< ယေရမိ 49 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​အမ္မုန်​ပြည်​သား​တို့ ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဣသ​ရေ​လ အ​မျိုး​သား​များ​ကား​အ​ဘယ်​မှာ​နည်း။ သူ တို့​၏​ပြည်​အ​တွက်​ခု​ခံ​ကာ​ကွယ်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။ သူ​တို့ သည်​အ​ဘယ်​ကြောင့်​မိ​လ​ကုံ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား ဂဒ်​အ​နွယ်​၏ နယ်​မြေ​ကို​သိမ်း​ယူ​စေ​ကာ​ထို​အ​ရပ်​တွင် နေ​ထိုင်​ခွင့်​ပြု​ကြ​သ​နည်း။-
अम्मोनियों के विषय यहोवा यह कहता है: “क्या इस्राएल के पुत्र नहीं हैं? क्या उसका कोई वारिस नहीं रहा? फिर मल्काम क्यों गाद के देश का अधिकारी हुआ? और उसकी प्रजा क्यों उसके नगरों में बसने पाई है?
2 ငါ​သည်​ရဗ္ဗာ​မြို့​သူ​မြို့​သား​တို့​အား​စစ်​တိုက် သံ​များ​ကို ကြား​စေ​မည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​မြို့​သည်​ပျက်​စီး​လျက် ယင်း​၏​ကျေး​လက်​တော​ရွာ​များ​သည်​လည်း မီး​လောင်​ကျွမ်း​လိမ့်​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​ကို​သိမ်း​ယူ ထား​သူ​တို့​၏​လက်​မှ​ပြန်​လည်​ရ​ရှိ​ကြ လိမ့်​မည်။-
यहोवा की यह वाणी है, ऐसे दिन आनेवाले हैं, कि मैं अम्मोनियों के रब्बाह नामक नगर के विरुद्ध युद्ध की ललकार सुनवाऊँगा, और वह उजड़कर खण्डहर हो जाएगा, और उसकी बस्तियाँ फूँक दी जाएँगी; तब जिन लोगों ने इस्राएलियों के देश को अपना लिया है, उनके देश को इस्राएली अपना लेंगे, यहोवा का यही वचन है।
3 ဟေ​ရှ​ဘုန်​မြို့​သား​တို့​ငို​ကြွေး​ကြ​လော့။ သင်​တို့​၏​အာ​ဣ​မြို့​သည်​ပျက်​စီး​သွား​လေ ပြီ။ ရဗ္ဗာ​မြို့​သူ​တို့၊ ဝမ်း​နည်း​ကြွေ​ကွဲ​မှု​ကို​ပြ ကြ​လော့။ လျှော်​တေ​ကို​ဝတ်​၍​ဝမ်း​နည်း​ကြေ ကွဲ​မှု​ကို​ပြ​ကြ​လော့။ က​ယောင်​ချောက်​ချား ပြေး​လွှား​ကြ​လော့။ သင်​တို့​၏​မိ​လ​ကုံ​ဘု​ရား သည်​သူ​၏​ယဇ်​ပု​ရော​ဟိတ်​များ၊ မင်း​သား များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ​လိမ့်​မည်။-
“हे हेशबोन हाय-हाय कर; क्योंकि आई नगर नाश हो गया। हे रब्बाह की बेटियों चिल्लाओ! और कमर में टाट बाँधो, छाती पीटती हुई बाड़ों में इधर-उधर दौड़ो! क्योंकि मल्काम अपने याजकों और हाकिमों समेत बँधुआई में जाएगा।
4 သစ္စာ​မ​ရှိ​သော​လူ​မျိုး​တို့၊ သင်​တို့​သည်​အ​ဘယ် ကြောင့်​ကြွား​ဝါ​သ​နည်း။ သင်​တို့​၏​အင်​အား သည်​ချည့်​နဲ့​နေ​ပြီ။ သင်​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​တန်​ခိုး​စွမ်း​ရည်​ကို​ယုံ​စား​၍`ငါ​တို့ အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​ရဲ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ကြ​သ​နည်း။-
हे भटकनेवाली बेटी! तू अपने देश की तराइयों पर, विशेषकर अपने बहुत ही उपजाऊ तराई पर क्यों फूलती है? तू क्यों यह कहकर अपने रखे हुए धन पर भरोसा रखती है, ‘मेरे विरुद्ध कौन चढ़ाई कर सकेगा?’
