ၄၀ သူသည်ဇာခရိ၏အိမ်သို့ဝင်ပြီးလျှင်ဧလိ ရှဗက်ကိုနှုတ်ဆက်၏။ မာရိ၏နှုတ်ဆက်စကား ကိုကြားသောဧလိရှဗက်၏ဝမ်းမှကလေး သည်လှုပ်လေ၏။-
inda ta shiga gidan Zakariya ta kuma gai da Elizabet.
41 ၄၁ ဧလိရှဗက်သည်သန့်ရှင်းသောဝိညာဉ်တော် ဖြင့်ပြည့်ဝလျက်၊-
Da Elizabet ta ji gaisuwar Maryamu, sai jaririn da yake a cikinta ya yi motsi. Elizabet kuma ta cika da Ruhu Mai Tsarki.
42 ၄၂ ``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။-
Sai ta ɗaga murya da ƙarfi ta ce, “Ke mai albarka ce a cikin mata. Mai albarka ne kuma ɗan da za ki haifa!
43 ၄၃ အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။-
Me ya sa na sami wannan tagomashi har da mahaifiyar Ubangijina za tă zo wurina?
44 ၄၄ သင်၏နှုတ်ဆက်စကားကိုအကျွန်ုပ်ကြား သောအခါအကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့်ခုန်ပါ၏။-
Da jin gaisuwarki, sai jaririn da yake cikina ya yi motsi don murna.
45 ၄၅ ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။
Mai albarka ce wadda ta gaskata cewa abin da Ubangiji ya faɗa mata zai cika!”
46 ၄၆ မာရိက၊ ``ငါ၏စိတ်နှလုံးသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုပါ၏။
Sai Maryamu ta ce, “Raina yana ɗaukaka Ubangiji
47 ၄၇ ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့် ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။
ruhuna kuma yana farin ciki da Allah Mai Cetona,
48 ၄၈ ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။
gama ya lura da ƙasƙancin baiwarsa. Daga yanzu nan gaba dukan zamanai za su ce da ni mai albarka,
49 ၄၉ အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည် ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။
gama Mai Iko Duka ya yi mini manyan abubuwa, sunansa labudda Mai Tsarki ne.
50 ၅၀ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
Jinƙansa ya kai ga masu tsoronsa, daga zamani zuwa zamani.
51 ၅၁ မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။
Ya aikata manyan ayyuka da hannunsa; ya watsar da waɗanda suke masu girman kai a zurfin tunaninsu.
52 ၅၂ ရှင်ဘုရင်များကိုနန်းချ၍သိမ်ငယ်သူများကို ချီးမြှင့်တော်မူပြီ။
Ya saukar da masu mulki daga gadajen sarautarsu amma ya ɗaukaka ƙasƙantattu.
53 ၅၃ ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
Ya ƙosar da masu yunwa da kyawawan abubuwa amma ya sallami mawadata hannu wofi.
54 ၅၄ ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။
Ya taimaki bawansa Isra’ila, yana tunawa yă nuna jinƙai
55 ၅၅ အာဗြဟံနှင့်အာဗြဟံ၏အမျိုးအနွယ်များ အပေါ် ထားတော်မူသောကရုဏာတော်ကို၊ အစဉ်အမြဲပြုခြင်းငှာသတိရတော်မူပြီ ဟုဆို၏။ (aiōn )
ga Ibrahim da zuriyarsa har abada, kamar yadda ya faɗa wa kakanninmu.” (aiōn )
56 ၅၆ ထိုနောက်မာရိသည်ဧလိရှဗက်ထံတွင်သုံးလ ခန့်နေပြီးနောက်မိမိအိမ်သို့ပြန်လေ၏။
Maryamu ta zauna da Elizabet kusan wata uku sa’an nan ta koma gida.
57 ၅၇ ဧလိရှဗက်သည်နေ့လစေ့သောအခါ သားရတနာကိုဖွားမြင်၏။-
Sa’ad da kwanaki suka yi don Elizabet ta haihu, sai ta haifi ɗa.
58 ၅၈ ဤသို့သူ့အားထာဝရဘုရားသည်အံ့သြဖွယ် ကောင်းအောင်ကျေးဇူးပြုတော်မူကြောင်းကြားကြ သောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်း တို့သည်သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။
Maƙwabtanta da’yan’uwanta suka ji cewa Ubangiji ya nuna mata jinƙai mai yawa, suka kuma taya ta farin ciki.
59 ၅၉ ထိုနောက်ရှစ်ရက်မြောက်သောနေ့၌သူတို့သည် သူငယ်၏အရေဖျားလှီးမင်္ဂလာပွဲသို့လာကြ ၏။ သူ့အားဇာခရိဟူ၍အဖ၏နာမည်ကိုပင် မှည့်လိုကြ၏။-
A rana ta takwas, sai suka zo don a yi wa yaron kaciya, dā za su sa masa sunan mahaifinsa Zakariya ne,
60 ၆၀ သို့ရာတွင်သူငယ်၏မိခင်က ``ထိုနာမည်ကို မမှည့်ပါနှင့်။ ယောဟန်ဟုမှည့်ခေါ်ကြပါ'' ဟု ဆို၏။
amma mahaifiyar yaron ta ce, “A’a! Za a ce da shi Yohanna.”
61 ၆၁ လူတို့က ``သင်၏မျိုးရိုးတွင်ယောဟန်ဟု နာမည်တွင်သူတစ်စုံတစ်ယောက်မျှမရှိ'' ဟု ဧလိရှဗက်အားပြန်ပြောကြ၏။-
Sai suka ce mata, “Ba wani a cikin danginku mai wannan suna.”
