< ယေရမိ 50 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​နှင့် ထို ပြည်​သူ​ပြည်​သား​တို့​ကို​ရည်​မှတ်​၍​ငါ့ အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊
LA parola che il Signore pronunziò contro a Babilonia, contro al paese de' Caldei, per lo profeta Geremia.
2 ``ဗာ​ဗု​လုန်​မြို့​သည်​ကျဆုံး​လေ​ပြီ။ ထို​မြို့ ၏​မေ​ရော​ဒပ် ဘု​ရား​သည်​လည်း​ကျိုး​ပဲ့​ကြေ​မွ​၍​သွား​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ရှိ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ရုပ်​တု​များ​သည် အ​ရှက်​ကွဲ​လျက်​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​သည် တ​ကား။ ဤ​သ​တင်း​ကို​ထို​လူ​မျိုး​တ​ကာ​တို့​အား ပြော​ကြား​ကြေ​ညာ​လော့။ အ​ချက်​ပြ​အ​လံ​ဟူ​၍​ကြော်​ငြာ​လော့။ ထို​သ​တင်း​ကို​လျှို့​ဝှက်​၍​မ​ထား​နှင့်။
Annunziate fra le genti, e bandite, ed alzate la bandiera; bandite[lo], no[l] celate; dite: Babilonia è stata presa, Bel è confuso, Merodac è rotto in pezzi; le sue immagini sono confuse, i suoi idoli son rotti in pezzi.
3 ``မြောက်​အ​ရပ်​မှ​လူ​မျိုး​တစ်​ရပ်​သည်​ဗာ​ဗု​လုန် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ပြီး​လျှင် ထို​မြို့ ကို​သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လိမ့်​မည်။ လူ​နှင့်​တိ​ရစ္ဆာန် များ​ထွက်​ပြေး​ကြ​မည်​ဖြစ်​၍​ထို​အ​ရပ်​သည် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
Perciocchè una nazione è salita contro a lei dal Settentrione, la quale metterà il paese di quella in desolazione, e non vi sarà [più] alcuno che abiti in lei; uomini, e bestie si son dileguati, se ne sono andati via.
4 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သား​တို့​သည်​ငို​ယို​ကာ မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ငါ့​အား​လိုက်​လံ​ရှာ​ဖွေ ကြ​လိမ့်​မည်။-
In que' giorni, ed in quel tempo, dice il Signore, i figliuoli d'Israele, ed i figliuoli di Giuda verranno, tutti insieme, e andranno piangendo, e ricercheranno il Signore Iddio loro.
5 သူ​တို့​သည်​ဇိ​အုန်​မြို့​သို့​သွား​ရာ​လမ်း​ကို မေး​မြန်း​စုံ​စမ်း​လျက် ထို​မြို့​သို့​ရှေ့​ရှု​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ထာ​ဝ​စဉ်​ပ​ဋိ​ညာဉ်​ဖွဲ့​ပြီး​လျှင် ထို​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​ချိုး ဖောက်​ကြ​လိမ့်​မည်​မ​ဟုတ်။
Domanderanno di Sion; per la via avranno volte là le facce; [diranno: ] Venite, e congiungetevi al Signore per un patto eterno, [che giammai] non si dimentichi.
6 ``ငါ​၏​လူ​စု​တော်​သည်​တောင်​များ​ပေါ်​တွင် သိုး​ထိန်း​တို့​က​လမ်း​လွဲ​စေ​သည့်​သိုး​များ နှင့်​တူ​ကြ​၏။ သူ​တို့​သည်​တစ်​တောင်​တက် တစ်​တောင်​ဆင်း​သွား​လာ​ကာ မိ​မိ​တို့​သိုး​ခြံ ကို​မေ့​လျော့​သွား​သည့်​သိုး​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​ခဲ့​ကြ​လေ​ပြီ။-
Il mio popolo è stato [a guisa di] pecore smarrite; i lor pastori le hanno fatte andare errando, le han traviate su per li monti; sono andate di monte in colle, hanno dimenticata la lor mandra.
