< ယောဟန် 1 >

1 ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင် နှုတ်​က​ပတ်​တော်​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော် သည်​ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​လည်း​ဘု​ရား​ဖြစ်​တော်​မူ​၏။-
အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
2 နှုတ်​က​ပတ်​တော်​သည်​အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။-
ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
3 ဘု​ရား​သ​ခင်​သည်​နှုတ်​က​ပတ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဖန်​ဆင်း​ခြင်း​နှင့်​ကင်း​၍​ပေါ်​လာ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။-
နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။
4 ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သက်​ကို​ရ​ရှိ​ကြ​၏။ ထို​အ​သက်​သည်​လူ​သား​တို့ အ​တွက်​အ​လင်း​ဖြစ်​၏။-
ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။
5 ထို​အ​လင်း​သည်​အ​မှောင်​တွင်​ထွန်း​လင်း​၍​အ​မှောင်​သည် ထို​အ​လင်း​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဖုံး​လွှမ်း​နိုင်။
ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။
6 ဘု​ရား​သ​ခင်​သည်​ယော​ဟန်​ဆို​သူ​အား​မိ​မိ ၏​စေ​တ​မန်​အ​ဖြစ်​ဖြင့်​စေ​လွှတ်​တော်​မူ​၏။-
ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။
7 တ​ရား​တော်​ကို​လူ​အ​ပေါင်း​တို့​ကြား​၍ ယုံ​ကြည်​လာ​စိမ့်​သော​ငှာ ထို​သူ​သည်​အ​လင်း တော်​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​၏။-
ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေ ခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။
8 သူ​သည်​အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော် အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​သူ​ဖြစ်​၏။-
ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။
9 ထို​အ​လင်း​တော်​သည်​လော​က​သို့​ကြွ​လာ​၍ လူ​သား​အ​ပေါင်း​တို့​အ​ပေါ်​တွင် ထွန်း​လင်း တောက်​ပ​သည့်​စစ်​မှန်​သော​အ​လင်း​ဖြစ်​ပေ သည်။
ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။
10 ၁၀ နှုတ်​က​ပတ်​တော်​သည်​လော​က​၌​ရှိ​တော်​မူ​၏။ လော​က​ကို​နှုတ်​က​ပတ်​တော်​အား​ဖြင့်​ဖန်​ဆင်း တော်​မူ​သော်​လည်း လော​က​သည်​ကိုယ်​တော်​ကို မ​သိ။-
၁၀ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလော ကသည် ထိုသူကိုမသိ။
11 ၁၁ ကိုယ်​တော်​သည်​မိ​မိ​နေ​ရင်း​ပြည်​သို့​ကြွ​တော်​မူ သော်​လည်း မိ​မိ​၏​ပြည်​သား​များ​က​လက်​မ​ခံ ကြ။-
၁၁သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။
12 ၁၂ သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​လက်​ခံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​သား သ​မီး​များ​ဖြစ်​ခွင့်​ကို​ရ​ကြ​၏။-
၁၂ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
13 ၁၃ ထို​သူ​တို့​သည်​လူ​သား​ဖ​ခင်​မှ​ပေါက်​ဖွား​လာ သော​သား​သ​မီး​များမ​ဟုတ်။ ဘု​ရား​သ​ခင် ပေါက်​ဖွား​စေ​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။
၁၃ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။
14 ၁၄ နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။
၁၄နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
15 ၁၅ ကိုယ်​တော်​၏​အ​ကြောင်း​ကို​ယော​ဟန်​ဟော​ပြော​၏။ ယော​ဟန်​က ``ငါ​၏​နောက်​ကြွ​လာ​သူ​သည်​ငါ မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့်​ငါ့​ထက်​ကြီး မြတ်​သူ​ဖြစ်​သည်​ဟု​ငါ​သက်​သေ​ခံ​ခဲ့​သူ​ကား ဤ​အရှင်​ပင်​တည်း'' ဟု​ကြွေး​ကြော်​လေ​သည်။
