< ကမ္ဘာ​ဦး 24 >

1 ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​အ​ရွယ် အ​လွန်​ကြီး​ရင့်​လာ​ပြီ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ရာ​ရာ​၌​သူ့​အား​ကောင်း​ချီး​ပေး​တော် မူ​ခဲ့​၏။-
अब्राहम अब वृद्ध हो गया था और उसकी आयु बहुत थी और यहोवा ने सब बातों में उसको आशीष दी थी।
2 သူ​သည်​သူ​၏​ပစ္စည်း​ဥစ္စာ​အား​လုံး​တို့​ကို​အုပ် ထိန်း​ရ​သော အ​သက်​အ​ကြီး​ဆုံး​အ​စေ​ခံ​ကို ခေါ်​လျက်``သင်​၏​လက်​ကို​ငါ့​ပေါင်​အောက်​မှာ ထား​၍​သစ္စာ​ဆို​လော့။-
अब्राहम ने अपने उस दास से, जो उसके घर में पुरनिया और उसकी सारी सम्पत्ति पर अधिकारी था, कहा, “अपना हाथ मेरी जाँघ के नीचे रख;
3 သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။-
और मुझसे आकाश और पृथ्वी के परमेश्वर यहोवा की इस विषय में शपथ खा, कि तू मेरे पुत्र के लिये कनानियों की लड़कियों में से, जिनके बीच मैं रहता हूँ, किसी को न लाएगा।
4 သင်​သည်​ငါ​မွေး​ရာ​ဇာ​တိ​ပြည်​သို့​ပြန်​သွား​၍ ငါ​၏​အ​မျိုး​သား​ချင်း​တို့​ထဲ​မှ​ငါ​၏​သား ဣဇာက်​အ​တွက်​မ​ယား​ရှာ​ခဲ့​ရ​မည်'' ဟု​ဆို လေ​၏။
परन्तु तू मेरे देश में मेरे ही कुटुम्बियों के पास जाकर मेरे पुत्र इसहाक के लिये एक पत्नी ले आएगा।”
5 ထို​အ​ခါ​အ​စေ​ခံ​က``အ​မျိုး​သ​မီး​သည်​သူ​၏ အိမ်​ရာ​ကို​စွန့်​၍​ဤ​ပြည်​သို့ ကျွန်​တော်​နှင့်​အ​တူ မ​လိုက်​လို​ဟု​ဆို​လျှင်​မည်​သို့​ပြု​လုပ်​ရ​ပါ​မည် နည်း။ ကိုယ်​တော်​၏​သား​ကို​ကိုယ်​တော်​၏​ဇာ​တိ ပြည်​သို့​ကျွန်​တော်​ခေါ်​ဆောင်​သွား​ရ​ပါ​မည် လော'' ဟု​မေး​လေ​၏။
दास ने उससे कहा, “कदाचित् वह स्त्री इस देश में मेरे साथ आना न चाहे; तो क्या मुझे तेरे पुत्र को उस देश में जहाँ से तू आया है ले जाना पड़ेगा?”
6 အာ​ဗြ​ဟံ​က​လည်း``ထို​ပြည်​သို့​ငါ့​သား​ကို သင်​ခေါ်​၍​မ​သွား​ရ။-
अब्राहम ने उससे कहा, “चौकस रह, मेरे पुत्र को वहाँ कभी न ले जाना।”
7 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​၏​ဖ​ခင်​နှင့်​ဆွေ​မျိုး​များ​နေ​ထိုင်​ရာ​ပြည် မှ ငါ့​ကို​ခေါ်​ဆောင်​ခဲ့​၍​ငါ​၏​အ​မျိုး​အ​နွယ်​တို့ အား ဤ​ပြည်​ကို​ပေး​မည်​ဟု​ငါ့​အား​ကတိ​သစ္စာ ပြု​ထား​တော်​မူ​၏။ သင်​သည်​ငါ့​သား​အ​တွက် မ​ယား​ရှာ​၍​ရ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင့်​အ​လျင်​ထို ပြည်​သို့​စေ​လွှတ်​တော်​မူ​မည်။-
स्वर्ग का परमेश्वर यहोवा, जिसने मुझे मेरे पिता के घर से और मेरी जन्म-भूमि से ले आकर मुझसे शपथ खाकर कहा कि “मैं यह देश तेरे वंश को दूँगा; वही अपना दूत तेरे आगे-आगे भेजेगा, कि तू मेरे पुत्र के लिये वहाँ से एक स्त्री ले आए।
8 အ​ကယ်​၍​အ​မျိုး​သ​မီး​က​သင်​နှင့်​အ​တူ​မ​လိုက် လို​ပါ​က​သင်​ထား​သော​ကတိ​သစ္စာ​သည်​ပျက်​ပြယ် စေ။ သို့​ရာ​တွင်​မည်​သည့်​အ​ကြောင်း​ကြောင့်​မ​ဆို ငါ့​သား​ကို​ထို​ပြည်​သို့​ခေါ်​ဆောင်​၍​မ​သွား​ရ'' ဟု​ဆို​၏။-
और यदि वह स्त्री तेरे साथ आना न चाहे तब तो तू मेरी इस शपथ से छूट जाएगा; पर मेरे पुत्र को वहाँ न ले जाना।”
