< ယောဟန် 13 >
1 ၁ အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
過越の祭の前に、イエスは、この世を去って父のみもとに行くべき自分の時がきたことを知り、世にいる自分の者たちを愛して、彼らを最後まで愛し通された。
2 ၂ သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
夕食のとき、悪魔はすでにシモンの子イスカリオテのユダの心に、イエスを裏切ろうとする思いを入れていたが、
3 ၃ သခင်ယေရှုသည်မိမိအားခမည်းတော်က အာဏာကုန်လွှဲအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာ ၍ ဘုရားသခင်ထံတော်သို့ပြန်တော့မည်ကို လည်းကောင်းသိတော်မူ၏။-
イエスは、父がすべてのものを自分の手にお与えになったこと、また、自分は神から出てきて、神にかえろうとしていることを思い、
4 ၄ သို့ဖြစ်၍စားပွဲမှထ၍ဝတ်လုံတော်ကို ချွတ်တော်မူပြီးလျှင်ပဝါကိုယူ၍ခါး ကိုစည်းတော်မူ၏။-
夕食の席から立ち上がって、上着を脱ぎ、手ぬぐいをとって腰に巻き、
5 ၅ ထိုနောက်ဇလုံတွင်ရေထည့်၍တပည့်တော်တို့ ၏ခြေကိုဆေးပြီးလျှင် ခါးတွင်စည်းထားသော ပဝါနှင့်သုတ်တော်မူ၏။-
それから水をたらいに入れて、弟子たちの足を洗い、腰に巻いた手ぬぐいでふき始められた。
6 ၆ ရှိမုန်ပေတရုထံသို့ရောက်တော်မူလျှင် ပေတရုက ``သခင်၊ ကိုယ်တော်သည်အကျွန်ုပ် ၏ခြေကိုဆေးတော်မူမည်လော'' ဟုမေး လျှောက်၏။
こうして、シモン・ペテロの番になった。すると彼はイエスに、「主よ、あなたがわたしの足をお洗いになるのですか」と言った。
7 ၇ သခင်ယေရှုက ``ငါပြုသောအမှုကိုယခု သင်မသိ။ နောင်အခါမှသိရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
イエスは彼に答えて言われた、「わたしのしていることは今あなたにはわからないが、あとでわかるようになるだろう」。
8 ၈ ပေတရုက ``ကိုယ်တော်သည်အကျွန်ုပ်၏ခြေ ကိုအဘယ်အခါမျှမဆေးရ'' ဟုဆို၏။ သခင်ယေရှုက ``သင့်ခြေကိုငါမဆေးရ လျှင် သင်သည်ငါ၏တပည့်မဟုတ်တော့ပြီ'' ဟုမိန့်တော်မူ၏။ (aiōn )
ペテロはイエスに言った、「わたしの足を決して洗わないで下さい」。イエスは彼に答えられた、「もしわたしがあなたの足を洗わないなら、あなたはわたしとなんの係わりもなくなる」。 (aiōn )
9 ၉ ပေတရုက ``သခင်၊ အကျွန်ုပ်၏ခြေကို သာမကလက်နှင့်ဦးခေါင်းကိုလည်းဆေး တော်မူပါ'' ဟုလျှောက်၏။
シモン・ペテロはイエスに言った、「主よ、では、足だけではなく、どうぞ、手も頭も」。
10 ၁၀ သခင်ယေရှုက ``ရေချိုးပြီးသူသည်တစ်ကိုယ် လုံးစင်ကြယ်ပြီးဖြစ်၍ခြေကိုသာဆေးရန် လို၏။ သင်တို့သည်စင်ကြယ်ပြီးဖြစ်၏။ သို့ရာ တွင်လူတိုင်းစင်ကြယ်သည်မဟုတ်'' ဟုမိန့် တော်မူ၏။-
イエスは彼に言われた、「すでにからだを洗った者は、足のほかは洗う必要がない。全身がきれいなのだから。あなたがたはきれいなのだ。しかし、みんながそうなのではない」。
11 ၁၁ (မိမိအားရန်သူ့လက်သို့အပ်နှံမည့်သူကိုသိ တော်မူသောကြောင့် ကိုယ်တော်ကလူတိုင်းစင် ကြယ်သည်မဟုတ်ဟုမိန့်တော်မူသတည်း။)
