< ကမ္ဘာ​ဦး 45 >

1 ယော​သပ်​သည်​မိ​မိ​၏​စိတ်​ခံ​စား​ချက်​ကို​မ​ချုပ် တီး​နိုင်​သ​ဖြင့် သူ​၏​အ​မှု​ထမ်း​တို့​အား​လုံး​ကို အ​ခန်း​တွင်း​မှ​ထွက်​သွား​ရန်​အ​မိန့်​ပေး​သည်။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​အား မိ​မိ​၏​ဇာ​တိ​ကို​ထုတ်​ဖော်​ပြော​သည့်​အ​ခါ​၌ အ​ခြား​မည်​သူ​တစ်​ယောက်​မျှ​သူ​နှင့်​အ​တူ မ​ရှိ​ချေ။-
요셉이 시종하는 자들 앞에서 그 정을 억제하지 못하여 소리질러 모든 사람을 자기에게서 물러가라 하고 그 형제에게 자기를 알리니 때에 그와 함께 한 자가 없었더라
2 သို့​ရာ​တွင်​သူ​၏​ကျယ်​လောင်​စွာ​ငို​ကြွေး​သံ​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​ကြား​ရ​၏။ ထို​သို့​ငို ကြွေး​သည့်​သ​တင်း​သည်​ဖာ​ရော​ဘု​ရင်​နန်း တော်​သို့​တိုင်​အောင်​ပေါက်​ကြား​လေ​၏။-
요셉이 방성대곡하니 애굽 사람에게 들리며 바로의 궁중에 들리더라
3 ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​ယော​သပ်​ဖြစ်​ပါ​သည်။ ကျွန်ုပ်​၏​အ​ဖ အ​သက်​ရှင်​လျက်​ရှိ​သေး​သ​လော'' ဟု​မေး လေ​၏။ သို့​ရာ​တွင်​သူ​၏​ညီ​အစ်​ကို​တို့​သည် စိုး​ရိမ်​ကြောက်​လန့်​ကြ​သ​ဖြင့်​ပြန်​၍​ပင် မ​ဖြေ​နိုင်​ကြ​ချေ။-
요셉이 그 형들에게 이르되 `나는 요셉이라 내 아버지께서 아직 살아 계시니이까?' 형들이 그 앞에서 놀라서 능히 대답하지 못하는지라
4 ထို​နောက်​ယော​သပ်​က``ကျွန်ုပ်​အ​နား​သို့​လာ​ကြ ပါ'' ဟု​ဆို​သ​ဖြင့်​သူ​တို့​သည်​ယော​သပ်​အ​နား သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယော​သပ်​က``ကျွန်ုပ်​သည် သင်​တို့​အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​သော​သင်​တို့ ၏​ညီ​ယော​သပ်​ဖြစ်​ပါ​သည်။-
요셉이 형들에게 이르되 `내게로 가까이 오소서` 그들이 가까이 가니 가로되 `나는 당신들의 아우 요셉이니 당신들이 애굽에 판 자라
5 သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။-
당신들이 나를 이곳에 팔았으므로 근심하지 마소서 한탄하지 마소서! 하나님이 생명을 구원하시려고 나를 당신들 앞서 보내셨나이다
6 တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။-
이 땅에 이년 동안 흉년이 들었으나 아직 오년은 기경도 못하고 추수도 못할지라
7 ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​သင်​တို့​၏​သား မြေး​များ​အ​သက်​ရှင်​ကျန်​ရစ်​စေ​ရန် ဤ​သို့​အံ့​သြ ဖွယ်​ကောင်း​သော​နည်း​ဖြင့် သင်​တို့​ကို​ကယ်​ဆယ်​စေ ခြင်း​ငှာ​ကျွန်ုပ်​ကို​အ​လျင်​စေ​လွှတ်​တော်​မူ​ပြီ။-
