< ဟေရှာယ 1 >

1 ဤ​ကျမ်း​စောင်​တွင် ယု​ဒ​ဘု​ရင်​များ​ဖြစ်​သော​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း​နှင့်​ဟေ​ဇ​ကိ​မင်း​တို့​၏​လက်​ထက်​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည်​ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ပါ​ရှိ​၏။
आमोस के पुत्र यशायाह का दर्शन, जिसको उसने यहूदा और यरूशलेम के विषय में उज्जियाह, योताम, आहाज, और हिजकिय्याह नामक यहूदा के राजाओं के दिनों में पाया।
2 ထာ​ဝ​ရ​ဘု​ရား​က``အို ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​တို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ကို​နား​ထောင်​ကြ​လော့။ ငါ​ကျွေး​မွေး​ပြု​စု​ထား​သည့်​သား​သ​မီး​များ​သည်​ငါ့​အား​ပုန်​ကန်​ကြ​လေ​ပြီ။-
हे स्वर्ग सुन, और हे पृथ्वी कान लगा; क्योंकि यहोवा कहता है: “मैंने बाल-बच्चों का पालन-पोषण किया, और उनको बढ़ाया भी, परन्तु उन्होंने मुझसे बलवा किया।
3 ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။
बैल तो अपने मालिक को और गदहा अपने स्वामी की चरनी को पहचानता है, परन्तु इस्राएल मुझे नहीं जानता, मेरी प्रजा विचार नहीं करती।”
4 ``အ​ချင်း​အ​ပြစ်​ကူး​သည့်​လူ​မျိုး၊ ဖောက်​ပြန်​တတ်​သူ​ဒု​စ​ရိုက်​သ​မား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ​ကြ​ပါ​သည်​တ​ကား။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​လျက် ကိုယ်​တော်​ကို​ကျော​ခိုင်း​ကြ​လေ​ပြီ။-
हाय, यह जाति पाप से कैसी भरी है! यह समाज अधर्म से कैसा लदा हुआ है! इस वंश के लोग कैसे कुकर्मी हैं, ये बाल-बच्चे कैसे बिगड़े हुए हैं! उन्होंने यहोवा को छोड़ दिया, उन्होंने इस्राएल के पवित्र को तुच्छ जाना है! वे पराए बनकर दूर हो गए हैं।
5 သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဆက်​လက်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​သ​နည်း။ ယ​ခု​ထက်​ပင်​ပို​မို​ကြီး​လေး​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​လို​ကြ​ပါ​သ​လော။ အ​ချင်း​ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​၏​ဦး​ခေါင်း​သည်​ဒဏ်​ရာ​များ​ဖြင့်​ပြည့်​လျက်​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​သည်​လည်း​ညှိုး​နွမ်း​လျက်​နေ​၏။-
तुम बलवा कर करके क्यों अधिक मार खाना चाहते हो? तुम्हारा सिर घावों से भर गया, और तुम्हारा हृदय दुःख से भरा है।
6 ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။
पाँव से सिर तक कहीं भी कुछ आरोग्यता नहीं, केवल चोट और कोड़े की मार के चिन्ह और सड़े हुए घाव हैं जो न दबाये गए, न बाँधे गए, न तेल लगाकर नरमाये गए हैं।
7 သင်​တို့​၏​ပြည်​သည်​ပျက်​ပြုန်း​ရ​၍၊ သင်​တို့​၏​မြို့​တို့​သည်​လည်း​ပြာ​ပုံ​ဆိုက်​ကြ​လေ​ပြီ။ သင်​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ပင်​တိုင်း​တစ်​ပါး​သား​တို့​သည် သင်​၏​နယ်​မြေ​ကို​သိမ်း​၍​အ​ရာ​ခပ်​သိမ်း​ကို​ဖျက်​ဆီး​စေ​ကြ​ပြီ။-