イエスは自分を裏切る者を知っておられた。それで、「みんながきれいなのではない」と言われたのである。
12 ၁၂ ကိုယ်တော်သည်တပည့်တော်တို့၏ခြေကိုဆေး ပြီးနောက် ဝတ်လုံတော်ကိုပြန်၍ဝတ်ပြီးလျှင် ထိုင်တော်မူ၏။ ကိုယ်တော်က ``သင်တို့အတွက် ငါပြုခဲ့သောအမှုအရာကိုနားလည်ကြ သလော။-
こうして彼らの足を洗ってから、上着をつけ、ふたたび席にもどって、彼らに言われた、「わたしがあなたがたにしたことがわかるか。
13 ၁၃ သင်တို့သည်ငါ့ကိုဆရာတော်ဟူ၍လည်း ကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်းခေါ် တတ်ကြ၏။ ဤအတိုင်းလည်းဟုတ်မှန်သဖြင့် သင်တို့ခေါ်သည်မှာလျောက်ပတ်ပေ၏။-
あなたがたはわたしを教師、また主と呼んでいる。そう言うのは正しい。わたしはそのとおりである。
14 ၁၄ ငါသည်သင်တို့၏ဆရာတော်ဖြစ်၏။ အရှင် ဘုရားလည်းဖြစ်၏။ သို့ဖြစ်ပါလျက်သင်တို့ ၏ခြေကိုငါဆေးပေးခဲ့၏။ သို့ဖြစ်၍သင်တို့ သည်လည်းအချင်းချင်းတို့၏ခြေကိုဆေး ရမည်။-
しかし、主であり、また教師であるわたしが、あなたがたの足を洗ったからには、あなたがたもまた、互に足を洗い合うべきである。
15 ၁၅ သင်တို့အားငါပြုသကဲ့သို့ သင်တို့အချင်း ချင်းသည်လည်းပြုကြစိမ့်သောငှာစံနမူနာ ကိုငါပြခဲ့ပြီ။-
わたしがあなたがたにしたとおりに、あなたがたもするように、わたしは手本を示したのだ。
16 ၁၆ အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။-
よくよくあなたがたに言っておく。僕はその主人にまさるものではなく、つかわされた者はつかわした者にまさるものではない。
17 ၁၇ ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။
もしこれらのことがわかっていて、それを行うなら、あなたがたはさいわいである。
18 ၁၈ ``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-
あなたがた全部の者について、こう言っているのではない。わたしは自分が選んだ人たちを知っている。しかし、『わたしのパンを食べている者が、わたしにむかってそのかかとをあげた』とある聖書は成就されなければならない。
19 ၁၉ ထိုသို့ဖြစ်ပျက်လာသောအခါ `ငါသည်ငါ ဖြစ်သည်အတိုင်းငါဖြစ်သည်ကို' သင်တို့ ယုံကြည်လာကြစေရန်ယခုကပင်ကြို တင်၍သင်တို့အားငါပြောနှင့်ပြီ။-
そのことがまだ起らない今のうちに、あなたがたに言っておく。いよいよ事が起ったとき、わたしがそれであることを、あなたがたが信じるためである。
20 ၂၀ အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါစေလွှတ်သောသူကိုလက်ခံသူသည်ငါ့ ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် လည်းငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လက်ခံ၏'' ဟုမိန့်တော်မူ၏။
よくよくあなたがたに言っておく。わたしがつかわす者を受けいれる者は、わたしを受けいれるのである。わたしを受けいれる者は、わたしをつかわされたかたを、受けいれるのである」。