9 ထို့​ကြောင့်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​မိ​မိ သ​ခင်​၏​ပေါင်​အောက်​တွင် လက်​ကို​ထား​၍ ခိုင်း​စေ​သ​မျှ​အ​တိုင်း​ပြု​လုပ်​ပါ​မည်​ဟု က​တိ​သစ္စာ​ဆို​လေ​၏။
तब उस दास ने अपने स्वामी अब्राहम की जाँघ के नीचे अपना हाथ रखकर उससे इस विषय की शपथ खाई।
10 ၁၀ အာ​ဗြ​ဟံ​၏​ပစ္စည်း​ဥစ္စာ​ကို​အုပ်​ထိန်း​ရ​သော ထို​အ​စေ​ခံ​သည် မိ​မိ​သ​ခင်​၏​ကု​လား​အုတ် များ​ထဲ​မှ​ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​ရှိ နာ​ခေါ်​နေ​ထိုင်​ရာ​မြို့​သို့​ခရီး​ထွက်​ခဲ့​လေ​သည်။-
१०तब वह दास अपने स्वामी के ऊँटों में से दस ऊँट छाँटकर उसके सब उत्तम-उत्तम पदार्थों में से कुछ कुछ लेकर चला; और अरम्नहरैम में नाहोर के नगर के पास पहुँचा।
11 ၁၁ ထို​အ​ရပ်​သို့​ရောက်​သော်​သူ​သည်​မြို့​ပြင်​ရှိ ရေ​တွင်း​အ​နီး​တွင် ကု​လား​အုတ်​များ​ကို​ဝပ် ချ​စေ​၏။ ထို​အ​ချိန်​သည်​ကား​မြို့​တွင်း​မှ​အမျိုး သမီး​များ​ထွက်​၍​ရေ​ခပ်​ရန်​လာ​သော​ည​နေ ချမ်း​အ​ချိန်​ဖြစ်​သ​တည်း။-
११और उसने ऊँटों को नगर के बाहर एक कुएँ के पास बैठाया। वह संध्या का समय था, जिस समय स्त्रियाँ जल भरने के लिये निकलती हैं।
12 ၁၂ သူ​က``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​လာ​ခဲ့​ရ​သည့် ကိစ္စ​ထ​မြောက်​အောင်​မြင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ၏​သခင်​အား​ထား​သော​က​တိ​တော်​အ​တိုင်း​ပြု တော်​မူ​ပါ။-
१२वह कहने लगा, “हे मेरे स्वामी अब्राहम के परमेश्वर यहोवा, आज मेरे कार्य को सिद्ध कर, और मेरे स्वामी अब्राहम पर करुणा कर।
13 ၁၃ အ​ကျွန်ုပ်​သည်​မြို့​တွင်း​မှ​မိန်း​မ​ပျို​များ​ရေ ခပ်​လာ​မည့်​ရေ​တွင်း​နား​သို့​ရောက်​ရှိ​နေ​ပါ​၏။-
१३देख, मैं जल के इस सोते के पास खड़ा हूँ; और नगरवासियों की बेटियाँ जल भरने के लिये निकली आती हैं
14 ၁၄ သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​ယောက်​အား`သင်​၏ ရေ​ခ​ရား​မှ​ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ စေ' ဟု​ဆို​ပါ​မည်။ အ​ကယ်​၍​ထို​အ​မျိုး​သ​မီး က`သောက်​ပါ။ သင်​၏​ကု​လား​အုတ်​တို့​အ​တွက် လည်း​ရေ​ခပ်​ပေး​ပါ​မည်' ဟု​ဆို​လျှင် ထို​အ​မျိုး သ​မီး​သည်​ကိုယ်​တော်​၏​ကျွန်​ဣ​ဇာက်​အ​တွက် ကိုယ်​တော်​ရွေး​ချယ်​ထား​သူ​ဖြစ်​ပါ​စေ​သော။ အ​ကျွန်ုပ်​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​ခဲ့ လျှင်​အ​ကျွန်ုပ်​၏​သ​ခင်​အား​ထား​တော်​မူ သော​က​တိ​တော်​အ​တိုင်း ကိုယ်​တော်​ပြု​တော် မူ​ကြောင်း​အ​ကျွန်ုပ်​သိ​ရ​ပါ​မည်'' ဟု​ဆု တောင်း​လေ​၏။
१४इसलिए ऐसा होने दे कि जिस कन्या से मैं कहूँ, ‘अपना घड़ा मेरी ओर झुका, कि मैं पीऊँ,’ और वह कहे, ‘ले, पी ले, बाद में मैं तेरे ऊँटों को भी पिलाऊँगी,’ यह वही हो जिसे तूने अपने दास इसहाक के लिये ठहराया हो; इसी रीति मैं जान लूँगा कि तूने मेरे स्वामी पर करुणा की है।”
15 ၁၅ သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။-