5 ငါ​သည်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​အား​သင်​တို့ ကို​တိုက်​ခိုက်​စေ​မည်​ဖြစ်​၍​သင်​တို့​သည်​ထွက် ပြေး​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း​ပင်​မိ​မိ​တို့ အ​သက်​ဘေး​အ​တွက်​ထွက်​ပြေး​ကြ​မည် ဖြစ်​သ​ဖြင့်​သင်​တို့​၏​တပ်​သား​များ​ကို ပြန်​လည်​စု​ရုံး​ပေး​မည့်​သူ​တစ်​စုံ​တစ် ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။
प्रभु सेनाओं के यहोवा की यह वाणी है: देख, मैं तेरे चारों ओर के सब रहनेवालों की ओर से तेरे मन में भय उपजाने पर हूँ, और तेरे लोग अपने-अपने सामने की ओर ढकेल दिए जाएँगे; और जब वे मारे-मारे फिरेंगे, तब कोई उन्हें इकट्ठा न करेगा।
6 ``သို့​ရာ​တွင်​နောင်​အ​ခါ​၌​ငါ​သည်​အမ္မုန် ပြည်​သား​တို့​အား​တစ်​ဖန်​ပြန်​၍​ကောင်း စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။'' ဟု​မိန့်​တော် မူ​၏။
परन्तु उसके बाद मैं अम्मोनियों को बँधुआई से लौटा लाऊँगा; यहोवा की यही वाणी है।”
7 တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် သည်​ဧဒုံ​ပြည်​ကို​ရည်​မှတ်​၍``ဧ​ဒုံ​ပြည်​သား တို့​သည်​ဆင်​ခြင်​တိုင်း​ထွာ​နိုင်​စွမ်း​မ​ရှိ​ကြ တော့​ပြီ​လော။ သူ​တို့​၏​ပ​ညာ​ရှိ​များ​သည် လည်း​အ​ဘယ်​အ​မှု​ကို​ပြု​သင့်​ကြောင်း အ​ကြံ​ဉာဏ်​မ​ပေး​နိုင်​ကြ​တော့​ပြီ​လော။ သူ​တို့​၏​အ​သိ​ပ​ညာ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​လေ​ပြီ​လော။-
एदोम के विषय, सेनाओं का यहोवा यह कहता है: “क्या तेमान में अब कुछ बुद्धि नहीं रही? क्या वहाँ के ज्ञानियों की युक्ति निष्फल हो गई? क्या उनकी बुद्धि जाती रही है?
8 အို ဒေ​ဒန်​မြို့​သူ​မြို့​သား​တို့၊ လှည့်​၍​ထွက်​ပြေး ကြ​လော့။ ပုန်း​အောင်း​၍​နေ​ကြ​လော့။ ဧ​သော ၏​သား​မြေး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။-
हे ददान के रहनेवालों भागो, लौट जाओ, वहाँ छिपकर बसो! क्योंकि जब मैं एसाव को दण्ड देने लगूँगा, तब उस पर भारी विपत्ति पड़ेगी।
9 လူ​တို့​သည်​စ​ပျစ်​သီး​များ​ကို​လာ​၍​ဆွတ် ခူး​ကြ​သော​အ​ခါ စ​ပျစ်​ကိုင်း​များ​တွင်​အ သီး​အ​နည်း​ငယ်​ချန်​ထား​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​ဋ္ဌား​ပြ​များ​လာ​ရောက်​လျှင်​လည်း မိ​မိ​တို့​နှစ်​သက်​ရာ​ပစ္စည်း​များ​ကို​သာ လျှင်​ယူ​သွား​တတ်​ကြ​၏။-
यदि दाख के तोड़नेवाले तेरे पास आते, तो क्या वे कहीं-कहीं दाख न छोड़ जाते? और यदि चोर रात को आते तो क्या वे जितना चाहते उतना धन लूटकर न ले जाते?