तुम्हारा देश उजड़ा पड़ा है, तुम्हारे नगर भस्म हो गए हैं; तुम्हारे खेतों को परदेशी लोग तुम्हारे देखते ही निगल रहे हैं; वह परदेशियों से नाश किए हुए देश के समान उजाड़ है।
8 အ​ဝိုင်း​ခံ​လျက်​နေ​ရ​သည့်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​သာ​လျှင်​ကျန်​တော့​၏။ ထို​မြို့​ကား​မိ​မိ​အ​တွက်​ခု​ခံ​ကာ​ကွယ်​နိုင်​စွမ်း​မ​ရှိ​သည့်​စ​ပျစ်​ဥ​ယျာဉ်​အ​စောင့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​တဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​၏။
और सिय्योन की बेटी दाख की बारी में की झोपड़ी के समान छोड़ दी गई है, या ककड़ी के खेत में के मचान या घिरे हुए नगर के समान अकेली खड़ी है।
9 အ​ကယ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် မြို့​သူ​မြို့​သား​အ​ချို့​တို့​အား​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကဲ့​သို့​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​မည်​သာ​ဖြစ်​၏။
यदि सेनाओं का यहोवा हमारे थोड़े से लोगों को न बचा रखता, तो हम सदोम के समान हो जाते, और गमोरा के समान ठहरते।
10 ၁၀ အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​အုပ်​စိုး​သော​မင်း​များ​နှင့် သင်​၏​မြို့​သူ​မြို့​သား​တို့​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​မှ​လူ​တို့​နှင့်​တူ​ကြ​၏။ သင့်​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော်​ကို​နား​ထောင်​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​သော​အ​ရာ​ကို​အာ​ရုံ​ပြု​လော့။-
१०हे सदोम के न्यायियों, यहोवा का वचन सुनो! हे गमोरा की प्रजा, हमारे परमेश्वर की व्यवस्था पर कान लगा।
11 ၁၁ ကိုယ်​တော်​က`သင်​တို့​ဆက်​ကာ​ဆက်​ကာ​ပူ​ဇော်​လျက်​ရှိ​သည့်​ယဇ်​တို့​ကို​ငါ​အ​လို​ရှိ​တော်​မူ​သည်'' ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​သိုး​များ​နှင့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​တို့​၏​ဆီ​ဥ​များ​ကို​ငါ​ငြီး​ငွေ့​တော်​မူ​ပြီ။ သိုး​နွား​ဆိတ်​တို့​၏​သွေး​များ​ကို​လည်း​ငါ​မ​နှစ်​သက်​တော့​ပေ။-
११यहोवा यह कहता है, “तुम्हारे बहुत से मेलबलि मेरे किस काम के हैं? मैं तो मेढ़ों के होमबलियों से और पाले हुए पशुओं की चर्बी से अघा गया हूँ; मैं बछड़ों या भेड़ के बच्चों या बकरों के लहू से प्रसन्न नहीं होता।
12 ၁၂ သင်​တို့​ငါ့​ထံ​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​အ​ခါ ထို​အ​ရာ​များ​ကို​ယူ​ဆောင်​လာ​ရ​ကြ​မည်​ဟု​သင်​တို့​အား​အ​ဘယ်​သူ​စေ​ခိုင်း​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သင်​တို့​အား​ငါ​၏​ဗိ​မာန်​တော်​တွင် ဤ​သို့​ရှုပ်​ယှက်​ခတ်​သွား​လာ​စေ​ပါ​သ​နည်း။-
१२तुम जब अपने मुँह मुझे दिखाने के लिये आते हो, तब यह कौन चाहता है कि तुम मेरे आँगनों को पाँव से रौंदो?