१५और ऐसा हुआ कि जब वह कह ही रहा था कि रिबका, जो अब्राहम के भाई नाहोर के जन्माये मिल्का के पुत्र, बतूएल की बेटी थी, वह कंधे पर घड़ा लिये हुए आई।
16 ၁၆ သူ​သည်​အ​လွန်​ရုပ်​ရည်​လှ​သော​ပျို​က​ညာ​ဖြစ် ၏။ သူ​သည်​ရေ​တွင်း​သို့​ဆင်း​၍​ရေ​ခ​ရား​၌​ရေ ဖြည့်​ပြီး​လျှင်​ပြန်​တက်​လာ​သည်။-
१६वह अति सुन्दर, और कुमारी थी, और किसी पुरुष का मुँह न देखा था। वह कुएँ में सोते के पास उतर गई, और अपना घड़ा भरकर फिर ऊपर आई।
17 ၁၇ ထို​အ​စေ​ခံ​သည်​မိန်းမ​ပျို​ထံ​သို့​ပြေး​သွား လျက်``သင်​၏​ခ​ရား​မှ​ကျေး​ဇူး​ပြု​၍​ရေ တစ်​ပေါက်​သောက်​ရန်​ပေး​ပါ'' ဟု​တောင်း လေ​၏။
१७तब वह दास उससे भेंट करने को दौड़ा, और कहा, “अपने घड़े में से थोड़ा पानी मुझे पिला दे।”
18 ၁၈ မိန်း​မ​ပျို​က``အ​ရှင်​သောက်​ပါ'' ဟု​ဆို​၍​ပ​ခုံး ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန်​ချ​လျက်​သူ့ အား​ပေး​လေ​သည်။-
१८उसने कहा, “हे मेरे प्रभु, ले, पी ले,” और उसने फुर्ती से घड़ा उतारकर हाथ में लिये-लिये उसको पानी पिला दिया।
19 ၁၉ သူ့​အား​ရေ​တိုက်​ပြီး​သော​အ​ခါ​မိန်းမ​ပျို​က``သင် ၏​ကု​လား​အုတ်​များ​ရေ​ဝ​အောင်​သောက်​နိုင်​ရန် ကျွန်​မ​ရေ​ခပ်​ပေး​ပါ​ဦး​မည်'' ဟု​ဆို​လေ​သည်။-
१९जब वह उसको पिला चुकी, तब कहा, “मैं तेरे ऊँटों के लिये भी तब तक पानी भर-भर लाऊँगी, जब तक वे पी न चुकें।”
20 ၂၀ မိန်း​မ​ပျို​သည်​ခ​ရား​ထဲ​၌​ရှိ​သော​ရေ​ကို​ရေ တိုက်​ခွက်​ထဲ​သို့​ချက်​ချင်း​သွန်​ချ​ပြီး​လျှင် သူ ၏​ကု​လား​အုတ်​အား​လုံး​တို့​ကို​ရေ​တိုက်​ပြီး သည်​အ​ထိ​ရေ​တွင်း​မှ​ရေ​ကို​အ​လျင်​အ​မြန် ခပ်​သယ်​ပေး​သည်။-
२०तब वह फुर्ती से अपने घड़े का जल हौद में उण्डेलकर फिर कुएँ पर भरने को दौड़ गई; और उसके सब ऊँटों के लिये पानी भर दिया।
21 ၂၁ ထို​အ​စေ​ခံ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​က​သူ့ အား​ထ​မြောက်​အောင်​မြင်​ခွင့်​ပေး​မည်၊ မ​ပေး မည်​ကို​သိ​နိုင်​ရန်​စောင့်​ကြည့်​နေ​လေ​သည်။
२१और वह पुरुष उसकी ओर चुपचाप अचम्भे के साथ ताकता हुआ यह सोचता था कि यहोवा ने मेरी यात्रा को सफल किया है कि नहीं।
22 ၂၂ မိန်း​မ​ပျို​သည်​ကု​လား​အုတ်​များ​ကို​ရေ​တိုက် ပြီး​သော​အ​ခါ ထို​သူ​သည်​အ​ချိန်​ငါး​မူး​ရှိ သော​ရွှေ​နှာ​ဆွဲ​နှင့်​အ​ကျပ်​တစ်​ဆယ်​အ​ချိန် ရှိ​သော​ရွှေ​လက်​ကောက်​တစ်​ရံ​ကို​သူ့​အား​ဝတ် ဆင်​ပေး​ပြီး​လျှင် သင်​သည်​မည်​သူ​၏​သ​မီး ဖြစ်​သည်​ကို​သိ​ပါ​ရ​စေ။-
२२जब ऊँट पी चुके, तब उस पुरुष ने आधा तोला सोने का एक नत्थ निकालकर उसको दिया, और दस तोले सोने के कंगन उसके हाथों में पहना दिए;
23 ၂၃ သင်​၏​ဖ​ခင်​အိမ်​တွင်​ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​အ​ဖော် တို့​ည​တည်း​ခို​ရန်​နေ​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး လေ​၏။
२३और पूछा, “तू किसकी बेटी है? यह मुझ को बता। क्या तेरे पिता के घर में हमारे टिकने के लिये स्थान है?”
