< မြည်တမ်းစကား 3 >
1 ၁ ငါသည်ဘုရားသခင်၏အပြစ်ဒဏ်ခတ်ခြင်း ဆိုသည်မှာ ဘယ်သို့ဖြစ်သည်ကိုသိရသောသူဖြစ်ပါ၏။
Ich bin der Mann, der Elend sah unter der Rute seines Grimms.
2 ၂ ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
Mich hat er getrieben und geführt in Finsternis und tiefes Dunkel.
3 ၃ သနားကရုဏာကင်းမဲ့စွာအကြိမ်ကြိမ် အဖန်ဖန်ရိုက်နှက်တော်မူပါ၏။
Ja, gegen mich kehrt er immer auf neue den ganzen Tag seine Hand.
4 ၄ ကိုယ်တော်သည်ငါ၏အသားကိုကွဲပြဲစေကာ အရိုးတို့ကိုချိုး၍ထားတော်မူပါ၏။
Aufgerieben hat er mein Fleisch und meine Haut, meine Gebeine zerbrochen,
5 ၅ ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။
rings um mich aufgebaut Gift und Drangsal,
6 ၆ ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
mich in tiefe Finsternis versetzt wie in der Urzeit Verstorbene.
7 ၇ ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။
Er hat mich ummauert ohne Ausweg, meine Ketten beschwert;
8 ၈ ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်း ဘုရားသခင်သည်နားထောင်တော်မမူ။
ob ich auch schreie und rufe, er hemmt mein Gebet,
9 ၉ ငါသည်လမ်းလျှောက်သောအခါ ယိမ်းယိုင်လျက်နေပါ၏။ ငါလှည့်လိုက်သည့်အခါတိုင်း၌ ကျောက်နံရံများပိတ်လျက်ရှိပါ၏။
vermauerte meine Wege mit Quadern, verstörte meine Pfade.
10 ၁၀ ကိုယ်တော်သည်ဝက်ဝံသဖွယ်ငါ့အားချောင်း မြောင်းကာ ခြင်္သေ့ကဲ့သို့ခုန်အုပ်တော်မူပါ၏။
Ein lauernder Bär war er mir, ein Löwe im Hinterhalt.
11 ၁၁ လမ်းနံဘေးတွင်ငါ့ကိုလိုက်လံဖမ်းဆီးပြီးလျှင် အပိုင်းပိုင်းဆွဲဖြတ်ကာစွန့်ပစ်ထားတော်မူပါ၏။
Er hat meine Wege in die Irre geführt und mich zerrissen, mich verödet gemacht,
12 ၁၂ ကိုယ်တော်သည်လေးတော်ကိုတင်၍ငါ့အား ပစ်မှတ်အဖြစ်အသုံးပြုတော်မူပါ၏။
hat seinen Bogen gespannt und mich aufgestellt als Ziel für den Pfeil,
13 ၁၃ ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
in meine Nieren gesandt seines Köchers Söhne.
14 ၁၄ လူတို့သည်တစ်နေကုန်တစ်နေခန်းငါ့ကို ပြက်ရယ်ပြုကြပါ၏။ ငါသည်လူများအတွက်ရယ်စရာဖြစ်၍ နေတော့၏။
Ich ward zum Gelächter für alle Völker, ihr Spottlied den ganzen Tag.
15 ၁၅ ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
Er sättigte mich mit Bitternissen, berauschte mich mit Wermut
16 ၁၆ ကိုယ်တော်သည်ငါ၏မျက်နှာကိုမြေပြင်နှင့် ပွတ်တိုက်တော်မူ၍ ငါ၏သွားတို့ကိုကျောက်ပေါ်တွင်ချိုးတော်မူပါ၏။
und ließ meine Zähne Kiesel zermalmen, mich in Asche mich wälzen.
17 ၁၇ ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
Du raubtest meiner Seele den Frieden, ich vergaß des Glücks
18 ၁၈ ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။
und sprach: dahin ist meine Lebenskraft, mein Vertrauen auf Jahwe.
19 ၁၉ ငါခံရသည့်ဝေဒနာနှင့်ငါအိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို စဉ်းစားဆင်ခြင်ရသည်မှာ ဆိုးရွားသည့်အဆိပ်ကိုမျိုရသည်နှင့် တူတော့၏။
Gedenke meines Elends und meiner Irrsal, des Wermuts und des Gifts!