하나님이 큰 구원으로 당신들의 생명을 보존하고 당신들의 후손을 세상에 두시려고 나를 당신들 앞서 보내셨나니
8 သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။
그런즉 나를 이리로 보낸 자는 당신들이 아니요 하나님이시라 하나님이 나로 바로의 아비를 삼으시며 그 온 집의 주를 삼으시며 애굽 온 땅의 치리자를 삼으셨나이다
9 ယ​ခု​သင်​တို့​သည်​ဖ​ခင်​ထံ​သို့​အ​လျင်​အ​မြန် သွား​၍ ဖ​ခင်​အား`ဘု​ရား​သ​ခင်​သည်​သား ယော​သပ်​အား အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​ရ​သော​မင်း​အ​ရာ​၌​ခန့်​ထား​တော် မူ​ပြီ။ သား​ထံ​သို့​အ​မြန်​လာ​ပါ​လော့။-
당신들은 속히 아버지께로 올라가서 고하기를 아버지의 아들 요셉의 말에 하나님이 나를 애굽 전국의 주로 세우셨으니 내게로 지체말고 내려오사
10 ၁၀ ဖ​ခင်​နှင့်​တ​ကွ​သား​သ​မီး၊ မြေး​များ၊ သိုး၊ ဆိတ်၊ နွား​မှ​စ​သော​ဖ​ခင်​ပိုင်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို​ယူ​ဆောင်​၍​သား​နှင့်​အ​နီး​ဂေါ​ရှင်​အရပ်​၌ နေ​ထိုင်​ပါ​လော့။-
아버지의 아들들과 아버지의 손자들과 아버지의 양과 소와 모든 소유가 고센 땅에 있어서 나와 가깝게 하소서
11 ၁၁ ဂေါ​ရှင်​အ​ရပ်​သို့​ရောက်​လျှင်​သား​က​ဖ​ခင်​အား ပြု​စု​စောင့်​ရှောက်​နိုင်​ပါ​မည်။ အ​စာ​ခေါင်း​ပါး​သည့် နှစ်​ငါးနှစ်​ကျန်​သေး​သ​ဖြင့်​ဖ​ခင်​၏​အိမ်​သူ​အိမ် သား​များ​နှင့်​သိုး၊ ဆိတ်၊ နွား​များ​ပါ​မ​ကျန်​ရိက္ခာ ပြတ်​၍​ဆင်း​ရဲ​ဒုက္ခ​မ​ရောက်​စေ​လို​ပါ'' ဟူ​၍ ဆို​လေ​၏။
흉년이 아직 다섯해가 있으니 내가 거기서 아버지를 봉양하리이다 아버지와 아버지의 가속과 아버지의 모든 소속이 결핍할까 하나이다 하더라 하소서
12 ၁၂ ယော​သပ်​က​ဆက်​လက်​၍``သင်​တို့​အား​ယ​ခု​စကား ပြော​နေ​သူ​သည်​ယော​သပ်​ပင်​ဖြစ်​ကြောင်း ဗင်္ယာ​မိန် အ​ပါ​အ​ဝင်​သင်​တို့​အား​လုံး​က​မျက်​စိ​ဖြင့် မြင်​နိုင်​ပါ​ပြီ။-
당신들의 눈과 내 아우 베냐민의 눈이 보는바 당신들에게 이 말을 하는 것은 내 입이라
13 ၁၃ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​မည်​မျှ​လောက်​တန်​ခိုး ကြီး​ပုံ​နှင့် သင်​တို့​တွေ့​မြင်​သ​မျှ​အ​ကြောင်း​ကို ဖ​ခင်​အား​ပြော​ပြ​ကြ​ပါ​လော့။ ဖ​ခင်​ကို​လည်း ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​ခေါ်​ဆောင်​ခဲ့​ကြ ပါ​လော့'' ဟု​ထပ်​မံ​မှာ​ကြား​လေ​၏။
당신들은 나의 애굽에서의 영화와 당신들의 본 모든 것을 다 내 아버지께 고하고 속히 모시고 내려오소서' 하며