24 ၂၄ ``ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ​ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သမီး​ဖြစ်​ပါ​၏။-
२४उसने उत्तर दिया, “मैं तो नाहोर के जन्माए मिल्का के पुत्र बतूएल की बेटी हूँ।”
25 ၂၅ ကျွန်​မ​တို့​၏​အိမ်​တွင်​တိ​ရစ္ဆာန်​များ​အ​တွက် ကောက်​ရိုး​နှင့်​အ​စာ​များ​စွာ​ရှိ​ပါ​သည်။ သင် တို့​တည်း​ခို​ရန်​နေ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု ဖြေ​ကြား​လေ​သည်။
२५फिर उसने उससे कहा, “हमारे यहाँ पुआल और चारा बहुत है, और टिकने के लिये स्थान भी है।”
26 ၂၆ ထို​အ​ခါ​သူ​သည်​ဦး​ညွှတ်​၍​ထာ​ဝ​ရ ဘု​ရား​ကို​ရှိ​ခိုး​လျက်၊-
२६तब उस पुरुष ने सिर झुकाकर यहोवा को दण्डवत् करके कहा,
27 ၂၇ ``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​အား​က​ရု​ဏာ ပြ​တော်​မူ​လျက် သစ္စာ​ကတိ​တော်​အ​တိုင်း​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​အား​သ​ခင်​၏​ဆွေ​မျိုး​များ ထံ​သို့​ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ လေ​ပြီ'' ဟု​မြွက်​ဆို​လေ​၏။
२७“धन्य है मेरे स्वामी अब्राहम का परमेश्वर यहोवा, जिसने अपनी करुणा और सच्चाई को मेरे स्वामी पर से हटा नहीं लिया: यहोवा ने मुझ को ठीक मार्ग पर चलाकर मेरे स्वामी के भाई-बन्धुओं के घर पर पहुँचा दिया है।”
28 ၂၈ မိန်း​မ​ပျို​သည်​လည်း​သူ​၏​မိ​ခင်​နေ​အိမ်​သို့ ပြေး​၍ အ​ကြောင်း​အ​ရာ​အ​ကုန်​အ​စင်​ကို ပြော​ပြ​လေ​၏။-
२८तब उस कन्या ने दौड़कर अपनी माता को इस घटना का सारा हाल बता दिया।
29 ၂၉ ရေ​ဗက္က​တွင်​လာ​ဗန်​ဟု​နာ​မည်​တွင်​သော​မောင် ရှိ​၏။ သူ​သည်​ထို​သူ​ရှိ​ရာ​ရေ​တွင်း​သို့​ပြေး လေ​၏။-
२९तब लाबान जो रिबका का भाई था, बाहर कुएँ के निकट उस पुरुष के पास दौड़ा गया।
30 ၃၀ လာ​ဗန်​သည်​နှ​မ​တွင်​နှာ​ဆွဲ​တန်​ဆာ​နှင့်​လက် ကောက်​များ​ဝတ်​ဆင်​ထား​သည်​ကို​မြင်​သည့်​ပြင် ထို​သူ​က​နှ​မ​အား​ပြော​ပြ​သ​မျှ​ကို​လည်း ကြား​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​ရေ​တွင်း​နား​တွင် ကု​လား​အုတ်​တို့​အ​နီး​၌​ရပ်​နေ​သော​အာ​ဗြ ဟံ​၏​အ​စေ​ခံ​ထံ​သို့​သွား​၍၊-
३०और ऐसा हुआ कि जब उसने वह नत्थ और अपनी बहन रिबका के हाथों में वे कंगन भी देखे, और उसकी यह बात भी सुनी कि उस पुरुष ने मुझसे ऐसी बातें कहीं; तब वह उस पुरुष के पास गया; और क्या देखा, कि वह सोते के निकट ऊँटों के पास खड़ा है।
31 ၃၁ ``ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ကောင်း​ချီး​မင်္ဂလာ​ခံ ရ​သော​သူ၊ ကျွန်ုပ်​၏​အိမ်​သို့​ကြွ​ပါ။ ဤ​နေ​ရာ တွင်​အ​ဘယ်​ကြောင့်​ရပ်​နေ​ပါ​သ​နည်း။ ကျွန်ုပ် ၏​အိမ်​တွင်​သင်​တည်း​ခို​ရန်​အ​ခန်း​ကို​အ​သင့် ပြင်​ပြီး​ပါ​ပြီ။ သင်​၏​ကု​လား​အုတ်​များ​နေ စ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု​ခေါ်​ဖိတ်​လေ​သည်။