7 သူ​တို့​သည်​မိ​မိ​တို့​နှင့်​ကြုံ​တွေ့​ရ​သူ​လူ အ​ပေါင်း​တို့​၏​တိုက်​ခိုက်​မှု​ကို​ခံ​ရ​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​က`ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​ကြ​သည်​ဖြစ်​၍ သူ​တို့​အား​ငါ​တို့​ပြု​သည့်​အ​မှု​သည်​မ​မှား။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​ကိုယ်​တိုင်​သည်​လည်း​ကိုယ်​တော်​အား သစ္စာ​စောင့်​သင့်​ကြ​ပေ​သည်' ဟု​ဆို​ကြ​၏။
Tutti coloro che le hanno trovate le han divorate; e i lor nemici hanno detto: Noi non saremo colpevoli di misfatto; conciossiachè abbiano peccato contro al Signore, abitacolo di giustizia, e [contro] al Signore, speranza de' lor padri.
8 ``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗာ​ဗု​လုန်​မြို့ မှ​ထွက်​ပြေး​ကြ​လော့။ ထို​ပြည်​မှ​ထွက်​ခွာ သွား​ကြ​လော့။ အ​ဦး​အ​ဖျား​ထွက်​ခွာ သွား​ကြ​လော့။-
Fuggite del mezzo di Babilonia, ed uscite del paese de' Caldei; e siate come becchi dinanzi alla greggia.
9 ငါ​သည်​မြောက်​အ​ရပ်​ရှိ​ခွန်​အား​ကြီး​မား သည့်​နိုင်​ငံ​များ​ကို​လှုံ့​ဆော်​ကာ ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​စစ်​ရေး​စစ် ရာ​ခင်း​ကျင်း​လျက်​ထို​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပစ်​မှတ်​ကို​အ​စဉ် ထိ​မှန်​အောင်​ပစ်​ခတ်​နိုင်​သူ​မု​ဆိုး​ကျော် များ​ကဲ့​သို့​မိ​မိ​တို့​လေး​များ​ကို​ပစ်​ခတ် တတ်​ကြ​၏။-
Perciocchè, ecco, io eccito, e fo levare contro a Babilonia una raunanza di grandi nazioni del paese di Settentrione; ed esse ordineranno [la battaglia] contro a lei, e sarà presa; le lor saette [saranno] come d'un valente, ed intendente [saettatore che] non ritorna a vuoto.
10 ၁၀ ဗာ​ဗု​လုန်​ပြည်​သည်​လု​ယက်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လု​ယက်​သူ​တို့​သည်​လည်း မိ​မိ​တို့ အ​လို​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
E la Caldea sarà in preda; tutti quelli che la prederanno saranno saziati, dice il Signore.
11 ၁၁ ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-
Perciocchè voi vi siete rallegrati; perciocchè voi avete trionfato, rubando la mia eredità; perciocchè voi avete ruzzato a guisa di vitella che pastura fra l'erbetta tenera, e avete annitrito come destrieri.
12 ၁၂ သင်​တို့​၏​မြို့​သည်​အ​ရှက်​ကွဲ​၍​အ​သ​ရေ ပျက်​လိမ့်​မည်။ နိုင်​ငံ​တ​ကာ​တို့​တွင်​ဗာ​ဗု​လုန် နိုင်​ငံ​သည် အ​သိမ်​ငယ်​ဆုံး​သော​နိုင်​ငံ​ဖြစ် လိမ့်​မည်။ ယင်း​သည်​ခြောက်​သွေ့​၍​ရေ​မ​ရှိ သည့်​သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။-
La madre vostra è grandemente confusa; quella che vi ha partoriti è svergognata; ecco, [è] l'ultima delle nazioni, un deserto, un luogo arido, ed una solitudine.
13 ၁၃ ငါ​၏​အ​မျက်​တော်​ကြောင့်​ဗာ​ဗု​လုန်​မြို့ တွင် အ​ဘယ်​သူ​မျှ​နေ​ထိုင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​လိမ့်​မည်။ အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​အ​ပေါင်း​တို့​သည်​ထို​မြို့​ကြုံ​တွေ့ ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မြင်​၍ လန့်​ဖျပ် တုန်​လှုပ်​ကာ​အံ့​သြ​၍​သွား​ကြ​လိမ့်​မည်။
Per l'indegnazione del Signore, ella non sarà [più] abitata, anzi sarà tutta desolata; chiunque passerà presso di Babilonia sarà attonito, e zufolerà, per tutte le sue piaghe.
