< တရားသူကြီးမှတ်စာ 2 >

1 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ဗော​ခိမ်​မြို့​သို့​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ပြီး​လျှင် သင်​တို့​ဘိုး​ဘေး​တို့​အား​ငါ​က​တိ​ပြု​ခဲ့​သည့် ပြည်​သို့​ပို့​ဆောင်​ပေး​ခဲ့​၏။ ငါ​သည်​သင်​တို့​နှင့် ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ ဖျက်​လိမ့်​မည်​မ​ဟုတ်။-
यहोवा का दूत गिलगाल से बोकीम को जाकर कहने लगा, “मैंने तुम को मिस्र से ले आकर इस देश में पहुँचाया है, जिसके विषय में मैंने तुम्हारे पुरखाओं से शपथ खाई थी। और मैंने कहा था, ‘जो वाचा मैंने तुम से बाँधी है, उसे मैं कभी न तोड़ूँगा;
2 သင်​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​တို့​နှင့် အ​ဘယ်​သို့​မျှ​ပ​ဋိ​ညာဉ်​မ​ပြု​ရ။ ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​ရ​ကြ​မည် ဟု​သင်​တို့​အား​ငါ​မိန့်​မှာ​ခဲ့​၏။ သို့​ရာ​တွင် သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ကြ။ အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း။-
इसलिए तुम इस देश के निवासियों से वाचा न बाँधना; तुम उनकी वेदियों को ढा देना।’ परन्तु तुम ने मेरी बात नहीं मानी। तुम ने ऐसा क्यों किया है?
3 သို့​ဖြစ်​၍​သင်​တို့​ရှေ့​သို့​ချီ​တက်​ကြ​သော အ​ခါ ငါ​သည်​ဤ​သူ​တို့​ကို​ထွက်​ပြေး​စေ​လိမ့် မည်​မ​ဟုတ်​ဟု သင်​တို့​အား​ယ​ခု​ငါ​ဆို​၏။ သူ တို့​သည်​သင်​တို့​၏​ရန်​သူ​များ​ဖြစ်​ကြ​လိမ့် မည်။ သင်​တို့​အ​တွက်​သူ​တို့​၏​ဘု​ရား​များ သည်​ထောင်​ချောက်​သ​ဖွယ်​ဖြစ်​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​သည်။-
इसलिए मैं कहता हूँ, ‘मैं उन लोगों को तुम्हारे सामने से न निकालूँगा; और वे तुम्हारे पाँजर में काँटे, और उनके देवता तुम्हारे लिये फंदा ठहरेंगे।’”
4 ဤ​သို့​ကောင်း​ကင်​တ​မန်​မြွက်​ဆို​ပြီး​သော အ​ခါ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​ငို​ကြွေး​ကြ​ကုန်​၏။-
जब यहोवा के दूत ने सारे इस्राएलियों से ये बातें कहीं, तब वे लोग चिल्ला चिल्लाकर रोने लगे।
5 ထို့​ကြောင့်​ဤ​အရပ်​ကို​ဗော​ခိမ်​မြို့​ဟု​ခေါ်​ဝေါ် သ​မုတ်​သ​တည်း။ သူ​တို့​သည်​ထို​အ​ရပ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ကြ​၏။
और उन्होंने उस स्थान का नाम बोकीम रखा। और वहाँ उन्होंने यहोवा के लिये बलि चढ़ाई।
6 ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား လူ​တိုင်း​ပင်​မိ​မိ​တို့​ဝေ​စု​ကျ​ရာ​မြေ ယာ​ကို​သိမ်း​ယူ​ရန်​ထွက်​သွား​စေ​၏။-
जब यहोशू ने लोगों को विदा किया था, तब इस्राएली देश को अपने अधिकार में कर लेने के लिये अपने-अपने निज भाग पर गए।
7 ယော​ရှု​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ ပတ်​လုံး​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​၏။ ယော​ရှု ကွယ်​လွန်​ပြီး​သည့်​နောက်​၌​ပင်​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​သူ​ခေါင်း ဆောင်​များ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး လူ​တို့​သည်​ဆက်​လက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​သေး​၏။-
और यहोशू के जीवन भर, और उन वृद्ध लोगों के जीवन भर जो यहोशू के मरने के बाद जीवित रहे और देख चुके थे कि यहोवा ने इस्राएल के लिये कैसे-कैसे बड़े काम किए हैं, इस्राएली लोग यहोवा की सेवा करते रहे।
8 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏​သား ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ်​ရှိ သော်​ကွယ်​လွန်​လေ​သည်။-
तब यहोवा का दास नून का पुत्र यहोशू एक सौ दस वर्ष का होकर मर गया।
9 သူ​၏​အ​လောင်း​ကို​ဂါရှာ​ကုန်း​မြောက်​ဘက်၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​တိ​မ​နတ်​ဿေ​ရ မြို့၊ သူ​ပိုင်​မြေ​တွင်​သင်္ဂြိုဟ်​ကြ​၏။-
और उसको तिम्नथेरेस में जो एप्रैम के पहाड़ी देश में गाश नामक पहाड़ के उत्तरी ओर है, उसी के भाग में मिट्टी दी गई।
10 ၁၀ ယော​ရှု​၏​ခေတ်​က​လူ​အ​ပေါင်း​တို့​သည်​ကွယ် လွန်​သွား​ကြ​သ​ဖြင့် နောက်​တစ်​ခေတ်​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ လူ​မျိုး​အ​တွက်​ကိုယ်​တော်​ပြု​မူ​ခဲ့​သော​အ​မှု တော်​တို့​ကို​လည်း​ကောင်း​မေ့​လျော့​၍​သွား ကြ​ကုန်​၏။
१०और उस पीढ़ी के सब लोग भी अपने-अपने पितरों में मिल गए; तब उसके बाद जो दूसरी पीढ़ी हुई उसके लोग न तो यहोवा को जानते थे और न उस काम को जो उसने इस्राएल के लिये किया था।
