< ဟေရှာယ 57 >

1 သူ​တော်​ကောင်း​တို့​သည်​သေ​ရ​ကြ​၏။ ထို​သူ​တို့ ယင်း​သို့​သေ​သည့်​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ နား​မ​လည်​ကြ။ ဂ​ရု​လည်း​မ​စိုက်​ကြ။ သို့​ရာ တွင်​သူ​တို့​သည်​သေ​သော​အ​ခါ​အ​တိ​ဒုက္ခ ကင်း​ငြိမ်း​ရာ​အရပ်​သို့​ရောက်​ရှိ​ကြ​လေ​သည်။-
धर्मी जन नाश होता है, और कोई इस बात की चिन्ता नहीं करता; भक्त मनुष्य उठा लिए जाते हैं, परन्तु कोई नहीं सोचता। धर्मी जन इसलिए उठा लिया गया कि आनेवाली आपत्ति से बच जाए,
2 သူ​တော်​ကောင်း​တို့​သည်​သေ​လွန်​သော​အ​ခါ ငြိမ်း​ချမ်း​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ကြ​၏။
वह शान्ति को पहुँचता है; जो सीधी चाल चलता है वह अपनी खाट पर विश्राम करता है।
3 အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-
परन्तु तुम, हे जादूगरनी के पुत्रों, हे व्यभिचारी और व्यभिचारिणी की सन्तान, यहाँ निकट आओ।
4 သင်​တို့​သည်​အ​ဘယ်​သူ​ကို​ပျက်​ရယ်​ပြု​၍​နေ ကြ​ပါ​သ​နည်း။ အ​ချင်း​လူ​လိမ်​တို့၊ သင်​တို့ သည်​အ​ဘယ်​သူ​ကို​ပြောင်​လှောင်​လျက်​နေ ကြ​ပါ​သ​နည်း။-
तुम किस पर हँसी करते हो? तुम किस पर मुँह खोलकर जीभ निकालते हो? क्या तुम पाखण्डी और झूठे के वंश नहीं हो,
5 မိ​မိ​တို့​၏​အ​ထွဋ်​အ​မြတ်​သစ်​ပင်​များ​အောက် တွင် ကာ​မ​ရာ​ဂ​စပ်​ယှက်​ခြင်း​အား​ဖြင့် မြေ​သြ​ဇာ နတ်​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​၏။ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​မြစ်​ချောင်း​ဝှမ်း​အ​နီး​ရှိ ကျောက်​ဂူ​များ​တွင်​ယဇ်​ပူ​ဇော်​ကြ​၏။-
तुम, जो सब हरे वृक्षों के तले देवताओं के कारण कामातुर होते और नालों में और चट्टानों ही दरारों के बीच बाल-बच्चों को वध करते हो?
6 ထို​အ​ရပ်​မှ​ချော​မွတ်​သည့်​ကျောက်​ခဲ​များ​ကို ယူ​၍ သင်​တို့​၏​ဘု​ရား​များ​အ​ဖြစ်​ကိုး​ကွယ် ကြ​၏။ သင်​တို့​သည်​စ​ပျစ်​ရည်​ကို​သွန်း​လောင်း​၍ ထို​ဘု​ရား​တို့​ကို​ပူ​ဇော်​ကြ​၏။ ဘော​ဇဉ်​သကာ​ကို ဆက်​သ​ကြ​၏။ ဤ​သို့​သင်​တို့​ပြု​သည်​ကို​ငါ နှစ်​သက်​တော်​မူ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ ပါ​သလော။-
नालों के चिकने पत्थर ही तेरा भाग और अंश ठहरे; तूने उनके लिये तपावन दिया और अन्नबलि चढ़ाया है। क्या मैं इन बातों से शान्त हो जाऊँ?