62 ၆၂ ထိုနောက်ဖခင်၏ဆန္ဒကိုလက်ရိပ်ပြ၍စုံစမ်းကြ၏။
Sai suka yi alamu wa mahaifinsa, don su san sunan da zai su a kira yaron.
63 ၆၃ ဇာခရိသည်သင်ပုံးတစ်ချပ်ကိုတောင်းယူပြီး လျှင် ``သူငယ်၏နာမည်ကားယောဟန်ဖြစ်၏'' ဟု ရေး၏။-
Ya yi alama a kawo masa allo, a gaban kowa sai ya rubuta, “Sunansa Yohanna.” Dukan mutane kuwa suka yi mamaki.
64 ၆၄ ထိုအခါထိုသူအပေါင်းတို့သည်အံ့သြကြ၏။ ချက်ချင်းပင်ဇာခရိပြန်လည်စကားပြောနိုင် သဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း လေ၏။-
Nan da nan bakinsa ya buɗe harshensa kuma ya saku, sai ya fara magana yana yabon Allah.
65 ၆၅ အိမ်နီးချင်းအပေါင်းတို့သည်ကြောက်ရွံ့ကြ ကုန်၏။ ဤအဖြစ်အပျက်သတင်းသည်ယုဒ ပြည်တောင်ကုန်းဒေသတစ်လျှောက်လုံးသို့ ပျံ့နှံ့၍သွား၏။-
Maƙwabta duk suka cika da tsoro, mutane kuwa suka yi ta yin magana game da dukan waɗannan abubuwa a ko’ina a cikin ƙasar tudu ta Yahudiya.
66 ၆၆ ကြားကြသူအပေါင်းတို့သည် ``ဤသူငယ် ကားအဘယ်သို့သောသူဖြစ်လိမ့်မည်နည်း'' ဟုပြောဆိုကြ၏။ ထာဝရဘုရား၏တန်ခိုး တော်သည်ထိုသူငယ်အပေါ်သက်ရောက်လျက် နေတော်မူ၏။
Duk waɗanda suka ji wannan kuwa sun yi mamaki suna cewa, “To, me yaron nan zai zama?” Gama hannun Ubangiji yana tare da shi.
67 ၆၇ ယောဟန်၏အဖဇာခရိသည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ပြည့်ဝလျက်ဟောသည်မှာ၊
Mahaifinsa Zakariya ya cika da Ruhu Mai Tsarki sai ya yi annabci ya ce,
68 ၆၈ ``ဣသရေလအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြပါ စေသော။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ထံသို့ ကြွလာ၍သူတို့ကိုလွတ်မြောက်စေတော်မူပြီ။
“Yabo ya tabbata ga Ubangiji, Allah na Isra’ila, domin ya zo ya kuma fanshe mutanensa.
69 ၆၉ ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် တန်ခိုးကြီးမားသော၊ကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
Ya tā mana ƙahon ceto a gidan bawansa Dawuda
70 ၇၀ ရှေးသန့်ရှင်းမြင့်မြတ်သူပရောဖက်များမှတစ်ဆင့် မိန့်တော်မူသည်နှင့်အညီ၊ (aiōn )
(yadda ya yi magana tun tuni ta wurin annabawansa masu tsarki), (aiōn )
71 ၇၁ ကိုယ်တော်သည်ငါတို့အားရန်သူများ၏ လက်မှလည်းကောင်း၊ ငါတို့ကိုမုန်းသောသူအပေါင်းတို့၏ လက်မှလည်းကောင်းကယ်ဆယ်ရန်၊
cewa zai cece mu daga abokan gābanmu daga kuma hannun dukan waɗanda suke ƙinmu
72 ၇၂ ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
don yă nuna jinƙai ga kakanninmu, yă kuma tuna da alkawarinsa mai tsarki,
73 ၇၃ ငါတို့သည်ဘုရားသခင်၏ရှေ့တော်တွင် တစ်သက်လုံးသန့်ရှင်းဖြောင့်မတ်ကြစေရန်၊ ငါတို့ကိုရန်သူများ၏လက်မှကယ်၍ ကိုယ်တော်၏အမှုတော်ကို၊ ကြောက်ရွံ့ခြင်းကင်းလျက်ဆောင်ရွက်စေမည်ဟု ငါတို့၏ အဖအာဗြဟံအားကျိန်ဆိုတော်မူခဲ့ပြီ။
rantsuwar da ya yi wa mahaifinmu Ibrahim,
don yă kuɓutar da mu daga hannun abokan gābanmu, yă kuma sa mu iya yin masa hidima babu tsoro,
cikin tsarki da adalci a gabansa dukan kwanakinmu.
76 ၇၆ အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
“Kai kuma, ɗana, za a ce da kai annabin Maɗaukaki; gama za ka sha gaban Ubangiji don ka shirya masa hanya,
77 ၇၇ ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။
don ka sanar da mutanensa ceto, ta wurin gafarar zunubansu,
78 ၇၈ ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
saboda jinƙai na Allahnmu mai ƙauna, hasken nan na ceto zai ɓullo mana daga sama,
79 ၇၉ သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေလိမ့်မည်။ ထို့အပြင်ငါတို့အားငြိမ်းချမ်းရေးလမ်းသို့ ပို့ဆောင်စေလိမ့်မည်'' ဟူ၍တည်း။
don yă haskaka a kan waɗanda suke zama cikin duhu, da kuma cikin inuwar mutuwa, don yă bi da ƙafafunmu a hanyar salama.”
80 ၈၀ သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။
Yaron kuwa ya yi girma ya kuma ƙarfafa a ruhu; ya zauna a hamada sai lokacin da ya fito a fili ga mutanen Isra’ila.