10 ၁၀ သို့​ရာ​တွင်​ငါ​မူ​ကား​ဧ​သော​၏​သား​မြေး များ​ထံ​မှ​ရှိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ ကို​ရုပ်​သိမ်း​မည်။ သူ​တို့​ဆက်​လက်​ပုန်း​အောင်း ၍​မ​နေ​နိုင်​စေ​ရန်​သူ​တို့​ပုန်း​အောင်း​ရာ​အ​ရပ် များ​ကို​ဖော်​ထုတ်​မည်။ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း တို့​အား​ငါ​သုတ်​သင်​ပယ်​ရှား​လိုက်​လေ​ပြီ။ သူ​တို့​တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျန်​ရှိ​ကြ တော့​ပေ။-
१०क्योंकि मैंने एसाव को उघाड़ा है, मैंने उसके छिपने के स्थानों को प्रगट किया है; यहाँ तक कि वह छिप न सका। उसके वंश और भाई और पड़ोसी सब नाश हो गए हैं और उसका अन्त हो गया।
11 ၁၁ သင်​တို့​၏​မိ​ဘ​မဲ့​က​လေး​များ​ကို​ငါ​နှင့် ထား​ခဲ့​ကြ​လော့။ သူ​တို့​အား​ငါ​ကြည့်​ရှု ပြု​စု​မည်။ သင်​တို့​၏​မု​ဆိုး​မ​များ​သည် ငါ့​ကို​မှီ​ခို​အား​ကိုး​နိုင်​၏။
११अपने अनाथ बालकों को छोड़ जाओ, मैं उनको जिलाऊँगा; और तुम्हारी विधवाएँ मुझ पर भरोसा रखें।
12 ၁၂ ``အ​ပြစ်​ဒဏ်​မ​ခံ​သင့်​သူ​များ​ပင်​လျှင်​ခံ ရ​ကြ​ပါ​မူ၊ သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခွက် ဖ​လား​မှ​မ​သောက်​ဘဲ​နေ​ရ​ကြ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​သ​လော။ သင်​တို့​သည်​ဧ​ကန် မု​ချ​အ​ပြစ်​ခွက်​ဖ​လား​မှ​သောက်​ရ​ကြ မည်။-
१२क्योंकि यहोवा यह कहता है, देखो, जो इसके योग्य न थे कि कटोरे में से पीएँ, उनको तो निश्चय पीना पड़ेगा, फिर क्या तू किसी प्रकार से निर्दोष ठहरकर बच जाएगा? तू निर्दोष ठहरकर न बचेगा, तुझे अवश्य ही पीना पड़ेगा।
13 ၁၃ ဗော​ဇ​ရ​မြို့​သည်​တွေ့​မြင်​ရ​သူ​တို့​လန့်​ဖျပ် တုန်​လှုပ်​ဖွယ်​လူ​သူ​ကင်း​မဲ့​ရာ​အ​ရပ်​ဖြစ်​စေ ရန်​လည်း​ကောင်း၊ လူ​တို့​သည်​ထို​မြို့​ကို​ပြက် ရယ်​ပြု​၍​ယင်း​၏​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​စေ​ရန်​လည်း​ကောင်း ငါ​ကိုယ်​တိုင်​ပင်​ကျိန်​ဆို​က​တိ​ပြု​ပြီ။ နီး နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
१३क्योंकि यहोवा की यह वाणी है, मैंने अपनी सौगन्ध खाई है, कि बोस्रा ऐसा उजड़ जाएगा कि लोग चकित होंगे, और उसकी उपमा देकर निन्दा किया करेंगे और श्राप दिया करेंगे; और उसके सारे गाँव सदा के लिये उजाड़ हो जाएँगे।”
14 ၁၄ ငါ​က``အ​ချင်း​ဧ​ဒုံ​ပြည်၊ ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​အား သင် တို့​၏​တပ်​မ​တော်​များ​ကို​စု​ဝေး​၍​ဧ​ဒုံ ပြည်​ကို​တိုက်​ခိုက်​ကြ​လော့။ စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​ကြ​လော့​ဟု​ပြော​ကြား​ရန် တ​မန်​တော်​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။-
१४मैंने यहोवा की ओर से समाचार सुना है, वरन् जाति-जाति में यह कहने को एक दूत भी भेजा गया है, इकट्ठे होकर एदोम पर चढ़ाई करो; और उससे लड़ने के लिये उठो।