7 သင်​တို့​သည်​တောင်​မြင့်​ပေါ်​သို့​တက်​၍​ယဇ် ပူ​ဇော်​လျက်​ကာ​မ​ရာ​ဂ​စပ်​ယှက်​ကြ​၏။-
एक बड़े ऊँचे पहाड़ पर तूने अपना बिछौना बिछाया है, वहीं तू बलि चढ़ाने को चढ़ गई।
8 မိ​မိ​တို့​၏​ရုပ်​တု​များ​ကို​အိမ်​တံ​ခါး​နှင့် တံ​ခါး​တိုင်​အ​တွင်း​ဘက်​တွင်​ကပ်​၍​ထား ကြ​၏။ သင်​တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကြ​၏။ မိ​မိ တို့​၏​အ​ဝတ်​ဖုံး​များ​ကို​ဖယ်​ရှား​ပြီး​လျှင် အိပ်​ရာ​ကြီး​များ​ပေါ်​သို့​ချစ်​သူ​များ​နှင့် အ​တူ​တက်​၍​မိ​မိ​တို့​၏​ရာ​ဂ​စိတ်​ကို ရောင့်​ရဲ​စေ​ကြ​၏။ သင်​တို့​သည်​ထို​သူ​တို့ နှင့်​အိပ်​စက်​ရန်​အ​ခ​ကြေး​ငွေ​ကို​လည်း ပေး​ရ​ကြ​၏။-
तूने अपनी निशानी अपने द्वार के किवाड़ और चौखट की आड़ ही में रखी; मुझे छोड़कर तू औरों को अपने आपको दिखाने के लिये चढ़ी, तूने अपनी खाट चौड़ी की और उनसे वाचा बाँध ली, तूने उनकी खाट को जहाँ देखा, पसन्द किया।
9 သင်​တို့​သည်​ဆီ​မွှေး​နှင့်​နံ့​သာ​များ​ကို လိမ်း​ကျံ​လျက် မော​လုပ်​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​သွား​ရောက်​ကြ​၏။ ရပ်​နီး​ရပ်​ဝေး နှင့်​မ​ရ​ဏာ​နိုင်​ငံ​သို့​တိုင်​အောင်​ပင် သံ​တ​မန် များ​စေ​လွှတ်​၍​ဘု​ရား​များ​ကို​ရှာ​ဖွေ​စေ ကြ​၏။- (Sheol h7585)
तू तेल लिए हुए राजा के पास गई और बहुत सुगन्धित तेल अपने काम में लाई; अपने दूत तूने दूर तक भेजे और अधोलोक तक अपने को नीचा किया। (Sheol h7585)
10 ၁၀ သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ရှာ​ဖွေ​ရ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​၍​လာ​သော်​လည်း​အ ဘယ်​အ​ခါ​၌​မျှ​လက်​မ​လျော့​ကြ။ မိ​မိ​တို့ ၏​ရုပ်​တု​များ​ထံ​မှ​ခွန်​အား​ကို​ရ​ရှိ​သည် ဟု ထင်​မှတ်​ကာ​သင်​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အား​မ​လျော့​ကြ။
१०तू अपनी यात्रा की लम्बाई के कारण थक गई, तो भी तूने न कहा कि यह व्यर्थ है; तेरा बल कुछ अधिक हो गया, इसी कारण तू नहीं थकी।
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-
११तूने किसके डर से झूठ कहा, और किसका भय मानकर ऐसा किया कि मुझ को स्मरण नहीं रखा न मुझ पर ध्यान दिया? क्या मैं बहुत काल से चुप नहीं रहा? इस कारण तू मेरा भय नहीं मानती।
12 ၁၂ သင်​တို့​က​မိ​မိ​တို့​ပြု​သည့်​အ​မှု​ကို​မှန်​သည် ဟု​ထင်​မှတ်​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​အ​ကျင့် ကို ငါ​ဖွင့်​ဟ​ထုတ်​ဖော်​လိုက်​သော​အ​ခါ သင်​တို့ ၏​ရုပ်​တု​များ​သည်​သင်​တို့​အား​ကူ​မ​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။-
१२मैं आप तेरी धार्मिकता और कर्मों का वर्णन करूँगा, परन्तु उनसे तुझे कुछ लाभ न होगा।
13 ၁၃ မိ​မိ​တို့​အား​ကူ​မ​ပါ​ရန်​သင်​တို့​ဟစ်​အော် တောင်း​ခံ​ကြ​သော​အ​ခါ ထို​ရုပ်​တု​များ​သည် သင်​တို့​ကို​ကယ်​ကြ​ပါ​လေ​စေ။ ယင်း​တို့​သည် လေ​တစ်​ချက်​မှုတ်​လိုက်​လျှင် လွင့်​စင်​၍​သွား ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ့​ကို​ယုံ​ကြည် ကိုး​စား​သူ​တို့​မူ​ကား​ပြည်​တော်​တွင်​နေ​ထိုင် ရ​လျက် ငါ​၏​သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