14 ၁၄ ``လေး​သ​မား​တို့၊ စစ်​ရေး​စစ်​ရာ​ခင်း​ကျင်း လျက်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ဝိုင်း​ရံ​ကြ လော့။ ဗာ​ဗု​လုန်​မြို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​လေ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​၏ မြား​ရှိ​သ​မျှ​ကို​ထို​မြို့​ထဲ​သို့​ပစ်​လွှတ် ကြ​လော့။-
Ordinate [l'assalto] contro a Babilonia d'ogni intorno, o [voi] arcieri tutti; saettate contro a lei, non risparmiate le saette; perciocchè ella ha peccato contro al Signore.
15 ၁၅ မြို့​ပတ်​လည်​တွင်​စစ်​တိုက်​သံ​များ​ကို​ကြွေး ကြော်​ကြ​လော့။ ယ​ခု​ဗာ​ဗု​လုန်​မြို့​သည် လက်​နက်​ချ​လေ​ပြီ။ မြို့​တံ​တိုင်း​တို့​သည် ကျိုး​ပေါက်​ပြို​ကျ​သွား​လေ​ပြီ။ ငါ​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လက်​စား ချေ​လျက်​နေ​သည်​ဖြစ်​၍ သင်​တို့​သည်​သူ​တို့ အ​ပေါ်​၌​လက်​စား​ချေ​ကြ​လော့။ သူ​တစ်​ပါး တို့​အား​သူ​တို့​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း သူ​တို့​အား​ပြု​ကျင့်​ကြ​လော့။-
Date di gran gridi contro a lei d'ogn'intorno; ella porge le mani; i suoi fondamenti caggiono, e le sue mura son diroccate; perciocchè questa [è] la vendetta del Signore; prendete vendetta di lei; fatele siccome ella ha fatto.
16 ၁၆ ဗာ​ဗု​လုန်​ပြည်​တွင်​ပျိုး​ကြဲ​ခွင့်​မ​ပြု​ကြ နှင့်။ သူ​တို့​ကို​လည်း အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ခွင့်​မ​ပေး​ကြ​နှင့်။ ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ရှိ​သည့်​လူ​မျိုး​ခြား​မှန်​သ​မျှ သည် ယ​ခု​စစ်​ဆင်​လျက်​ရှိ​သည့်​တပ်​မ​တော် ကို​ကြောက်​သ​ဖြင့် မိ​မိ​တို့​ပြည်​သို့​ပြန် ကြ​လိမ့်​မည်။
Sterminate di Babilonia il seminatore, e colui che tratta la falce nel tempo della mietitura; ritorni ciascuno al suo popolo, e fuggasene ciascuno al suo paese, d'innanzi alla spada dello sforzatore.
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခြင်္သေ့​များ​ကိုက်​သ​ဖြင့် ကွဲ​လွင့်​သွား သည့်​သိုး​များ​နှင့်​တူ​ကြ​၏။ ဦး​စွာ​ပ​ထ​မ အာ​ရှု​ရိ​ဘု​ရင်​သည်​သူ​တို့​အား​တိုက်​ခိုက်​၏။ ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ က​သူ​တို့​၏​အ​ရိုး​များ​ကို​တ​တိ​တိ​ကိုက် ဖဲ့​လေ​သည်။-
Israele [è stato] una pecorella smarrita, i leoni l'hanno cacciata; il primo che la divorò fu il re d'Assiria; ma quest'ultimo, [cioè], Nebucadnesar, re di Babilonia, le ha tritate le ossa.
18 ၁၈ ဤ​အ​ကြောင်း​ကြောင့်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ဘု​ရင် ကို​အ​ပြစ်​ဒဏ်​ခတ်​သည့်​နည်း​တူ​နေ​ဗု​ခဒ် နေ​ဇာ​မင်း​နှင့်​သူ​၏​နိုင်​ငံ​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။-
Perciò, il Signor degli eserciti, l'Iddio d'Israele, ha detto così: Ecco, io farò punizione del re di Babilonia, e del suo paese, siccome ho fatta punizione del re di Assiria.
19 ၁၉ ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​မိ​မိ​တို့ ပြည်​သို့​ငါ​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့ သည်​က​ရ​မေ​လ​တောင်​ထိပ်​နှင့်​ဗာ​ရှန်​ဒေ​သ တွင်​စိုက်​ပျိုး​သည့်​အ​သီး​အ​နှံ​များ​ကို​စား ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​နှင့်​ဂိ​လဒ်​နယ်​မြေ များ​တွင်​ပေါက်​ရောက်​သ​မျှ​သော​အ​သီး အ​နှံ​များ​ကို​အ​ဝ​စား​ရ​ကြ​လိမ့်​မည်။-
E ricondurrò Israele alla sua mandra, ed egli pasturerà in Carmel, ed in Basan; e l'anima sua sarà saziata nel monte di Efraim, e di Galaad.