21 ၂၁ ဤသို့မိန့်တော်မူပြီးသောအခါသခင်ယေရှု သည်ပြင်းစွာစိတ်ဒုက္ခရောက်တော်မူ၍ ``အမှန် အကန်သင်တို့အားငါဆိုသည်ကား၊ သင်တို့ အနက်တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့ လက်သို့အပ်နှံလိမ့်မည်'' ဟုပွင့်လင်းစွာမိန့် တော်မူ၏။
イエスがこれらのことを言われた後、その心が騒ぎ、おごそかに言われた、「よくよくあなたがたに言っておく。あなたがたのうちのひとりが、わたしを裏切ろうとしている」。
22 ၂၂ အဘယ်သူကိုရည်ဆောင်၍မိန့်တော်မူသည် ကိုတပည့်တော်တို့တွေး၍မရနိုင်ကြသဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့် ကြ၏။-
弟子たちはだれのことを言われたのか察しかねて、互に顔を見合わせた。
23 ၂၃ ထိုအခါသခင်ယေရှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏လက်ယာတော် ဘက်တွင်ထိုင်လျက်နေ၏။-
弟子たちのひとりで、イエスの愛しておられた者が、み胸に近く席についていた。
24 ၂၄ ရှိမုန်ပေတရုက ``ကိုယ်တော်သည်မည်သူ့ကို ဆိုလိုတော်မူပါသနည်း'' ဟုမေးလျှောက် ရန်ထိုတပည့်အားမျက်ရိပ်ပြ၍ခိုင်း၏။
そこで、シモン・ペテロは彼に合図をして言った、「だれのことをおっしゃったのか、知らせてくれ」。
25 ၂၅ ထိုတပည့်တော်သည် သခင်ယေရှု၏အနီး သို့ကပ်ပြီးလျှင် ``သခင်၊ ထိုသူသည်မည်သူ ဖြစ်ပါသနည်း'' ဟုလျှောက်၏။
その弟子はそのままイエスの胸によりかかって、「主よ、だれのことですか」と尋ねると、
26 ၂၆ သခင်ယေရှုက ``ဤမုန့်တစ်ဖဲ့ကိုဟင်းပန်း ကန်တွင်နှစ်၍ငါပေးသူသည်ထိုသူပင်ဖြစ် ၏'' ဟုမိန့်တော်မူ၏။ ထိုနောက်မုန့်တစ်ဖဲ့ကို ဟင်းပန်းကန်တွင်နှစ်ပြီးလျှင် ရှိမုန်ရှကာရုတ် ၏သားယုဒအားပေးတော်မူ၏။-
イエスは答えられた、「わたしが一きれの食物をひたして与える者が、それである」。そして、一きれの食物をひたしてとり上げ、シモンの子イスカリオテのユダにお与えになった。
27 ၂၇ ထိုမုန့်ကိုယုဒစားလိုက်သည်နှင့်တစ်ပြိုင် နက်စာတန်သည်သူ၏အထဲသို့ဝင်လေ၏။ သခင်ယေရှုက ``သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့'' ဟုမိန့်တော်မူ၏။-
この一きれの食物を受けるやいなや、サタンがユダにはいった。そこでイエスは彼に言われた、「しようとしていることを、今すぐするがよい」。
28 ၂၈ ယုဒအားအဘယ်ကြောင့်ထိုသို့မိန့်တော်မူ သည်ကို စားပွဲတွင်ထိုင်နေသူတစ်ယောက်မျှ မသိ။-
席を共にしていた者のうち、なぜユダにこう言われたのか、わかっていた者はひとりもなかった。
29 ၂၉ ယုဒသည်ငွေအိတ်ကိုကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက်လိုအပ်သည်များကိုဝယ်ယူ ရန်ဖြစ်စေ၊ ဆင်းရဲသူတို့အားပေးကမ်းရန် ဖြစ်စေသခင်ယေရှုမှာကြားတော်မူသည် ဟု အချို့သောတပည့်တော်တို့ကထင်မှတ် ကြ၏။
ある人々は、ユダが金入れをあずかっていたので、イエスが彼に、「祭のために必要なものを買え」と言われたか、あるいは、貧しい者に何か施させようとされたのだと思っていた。
30 ၃၀ ယုဒရှကာရုတ်သည်မုန့်တစ်ဖဲ့ကိုခံယူ ပြီးလျှင်ချက်ချင်းထွက်ခွာသွားလေသည်။ ထိုအချိန်ကားညအချိန်ဖြစ်သတည်း။