13 ၁၃ သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-
१३व्यर्थ अन्नबलि फिर मत लाओ; धूप से मुझे घृणा है। नये चाँद और विश्रामदिन का मानना, और सभाओं का प्रचार करना, यह मुझे बुरा लगता है। महासभा के साथ ही साथ अनर्थ काम करना मुझसे सहा नहीं जाता।
14 ၁၄ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ​နှင့်​မြင့်​မြတ်​သန့်​ရှင်း​သော​နေ့​များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​သ​ဘင်​များ​သည်​ငါ​မ​ထမ်း​လို​တော့​သည့်​ဝန်​ထုပ်​ဖြစ်​ပေ​သည်။
१४तुम्हारे नये चाँदों और नियत पर्वों के मानने से मैं जी से बैर रखता हूँ; वे सब मुझे बोझ से जान पड़ते हैं, मैं उनको सहते-सहते थक गया हूँ।
15 ၁၅ ``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-
१५जब तुम मेरी ओर हाथ फैलाओ, तब मैं तुम से मुख फेर लूँगा; तुम कितनी ही प्रार्थना क्यों न करो, तो भी मैं तुम्हारी न सुनूँगा; क्योंकि तुम्हारे हाथ खून से भरे हैं।
16 ၁၆ သင်​တို့​၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​အောင်​ပြု​ကြ​လော့။ ငါ့​ရှေ့​တော်​တွင်​သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​တို့​ကို​ရပ်​စဲ​ကြ​လော့။ ဒု​စ​ရိုက်​ပြု​မှု​ကို​ရပ်​စဲ​ကာ၊-
१६अपने को धोकर पवित्र करो: मेरी आँखों के सामने से अपने बुरे कामों को दूर करो; भविष्य में बुराई करना छोड़ दो,
17 ၁၇ သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။
१७भलाई करना सीखो; यत्न से न्याय करो, उपद्रवी को सुधारो; अनाथ का न्याय चुकाओ, विधवा का मुकद्दमा लड़ो।”
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။-
१८यहोवा कहता है, “आओ, हम आपस में वाद-विवाद करें: तुम्हारे पाप चाहे लाल रंग के हों, तो भी वे हिम के समान उजले हो जाएँगे; और चाहे अर्गवानी रंग के हों, तो भी वे ऊन के समान श्वेत हो जाएँगे।
19 ၁၉ အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​မည်​ဆို​ပါ​က မြေ​ထွက်​သီး​နှံ​ကောင်း​များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-
१९यदि तुम आज्ञाकारी होकर मेरी मानो,
20 ၂၀ သို့​ရာ​တွင်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း​ဆန်​၍ ငါ့​အား​အာ​ခံ​ကြ​မည်​ဆို​လျှင်​မူ​ကား သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
२०तो इस देश के उत्तम से उत्तम पदार्थ खाओगे; और यदि तुम न मानो और बलवा करो, तो तलवार से मारे जाओगे; यहोवा का यही वचन है।”
21 ၂၁ အ​ခါ​တစ်​ပါး​က​သစ္စာ​ရှိ​ခဲ့​သော​မြို့​သည် ယ​ခု​အ​ခါ​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင်​လျက်​နေ​ပါ​သည်​တ​ကား၊ အ​ခါ​တစ်​ပါး​က​ထို​မြို့​တွင်​သူ​တော်​ကောင်း​များ​နေ​ထိုင်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​သူ​သတ်​သ​မား​များ​သာ​လျှင်​ကျန်​ရှိ​နေ​တော့​၏။-
२१जो नगरी विश्वासयोग्य थी वह कैसे व्यभिचारिणी हो गई! वह न्याय से भरी थी और उसमें धार्मिकता पाया जाता था, परन्तु अब उसमें हत्यारे ही पाए जाते हैं।
22 ၂၂ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​အ​ခါ​တစ်​ပါး​က​ငွေ​နှင့်​တူ​ခဲ့​၏။ ယ​ခု​မူ​ကား​တန်​ဖိုး​မဲ့​ဖြစ်​၍​နေ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​သင်​သည်​စ​ပျစ်​ရည်​ကောင်း​နှင့်​တူ​ခဲ့​၏။ ယ​ခု​မှာ​မူ​ရေ​ပ​က​တိ​ဖြစ်​၍​နေ​တော့​၏။-
२२तेरी चाँदी धातु का मैल हो गई, तेरे दाखमधु में पानी मिल गया है।
23 ၂၃ သင်​၏​ခေါင်း​ဆောင်​တို့​သည်​လည်း​သူ​ပုန်​များ၊ သူ​ခိုး​လက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​တံ​စိုး​လက်​ဆောင်​များ​ကို​လက်​ခံ​လျက်​နေ​ကြ​သော်​လည်း တ​ရား​ရုံး​တော်​တွင်​မိ​ဘ​မဲ့​သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မှု​ကို​မ​ပြု​ကြ။ မု​ဆိုး​မ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​လည်း​ကြား​နာ​စစ်​ဆေး​၍​မ​ပေး​ကြ။