11 ၁၁ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။-
११इसलिए इस्राएली वह करने लगे जो यहोवा की दृष्टि में बुरा है, और बाल नामक देवताओं की उपासना करने लगे;
12 ၁၂ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။-
१२वे अपने पूर्वजों के परमेश्वर यहोवा को, जो उन्हें मिस्र देश से निकाल लाया था, त्याग कर पराए देवताओं की उपासना करने लगे, और उन्हें दण्डवत् किया; और यहोवा को रिस दिलाई।
13 ၁၃ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။-
१३वे यहोवा को त्याग कर बाल देवताओं और अश्तोरेत देवियों की उपासना करने लगे।
14 ၁၄ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။-
१४इसलिए यहोवा का कोप इस्राएलियों पर भड़क उठा, और उसने उनको लुटेरों के हाथ में कर दिया जो उन्हें लूटने लगे; और उसने उनको चारों ओर के शत्रुओं के अधीन कर दिया; और वे फिर अपने शत्रुओं के सामने ठहर न सके।
15 ၁၅ သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။
१५जहाँ कहीं वे बाहर जाते वहाँ यहोवा का हाथ उनकी बुराई में लगा रहता था, जैसे यहोवा ने उनसे कहा था, वरन् यहोवा ने शपथ खाई थी; इस प्रकार वे बड़े संकट में पड़ गए।
16 ၁၆ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။-
१६तो भी यहोवा उनके लिये न्यायी ठहराता था जो उन्हें लूटनेवाले के हाथ से छुड़ाते थे।
17 ၁၇ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မူ ထို​ခေါင်း​ဆောင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား သစ္စာ​ဖောက်​၍​အ​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​တို့​ကို​ဘိုး​ဘေး​များ​စောင့်​ထိန်း ခဲ့​ကြ​သ​ကဲ့​သို့​မ​စောင့်​ထိန်း​ကြ​တော့​ပေ။-
१७परन्तु वे अपने न्यायियों की भी नहीं मानते थे; वरन् व्यभिचारिणी के समान पराए देवताओं के पीछे चलते और उन्हें दण्डवत् करते थे; उनके पूर्वज जो यहोवा की आज्ञाएँ मानते थे, उनकी उस लीक को उन्होंने शीघ्र ही छोड़ दिया, और उनके अनुसार न किया।
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-
१८जब जब यहोवा उनके लिये न्यायी को ठहराता तब-तब वह उस न्यायी के संग रहकर उसके जीवन भर उन्हें शत्रुओं के हाथ से छुड़ाता था; क्योंकियहोवा उनका कराहना जो अंधेर और उपद्रव करनेवालों के कारण होता था सुनकर दुःखी था।
19 ၁၉ သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။-
१९परन्तु जब न्यायी मर जाता, तब वे फिर पराए देवताओं के पीछे चलकर उनकी उपासना करते, और उन्हें दण्डवत् करके अपने पुरखाओं से अधिक बिगड़ जाते थे; और अपने बुरे कामों और हठीली चाल को नहीं छोड़ते थे।
20 ၂၀ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။-
२०इसलिए यहोवा का कोप इस्राएल पर भड़क उठा; और उसने कहा, “इस जाति ने उस वाचा को जो मैंने उनके पूर्वजों से बाँधी थी तोड़ दिया, और मेरी बात नहीं मानी,
21 ၂၁ ထို့​ကြောင့်​ယော​ရှု​ကွယ်​လွန်​စဉ်​အ​ခါ​က​ပင် ဤ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သည့်​အ​ဘယ် လူ​မျိုး​ကို​မျှ​ငါ​နှင်​ထုတ်​တော့​မည်​မ​ဟုတ်။-
२१इस कारण जिन जातियों को यहोशू मरते समय छोड़ गया है उनमें से मैं अब किसी को उनके सामने से न निकालूँगा;
22 ၂၂ ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​၏ လမ်း​စဉ်​ကို​သူ​တို့​ဘိုး​ဘေး​များ​လိုက်​လျှောက် ခဲ့​ကြ​သ​ကဲ့​သို့ လိုက်​လျှောက်​မည်​မ​လိုက်​လျှောက် မည်​ကို​သိ​ရှိ​စေ​ရန် ငါ​သည်​ဤ​ပြည်​ရှိ​လူ​မျိုး တို့​ကို​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။-
२२जिससे उनके द्वारा मैं इस्राएलियों की परीक्षा करूँ, कि जैसे उनके पूर्वज मेरे मार्ग पर चलते थे वैसे ही ये भी चलेंगे कि नहीं।”
23 ၂၃ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​လူ​မျိုး တို့​အား ထို​ပြည်​၌​ပင်​ဆက်​လက်​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။ ကိုယ်​တော်​သည်​ယော​ရှု​အား​ထို​သူ တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​ခွင့်​ပေး​တော်​မ​မူ။ ယော​ရှု​ကွယ်​လွန်​ပြီး​သော​အ​ခါ​၌​လည်း​သူ တို့​အား​အ​ဆော​တ​လျင်​နှင်​ထုတ်​ခြင်း​ကို ပြု​တော်​မ​မူ။
२३इसलिए यहोवा ने उन जातियों को एकाएक न निकाला, वरन् रहने दिया, और उसने उन्हें यहोशू के हाथ में भी उनको न सौंपा था।

< တရားသူကြီးမှတ်စာ 2 >