20 ၂၀ ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​မိ​မိ​အ​သက်​ရှင်​ခွင့်​ပေး​ထား​သူ​တို့ ၏​အ​ပြစ်​များ​ကို​ဖြေ​လွတ်​ဖြေ​ရှင်း​မည်​ဖြစ် ၍ ဣသ​ရေ​လ​ပြည်​တွင်​အ​ပြစ်​ဒု​စ​ရိုက်​တစ် စုံ​တစ်​ခု​မျှ​တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ယု​ဒ ပြည်​တွင်​လည်း​ဆိုး​ညစ်​မှု​တစ်​စုံ​တစ်​ရာ​မျှ တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
In quei giorni, e in quel tempo, dice il Signore, si cercherà l'iniquità d'Israele, ma non [sarà più]; e i peccati di Giuda, ma non si ritroveranno [più: ] perciocchè io perdonerò a quelli che avrò lasciati di resto.
21 ၂၁ ``ပုန်​ကန်​တတ်​သော​ပြည်​သား​နှင့် အ​ပြစ်​ဒဏ် သင့်​သည့်​ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ လော့။ သူ​တို့​အား​သတ်​ဖြတ်​သုတ်​သင်​ကြ လော့။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​ကြ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘုရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-
Sali contro al paese di Merataim, e contro agli abitanti di Pecod; deserta, e distruggi [ogni cosa] dietro a loro, dice il Signore; e fa' secondo tutto ciò che io ti ho comandato.
22 ၂၂ ထို​ပြည်​တွင်​စစ်​တိုက်​သည့်​အ​သံ​ဗ​လံ​များ ကို​ကြား​ရ​၏။ ဆုံး​ပါး​ပျက်​စီး​မှု​ကား ကြီး​လှ​ပေ​၏။-
[Vi è] un grido di guerra nel paese, ed una gran rotta.
23 ၂၃ ဗာ​ဗု​လုန်​မြို့​သည်​တစ်​ကမ္ဘာ​လုံး​ကို​သံ​တူ နှင့်​ရိုက်​နှက်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ထို သံ​တူ​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ကျိုး​ပဲ့​၍ သွား​လေ​ပြီ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​သည် ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက် ကို​မြင်​၍​လန့်​ဖျပ်​တုန်​လှုပ်​ကြ​ကုန်​၏။-
Come è stato mozzato, e rotto il martello di tutta la terra? come è stata Babilonia ridotta in desolazione fra le genti?
24 ၂၄ အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ငါ့​ကို​တိုက်​ခိုက် ခဲ့​၏။ ငါ​ထောင်​ထား​သည့်​ထောင်​ချောက်​တွင် အ​မှတ်​မ​ထင်​ဖမ်း​မိ​လေ​ပြီ။-
Io ti ho incapestrata, o Babilonia, e tu sei stata presa, senza che tu l'abbia saputo; tu sei stata trovata, ed anche colta; perciocchè tu hai combattuto col Signore.
25 ၂၅ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​မိ​မိ​၏​လက် နက်​တိုက်​ကို​ဖွင့်​၍​လက်​နက်​များ​ကို​ထုတ် ယူ​တော်​မူ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော် ဗာ​ဗု​လုန်​မြို့​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ ဝ​ရ​ဘု​ရား​ပြု​ရန်​အ​မှု​ရှိ​သော​ကြောင့် ဖြစ်​၏။-
Il Signore ha aperta la sua armeria, ed ha tratte fuori l'armi della sua indegnazione; perciocchè questa [è] un'opera, che il Signore Iddio degli eserciti [vuole eseguire] nel paese dei Caldei.
26 ၂၆ ထို​မြို့​ကို​အ​ဘက်​ဘက်​မှ​နေ​၍​တိုက်​ခိုက်​ကြ လော့။ စ​ပါး​ကျီ​များ​ကို​ဖောက်​ဖျက်​ကြ​လော့။ တိုက်​ခိုက်​လု​ယက်​၍​ရ​သော​ဥစ္စာ​ပစ္စည်း​တို့​ကို စ​ပါး​ပုံ​များ​ကဲ့​သို့​စု​ပုံ​ထား​ကြ​လော့။ မြို့ ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လော့။ အ​ဘယ် အ​ရာ​ကို​မျှ​ချန်​လှပ်​မ​ထား​ကြ​နှင့်။-
Venite contro a lei dall'estremità [del mondo], aprite le sue aie; calcatela come delle manelle [di biade], e distruggetela; non restine alcun rimanente.