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နိုင်​ငံ​ကို​အား အင်​ချည့်​နဲ့​စေ​တော်​မူ​မည်​ဖြစ်​၍ အ​ဘယ်​သူ မျှ​သင်​တို့​ကို​လေး​စား​ကြ​လိမ့်​မည်​မ​ဟုတ်။-
१५क्योंकि मैंने तुझे जातियों में छोटा, और मनुष्यों में तुच्छ कर दिया है।
16 ၁၆ သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
१६हे चट्टान की दरारों में बसे हुए, हे पहाड़ी की चोटी पर किला बनानेवाले! तेरे भयानक रूप और मन के अभिमान ने तुझे धोखा दिया है। चाहे तू उकाब के समान अपना बसेरा ऊँचे स्थान पर बनाए, तो भी मैं वहाँ से तुझे उतार लाऊँगा, यहोवा की यही वाणी है।
17 ၁၇ ``ဧ​ဒုံ​ပြည်​သည်​များ​စွာ​ယို​ယွင်း​ပျက်​စီး သွား​မည်​ဖြစ်​သ​ဖြင့် အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​တို့​သည်​ထို​ပြည်​ဖြစ်​ပျက်​ရ​ပုံ​အ​ခြင်း အ​ရာ​ကို​မြင်​သော​အ​ခါ​လန့်​ဖျပ်​တုန်​လှုပ် ကြ​လိမ့်​မည်။-
१७“एदोम यहाँ तक उजड़ जाएगा कि जो कोई उसके पास से चले वह चकित होगा, और उसके सारे दुःखों पर ताली बजाएगा।
18 ၁၈ သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း ကျင်​ကျေး​ရွာ​များ​သည် သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​သည့်​နည်း​တူ​ဧ​ဒုံ​ပြည်​သည် လည်း​ခံ​ရ​လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ ပင်​လျှင်​ထို​ပြည်​တွင်​နေ​ထိုင်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏။-
१८यहोवा का यह वचन है, कि जैसी सदोम और गमोरा और उनके आस-पास के नगरों के उलट जाने से उनकी दशा हुई थी, वैसी ही उसकी दशा होगी, वहाँ न कोई मनुष्य रहेगा, और न कोई आदमी उसमें टिकेगा।
19 ၁၉ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​လျှောက်​ရှိ​ထူ​ထပ် သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း​သော​မြက်​ခင်း ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့​သို့​ထွက်​လာ ပြီး​လျှင် ဧ​ဒုံ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့ ပြည်​မှ​ထွက်​ပြေး​စေ​မည်။ ထို​နောက်​ငါ​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ရန်​မင်း​တစ်​ပါး​အား ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့်​အ​ဘယ်​သူ ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ်​သူ​သည် ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ် မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက်​အ​ခံ ပြု​နိုင်​မည်​နည်း။-
१९देखो, वह सिंह के समान यरदन के आस-पास के घने जंगलों से सदा की चराई पर चढ़ेगा, और मैं उनको उसके सामने से झट भगा दूँगा; तब जिसको मैं चुन लूँ, उसको उन पर अधिकारी ठहराऊँगा। मेरे तुल्य कौन है? और कौन मुझ पर मुकद्दमा चलाएगा? वह चरवाहा कहाँ है जो मेरा सामना कर सकेगा?