३१उसने कहा, “हे यहोवा की ओर से धन्य पुरुष भीतर आ तू क्यों बाहर खड़ा है? मैंने घर को, और ऊँटों के लिये भी स्थान तैयार किया है।”
32 ၃၂ သို့​ဖြစ်​၍​ထို​သူ​သည်​လာ​ဗန်​တို့​၏​အိမ်​သို့​လိုက် ပါ​လာ​၏။ လာ​ဗန်​သည်​ကု​လား​အုတ်​များ​မှ​ဝန် စည်​များ​ကို​ချ​ပြီး​လျှင် တိ​ရစ္ဆာန်​များ​ကို​ကောက် ရိုး​နှင့်​အ​စာ​ကျွေး​လေ​၏။ ထို​နောက်​အာဗြဟံ​၏ အ​စေ​ခံ​နှင့်​သူ​၏​အ​ဖော်​တို့​ခြေ​ဆေး​ရန်​ရေ ကို​လည်း​ယူ​ခဲ့​သည်။-
३२इस पर वह पुरुष घर में गया; और लाबान ने ऊँटों की काठियाँ खोलकर पुआल और चारा दिया; और उसके और उसके साथियों के पाँव धोने को जल दिया।
33 ၃၃ သူ​တို့​အ​တွက်​စား​စ​ရာ​ကို​ပြင်​ဆင်​ပြီး​သော အ​ခါ​ထို​သူ​က``ကျွန်ုပ်​ပြော​စ​ရာ​ရှိ​သ​မျှ ကို​ပြော​ပြ​ပြီး​မှ​အ​စာ​စား​ပါ​မည်'' ဟု​ဆို လေ​၏။ လာ​ဗန်​က``ပြော​ပါ'' ဟု​ဆို​၏။-
३३तब अब्राहम के दास के आगे जलपान के लिये कुछ रखा गया; पर उसने कहा “मैं जब तक अपना प्रयोजन न कह दूँ, तब तक कुछ न खाऊँगा।” लाबान ने कहा, “कह दे।”
34 ၃၄ ထို​သူ​က``ကျွန်ုပ်​သည်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ ဖြစ်​ပါ​သည်။-
३४तब उसने कहा, “मैं तो अब्राहम का दास हूँ।
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​၏​သ​ခင်​အား​ကောင်း ချီး​မင်္ဂ​လာ​များ​စွာ​ချ​ပေး​သ​ဖြင့် သူ​သည်​ကြွယ် ဝ​ချမ်း​သာ​လာ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​အား​သိုး​အုပ်၊ ဆိတ်​အုပ်၊ ရွှေ၊ ငွေ၊ ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​ကို​ပေး တော်​မူ​ပြီ။-
३५यहोवा ने मेरे स्वामी को बड़ी आशीष दी है; इसलिए वह महान पुरुष हो गया है; और उसने उसको भेड़-बकरी, गाय-बैल, सोना-रूपा, दास-दासियाँ, ऊँट और गदहे दिए हैं।
36 ၃၆ ကျွန်ုပ်​သ​ခင်​၏​မ​ယား​စာ​ရာ​သည်​အ​ရွယ်​အို မှ​သား​တစ်​ယောက်​ကို​ဖွား​မြင်​ခဲ့​သည်။ ကျွန်ုပ် ၏​သခင်​သည်​ထို​သား​အား​မိ​မိ​ပိုင်​ဆိုင်​သ​မျှ တို့​ကို​ပေး​အပ်​ထား​ပါ​သည်။-
३६और मेरे स्वामी की पत्नी सारा के बुढ़ापे में उससे एक पुत्र उत्पन्न हुआ है; और उस पुत्र को अब्राहम ने अपना सब कुछ दे दिया है।
37 ၃၇ သ​ခင်​က​လည်း​ကျွန်ုပ်​အား`သင်​သည်​ငါ​၏​သား အ​တွက် မ​ယား​ကို​ခါ​နာန်​ပြည်​ရှိ​အ​မျိုး​သ​မီး များ​ထဲ​မှ​မ​ရှာ​ရ။-
३७मेरे स्वामी ने मुझे यह शपथ खिलाई है, कि ‘मैं उसके पुत्र के लिये कनानियों की लड़कियों में से जिनके देश में वह रहता है, कोई स्त्री न ले आऊँगा।