27 ၂၇ စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။
Ammazzate con la spada tutti i suoi giovenchi, scendano al macello; guai a loro! perciocchè il giorno loro è venuto, il tempo della lor visitazione.
28 ၂၈ (ဗာ​ဗု​လုန်​ပြည်​မှ​လွတ်​မြောက်​လာ​သော​စစ် ပြေး​ဒုက္ခ​သည်​များ​သည်​ဇိ​အုန်​မြို့​သို့​လာ ရောက်​ပြီး​လျှင် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ကို ဗာ​ဗု​လုန်​ပြည်​သား​တို့​ဖျက်​ဆီး​ကြ​သည့် အ​တွက် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​အ​ဘယ်​သို့​လက် စား​ချေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ကြ​၏။)
[Vi è] una voce di genti che fuggono, e scampano dal paese di Babilonia, per annunziare in Sion la vendetta del Signore Iddio nostro, la vendetta del suo Tempio.
29 ၂၉ ``ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​လေး​သ​မား တို့​အား​ပြော​ကြား​ကြ​လော့။ လေး​နှင့်​မြား ကို​အ​သုံး​ပြု​တတ်​သူ​မှန်​သ​မျှ​ကို​စေ​လွှတ် ကြ​လော့။ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ အ​ဘယ် သူ​မျှ​ထွက်​မ​ပြေး​စေ​နှင့်။ ထို​မြို့​သား​တို့​အား လက်​စား​ချေ​ကြ​လော့။ သူ​တို့​သည် သူ​တစ်​ပါး တို့​အား​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း​သူ​တို့ အား​ပြု​ကျင့်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ဖြစ်​သူ​ငါ့​ကို​မာ​န​ထောင်​လွှား​စွာ​ဆန့် ကျင်​ခဲ့​ကြ​ပြီ။-
Radunate a grida gran numero di genti contro a Babilonia; [voi] tutti che tirate dell'arco, accampatevi contro a lei d'ogn'intorno; niuno ne scampi; rendetele la retribuzione delle sue opere; secondo tutto ciò ch'ella ha fatto, fatele altresì; perciocchè ella è superbita contro al Signore, contro al Santo d'Israele.
30 ၃၀ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​မြို့​လမ်း များ​ပေါ်​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ တို့​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည် လည်း​ထို​နေ့​၌​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
Perciò i suoi giovani caderanno nelle sue piazze, e tutti i suoi guerrieri saranno distrutti in quel giorno, dice il Signore.
31 ၃၁ ``အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​မာန်​မာ​န​နှင့် ပြည့်​ဝ​လျက်​နေ​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့် ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သင့်​အား​ငါ အ​ပြစ်​ဒဏ်​ခတ်​ရ​မည့်​နေ့​ရက်​ကာ​လ သည်​ကျ​ရောက်​လာ​လေ​ပြီ။-
Eccomiti, o superba, dice il Signore Iddio degli eserciti; perciocchè il tuo giorno è venuto, il tempo che io ti visiterò.
32 ၃၂ မာန်​မာ​န​ထောင်​လွှား​သည့်​သင်​တို့​နိုင်​ငံ​သည် ခြေ​ချော်​၍​လဲ​လိမ့်​မည်။ သင့်​အား​ပြန်​ထ​ရန် အ​ဘယ်​သူ​မျှ​ကူ​မ​လိမ့်​မည်​မ​ဟုတ်။ ငါ သည်​သင်​တို့​၏​မြို့​များ​ကို​မီး​လောင်​ကျွမ်း စေ​မည်​ဖြစ်​၍ သင်​တို့​ပတ်​လည်​တွင်​ရှိ​သ​မျှ သော​အ​ရာ​တို့​သည်​ပျက်​စီး​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
E la superbia traboccherà, e caderà, e non [vi sarà] alcuno che la rilevi; ed io accenderò un fuoco nelle sue città, che consumerà tutti i suoi luoghi circonvicini.
