< ဟောရှေ 8 >

1 ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-
[Yahweh said to me], “Blow [MTY] your trumpet [to warn the people]! My people have rejected the agreement that I made with them, and they have rebelled against [obeying] my laws. Therefore, [their enemies] are swooping down on my people’s country like [SIM] an eagle.
2 ငါ့​အား​သူ​တို့​၏​ဘု​ရား​သ​ခင်​ဟူ​၍​လည်း ကောင်း၊ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဟူ​၍ လည်း​ကောင်း၊ သူ​တို့​သည်​ငါ့​ကို​သိ​သည် ဟူ​၍​လည်း​ကောင်း​ဆို​ကြ​သော်​လည်း၊-
My Israeli people cry out to me, ‘Our God, we know that you are our God!’
3 သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။
But because the Israeli people have rejected what is good, their enemies will pursue them.
4 ` ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​လျောက်​ရှင်​ဘု​ရင်​များ​ကို​ရွေး​ချယ်​တင် မြှောက်​ခဲ့​ကြ​၏။ ငါ​၏​သ​ဘော​တူ​ညီ​ချက် မ​ရ​ဘဲ​ခေါင်း​ဆောင်​များ​ကို​ခန့်​ထား​ကြ​၏။ မိ​မိ​တို့​၏​ရွှေ​ငွေ​နှင့်​ရုပ်​တု​များ​ကို​သွန်း လုပ်​သ​ဖြင့် မိ​မိ​တို့​၏​ပျက်​စီး​ရာ​ပျက်​စီး ကြောင်း​ကို​သာ​ဖန်​တီး​ကြ​၏။-
The Israel people appointed [their last three] kings, but they did not ask me if I agreed to [what they were doing]. They chose their own leaders without asking if I would approve of them. They used their own silver and gold to make for themselves idols, and doing that led them to be destroyed.
5 ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော​ရွှေ​နွား ရုပ်​ကို​ငါ​စက်​ဆုတ်​ရွံ​ရှာ​တော်​မူ​၏။ သူ​တို့ အား​ငါ​အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့ သည်​မည်​သည့်​အ​ခါ​မှ​ရုပ်​တု​ကိုး​ကွယ်​မှု ကို​စွန့်​ကြ​မည်​နည်း။-
You people of Samaria, throw away your [idol that resembles a] calf! I am extremely angry with you people! How long [RHQ] will you [do things that cause] you to be unacceptable to me?
6 ဣ​သ​ရေ​လ​အ​မျိုး​သား​လက်​မှု​ပ​ညာ သည်​သွန်း​လုပ်​သော​ရုပ်​တု​သည်​ဘု​ရား မ​ဟုတ်။ ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော ရွှေ​နွား​ရုပ်​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ဖြစ်​ရ​လိမ့်​မည်။-
[Someone in] Israel made that idol for you; [but I am] God and it is not. So that idol of a calf in Samaria must be smashed to pieces.
7 သူ​တို့​သည်​လေ​ကို​ကြဲ​သ​ဖြင့်​မုန်​တိုင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ လယ်​စ​ပါး​မ​ရင့်​မှည့် လျှင်​ဆန်​စ​ပါး​ကို​မ​ရ​နိုင်။ ထို​လယ်​မှ​ဆန် စ​ပါး​ထွက်​သည့်​တိုင်​အောင်​အ​ခြား​နိုင်​ငံ သား​တို့​စား​သုံး​ကြ​လိမ့်​မည်။-
[The foolish thing that the people of Israel have done is like] [MET] trying to plant wind; but what they harvest will be like [MET] a whirlwind. So the grain that they planted will have no heads [on the stalks], and as a result [there will be no grain] from which to make flour. And if it did produce good grain, foreigners would [come and] steal it.
8 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ခြား​နိုင်​ငံ​များ နှင့်​မ​ထူး​ခြား​ပေ။ အ​သုံး​မ​ကျ​သော အိုး​ကွဲ​နှင့်​တူ​၏။-
[The people of] Israel will be defeated [MET] [by their enemies]; they will be [scattered] among other nations and become worthless.
9 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထိန်း​ချုပ်​၍ မ​ရ​သော​မြည်း​ရိုင်း​ကဲ့​သို့​စိတ်​ထင်​ရာ​ပြု လုပ်​တတ်​၏။ သူ​တို့​သည်​အာ​ရှု​ရိ​ပြည်​သို့ သွား​၍​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​၏။ အ​ခ ကြေး​ငွေ​ပေး​၍​အ​ခြား​နိုင်​ငံ​၏​ကာ​ကွယ် ပေး​မှု​ကို​ခံ​ယူ​ကြ​၏။-
Like [MET] donkeys that are looking for mates, they have requested [help] from Assyria; they paid money to [the leaders of Assyria] in order to [persuade those leaders to] protect them.
10 ၁၀ သို့​ရာ​တွင်​ငါ​သည်​ယ​ခု​သူ​တို့​အား​စု​ရုံး စေ​၍​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။ မ​ကြာ​မီ​သူ တို့​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏ နှိပ်​စက်​ညှင်း ပန်း​ခြင်း​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ​ကြ လိမ့်​မည်။
But although they have agreed to pay money each year to [the leaders of] those countries, I will soon gather them together [to punish them]. The great King [of Assyria] will cause them to suffer greatly.
11 ၁၁ ``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-
Although [the people of] Israel built many altars to present offerings [to their idols] to take away [their guilt for] sinning, those altars have become places where they commit [more] sins.
12 ၁၂ ငါ​သည်​သူ​တို့​အ​တွက်​များ​စွာ​သော​ပ​ညတ် များ​ကို​ရေး​ချ​ပေး​သော်​လည်း​သူ​တို့​က ထို​ပ​ညတ်​များ​သည်​သူ​တို့​နှင့်​မ​ဆိုင်၊ ထူး ဆန်း​သည်​ဟူ​၍​ပစ်​ပယ်​ကြ​၏။-
I wrote many laws for them, but they disregarded them, saying that [they did not have to obey them because] they were different from laws that they had known previously.
13 ၁၃ သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။
They offer sacrifices to me, and they eat [some of] the meat of those sacrifices, [which is what I permitted them to do]. But I, Yahweh, am not pleased with those sacrifices. I remember the evil things that they have done, and I will punish them for the sins that they have committed: I will force them to [go to other countries] [and become slaves like they were] [MET] in Egypt.
14 ၁၄ ``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​နန်း​တော် များ​ကို​တည်​ဆောက်​ကြ​သော်​လည်း​သူ​တို့ ကို​ဖန်​ဆင်း​သော​အ​ရှင်​အား​မေ့​လျော့​လျက် ရှိ​ကြ​၏။ ယု​ဒ​ပြည်​သား​တို့​သည်​ခိုင်​ခံ့ သော​မြို့​များ​ကို​တည်​ကြ​၏။ သို့​ရာ​တွင် ငါ​သည်​သူ​တို့​၏​နန်း​တော်​များ​နှင့်​မြို့ များ​ပေါ်​သို့​လောင်​မီး​ကျ​စေ​မည်။
[The people of] Israel have abandoned/forgotten me, the one who created their [nation]; they have built palaces, and [the people of] Judah have built walls around many towns. But I will send a fire that will destroy all their cities and their fortresses.”

< ဟောရှေ 8 >