20 ၂၀ ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
Es gedenkt, es gedenkt und ist gebeugt in mir meine Seele.
21 ၂၁ သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။
Dies will ich zu Herzen nehmen, darum will ich hoffen:
22 ၂၂ ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
Jahwes Gnaden sind ja noch nicht aus, sein Erbarmen ja nicht zu Ende;
jeden Morgen ist es neu, groß ist deine Treue!
24 ၂၄ ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
Mein Teil ist Jahwe, spricht meine Seele, darum will ich auf ihn hoffen.
25 ၂၅ ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။
Gütig ist Jahwe gegen die, so auf ihn harren, gegen die Seele, die ihn sucht.
26 ၂၆ သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
Gut ist's, schweigend zu harren auf die Hilfe Jahwes.
27 ၂၇ ယင်းသို့သည်းခံစောင့်မျှော်မှုကို အသက်ပျိုရွယ်စဉ်အခါကလေ့ကျက် ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ၏။
Gut ist's dem Manne, zu tragen das Joch in seiner Jugend.
28 ၂၈ ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
Er sitze einsam und schweige, weil er's ihm auferlegt.
29 ၂၉ မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။
Er berühre mit seinem Munde den Staub, vielleicht ist noch Hoffnung;
30 ၃၀ ရိုက်နှက်စော်ကားမှုကိုခံရသော်လည်း နားလည်လက်ခံသင့်ကြ၏။
biete dem, der ihn schlägt, die Wange, werde mich Schmach gesättigt.
31 ၃၁ ထာဝရဘုရားသည်သနားတတ်သော ကြောင့် ငါတို့အားထာဝစဉ်ပင်ပစ်ပယ်တော်မူလိမ့် မည်မဟုတ်။
Denn nicht auf ewig verstößt der Herr.
32 ၃၂ ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။
sondern, wenn er betrübt hat, so erbarmt er sich wieder nach der Fülle seiner Gnade.
33 ၃၃ ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။
Denn er plagt nicht aus Lust und betrübt die Menschenkinder.
34 ၃၄ ငါတို့သည်ထောင်ထဲတွင်အကျဉ်းခံရ၍ စိတ်ကျိုးပဲ့ကြေမွလျက်ရှိသောအခါ ကိုယ်တော်သိတော်မူပါ၏။
Daß man unter die Füße tritt alle Gefangenen des Landes,
35 ၃၅ ကိုယ်တော်သည်မိမိပေးထားသည့်ရပိုင်ခွင့် များကို ငါတို့ဆုံးရှုံးရကြသောအခါ၌လည်း သိတော်မူပါ၏။
das Recht eines Mannes beugt vor dem Antlitz des Höchsten,
36 ၃၆ ရုံးတော်တွင်တရားစီရင်မှုဖောက်လွဲဖောက် ပြန် ဖြစ်သောအခါလည်း ကိုယ်တော်သိတော်မူပါ၏။
eines Menschen Streitsache verdreht, - sollte das der Herr nicht sehn?
37 ၃၇ ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
Wer ist, der da sprach, und es geschah, ohne daß der Herr es geboten?
38 ၃၈ အကောင်းနှင့်အဆိုးသည်ကိုယ်တော်၏ အမိန့်တော်အရဖြစ်ပျက်ရပါ၏။
Geht nicht aus dem Munde des Höchsten hervor das Böse und das Gute?
39 ၃၉ ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
Was seufzt der Mensch, so lang er lebt? Ein jeder seufze über seine Sünden!
40 ၄၀ ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။
Laßt uns unsern Wandel prüfen und erforschen und zu Jahwe uns bekehren!
41 ၄၁ ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင် အား ငါတို့စိတ်နှလုံးကိုဖွင့်လျက် အောက်ပါပတ္ထနာကိုပြုကြကုန်အံ့။
Laßt uns Herz und Hände erheben zu Gott im Himmel!
42 ၄၂ ``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
Wir haben gesündigt und sind ungehorsam gewesen, du hast nicht vergeben,
43 ၄၃ ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။
hast dich verhüllt in Zorn und uns verfolgt, gemordet ohne Erbarmen,
hast dich in Gewölk verhüllt, daß kein Gebet hindurchdrang.
45 ၄၅ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကမ္ဘာ့အလယ်တွင်အညစ်အကြေးအမှိုက်ပုံ ဖြစ်စေတော်မူပါပြီ။
Zu Kehricht und Abscheu machtest du uns inmitten der Völker.