33 ၃၃ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ညှင်း​ပန်း နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဖမ်း​ဆီး​သိမ်း​ယူ သွား​သူ​များ​သည်​သူ​တို့​အား​ကြပ်​တည်း​စွာ အ​စောင့်​ချ​၍​ထား​ကြ​၏။ သူ​တို့​ကို​ထွက်​ခွာ သွား​ခွင့်​မ​ပြု​ကြ။-
Così ha detto il Signor degli eserciti: I figluoli d'Israele, e i figliuoli di Giuda, sono tutti quanti oppressati; tutti quelli che li hanno menati prigioni li ritengono, hanno ricusato di lasciarli andare.
34 ၃၄ သို့​ရာ​တွင်​ထို​သူ​တို့​အား​ကယ်​ဆယ်​တော်​မူ မည့်​အ​ရှင်​သည်​ခွန်​အား​ကြီး​မား​တော်​မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​မှာ​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သ​တည်း။ ထို​အ​ရှင်​ကိုယ် တော်​တိုင်​သူ​တို့​၏​အ​ကျိုး​ကို​ပြု​စု​တော်​မူ ၍ ပြည်​တော်​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​စေ တော်​မူ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ကို​မူ​ကား​ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Il lor Redentore [è] forte, il suo Nome [è: ] Il Signor degli eserciti; egli di certo dibatterà la lor querela, per commuovere la terra, e per mettere in turbamento gli abitatori di Babilonia.
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​က``ဗာ​ဗု​လုန်​ပြည်​သည် ပျက်​ပြုန်း ရ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​များ၊အုပ်​စိုး​သူ​များ​နှင့် ပ​ညာ​ရှိ​များ​သည်​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။
La spada sopra[sta] a' Caldei, dice il Signore, ed agli abitatori di Babilonia, ed a' suoi principi, ed a' suoi savi.
36 ၃၆ ထို​ပြည်​၏​မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​သေ​ဆုံး ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​မိုက်​မဲ​သူ​များ​ဖြစ်​၏။ ထို​ပြည်​၏​စစ်​သည်​တပ်​သား​တို့​သည် သေ​ဆုံး​ရကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​လျက် ရှိ​ကြ​၏။
La spada sopra[sta] a' bugiardi indovini d'essa, e [ne] smanieranno; la spada sopra[sta] agli uomini prodi di essa, e [ne] saranno spaventati.
37 ၃၇ သူ​တို့​၏​မြင်း​များ၊စစ်​ရ​ထား​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ငှား​ရမ်း​ထား​သည့်​စစ်​သည်​တပ်​သား​တို့ သည် သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​အား​အင်​ချည့်​နဲ့​လျက် နေ​ကြ​၏။ ဗာ​ဗု​လုန်​မြို့​၏​ပစ္စည်း​ဘဏ္ဍာ​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ယင်း​တို့​ကို​တိုက်​ခိုက်​လု​ယက်​ကြ​လော့။
La spada, sopra[sta] a' suoi cavalli, ed a' suoi carri, ed a tutto il popolo mischiato, che [è] in mezzo di essa, e diverranno [come] donne; la spada sopra[sta] a' suoi tesori, e saranno predati.
38 ၃၈ ထို​ပြည်​တွင်​မိုး​ခေါင်​စေ​၍​မြစ်​များ​ကို​ခန်း ခြောက် စေ​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​သည့် ရုပ်​တု​ပေါ​များ​သည့်​ပြည်​ဖြစ်​ပေ​သည်။ ထို​ရုပ်​တု​များ​ကြောင့်​ပြည်​သူ​တို့​သည် မိုက်​မဲ​သူ​များ​ဖြစ်​ကြ​လေ​ပြီ။
Disseccamento sopra[sta] alle sue acque, e saranno asciutte, perciocchè ella [è] un paese di sculture, ed essi sono insensati intorno agl'idoli.
39 ၃၉ ``သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​သည်​နတ်​ဆိုး​များ၊ ဆိုး​ညစ်​သော​ဝိ​ညာဉ်​များ​နှင့် ငှက်​ဆိုး​များ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​သည်​နောင် ကာ​လ​အ​စဉ်​အ​ဆက်​လူ​သူ​ကင်း​မဲ့​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။-
Perciò, le fiere, de' deserti avranno [in essa] la loro stanza, insieme co' gufi; e l'ulule vi dimoreranno; e non sarà giammai più abitata; e giammai, per niuna età, non vi si dimorerà più.