38 ၃၈ ငါ့​အ​ဖ​အ​မျိုး​သား​များ​ဖြစ်​သော​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍ ငါ့​သား​အ​တွက် မ​ယား​ကို​ရှာ​ရ​မည်' မှာ​ကြား​ပါ​သည်။ ထို​မှာ ကြား​ချက်​ကို​နာ​ခံ​ပါ​မည်​ဟု​ကတိ​သစ္စာ​ခံ​စေ ပါ​သည်။-
३८मैं उसके पिता के घर, और कुल के लोगों के पास जाकर उसके पुत्र के लिये एक स्त्री ले आऊँगा।’
39 ၃၉ ထို​အ​ခါ​ကျွန်ုပ်​က`အ​ကယ်​၍​အ​မျိုး​သ​မီး​က ကျွန်ုပ်​နှင့်​မ​လိုက်​လို​ဟု​ဆို​သော်​မည်​သို့​ပြု​လုပ် ရ​ပါ​မည်​နည်း' ဟု​သခင်​အား​မေး​သော်၊-
३९तब मैंने अपने स्वामी से कहा, ‘कदाचित् वह स्त्री मेरे पीछे न आए।’
40 ၄၀ သ​ခင်​က`ငါ​အ​မြဲ​ရို​သေ​နာ​ခံ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင်​နှင့် အ​တူ​စေ​လွှတ်​၍​သင့်​အား​အောင်​မြင်​မှု​ကို​ပေး တော်​မူ​မည်။ သင်​သည်​ငါ​၏​အ​မျိုး​သား​ချင်း ဖြစ်​သော​ငါ့​အ​ဖ​မိ​သား​စု​ထဲ​မှ ငါ့​သား အ​တွက်​မ​ယား​ကို​ရှာ​ယူ​ခဲ့​ရ​မည်။-
४०तब उसने मुझसे कहा, ‘यहोवा, जिसके सामने मैं चलता आया हूँ, वह तेरे संग अपने दूत को भेजकर तेरी यात्रा को सफल करेगा; और तू मेरे कुल, और मेरे पिता के घराने में से मेरे पुत्र के लिये एक स्त्री ले आ सकेगा।
41 ၄၁ သင်​ထား​သော​ကတိ​သစ္စာ​ပျက်​ပြယ်​စေ​မည့်​နည်း တစ်​နည်း​သာ​လျှင်​ရှိ​သည်။ သင်​သည်​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍​သူ​တို့​က ငြင်း​ဆို​လျှင် သင်​ထား​သော​က​တိ​သစ္စာ​ပျက် ပြယ်​စေ' ဟု​ဖြေ​ကြား​ပါ​၏။
४१तू तब ही मेरी इस शपथ से छूटेगा, जब तू मेरे कुल के लोगों के पास पहुँचेगा; और यदि वे तुझे कोई स्त्री न दें, तो तू मेरी शपथ से छूटेगा।’
42 ၄၂ ``ကျွန်ုပ်​သည်​ရေ​တွင်း​သို့​ယ​နေ့​ရောက်​ရှိ​သော အ​ခါ`အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ပြု​လုပ်​ရ မည့်​အ​မှု​ကိစ္စ​ကို​အောင်​မြင်​စေ​တော်​မူ​ပါ။-
४२इसलिए मैं आज उस कुएँ के निकट आकर कहने लगा, ‘हे मेरे स्वामी अब्राहम के परमेश्वर यहोवा, यदि तू मेरी इस यात्रा को सफल करता हो;
43 ၄၃ ယ​ခု​ရေ​တွင်း​သို့​ရောက်​ရှိ​ပါ​ပြီ။ မိန်းမ​ပျို​တစ် ဦး​ရေ​ခပ်​လာ​သော​အ​ခါ​သူ့​အား`ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ' ဟု​တောင်း​ပါ​မည်။-
४३तो देख मैं जल के इस कुएँ के निकट खड़ा हूँ; और ऐसा हो, कि जो कुमारी जल भरने के लिये आए, और मैं उससे कहूँ, “अपने घड़े में से मुझे थोड़ा पानी पिला,”
44 ၄၄ အ​ကယ်​၍​သူ​က`သောက်​ပါ။ သင်​၏​ကု​လား​အုတ် များ​အ​တွက်​ရေ​ကို​ခပ်​ပေး​ပါ​ဦး​မည်' ဟု​ဆို လျှင်​ထို​မိန်း​မ​ပျို​သည်​အ​ကျွန်ုပ်​သ​ခင်​၏​သား အ​တွက်​ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​မ​ယား ဖြစ်​ပါ​စေ​သော' ဟု​ဆု​တောင်း​ပါ​သည်။-
