< ဟေဗြဲ 9 >

1 ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​အ​တွက်​ဝတ်​ပြု ခြင်း​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​လူ​တို့​တည် ဆောက်​သည့်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ရှိ​၏။-
Wprawdzie i pierwsze [przymierze] miało przepisy [o] służbie [Bożej] oraz ziemską świątynię.
2 လူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​သော အ​ပြင်​တဲ​တော်​အ​ဆောင်​ကို​တည်​ဆောက်​ကြ​၏။ ထို​တဲ​တွင်​မီး​တင်​ခုံ​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ဆက်​ကပ်​သော​မုန့်​နှင့်​စား​ပွဲ​ကို လည်း​ကောင်း​တွေ့​ရ​၏။-
Został bowiem zbudowany przybytek, w którego pierwszej [części], zwanej [Miejscem] Świętym, znajdował się świecznik, stół i chleby pokładne.
3 ဒု​တိ​ယ​ကန့်​လန့်​ကာ​နောက်​၌​အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။-
Za drugą zaś zasłoną był przybytek, który zwano Miejscem Najświętszym.
4 ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-
Posiadało ono złotą kadzielnicę i arkę przymierza całą pokrytą złotem, w której [było] złote naczynie z manną, laska Aarona, która zakwitła, i tablice przymierza.
5 သေတ္တာ​တော်​ပေါ်​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ​ရှိ​၏။ ခေ​ရု ဗိမ်​တို့​သည်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော်​မူ​ခြင်း​ကို သ​ရုပ်​ဆောင်​ကြ​၏။ သူ​တို့​၏​အ​တောင်​များ​သည် အ​ပြစ်​ဖြေ​ရာ​ပလ္လင်​ကို​ဖြန့်​လျက်​နေ​၏။ ထို​အ​ရာ များ​ကို​ယ​ခု​အ​သေး​စိတ်​ဖော်​ပြ​ရန်​မ​လို​ပေ။
Nad arką były cherubiny chwały, które zacieniały przebłagalnię. Nie ma teraz potrzeby szczegółowo o tym wszystkim mówić.
6 ဤ​ဝတ်​ပြု​ခြင်း​ထုံး​နည်း​ကို​ဖော်​ပြ​အံ့။ ယဇ် ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရာ​တွင်​အ​ပြင်​တဲ​တော်​သို့ နေ့​စဉ်​ဝင်​ရ​ကြ​၏။-
A odkąd zostało to tak urządzone, do pierwszej [części] przybytku zawsze wchodzą kapłani pełniący służbę [Bożą];
7 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း သာ​လျှင် အ​တွင်း​တဲ​တော်​သို့​ဝင်​ရ​ပေ​သည်။ သူ သည်​ယင်း​သို့​ဝင်​ရ​သည်​မှာ​လည်း​တစ်​နှစ်​လျှင် တစ်​ကြိမ်​သာ​ဖြစ်​ပြီး​မိ​မိ​၏​အ​တွက်​သော် လည်း​ကောင်း၊ လူ​တို့​မ​သိ​ဘဲ​ကူး​လွန်​မိ​သည့် အ​ပြစ်​များ​အ​တွက်​သော်​လည်း​ကောင်း ပူ​ဇော် ရန်​သွေး​ကို​ယူ​ဆောင်​၍​ဝင်​ရ​လေ​သည်။-
Do drugiej zaś raz w roku tylko sam najwyższy kapłan, [i to] nie bez krwi, którą ofiaruje za siebie i za grzechy niewiedzy ludu.
8 ဤ​ထုံး​နည်း​အ​ရ​အ​ပြင်​တဲ​တော်​တည်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရန် လမ်း​သည်​ပိတ်​လျက်​ပင်​ရှိ​မည် ဖြစ်​ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​ရှင်း လင်း​စွာ​သွန်​သင်​ပေ​သည်။-
W ten sposób Duch Święty pokazuje, że jeszcze nie została objawiona droga [do] Miejsca Najświętszego, dopóki jeszcze stał pierwszy przybytek.
9 ဤ​အ​ရာ​အ​ပေါင်း​တို့​သည်​မျက်​မှောက်​ခေတ်​ကို ညွှန်​ပြ​နေ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ပြ​ဌာန်း ထား​သည့်​ပူ​ဇော်​သကာ​နှင့်​ယဇ်​များ​သည် ဝတ်​ပြု သော​သူ​၏​စိတ်​နှ​လုံး​ကို​ဖြူ​စင်​သန့်​ရှင်း​အောင် ပြု​ပြင်​၍​မ​ပေး​နိုင်။-
Był on obrazem na tamten czas, a składano w nim dary i ofiary, które nie mogły uczynić doskonałym w sumieniu tego, który pełnił służbę Bożą;
10 ၁၀ ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။
[Która polegała] tylko na pokarmach, napojach i różnych obmyciach, i przepisach cielesnych nałożonych aż do czasu naprawy.