၁၅ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။
16 ၁၆ ကိုယ်​တော်​သည်​ကျေး​ဇူး​တော်​ပြည့်​စုံ​ကြွယ်​ဝ​တော် မူ​သည်​နှင့်​အ​ညီ ငါ​တို့​အား​ကောင်း​ချီး​မင်္ဂ​လာ တစ်​ပါး​ပြီး​တစ်​ပါး​ချ​ပေး​တော်​မူ​၏။-
၁၆ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။
17 ၁၇ ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-
၁၇အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
18 ၁၈ လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။
၁၈ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
19 ၁၉ ယေ​ရု​ရှ​လင်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့ တို့​ကို​ယော​ဟန်​ထံ​သို့​စေ​လွှတ်​၍ ``သင်​သည် အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​စေ​ကြ​၏။
၁၉ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
20 ၂၀ ထို​အ​ခါ​ယော​ဟန်​က ``ငါ​သည်​မေ​ရှိ​ယ မ​ဟုတ်'' ဟု​ထိန်​ဝှက်​ခြင်း​မ​ရှိ​ဘဲ​အ​တိ အ​လင်း​ပြော​ဆို​၏။
၂၀ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။
21 ၂၁ ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ပေ​လော'' ဟု​တစ်​ဖန် မေး​ပြန်​ကြ​၏။ ယော​ဟန်​က ``ငါ​သည်​ဧ​လိ​ယ​မ​ဟုတ်'' ဟု​ဆို​၏။ သူ​တို့​က ``ပ​ရော​ဖက်​ပေ​လော'' ဟု​မေး​ကြ​လျှင်၊ ``ငါ​သည်​ပ​ရော​ဖက်​လည်း​မ​ဟုတ်'' ဟု​ဆို​ပြန်​၏။
၂၁ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။
22 ၂၂ ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း။ ငါ တို့​ကို​စေ​လွှတ်​လိုက်​သူ​များ​အား​ပြန်​၍ ပြော​ရ​ပါ​မည်။ သင်​ကိုယ်​တိုင်​က​မည်​သို့ ဆို​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
၂၂ထိုသူတို့ကလည်း၊ သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေ ခြင်းငှါ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။
23 ၂၃ ယော​ဟန်​က ``ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဖော်​ပြ​ခဲ့​သည်​အ​တိုင်း၊ `ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​လမ်း​ခ​ရီး​တော်​ကို ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့' ဟု တော​ကန္တာ​ရ​၌​ကြွေး​ကြော်​နေ​သော​အသံ​ဖြစ်​၏'' ဟု​ဆို​၏။
၂၃ယောဟန်ကလည်း၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။
24 ၂၄ ယော​ဟန်​ထံ​သို့​ရောက်​လာ​ကြ​သော​စေ​တ​မန် များ​တွင်​ဖာ​ရိ​ရှဲ​အ​ချို့​ပါ​၏။-
၂၄အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။
25 ၂၅ ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်၊ ဧ​လိ​ယ လည်း​မ​ဟုတ်၊ ပ​ရော​ဖက်​လည်း​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ပါ​သ​နည်း'' ဟု မေး​ကြ​၏။
၂၅ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။
26 ၂၆ ယော​ဟန်​က ``ငါ​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သင်​တို့​တွင်​သင်​တို့​မ​သိ​သော အ​ရှင်​ရှိ​၏။-
၂၆ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌သင်တို့မသိသော သူတယောက် ရှိ၏။
27 ၂၇ ထို​အ​ရှင်​သည်​ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ သည်​သူ​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြည်​ထိုက်'' ဟု ဆို​၏။
၂၇ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။
28 ၂၈ ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရာ​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ကမ်း​ရှိ​ဗေ​သ​နိ​ရွာ​တွင်​ဤ​အ​မှု အ​ရာ​ဖြစ်​ပျက်​သ​တည်း။
၂၈ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။
29 ၂၉ နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။-
၂၉နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