20 ၂၀ သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-
२०देखो, यहोवा ने एदोम के विरुद्ध क्या युक्ति की है; और तेमान के रहनेवालों के विरुद्ध कैसी कल्पना की है? निश्चय वह भेड़-बकरियों के बच्चों को घसीट ले जाएगा; वह चराई को भेड़-बकरियों से निश्चय खाली कर देगा।
21 ၂၁ ဧ​ဒုံ​ပြည်​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ​သော အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့်​ကမ္ဘာ​မြေ​ကြီး သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက်​လန့် အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း အ္ဂ​ဗာ​ပင်​လယ်​ကွေ့​တိုင်​အောင်​ကြား​ရ ကြ​လိမ့်​မည်။-
२१उनके गिरने के शब्द से पृथ्वी काँप उठेगी; और ऐसी चिल्लाहट मचेगी जो लाल समुद्र तक सुनाई पड़ेगी।
22 ၂၂ ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
२२देखो, वह उकाब के समान निकलकर उड़ आएगा, और बोस्रा पर अपने पंख फैलाएगा, और उस दिन एदोमी शूरवीरों का मन जच्चा स्त्री का सा हो जाएगा।”
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​သည်​ဒ​မာ​သက်​မြို့​ကို​ရည် မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဟာ​မတ်​မြို့​နှင့်​အာ ပဒ်​မြို့​မှ​လူ​တို့​သည်​သ​တင်း​ဆိုး​ကို​ကြား ရ​ကြ​သ​ဖြင့် ပူ​ပန်​သော​က​ဖြစ်​ကာ​စိတ်​ဆင်း ရဲ​လျက်​နေ​ကြ​၏။ စိုး​ရိမ်​ပူ​ပန်​မှု​သည်​ပင်​လယ် လှိုင်း​လုံး​များ​သ​ဖွယ် သူ​တို့​အ​ပေါ်​သို့​လှိမ့်​၍ လာ​သ​ဖြင့်​သူ​တို့​သည်​ဆောက်​တည်​ရာ​မ​ရ နိုင်​ကြ။-
२३दमिश्क के विषय, “हमात और अर्पाद की आशा टूटी है, क्योंकि उन्होंने बुरा समाचार सुना है, वे गल गए हैं; समुद्र पर चिन्ता है, वह शान्त नहीं हो सकता।
24 ၂၄ ဒ​မာ​သက်​မြို့​သား​တို့​သည်​စိတ်​အား​ငယ် လျက်​ထိတ်​လန့်​တုန်​လှုပ်​ကာ​ထွက်​ပြေး​ကြ ကုန်​၏။ သူ​တို့​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​ကဲ့​သို့ ကိုယ်​စိတ်​ဝေ​ဒ​နာ​ပြင်း​စွာ ခံ​စား​ရ​ကြ​ပေ​သည်။-
२४दमिश्क बलहीन होकर भागने को फिरती है, परन्तु कँपकँपी ने उसे पकड़ा है, जच्चा की सी पीड़ा उसे उठी हैं।
25 ၂၅ အ​ခါ​တစ်​ပါး​က​ပျော်​မွေ့​ဖွယ်​ရာ​ကောင်း​၍ ထင်​ပေါ်​ကျော်​ကြား​ခဲ့​သော ထို​မြို့​တော်​သည် လုံး​လုံး​လျား​လျား​လူ​သူ​ကင်း​မဲ့​လျက်​ရှိ တော့​၏။-
२५हाय, वह नगर, वह प्रशंसा योग्य नगर, जो मेरे हर्ष का कारण है, वह छोड़ा गया है!
26 ၂၆ သို့​ဖြစ်​၍​ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော အ​ခါ လူ​ငယ်​လူ​ရွယ်​များ​နှင့်​စစ်​သူ​ရဲ​အ ပေါင်း​တို့​သည်​မြို့​လမ်း​များ​အ​ပေါ်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
२६सेनाओं के यहोवा की यह वाणी है, कि उसके जवान चौकों में गिराए जाएँगे, और सब योद्धाओं का बोलना बन्द हो जाएगा।
27 ၂၇ ငါ​သည်​ဒ​မာ​သက်​မြို့​ရိုး​များ​နှင့်​ဗင်္ဟာ​ဒဒ် မင်း​၏​နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို မီး​သင့်​လောင်​စေ​မည်'' ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
२७मैं दमिश्क की शहरपनाह में आग लगाऊँगा जिससे बेन्हदद के राजभवन भस्म हो जाएँगे।”
28 ၂၈ ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ ဗု​ခဒ်​နေ​ဇာ​မင်း​နှိမ်​နင်း​အောင်​မြင်​သည့် ကေ​ဒါ အ​နွယ်​ဝင်​နှင့်​ဟာ​ဇော်​မြို့​ကို​အ​စိုး​ရ​သူ​တို့ အား​ရည်​မှတ်​၍``ကေ​ဒါ​အ​နွယ်​ဝင်​တို့​အား သွား​ရောက်​တိုက်​ခိုက်​ကြ​လော့။ ထို​အ​ရှေ့​နွယ် သား​တို့​အား​ဖျက်​ဆီး​ချေ​မှုန်း​ကြ​လော့။-
२८“केदार और हासोर के राज्यों के विषय जिन्हें बाबेल के राजा नबूकदनेस्सर ने मार लिया। यहोवा यह कहता है: उठकर केदार पर चढ़ाई करो! पूरब के लोगों का नाश करो!