ユダは一きれの食物を受けると、すぐに出て行った。時は夜であった。
31 ၃၁ ယုဒထွက်သွားပြီးနောက်သခင်ယေရှုက ``ယခု လူသားသည်ဘုန်းအသရေထွန်းတော်မူလေ ပြီ၊ ဘုရားသခင်သည်လည်းလူသားအားဖြင့် ဘုန်းအသရေထွန်းတောက်တော်မူပြီ။-
さて、彼が出て行くと、イエスは言われた、「今や人の子は栄光を受けた。神もまた彼によって栄光をお受けになった。
32 ၃၂ ဘုရားသခင်သည်လူသားအားဖြင့်ဘုန်း အသရေထွန်းတောက်တော်မူလျှင် ဘုရား သခင်ကိုယ်တော်တိုင်အားဖြင့် လူသားအား ဘုန်းအသရေထွန်းတောက်စေတော်မူလိမ့် မည်။-
彼によって栄光をお受けになったのなら、神ご自身も彼に栄光をお授けになるであろう。すぐにもお授けになるであろう。
33 ၃၃ ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏမျှ သာနေရပေတော့အံ့။ သင်တို့သည်ငါ့ကိုရှာ ကြလိမ့်မည်။ `ငါသွားရာသို့သင်တို့မလိုက် နိုင်ကြ' ဟုယုဒအာဏာပိုင်တို့အားပြောခဲ့ သည်အတိုင်းသင်တို့အားလည်းယခုငါ ပြော၏။-
子たちよ、わたしはまだしばらく、あなたがたと一緒にいる。あなたがたはわたしを捜すだろうが、すでにユダヤ人たちに言ったとおり、今あなたがたにも言う、『あなたがたはわたしの行く所に来ることはできない』。
34 ၃၄ အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။-
わたしは、新しいいましめをあなたがたに与える、互に愛し合いなさい。わたしがあなたがたを愛したように、あなたがたも互に愛し合いなさい。
35 ၃၅ သင်တို့အချင်းချင်းချစ်ကြလျှင်လူအပေါင်း တို့သည် ထိုမေတ္တာကိုထောက်၍သင်တို့သည်ငါ ၏တပည့်များဖြစ်ကြောင်းကိုသိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
互に愛し合うならば、それによって、あなたがたがわたしの弟子であることを、すべての者が認めるであろう」。
36 ၃၆ ရှိမုန်ပေတရုက ``သခင်၊ အဘယ်အရပ်သို့ ကြွတော်မူပါမည်နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``ငါသွားရာကိုသင်ယခု မလိုက်နိုင်။ နောင်အခါမှလိုက်ရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
シモン・ペテロがイエスに言った、「主よ、どこへおいでになるのですか」。イエスは答えられた、「あなたはわたしの行くところに、今はついて来ることはできない。しかし、あとになってから、ついて来ることになろう」。
37 ၃၇ ပေတရုက ``သခင်၊ အဘယ်ကြောင့်ယခု အကျွန်ုပ်မလိုက်နိုင်ပါသနည်း။ ကိုယ်တော် ၏အတွက်အကျွန်ုပ်သည်အသက်ကိုပင်စွန့် ပါမည်'' ဟုလျှောက်၏။
ペテロはイエスに言った、「主よ、なぜ、今あなたについて行くことができないのですか。あなたのためには、命も捨てます」。
38 ၃၈ သခင်ယေရှုက ``သင်သည်ငါ့အတွက်အသက် စွန့်မည်လော။ အမှန်အကန်သင့်အားငါဆိုသည် ကား ကြက်မတွန်မီသင်သည်ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင်ငြင်းဆိုလိမ့်မည်'' ဟုမိန့် တော်မူ၏။
イエスは答えられた、「わたしのために命を捨てると言うのか。よくよくあなたに言っておく。鶏が鳴く前に、あなたはわたしを三度知らないと言うであろう」。