२३तेरे हाकिम हठीले और चोरों से मिले हैं। वे सब के सब घूस खानेवाले और भेंट के लालची हैं। वे अनाथ का न्याय नहीं करते, और न विधवा का मुकद्दमा अपने पास आने देते हैं।
24 ၂၄ သို့​ဖြစ်​၍​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား​ကို​ယ​ခု​နား​ထောင်​လော့။ ကိုယ်​တော်​က``ငါ​သည်​မိ​မိ​၏​ရန်​သူ​တည်း​ဟူ​သော​သင်​တို့​အား​လက်​စား​ချေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​မျှ​ဒုက္ခ​ပေး​နိုင်​ကြ​တော့​မည်​မ​ဟုတ်။-
२४इस कारण प्रभु सेनाओं के यहोवा, इस्राएल के शक्तिमान की यह वाणी है: “सुनो, मैं अपने शत्रुओं को दूर करके शान्ति पाऊँगा, और अपने बैरियों से बदला लूँगा।
25 ၂၅ ငါ​သည်​သင့်​အား​အ​ရေး​ယူ​အ​ပြစ်​ပေး​မည်။ သတ္တု​၏​ချေး​ညှော်​များ​ကို​ချွတ်​သည့်​နည်း​တူ သင်​၏​အ​ညစ်​အ​ကြေး​များ​ကို​လည်း​ချွတ်​၍ သင့်​အား​သန့်​စင်​အောင်​ငါ​ပြု​မည်။-
२५मैं तुम पर हाथ बढ़ाकर तुम्हारा धातु का मैल पूरी रीति से भस्म करूँगा और तुम्हारी मिलावट पूरी रीति से दूर करूँगा।
26 ၂၆ ရှေး​အ​ခါ​ကဲ့​သို့​သင့်​အား​ခေါင်း​ဆောင်​များ​နှင့် အ​တိုင်​ပင်​ခံ​အ​မတ်​များ​ကို​ငါ​ပေး​မည်။ ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​သူ​တော်​ကောင်း​တ​ရား​ပြည့်​ဝ​သည့်​မြို့၊ သစ္စာ​ရှိ​သည့်​မြို့​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
२६मैं तुम में पहले के समान न्यायी और आदिकाल के समान मंत्री फिर नियुक्त करूँगा। उसके बाद तू धर्मपुरी और विश्वासयोग्य नगरी कहलाएगी।”
27 ၂၇ ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​တော်​မူ​သည်​ဖြစ်​၍ ယေ​ရု​ရှ​လင်​မြို့​နှင့်​နောင်​တ​ရ​သူ​မှန်​သ​မျှ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
२७सिय्योन न्याय के द्वारा, और जो उसमें फिरेंगे वे धार्मिकता के द्वारा छुड़ा लिए जाएँगे।
28 ၂၈ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ကူး​လွန်​သူ​နှင့် မိ​မိ​ကို​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အား​ချေ​မှုန်း​ပစ်​တော်​မူ​လိမ့်​မည်။ မိ​မိ​အား​စွန့်​ပစ်​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။
२८परन्तु बलवाइयों और पापियों का एक संग नाश होगा, और जिन्होंने यहोवा को त्यागा है, उनका अन्त हो जाएगा।
29 ၂၉ သင်​သည်​သစ်​ပင်​များ​ကို​ဝတ်​ပြု​ရှိ​ခိုး​မိ​ခဲ့​သည့်​အ​တွက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​မိ​ခဲ့​သည့်​အ​တွက်​ဝမ်း​နည်း​ရ​လိမ့်​မည်။-
२९क्योंकि जिन बांजवृक्षों से तुम प्रीति रखते थे, उनसे वे लज्जित होंगे, और जिन बारियों से तुम प्रसन्न रहते थे, उनके कारण तुम्हारे मुँह काले होंगे।
30 ၃၀ သင်​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​သော​ဝက်​သစ်​ချ​ပင်​နှင့် ရေ​မ​လောင်း​သည့်​ဥ​ယျာဉ်​ကဲ့​သို့​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​လိမ့်​မည်။-
३०क्योंकि तुम पत्ते मुर्झाए हुए बांज वृक्ष के, और बिना जल की बारी के समान हो जाओगे।
31 ၃၁ သစ်​ခြောက်​သည်​မီး​ပွား​ကြောင့်​မီး​စွဲ​လောင်​ရ​သည်​နည်း​တူ​တန်​ခိုး​ကြီး​မား​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ယင်း​သို့​ဆုံး​ပါး​ပျက်​စီး​မှု​ကို​လည်း​အ​ဘယ်​သူ​မျှ​ဆီး​တား​၍​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မြွက်​ဆို​လေ​သည်။
३१बलवान तो सन और उसका काम चिंगारी बनेगा, और दोनों एक साथ जलेंगे, और कोई बुझानेवाला न होगा।

< ဟေရှာယ 1 >