40 ၄၀ သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း​ကျင် ကျေးရွာ​များ​သည် ငါ​၏​ဖျက်​ဆီး​ခြင်း​ကို​ခံ​ခဲ့ ရ​သည့်​နည်း​တူ ဗာ​ဗု​လုန်​မြို့​သည်​လည်း​ခံ​ရ လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ​ပင်​လျှင်​ထို မြို့​တွင်​နေ​ထိုင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​ရှိ လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
Siccome Iddio sovvertì Sodoma, Gomorra, e le [città] lor vicine, dice il Signore; [così] non abiterà [più] quivi uomo alcuno, e niun figliuol d'uomo vi dimorerà [più].
41 ၄၁ ``မြောက်​ဘက်​နိုင်​ငံ​တစ်​ခု​မှ​လူ​တို့​သည် ချီ​တက်​၍​လာ​လိမ့်​မည်။ ရပ်​ဝေး​မှ​တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​ဖြစ်​သည်။ ဘု​ရင်​များ​သည်​စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​ရှိ​၏။
Ecco, un popolo viene di Settentrione, ed una gran nazione; e re possenti si muovono dal fondo della terra.
42 ၄၂ သူ​တို့​သည်​မိ​မိ​တို့​လေး​များ​နှင့်​ဋ္ဌား​များ​ကို ကိုင်​စွဲ​ကြ​လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ပေ​သည်။ သူ​တို့​၏​မြင်း​ခွာ​သံ​များ​သည်​ပင်​လယ်​ရေ မြည်​ဟီး​သံ​နှင့်​တူ​၏။ သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ရန် အ​သင့်​ရှိ​ကြ​လေ​ပြီ။
Impugneranno l'arco e la lancia; sono crudeli, senza pietà; la voce loro romoreggerà come il mare, e cavalcheranno sopra cavalli; [saranno] in ordine, a guisa d'uomini prodi, per la battaglia, contro a te, o figliuola di Babilonia.
43 ၄၃ ဗာ​ဗု​လုန်​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​ပင်​မ​လှုပ်​မ​ရှား​နိုင် တော့​ချေ။ သူ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​လေ​သည်။
Il re di Babilonia ne ha udito il grido, e le sue mani [ne] son divenute fiacche; angoscia l'ha occupato; dolore, come di donna che partorisce.
44 ၄၄ ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​ရှိ​ထူ​ထပ်​သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း သော​မြက်​ခင်း​ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့ သို့​ထွက်​လာ​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သား​တို့ အား​မိ​မိ​တို့​မြို့​မှ​ရုတ်​တ​ရက်​ထွက်​ပြေး​စေ မည်။ ထို​နောက်​ထို​မြို့​ကို​အုပ်​စိုး​ရန်​ဘု​ရင် တစ်​ပါး​ကို​ငါ​ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ် သူ​သည်​ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ်​မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက် အ​ခံ​ပြု​နိုင်​မည်​နည်း။-
Ecco, colui salirà a guisa di leone, più [violentemente] che la piena del Giordano, contro all'abitacolo forte; perciocchè io lo farò correre sopra essa; e chi [è] valent'uomo scelto? ed io lo rassegnerò contro ad essa. Perciocchè, chi [è] pari a me? e chi mi sfiderà? e chi [è] il pastore che possa star fermo davanti a me?
45 ၄၅ သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​အ​တွက်​ငါ​ပြု​လုပ် ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်​ကောင်း၊ မြို့ သူ​မြို့​သား​များ​အ​တွက်​ငါ​ကြံ​စည်​ထား သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း​နား​ထောင် ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏​သား​သ​မီး များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက်​ဆွဲ​၍​ခေါ်​ဆောင် သွား​လိမ့်​မည်။ တွေ့​မြင်​ရ​သူ​အ​ပေါင်း​တို့ သည်​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။-
Perciò, ascoltate il consiglio del Signore, ch'egli ha preso contro a Babilonia; e i pensieri ch'egli ha divisati contro al paese de' Caldei: Se i [più] piccoli della greggia non li trascinano; se la lor mandra non è deserta insieme con loro.
46 ၄၆ ဗာ​ဗု​လုန်​မြို့​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ သော​အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့် ကမ္ဘာ​မြေ ကြီး​သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက် လန့်​အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း လူ​မျိုး​တ​ကာ​တို့​ကြား​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
La terra ha tremato per lo romore della presa di Babilonia, e il grido se n'è udito fra le genti.

< ယေရမိ 50 >