11 ၁၁ သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​ယ​ခု​ငါ​တို့​ခံ​စား ရ​ကြ​သည့် ကောင်း​မြတ်​သည့်​အ​ရာ​များ​နှင့် သက်​ဆိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ဖြင့်​ကြွ​လာ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​အ​မှု တော်​ဆောင်​ရာ​တဲ​တော်​သည် ပို​မို​၍​ကြီး​မြတ် ပြီး​ပြည့်​စုံ​လင်​ပေ​သည်။ ထို​တဲ​တော်​ကား​လူ တို့​လက်​ဖြင့်​တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်။ ဤ​အ​ဖန်​ဆင်း​ခံ​လော​က​နှင့်​မ​သက်​ဆိုင်။-
Lecz Chrystus, gdy przyszedł jako najwyższy kapłan dóbr przyszłych, przez większy i doskonalszy przybytek, nieuczyniony ręką, to jest nienależący do tego budynku;
12 ၁၂ ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။- (aiōnios g166)
Ani nie przez krew kozłów i cieląt, ale przez własną krew wszedł raz do Miejsca Najświętszego, zdobywszy wieczne odkupienie. (aiōnios g166)
13 ၁၃ ဆိတ်​သွေး၊ နွား​သွေး၊ နွား​မ​က​လေး​၏​ပြာ​တို့ ကို​ညစ်​ညမ်း​သူ​တို့​၏​အ​ပေါ်​ပက်​ဖျန်း​သ​ဖြင့် အ​ညစ်​အ​ကြေး​များ​ကို​ဆေး​ကြော​သုတ်​သင် ကာ​လူ​တို့​အား​သန့်​စင်​နိုင်​စွမ်း​ရှိ​ပါ​လျှင်၊-
Jeśli bowiem krew wołów i kozłów oraz popiół z jałówki, którymi skrapia się nieczystych, uświęca aż do oczyszczenia ciała;
14 ၁၄ ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။ (aiōnios g166)
To o ileż bardziej krew Chrystusa, który przez Ducha wiecznego ofiarował Bogu samego siebie bez skazy, oczyści wasze sumienie z martwych uczynków, by służyć Bogu żywemu? (aiōnios g166)
15 ၁၅ ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။ (aiōnios g166)
I dlatego jest pośrednikiem nowego testamentu, ażeby przez śmierć poniesioną dla odkupienia występków, popełnionych za pierwszego testamentu, ci, którzy zostali powołani, otrzymali obietnicę wiecznego dziedzictwa. (aiōnios g166)
16 ၁၆ သေ​တမ်း​စာ​အ​တည်​ဖြစ်​နိုင်​ရန်​သေ​တမ်း​စာ​ကို ရေး​သား​ခဲ့​သူ​မှာ အ​မှန်​ပင်​သေ​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရ​ပေ​သည်။-
Gdzie bowiem [jest] testament, tam musi nastąpić śmierć tego, który go sporządził.
17 ၁၇ သေ​တမ်း​စာ​ရေး​သူ​အ​သက်​ရှင်​နေ​စဉ်​သူ​၏ သေ​တမ်း​စာ​သည်​အ​တည်​မ​ဖြစ်။ ထို​သူ​သေ လွန်​ပြီး​မှ​သာ​လျှင်​အ​တည်​ဖြစ်​၏။-
Testament przecież nabiera mocy po śmierci, gdyż nie jest ważny, dopóki żyje ten, kto sporządził testament.
18 ၁၈ ထို​ကြောင့်​ပ​ထ​မ​ပ​ဋိ​ညာဉ်​ပင်​လျှင်​သွေး ဖြင့်​အ​တည်​ဖြစ်​၏။-
Dlatego i pierwszy [testament] nie był zapoczątkowany bez krwi.
19 ၁၉ မော​ရှေ​သည်​ပညတ်​တ​ရား​တော်​တွင်​ပါ​ရှိ​သည့် ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လူ​အ​ပေါင်း​တို့​အား ကြေ​ညာ​ပြီး​သော​အ​ခါ သိုး​မွေး​နီ​နှင့်​ဟု​ဿုတ် ပင်​ခက်​ကို​အ​သုံး​ပြု​ကာ​ရေ​နှင့်​ရော​သော​နွား သွေး၊ ဆိတ်​သွေး​ဖြင့်​ပ​ညတ်​ကျမ်း​စာ​လိပ်​ကို လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ပက်​ဖျန်း​လေ​သည်။-
Gdy bowiem Mojżesz ogłosił całemu ludowi każde przykazanie zgodnie z prawem, wziął krew cieląt i kozłów z wodą, wełną szkarłatną i hizopem i pokropił zarówno samą księgę, jak i cały lud;
20 ၂၀ ထို​နောက်​မော​ရှေ​က``ဤ​သွေး​သည်​သင်​တို့​လိုက် နာ​ရန်​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​အ​တည်​ဖြစ်​စေ​၏'' ဟု​ဆို​၏။-
Mówiąc: To jest krew przymierza, które Bóg dla was ustanowił.