29 ၂၉ သူ​တို့​၏​တဲ​ရှင်​များ​နှင့်​သိုး​အုပ်​များ​ကို လည်း​ကောင်း၊ တဲ​ကန့်​လန့်​ကာ​များ​နှင့်​တဲ​တွင်း ရှိ​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း​သိမ်း​ယူ ကြ​လော့။ သူ​တို့​၏​ကု​လား​အုတ်​များ​ကို​သိမ်း ယူ​ပြီး​လျှင်​လူ​တို့​အား`သင်​တို့​၏​ပတ်​လည် သို့​ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ရောက်​ရှိ​လာ​လေ​ပြီ' ဟု​ပြော​ကြား​ကြ​လော့။
२९वे उनके डेरे और भेड़-बकरियाँ ले जाएँगे, उनके तम्बू और सब बर्तन उठाकर ऊँटों को भी हाँक ले जाएँगे, और उन लोगों से पुकारकर कहेंगे, ‘चारों ओर भय ही भय है।’
30 ၃၀ ``ဟာ​ဇော်​မြို့​သား​တို့၊ ရပ်​ဝေး​သို့​ထွက်​ပြေး ပုန်း​အောင်း​နေ​ကြ​ရန် သင်​တို့​အား​ငါ​ထာ​ဝ​ရ ဘု​ရား​သတိ​ပေး​၏။ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​သည်​သင်​တို့​ကို​လုပ်​ကြံ​ရန်​ကြံ​စည် ထား​လေ​ပြီ။-
३०यहोवा की यह वाणी है, हे हासोर के रहनेवालों भागो! दूर-दूर मारे-मारे फिरो, कहीं जाकर छिपके बसो। क्योंकि बाबेल के राजा नबूकदनेस्सर ने तुम्हारे विरुद्ध युक्ति और कल्पना की है।
31 ၃၁ `လာ​ကြ၊ ငါ​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လှ ပြီ​ဟု​ထင်​မှတ်​သူ​ထို​လူ​မျိုး​ကို​တိုက်​ခိုက် ကြ​ကုန်​အံ့။ သူ​တို့​၏​မြို့​သည်​မြို့​တံ​ခါး​နှင့် ကန့်​လန့်​ပင်​မ​ရှိ။ လုံ​ခြုံ​မှု​ကင်း​မဲ့​သည့်​မြို့ ဖြစ်​သည်' ဟု​ဆို​၏။
३१“यहोवा की यह वाणी है, उठकर उस चैन से रहनेवाली जाति के लोगों पर चढ़ाई करो, जो निडर रहते हैं, और बिना किवाड़ और बेंड़े के ऐसे ही बसे हुए हैं।
32 ၃၂ ``သူ​တို့​၏​ကု​လား​အုတ်​မှ​စ​၍​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ယူ​ကြ​လော့။ ငါ​သည်​ဆံ​ပင် ဖြတ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​၍ အ​ရပ်​ရပ်​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့​ကြုံ စေ​မည်။-
३२उनके ऊँट और अनगिनत गाय-बैल और भेड़-बकरियाँ लूट में जाएँगी, क्योंकि मैं उनके गाल के बाल मुँड़ानेवालों को उड़ाकर सब दिशाओं में तितर-बितर करूँगा; और चारों ओर से उन पर विपत्ति लाकर डालूँगा, यहोवा की यह वाणी है।
33 ၃၃ ဟာ​ဇော်​မြို့​သည်​ခွေး​အ​များ​ခို​အောင်း​ရာ၊ ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ထို​အ​ရပ်​တွင်​နောက်​တစ်​ဖန်​နေ​ထိုင်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။
३३हासोर गीदड़ों का वासस्थान होगा और सदा के लिये उजाड़ हो जाएगा, वहाँ न कोई मनुष्य रहेगा, और न कोई आदमी उसमें टिकेगा।”