१३जब तू दुहाई दे, तब जिन मूर्तियों को तूने जमा किया है वे ही तुझे छुड़ाएँ! वे तो सब की सब वायु से वरन् एक ही फूँक से उड़ जाएँगी। परन्तु जो मेरी शरण लेगा वह देश का अधिकारी होगा, और मेरे पवित्र पर्वत का भी अधिकारी होगा।
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​လူ​မျိုး​တော်​အား ငါ့​ထံ​ပြန်​စေ​ကြ​လော့။ ငါ့​လူ​မျိုး​တော်​တို့ ၏​လမ်း​ခ​ရီး​မှ​ဆူး​ညှောင့်​ခ​လုတ်​ရှိ​သ​မျှ ကို​ပယ်​ရှား​ကြ​လော့။ လမ်း​ကို​ဖောက်​လုပ် ၍​အ​သင့်​ပြင်​ကြ​လော့။
१४यह कहा जाएगा, “पाँति बाँध बाँधकर राजमार्ग बनाओ, मेरी प्रजा के मार्ग में से हर एक ठोकर दूर करो।”
15 ၁၅ ``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-
१५क्योंकि जो महान और उत्तम और सदैव स्थिर रहता, और जिसका नाम पवित्र है, वह यह कहता है, “मैं ऊँचे पर और पवित्रस्थान में निवास करता हूँ, और उसके संग भी रहता हूँ, जो खेदित और नम्र हैं, कि, नम्र लोगों के हृदय और खेदित लोगों के मन को हर्षित करूँ।
16 ၁၆ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​အ​သက်​ရှင် ခွင့်​ကို​ပေး​၏။ သူ​တို့​အား​ဆက်​လက်​၍​ပြစ် တင်​စွပ်​စွဲ​လျက်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက် လျက်​နေ​လိမ့်​မည်​မ​ဟုတ်။-
१६मैं सदा मुकद्दमा न लड़ता रहूँगा, न सर्वदा क्रोधित रहूँगा; क्योंकि आत्मा मेरे बनाए हुए हैं और जीव मेरे सामने मूर्छित हो जाते हैं।
17 ၁၇ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​နှင့်​လော​ဘ လွန်​ကူး​မှု​များ​အ​တွက်​အ​မျက်​ထွက်​သ​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍​သူ​တို့​ထံ​မှ လွှဲ​ရှောင်​ခဲ့​၏။ သို့​သော်​လည်း​သူ​တို့​သည်​ခေါင်း မာ​လျက် မိ​မိ​တို့​ပြု​လို​ရာ​ပင်​ပြု​ကျင့်​လျက် နေ​ကြ​၏။
१७उसके लोभ के पाप के कारण मैंने क्रोधित होकर उसको दुःख दिया था, और क्रोध के मारे उससे मुँह छिपाया था; परन्तु वह अपने मनमाने मार्ग में दूर भटकता चला गया था।
18 ၁၈ ``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-
१८मैं उसकी चाल देखता आया हूँ, तो भी अब उसको चंगा करूँगा; मैं उसे ले चलूँगा और विशेष करके उसके शोक करनेवालों को शान्ति दूँगा।
19 ၁၉ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​သူ​တို့​၏​နှုတ်​မှ​ကျေး​ဇူး​တော်​ချီး​မွမ်း ကြ​စေ၊ ရပ်​နီး​ရပ်​ဝေး​ရှိ​လူ​အ​ပေါင်း​တို့​အား ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​၏။ ငြိမ်​သက် ခြင်း​ကို​ငါ​ပေး​၏။ ငါ​၏​လူ​မျိုး​တော်​ကို​ငါ ကု​စား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
१९मैं मुँह के फल का सृजनहार हूँ; यहोवा ने कहा है, जो दूर और जो निकट हैं, दोनों को पूरी शान्ति मिले; और मैं उसको चंगा करूँगा।
20 ၂၀ သို့​ရာ​တွင်​ဆိုး​ညစ်​သူ​တို့​သည်​အ​မြဲ​လှုပ်​ရှား လျက် လှိုင်း​လုံး​များ​ဖြင့်​အ​ဆက်​မ​ပြတ်​ရိုက် ခတ်​ကာ၊ ရွှံ့​နှင့်​အ​မှိုက်​သ​ရိုက်​များ​ကို​ယူ ဆောင်​လာ​တတ်​သော​ပင်​လယ်​ရေ​နှင့်​တူ​ကြ​၏။-
२०परन्तु दुष्ट तो लहराते हुए समुद्र के समान है जो स्थिर नहीं रह सकता; और उसका जल मैल और कीच उछालता है।
21 ၂၁ သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​ငါ​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​၏။
२१दुष्टों के लिये शान्ति नहीं है, मेरे परमेश्वर का यही वचन है।”

< ဟေရှာယ 57 >