४४और वह मुझसे कहे, “पी ले, और मैं तेरे ऊँटों के पीने के लिये भी पानी भर दूँगी,” वह वही स्त्री हो जिसको तूने मेरे स्वामी के पुत्र के लिये ठहराया है।’
45 ၄၅ စိတ်​ထဲ​၌​ထို​ကဲ့​သို့​ဆု​တောင်း​၍​မ​ပြီး​မီ ရေ​ဗက္က​သည် ပ​ခုံး​ပေါ်​တွင်​ရေ​ခ​ရား​တင်​လျက် ရေ​ခပ်​ရန်​ရေ​တွင်း​သို့​လာ​ပါ​သည်။ ကျွန်ုပ်​က​သူ့ အား`ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ​စေ' ဟု တောင်း​၏။-
४५मैं मन ही मन यह कह ही रहा था, कि देख रिबका कंधे पर घड़ा लिये हुए निकल आई; फिर वह सोते के पास उतरकर भरने लगी। मैंने उससे कहा, ‘मुझे पानी पिला दे।’
46 ၄၆ သူ​သည်​ပ​ခုံး​ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန် ချ​လျက်`သောက်​ပါ၊ သင်​၏​ကု​လား​အုတ်​များ​ကို လည်း​ရေ​တိုက်​ပါ​မည်' ဟု​ဆို​ပါ​သည်။ ထို​ကြောင့် ကျွန်ုပ်​ရေ​သောက်​ရ​ပါ​၏။ သူ​က​ကု​လား​အုတ် များ​ကို​လည်း​ရေ​တိုက်​ပေး​ပါ​၏။-
४६और उसने जल्दी से अपने घड़े को कंधे पर से उतार के कहा, ‘ले, पी ले, पीछे मैं तेरे ऊँटों को भी पिलाऊँगी,’ इस प्रकार मैंने पी लिया, और उसने ऊँटों को भी पिला दिया।
47 ၄၇ ကျွန်ုပ်​က`သင်​သည်​မည်​သူ​၏​သ​မီး​ဖြစ်​သ​နည်း' ဟု​မေး​သော်​သူ​က`ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သ​မီး​ဖြစ်​ပါ​သည်' ဟု​ဖြေ​ပါ​သည်။ ထို​အ​ခါ​ကျွန်ုပ်​သည်​သူ​၏​နှာ ခေါင်း​တွင်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ လက်​တွင်​လက် ကောက်​များ​ကို​လည်း​ကောင်း​ဝတ်​ဆင်​ပေး​ပါ သည်။-
४७तब मैंने उससे पूछा, ‘तू किसकी बेटी है?’ और उसने कहा, ‘मैं तो नाहोर के जन्माए मिल्का के पुत्र बतूएल की बेटी हूँ,’ तब मैंने उसकी नाक में वह नत्थ, और उसके हाथों में वे कंगन पहना दिए।
48 ၄၈ ထို​နောက်​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဦး​ညွှတ်​ရှိ​ခိုး​၍​ကျွန်ုပ်​သ​ခင်​၏​သား​အ​တွက် မ​ယား​ရှိ​ရာ​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ​သော​ကျွန်ုပ် သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီးမွမ်း​ပါ​သည်။-
४८फिर मैंने सिर झुकाकर यहोवा को दण्डवत् किया, और अपने स्वामी अब्राहम के परमेश्वर यहोवा को धन्य कहा, क्योंकि उसने मुझे ठीक मार्ग से पहुँचाया कि मैं अपने स्वामी के पुत्र के लिये उसके कुटुम्बी की पुत्री को ले जाऊँ।
49 ၄၉ သင်​တို့​သည်​ကျွန်ုပ်​၏​သ​ခင်​အ​တွက်​က​ရု​ဏာ ပြ​တော်​မူ​လျက်​သစ္စာ​ကတိ​အ​တိုင်း​ဆောင်​ရွက် နိုင်​မည်၊ မ​ဆောင်​ရွက်​နိုင်​မည်​ကို​သိ​ပါ​ရ​စေ။ မ​ဆောင်​ရွက်​နိုင်​ဟု​ဆို​လျှင်​လည်း​သိ​ပါ​ရ​စေ။ သို့​မှ​သာ​ကျွန်ုပ်​မည်​ကဲ့​သို့​ဆက်​လက်​ဆောင်​ရွက် ရ​မည်​ကို​ဆုံး​ဖြတ်​နိုင်​ပါ​မည်'' ဟု​ပြော​လေ​၏။