34 ၃၄ ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​တက်​ပြီး​နောက် မ​ကြာ​မီ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ဧ​လံ​ပြည်​ကို​ရည်​မှတ်​၍​ငါ့​အား​ဗျာ ဒိတ်​ပေး​တော်​မူ​သည်​မှာ၊-
३४यहूदा के राजा सिदकिय्याह के राज्य के आरम्भ में यहोवा का यह वचन यिर्मयाह भविष्यद्वक्ता के पास एलाम के विषय पहुँचा।
35 ၃၅ ``ငါ​သည်​ဧ​လံ​ပြည်​ကို​လွန်​စွာ​တန်​ခိုး ကြီး​မား​အောင်​ပြု​စု​ပေး​သူ လေး​သည်​တော် အ​ပေါင်း​အား​ကွပ်​မျက်​မည်။-
३५सेनाओं का यहोवा यह कहता है: “मैं एलाम के धनुष को जो उनके पराक्रम का मुख्य कारण है, तोड़ूँगा;
36 ၃၆ ကောင်း​ကင်​အ​ရပ်​လေး​မျက်​နှာ​မှ​လာ​သော လေ​ကို​ဧ​လံ​ပြည်​သို့​တိုက်​ခတ်​စေ​၍ ပြည်​သူ တို့​အား​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​မည်။ ထို ဒုက္ခ​သည်​များ​မ​ရောက်​ကြ​သည့်​တိုင်း​နိုင်​ငံ တစ်​ခု​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
३६और मैं आकाश के चारों ओर से वायु बहाकर उन्हें चारों दिशाओं की ओर यहाँ तक तितर-बितर करूँगा, कि ऐसी कोई जाति न रहेगी जिसमें एलाम भागते हुए न आएँ।
37 ၃၇ ဧ​လံ​ပြည်​သား​တို့​သည်​မိ​မိ​တို့​ကို​သတ်​ဖြတ် လို​သူ​ရန်​သူ​များ​အား​ကြောက်​လန့်​အောင်​ငါ ပြု​မည်။ ငါ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍​သူ တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​အား လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​သည်​တိုင်​အောင် တပ်​မ​တော်​များ​ကို​ငါ​စေ​လွှတ်​၍​တိုက်​ခိုက် စေ​မည်။-
३७मैं एलाम को उनके शत्रुओं और उनके प्राण के खोजियों के सामने विस्मित करूँगा, और उन पर अपना कोप भड़काकर विपत्ति डालूँगा। और यहोवा की यह वाणी है, कि तलवार को उन पर चलवाते-चलवाते मैं उनका अन्त कर डालूँगा;
38 ၃၈ ငါ​သည်​ဧ​လံ​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင် များ​ကို​သုတ်​သင်​ပယ်​ရှင်း​ကာ​ထို​ပြည်​တွင် ငါ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​မည်။-
३८और मैं एलाम में अपना सिंहासन रखकर उनके राजा और हाकिमों को नाश करूँगा, यहोवा की यही वाणी है।
39 ၃၉ သို့​ရာ​တွင်​နောင်​အ​ခါ​၌​ဧ​လံ​ပြည်​သား​တို့ အား​တစ်​ဖန်​ပြန်​၍​ကောင်း​စား​စေ​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
३९“परन्तु यहोवा की यह भी वाणी है, कि अन्त के दिनों में मैं एलाम को बँधुआई से लौटा ले आऊँगा।”

< ယေရမိ 49 >