14 ၁၄ ထို​သို့​မှာ​ကြား​ပြီး​နောက်​ညီ​ဗင်္ယာ​မိန်​ကို​ဖက်​၍ ငို​၏။ ဗင်္ယာ​မိန်​က​လည်း​ယော​သပ်​ကို​ဖက်​၍​ငို​၏။-
자기 아우 베냐민의 목을 안고 우니 베냐민도 요셉의 목을 안고 우니라
15 ၁၅ ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။
요셉이 또 형들과 입맞추며 안고 우니 형들이 그제야 요셉과 말하니라
16 ၁၆ ယော​သပ်​၏​ညီ​အစ်​ကို​တို့​ရောက်​ရှိ​လာ​သော​သ​တင်း ကို​ကြား​ရ​သော​အ​ခါ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ် အ​ပေါင်း​တို့​သည်​နှစ်​ထောင်း​အား​ရ​ကြ​၏။-
요셉의 형들이 왔다는 소문이 바로의 궁에 들리매 바로와 그 신복이 기뻐하고
17 ၁၇ ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​ညီ​အစ်​ကို တို့​အား မြည်း​များ​ပေါ်​တွင်​ပစ္စည်း​များ​တင်​ဆောင် ၍​ခါ​နာန်​ပြည်​သို့​ပြန်​စေ​ပြီး​လျှင်၊-
바로는 요셉에게 이르되 `네 형들에게 명하기를 너희는 이렇게 하여 너희 양식을 싣고 가서 가나안 땅에 이르거든
18 ၁၈ သူ​တို့​၏​အ​ဖ​နှင့်​မိ​သား​စု​များ​ကို​ဤ​ပြည်​သို့ ခေါ်​ဆောင်​ခဲ့​ကြ​စေ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​တွင်​အ​သင့်​တော်​ဆုံး​သော​အ​ရပ်​၌​နေ​ထိုင် စေ​မည်။ သူ​တို့​သည်​ဝ​လင်​စွာ​စား​သောက်​ရ​ကြ လိမ့်​မည်။-
너희 아비와 너희 가속을 이끌고 내게로 오라 내가 너희에게 애굽 땅 아름다운 것을 주리니 너희가 나라의 기름진 것을 먹으리라
19 ၁၉ သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-
이제 명을 받았으니 이렇게 하라 너희는 애굽 땅에서 수레를 가져다가 너희 자녀와 아내를 태우고 너희 아비를 데려오라
20 ၂၀ သူ​တို့​ချန်​ခဲ့​ရ​သည့်​ပစ္စည်း​များ​အ​တွက်​နှ​မြော ခြင်း​မ​ဖြစ်​ကြ​စေ​နှင့်။ အီ​ဂျစ်​ပြည်​တွင်​ရှိ​သ​မျှ သော​စည်း​စိမ်​ဥစ္စာ​သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ ဖြစ်​မည်'' ဟု​မိန့်​မြွက်​လေ​၏။
또 너희의 기구를 아끼지 말라 온 애굽 땅의 좋은 것이 너희 것임이니라 하라`
21 ၂၁ ယာ​ကုပ်​၏​သား​တို့​သည်​ဖာ​ရော​ဘု​ရင်​မိန့်​သ​မျှ အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ ယော​သပ်​သည်​ဖာ​ရော ဘု​ရင်​အ​မိန့်​အ​ရ​သူ​တို့​အား​လှည်း​များ​နှင့် လမ်း​ခရီး​တွင်​စား​သုံး​ရန်​ရိက္ခာ​ကို​ပေး​လေ​၏။-
이스라엘의 아들들이 그대로 할새 요셉이 바로의 명대로 그들에게로 수레를 주고 길 양식을 주며