46 ၄၆ ``ကျွန်တော်မျိုးတို့သည်ရန်သူများ၏စော်ကား ပြောင်လှောင်မှုကိုခံရကြပါ၏။
Ihren Mund rissen auf über uns alle unsere Feinde.
47 ၄၇ ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
Grauen und Grube ward uns zu teil, Verwüstung und Verderben.
48 ၄၈ ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
Ströme Wassers thränt mein Auge über das Verderben der Tochter meines Volks.
49 ၄၉ ``ထာဝရဘုရားသည်ကောင်းကင်ဘုံမှငါ တို့အား ကြည့်တော်မူ၍မြင်တော်မူသည်တိုင်အောင် ငါ၏မျက်ရည်များသည်မရပ်မနားစီးလျက် နေပါလိမ့်မည်။
Ruhelos fließt mein Auge ohne Aufhören,
bis daß herniederschaue und darein sehe Jahwe vom Himmel.
51 ၅၁ မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
Meine Thräne zehrt an meiner Seele um alle Töchter meiner Stadt.
52 ၅၂ ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။
Mich jagten, jagten wie einen Vogel die, so mir grundlos feind sind,
53 ၅၃ သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ် တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။
machten in der Grube mein Leben verstummen und warfen Steine auf mich.
54 ၅၄ မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့် ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
Wasser strömte über mein Haupt; ich dachte: ich bin verloren!
55 ၅၅ ``အို ထာဝရဘုရားတွင်းထဲမှနေ၍ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
Ich rief deinen Namen, Jahwe, aus tief unterster Grube.
56 ၅၆ ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန် ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍
Du hörtest mein Rufen: “Verschließe dein Ohr nicht; komm mich zu erquicken, mir zu helfen!”
57 ၅၇ ကျွန်တော်မျိုးအား`မကြောက်နှင့်' ဟုပြန်လည် ဖြေကြားတော်မူပါ၏။
Du warst nahe, als ich dich rief, sprachst: “Sei getrost!”
58 ၅၈ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားကူမရန်ကြွလာတော်မူ၍ ကယ်တင်တော်မူပါ၏။
Du führtest, o Herr, meine Sache, erlöstest mein Leben.
59 ၅၉ ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။
Du hast, o Jahwe, meine Unterdrückung gesehn, hilf mir zu meinem Recht!
60 ၆၀ ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။
Du hast all' ihre Rachgier gesehn, all' ihre Pläne wider mich,
61 ၆၁ ``ကိုယ်တော်ရှင်သည်ထိုသူတို့ကျွန်တော်မျိုး အား စော်ကားကြသည်ကိုကြားတော်မူ၍ သူတို့၏လျှို့ဝှက်သောအကြံအစည် မှန်သမျှကိုလည်းသိတော်မူပါ၏။
hast ihr Schmähen gehört, o Jahwe, all' ihre Pläne wider mich,
62 ၆၂ သူတို့သည်တစ်နေကုန်တစ်နေခန်း ကျွန်တော်မျိုး အကြောင်းကိုပြောဆိုလျက် မိမိတို့အကြံအစည်များကိုပြုလုပ်ကြပါ၏။
die Reden meiner Widersacher und ihr stetes Trachten wider mich.
63 ၆၃ မိုးလင်းမှမိုးချုပ်တိုင်အောင်ကျွန်တော်မျိုးကို ပြက်ရယ်ပြုကြပါ၏။
Schau, ob sie sitzen oder aufstehen, ich bin ihr Spottlied!
64 ၆၄ ``အို ထာဝရဘုရားသူတို့အားမိမိတို့ ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။
Du wirst ihnen lohnen, Jahwe, nach ihrer Hände Werk,
65 ၆၅ သူတို့အားကျိန်ဆဲတော်မူ၍စိတ်ဋ္ဌာတ် ကျဆင်းစေတော်မူပါ။
wirst ihr Herz verstocken - dein Fluch über sie!
66 ၆၆ သူတို့ကိုလိုက်လံဖမ်းဆီးတော်မူ၍ ကမ္ဘာမြေပေါ်မှ အကုန်အစင်သုတ်သင်ပယ်ရှင်းတော်မူပါ။''
Du wirst sie im Zorn verfolgen und vertilgen unter Jahwes Himmel weg!