< ဝတ်ပြုရာ 2 >

1 တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​လို​လျှင်​မုန့်​ညက်​ကို​ပူ​ဇော်​ရ မည်။ မုန့်​ညက်​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့ သာ​လောင်း​ထည့်​၍၊-
A INA e lawe mai kekahi i ka mohaiai, ia Iehova, o kana mohai auanei he palaoa wali; a e ninini iho oia i ka aila maluna iho, a e kau hoi i ka libano maluna iho.
2 အာ​ရုန်​၏​သား​များ​ဖြစ်​သော​ယဇ်​ပု​ရော​ဟိတ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ တာ​ဝန်​ကျ​သော ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဆီ နှင့်​အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​ကို​ယူ​၍​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သို့​ပူ​ဇော် ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​အ​ကုန် အ​စင်​ပူ​ဇော်​ရာ​ရောက်​၏။ ဤ​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
A e lawe mai oia ia i ka Aarona mau keiki, i na kahuna; a e lawe ae noloko, a piha kona lima i kona palaoa, a me kona aila me kona libano a pau, a e kuni ke kahuna i kona mea hoomanao, maluna o ke kuahu, i mohai i kaumahaia ma ke ahi, he mea ala ono ia Iehova.
3 ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။
A e lilo ke koena na Aarona, a me kana mau keiki, he mea hoano loa no na mohaipuhi o Iehova.
4 မီး​ဖို​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ မုန့်​ညက်​နှင့်​သံ လွင်​ဆီ​ရော​၍​ပြု​လုပ်​သော​မုန့်​လုံး​ကို​ဖြစ် စေ၊ သံ​လွင်​ဆီ​သုတ်​သော​မုန့်​ကြွပ်​ပြား​ကို ဖြစ်​စေ​ပူ​ဇော်​နိုင်​သည်။
A ina e lawe mai oe i ka alana o ka mohaiai i kahuia ma ka umu, he mau popo palaoa hu ole i hui pu me ka aila, a i ole ia he mau papa palaoa i hamoia me ka aila.
5 သံ​ဒယ်​ပြား​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​လျှင် ယင်း​မုန့်​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက် ကို သံ​လွင်​ဆီ​နှင့်​ရော​သော​မုန့်​ဖြစ်​စေ​ရ မည်။-
A ina o kau alana he mohaiai moa ma ke pa, ka palaoa hu ole no ia i hui me ka aila.
6 ထို​မုန့်​ကို​ပူဇော်​သော​အ​ခါ​မုန့်​ကို​ချေ​၍ မုန့် ပေါ်​တွင်​ဆီ​လောင်း​ရ​မည်။
E wawahi hoi oe i mau apana, a e ninini i ka aila maluna; he mohaiai ia.
7 အိုး​တွင်​ကြော်​သော​မုန့်​ကို​ပူ​ဇော်​လျှင် သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ဖြင့်​ပြု​လုပ်​ရ​မည်။-
A ina o kau alana he mohaiai moa ma ke paparai, e hanaia ia no ka palaoa a me ka aila.
8 ထို​ပူ​ဇော်​သ​ကာ​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​လက် သို့​ပေး​အပ်​ရ​မည်။-
A e lawe mai oe i ka mohaiai i hanaia no ia mau mea ia Iehova; a haawiia'e i ke kahuna, e lawe oia ia i ke kuahu.
9 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ပူ​ဇော်​သ​ကာ​ကို ယဇ် ပလ္လင်​သို့​ယူ​ဆောင်​ခဲ့​၍ မုန့်​အား​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့် မုန့်​အ​နည်း ငယ်​ကို​ယူ​ပြီး​လျှင်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
A e lawe ke kahuna i ka mea hoomanao mai loko mai o ka mohaiai, a e kuni aku ia mea ma ke kuahu: he mohai ia i alanaia ma ke ahi, he mea ala ono ia Iehova.
10 ၁၀ ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။
A o ke koena o ka mohaiai, e lilo ia no Aarona, a me kana mau keiki; he mea hoano loa no na mohai i kaumahaia ma ke ahi no Iehova.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​သ​သော ဘော​ဇဉ်​သ​ကာ​ရှိ​သ​မျှ​တို့​တွင် တ​ဆေး မ​ပါ​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သည့်​ဘော​ဇဉ်​သ​ကာ​တွင် ဘယ်​သော​အ​ခါ မျှ​တ​ဆေး​သို့​မ​ဟုတ်​ပျား​ရည်​မ​ပါ စေ​ရ။-
Aole e hanaia me ka hu ka mohaiai a oukou e lawe ai ia Iehova; no ka mea, aole oukou e kuni i ka hu, aole hoi i ka meli, iloko o na mohaipuhi na Iehova.
12 ၁၂ သင်​တို့​နှစ်​စဉ်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သည့် ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်။ သို့​ရာ​တွင်​ယင်း​ကို​ပလ္လင် ပေါ်​တွင်​မီး​မ​ရှို့​ရ။-
A o ka alana o na hua mua, e mohai aku no oukou ia mau mea ia Iehova; aole hoi lakou e kuniia ma ke kuahu i mea ala ono.
13 ၁၃ ဆား​သည်​သင်​တို့​နှင့်​ဘု​ရား​သ​ခင်​ပြု​ထား သော​ပ​ဋိ​ညာဉ်​ကို​ပုံ​ဆောင်​သော​ကြောင့် ဘော ဇဉ်​သ​ကာ​ဟူ​သ​မျှ​တွင်​ဆား​ခတ်​ရ​မည်။ (သင်​တို့​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ တို့​တွင်​ဆား​ခတ်​ရ​မည်။-)
A o na alana a pau o kau mau mohaiai, oia kau e hoomiko ai me ka paakai; aole oe e hoonele i kau mau mohaiai i ka paakai o ka berita o kou Akua: me kau mau mohai a pau, e mohai pu oe i ka paakai.
14 ၁၄ သင်​တို့​သည်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ခါ​ဆန်​လှော်​သို့​မ​ဟုတ် ဆန်​မှုန့်​ကို​ပူ​ဇော်​ရ​မည်။-
A ina e mohai aku oe na Iehova i ka mohaiai no kau mau hua mua, o na opuu maka moa ma ke ahi, na hua hohoaia, oia kau e alana ai i mohaiai no kau mau hua mua.
15 ၁၅ ၎င်း​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့​သာ​ထည့်​ရ​မည်။-
A e ninini oe i ka aila maluna a me ka libano; he mohaiai no ia.
16 ၁၆ ယဇ်​ပု​ရော​ဟိတ်​သည်​ဆန်​နှင့်​ဆီ​အ​ထိမ်း​အ​မှတ် အ​ဖြစ် ဆန်​မှုန့်​နှင့်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍ အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ​မည်။
A e kuni ke kahuna i ka mea hoomanao ona, o kona hua hohoaia, a o kona aila, a me kona libano a pau, he mohai puhi no Iehova.

< ဝတ်ပြုရာ 2 >