22 ၂၂ သူ​သည်​ညီ​အစ်​ကို​တစ်​ယောက်​စီ​တစ်​ယောက် စီ​တို့​အား​အ​ဝတ်​အ​ထည်​တစ်​စုံ​ကျ​ပေး​၏။ ဗင်္ယာ​မိန်​အ​တွက်​မူ​ကား​ငွေ​သား​သုံး​ရာ​နှင့် အ​ဝတ်​အ​ထည်​ငါး​စုံ​ပေး​လေ​၏။-
또 그들에게 다 각기 옷 한벌씩 주되 베냐민에게는 은 삼백과 옷 다섯벌을 주고
23 ၂၃ သူ​၏​အ​ဖ​အ​တွက်​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အီ​ဂျစ်​ပြည်​မှ​အ​ကောင်း​ဆုံး​ပစ္စည်း​များ​ကို လည်း​ကောင်း၊ အ​ခြား​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အ​ဖ​လမ်း​ခ​ရီး​၌​စား​ရန်​စပါး​နှင့်​အ​ခြား စား​ဖွယ်​ရာ​များ​ကို​လည်း​ကောင်း​တင်​ပေး လိုက်​၏။-
그가 또 이와 같이 그 아비에게 보내되 수나귀 열 필에 애굽의 아름다운 물품을 실리고 암나귀 열필에는 아비에게 길에서 공궤할 곡식과 떡과 양식을 실리고
24 ၂၄ ထို​နောက်​သူ​သည်​ညီ​အစ်​ကို​တို့​ကို​လမ်း​ခ​ရီး တွင် အ​ချင်း​ချင်း​မ​သင့်​မ​တင့်​မ​ဖြစ်​ကြ​ရန် မှာ​ကြား​ပြီး​လျှင်​ခါ​နာန်​ပြည်​သို့​ပြန်​စေ​၏။
이에 형들을 돌려 보내며 그들에게 이르되 `당신들은 노중에서 다투지 말라' 하였더라
25 ၂၅ သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​၍ ခါ​နာန် ပြည်​ရှိ​အ​ဖ​ထံ​သို့​ရောက်​လာ​ကြ​၏။-
그들이 애굽에서 올라와 가나안 땅으로 들어가서 아비 야곱에게 이르러
26 ၂၆ သူ​တို့​က``ယော​သပ်​သည်​အ​သက်​ရှင်​လျက်​ရှိ​ပါ သေး​၏။ သူ​သည်​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​သော​မင်း​ဖြစ်​နေ​ပါ​၏'' ဟု​ဆို​ကြ​သော် ယာ​ကုပ်​သည်​လွန်​စွာ​အံ့​အား​သင့်​လျက်​မ​ယုံ နိုင်​ဖြစ်​လေ​၏။
고하여 가로되 `요셉이 지금까지 살아 있어 애굽 땅 총리가 되었더이다' 야곱이 그들을 믿지 아니하므로 기색하더니
27 ၂၇ သို့​ရာ​တွင်​သား​တို့​က​ယော​သပ်​ပြော​သ​မျှ စ​ကား​တို့​ကို​သူ့​အား​ပြန်​ပြော​ကြ​သော အ​ခါ​နှင့်၊ သူ့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် လာ​ရန်​ယော​သပ်​က​ပို့​လိုက်​သော​လှည်း​များ ကို​မြင်​ရ​သော​အ​ခါ သူ​သည်​အံ့​အား​သင့် ရာ​မှ​ပြန်​လည်​သ​တိ​ရ​လျက်၊-
그들이 또 요셉이 자기들에게 부탁한 모든 말로 그 아비에게 고하매 그 아비 야곱이 요셉의 자기를 태우려고 보낸 수레를 보고야 기운이 소생한지라
28 ၂၈ ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး​သ​ဖြင့် ငါ​တောင်း​သော​ဆု​ပြည့်​လေ​ပြီ။ ငါ​မ​သေ မီ​သူ့​ကို​တွေ့​ရန်​သူ့​ထံ​သို့​သွား​ရ​မည်'' ဟု​ဆို​လေ​၏။
이스라엘이 가로되 `족하도다 내 아들 요셉이 지금까지 살았으니 내가 죽기 전에 가서 그를 보리라'

< ကမ္ဘာ​ဦး 45 >