21 ၂၁ ထို​နည်း​တူ​စွာ​မော​ရှေ​သည်​ပ​ဋိ​ညာဉ်​တဲ​တော် နှင့်​တ​ကွ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု သည့်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​သွေး​ဖြင့်​ပက် ဖျန်း​လေ​သည်။-
Podobnie też pokropił krwią przybytek i wszystkie naczynia przeznaczone do służby [Bożej].
22 ၂၂ ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။
I prawie wszystko jest oczyszczane krwią zgodnie z prawem, a bez przelania krwi nie ma przebaczenia [grzechów].
23 ၂၃ အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-
Było więc konieczne, aby obrazy rzeczy, które są w niebie, były oczyszczone w ten sposób, same zaś [rzeczy] niebiańskie – lepszymi ofiarami od tamtych.
24 ၂၄ စစ်​မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​တူ​ဖြစ် သော​လူ​တို့​လက်​ဖြင့်​တည်​ဆောက်​သည့်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့ ခ​ရစ်​တော်​သည်​ဝင်​တော်​မူ သည်​မ​ဟုတ်​ဘဲ​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ​၍ ငါ​တို့​ကိုယ်​စား​ဘု​ရား​သ​ခင်​၏​ရှေ့​တော် မှောက်​သို့​ရောက်​ရှိ​တော်​မူ​၏။-
Chrystus bowiem wszedł nie do świątyni zbudowanej ręką, która była odbiciem prawdziwej, ale do samego nieba, aby teraz stawać dla nas przed obliczem Boga;
25 ၂၅ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိရစ္ဆာန်​များ​၏ သွေး​ကို ယူ​၍​နှစ်​စဉ်​နှစ်​တိုင်း​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ့​ရှိ​၏။ ခ​ရစ်​တော်​မူ​ကား​ယင်း​သို့ ကြိမ်​ဖန်​များ​စွာ​မိ​မိ​ကိုယ်​ကို​ပူ​ဇော်​ရန်​ဝင် တော်​မ​မူ။-
I nie po to, żeby często ofiarować samego siebie jak najwyższy kapłan, który wchodzi co roku do Miejsca Najświętszego z cudzą krwią;
26 ၂၆ အ​ကယ်​၍​ဝင်​တော်​မူ​သည်​ဆို​ပါ​မူ​ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​အ​စ​ပြု​၍ အ​ဖန်​တ​လဲ​လဲ​အ​သေ​ခံ​တော်​မူ​ရ​မည်​သာ ဖြစ်​ပေ​သည်။ ယ​ခု​မူ​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ခါ​နီး​အ​ချိန်​၌​အ​ပြီး​အ​ပိုင်​တစ်​ကြိမ်​တည်း ကြွ​လာ​၍ မိ​မိ​အ​သက်​ကို​ပူ​ဇော်​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​၏။- (aiōn g165)
Bo inaczej musiałby cierpieć wiele razy od początku świata. Lecz teraz na końcu wieków pojawił się raz dla zgładzenia grzechu przez ofiarowanie samego siebie. (aiōn g165)
27 ၂၇ လူ​သည်​တစ်​ကြိမ်​တည်း​သာ​သေ​ရ​၍​ထို့​နောက် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​ရ​၏။-
A jak jest postanowione ludziom raz umrzeć, a potem sąd;
28 ၂၈ ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​လူ​အ​များ ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရန်​အ​တွက် မိ​မိ​၏​ကိုယ် ကို​တစ်​ကြိမ်​တည်း​တင်​လှူ​ပူ​ဇော်​တော်​မူ​သည်။ အ​ပြစ်​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​ရန် မ​ဟုတ်​ဘဲ မိ​မိ​ကို​စောင့်​မျှော်​နေ​သူ​တို့​အား ကယ်​တင်​တော်​မူ​ရန် ကိုယ်​တော်​သည်​ဒု​တိ​ယ အ​ကြိမ်​ကြွ​လာ​တော်​မူ​ပေ​အံ့။
Tak też Chrystus raz ofiarowany na zgładzenie grzechów wielu, drugi raz ukaże się bez grzechu tym, którzy go oczekują dla zbawienia.

< ဟေဗြဲ 9 >