30 ၃၀ `ငါ​မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့် ငါ့​ထက် ကြီး​မြတ်​သော​သူ​သည်​ငါ​၏​နောက်​တွင်​ကြွ လာ​လိမ့်​မည်' ဟု​ယ​ခင်​အ​ခါ​က​ငါ​ဖော်​ပြ ခဲ့​သူ​ကား​ထို​သူ​ပင်​တည်း။-
၃၀ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။
31 ၃၁ ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို​ယ​ခင် အ​ခါ​က​ငါ​မ​သိ။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သူ့​ကို​သိ​ရှိ​နိုင်​ကြ​စေ​ရန် ငါ သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ပေး​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။
၃၁အစကထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။
32 ၃၂ ထို​နောက်​ယော​ဟန်​က ``ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ​ချိုး​ငှက်​အ​သွင်​ဖြင့်​ဆင်း​သက်​၍ ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​သည်​ကို​ငါ​မြင် ရ​၏။-
၃၂ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူ သည်ကို ငါမြင်ရပြီ။
33 ၃၃ ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။-
၃၃အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။
34 ၃၄ ဤ​သို့​မိန့်​တော်​မူ​သည်​အ​တိုင်း​ငါ​တွေ့​မြင်​ရ​ပြီ ဖြစ်​၍ ဤ​သူ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ကို​ငါ​သက်​သေ​ခံ​၏'' ဟု​ဆို​၏။
၃၄ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
35 ၃၅ နောက်​တစ်​နေ့​၌​ယော​ဟန်​သည် တ​ပည့် နှစ်​ယောက်​နှင့်​အ​တူ​ရပ်​လျက်​နေ​စဉ်၊-
၃၅တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊
36 ၃၆ သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင် သ​ဖြင့် ``ဘု​ရား​သ​ခင်​၏​သိုး​သူငယ်​တော်​ကို ကြည့်​လော့'' ဟု​ဆို​၏။
၃၆ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။
37 ၃၇ သူ​၏​တ​ပည့်​နှစ်​ယောက်​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။-
၃၇တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။
38 ၃၈ သ​ခင်​ယေ​ရှု​သည်​နောက်​သို့​လှည့်​၍​ကြည့်​တော် မူ​ရာ ထို​သူ​တို့​လိုက်​လာ​သည်​ကို​မြင်​တော်​မူ လျှင် ``သင်​တို့​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ကြ သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``ရဗ္ဗိ၊ ကိုယ်​တော်​သည်​အ​ဘယ်​မှာ နေ​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​နက်​ကား​အ​ရှင်​ဘု​ရား​ဟု​ဆို​လို​၏)
၃၈ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
39 ၃၉ ကိုယ်​တော်​က ``လာ​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ချိန်​သည်​ည​နေ​လေး​နာ​ရီ​အ​ချိန် ဖြစ်​သည်။ သူ​တို့​သည်​လိုက်​၍​ကိုယ်​တော်​နေ​တော် မူ​ရာ​အ​ရပ်​ကို​မြင်​ပြီး​လျှင် ကိုယ်​တော်​နှင့်​အ​တူ မိုး​ချုပ်​သည်​တိုင်​အောင်​နေ​ကြ​၏။
၃၉ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။
40 ၄၀ ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ ကိုယ်​တော်​၏ နောက်​တော်​သို့​လိုက်​သွား​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​မှာ​ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ ဖြစ်​၏။-
၄၀ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း။
41 ၄၁ သူ​သည်​အစ်​ကို​ဖြစ်​သူ​ရှိ​မုန်​ကို​ချက်​ချင်း​ရှာ ၍ ``မေ​ရှိ​ယ​အ​ရှင်​ကို​ငါ​တို့​တွေ့​ပြီ'' ဟု​ဆို​၏။ (မေ​ရှိ​ယ​အ​နက်​မှာ ခ​ရစ်​တော်​ဖြစ်​သ​တည်း။)-
၄၁ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊
42 ၄၂ ထို​နောက်​သူ​သည်​ရှိ​မုန်​အား​သ​ခင်​ယေ​ရှု ထံ​တော်​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ သ​ခင်​ယေ​ရှု​သည်​ရှိ​မုန်​ကို​ကြည့်​၍ ``သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ ကေ​ဖ​နာ​မည် သစ်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (ကေ​ဖ ကား​ပေ​တ​ရု​ဟူ​သော​အ​မည်​နှင့်​ထပ်​တူ ဖြစ်​၍ ကျောက်​ဟု​အ​နက်​ရှိ​၏။)
၄၂သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူ ကိုကြည့်ရှု၍၊ သင်သည်ယောန၏သားရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ၏၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း။
43 ၄၃ နောက်​တစ်​နေ့​၌​ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည် သို့​ကြွ​တော်​မူ​ရန် စိတ်​ပိုင်း​ဖြတ်​တော်​မူ​၏။ ဖိ​လိပ္ပု ကို​တွေ့​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော် မူ​၏။-
၄၃နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။
44 ၄၄ (ဖိ​လိပ္ပု​သည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​၏။ ဗက်​ဇဲ​ဒ မြို့​ကား​အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​နေ​ထိုင်​ရာ​မြို့ တည်း။)-
၄၄ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။
45 ၄၅ ဖိ​လိပ္ပု​သည်​နာ​သ​နေ​လ​ကို​တွေ့​သ​ဖြင့် ``မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​လည်း​ကောင်း၊ ပ​ရော​ဖက်​ကျမ်း များ​တွင်​လည်း​ကောင်း​ရေး​သား​ဖော်​ပြ​ထား​သူ ကို​ငါ​တို့​တွေ့​ပြီ။ ထို​သူ​သည်​ယောသပ်​၏​သား၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏'' ဟု​ဆို​၏။
၄၅ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။
46 ၄၆ နာ​သ​နေ​လ​က ``နာ​ဇ​ရက်​မြို့​မှ​ကောင်း​သည့် အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​ပေါ်​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ ဖိ​လိပ္ပု​က ``လာ​၍​ကြည့်​ပါ'' ဟု​ဆို​၏။
၄၆နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟုဆို၏။
47 ၄၇ နာ​သ​နေ​လ​လာ​နေ​သည်​ကို​သ​ခင်​ယေ​ရှု​မြင် တော်​မူ​လျှင် ``ပ​ရိ​ယာယ်​ကင်း​သူ​ဣသ​ရေ​လ အ​မျိုး​သား​စစ်​ကို​ကြည့်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
၄၇နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။
48 ၄၈ နာ​သ​နေ​လ​က ``ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​သို့ အ​ကျွန်ုပ်​ကို​သိ​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ၏။ သ​ခင်​ယေ​ရှု​က ``သင့်​အား​ဖိ​လိပ္ပု​မ​ခေါ်​မီ သ​ဖန်း​ပင်​အောက်​တွင်​ရှိ​နေ​စဉ်​အ​ခါ​က​ပင် လျှင် သင့်​ကို​ငါ​မြင်​၏'' ဟု​မိန့်​တော်​မူ​၏။
၄၈နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို ငါ မြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊
49 ၄၉ ထို​အ​ခါ​နာ​သ​နေ​လ​က ``အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ပါ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​လျှောက်​လေ​၏။
၄၉အရှင်ဘုရား၊ ကိုယ်တော်သည် ဘရားသခင်၏သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။
50 ၅၀ သ​ခင်​ယေ​ရှု​က ``သ​ဖန်း​ပင်​အောက်​တွင်​သင့် ကို​ငါ​မြင်​ကြောင်း​ပြော​ပြ​သည့်​အ​တွက်​သင် ယုံ​သ​လော။ ဤ​ထက်​ပို​၍​အံ့​သြ​ဖွယ်​သော အ​မှု​အ​ရာ​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်။-
၅၀တဖန်ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှ မက သင်သည်သာ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့။
51 ၅၁ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကောင်း​ကင်​ပွင့်​လျက် လူ​သား​အ​ပေါ်​တွင်​ဘု​ရား သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​ဆင်း​လျက် တက်​လျက်​နေ​ကြ​သည်​ကို​သင်​တို့​မြင်​ရ ကြ​လတ္တံ့' ဟု​မိန့်​တော်​မူ​၏။
၅၁သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

< ယောဟန် 1 >