४९इसलिए अब, यदि तुम मेरे स्वामी के साथ कृपा और सच्चाई का व्यवहार करना चाहते हो, तो मुझसे कहो; और यदि नहीं चाहते हो; तो भी मुझसे कह दो; ताकि मैं दाहिनी ओर, या बाईं ओर फिर जाऊँ।”
50 ၅၀ လာ​ဗန်​နှင့်​ဗေ​သွေ​လ​တို့​က``ဤ​အ​မှု​ကိစ္စ​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​အ​မှု​ကိစ္စ​ဖြစ်​ခြင်း ကြောင့်​ကျွန်ုပ်​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ရန် မ​လို​ပါ။-
५०तब लाबान और बतूएल ने उत्तर दिया, “यह बात यहोवा की ओर से हुई है; इसलिए हम लोग तुझ से न तो भला कह सकते हैं न बुरा।
51 ၅၁ သင့်​ရှေ့​တွင်​ရေ​ဗက္က​ရှိ​ပါ​၏။ သူ့​ကို​ခေါ်​ဆောင် သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည်​အ​တိုင်း​သူ့​အား​သင့်​သ​ခင် သား​၏​မ​ယား​အ​ဖြစ်​ခေါ်​ဆောင်​သွား​ပါ လော့'' ဟု​ဖြေ​ကြ​၏။-
५१देख, रिबका तेरे सामने है, उसको ले जा, और वह यहोवा के वचन के अनुसार, तेरे स्वामी के पुत्र की पत्नी हो जाए।”
52 ၅၂ အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​ထို​စ​ကား​ကို ကြား​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ် ရှိ​ခိုး​လေ​သည်။-
५२उनकी यह बात सुनकर, अब्राहम के दास ने भूमि पर गिरकर यहोवा को दण्डवत् किया।
53 ၅၃ ထို​နောက်​သူ​သည်​ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​များ ကို​ထုတ်​၍​ရေ​ဗက္က​အား​ပေး​၏။ ရေ​ဗက္က​၏​မောင် နှင့်​မိ​ခင်​တို့​အား​လည်း​အ​ဖိုး​ထိုက်​တန်​သော လက်​ဆောင်​များ​ကို​ပေး​၏။
५३फिर उस दास ने सोने और रूपे के गहने, और वस्त्र निकालकर रिबका को दिए; और उसके भाई और माता को भी उसने अनमोल-अनमोल वस्तुएँ दीं।
54 ၅၄ ထို​နောက်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​နှင့် အ​ဖော်​တို့ သည်​စား​သောက်​ကြ​ပြီး​လျှင် ထို​အိမ်​၌​ည​အိပ် ၍​နံ​နက်​အိပ်​ရာ​မှ​နိုး​ကြ​သော​အ​ခါ အာ​ဗြ​ဟံ ၏​အ​စေ​ခံ​က``သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ'' ဟု ပန်​ကြား​၏။
५४तब उसने अपने संगी जनों समेत भोजन किया, और रात वहीं बिताई। उसने तड़के उठकर कहा, “मुझ को अपने स्वामी के पास जाने के लिये विदा करो।”
55 ၅၅ ထို​အ​ခါ​ရေ​ဗက္က​၏​မောင်​နှင့်​မိ​ခင်​တို့​က``မိန်း က​လေး​အား​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဆယ်​ရက်​ခန့် မျှ​နေ​စေ​ပြီး​မှ​သွား​ပါ'' ဟု​ဆို​ကြ​၏။
५५रिबका के भाई और माता ने कहा, “कन्या को हमारे पास कुछ दिन, अर्थात् कम से कम दस दिन रहने दे; फिर उसके पश्चात् वह चली जाएगी।”
56 ၅၆ ထို​သူ​က``ကျွန်ုပ်​ကို​မ​တား​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​လာ​ရ​သော​ကိစ္စ​ကို​ထ​မြောက် အောင်​မြင်​စေ​တော်​မူ​ပြီ​ဖြစ်​၍​သ​ခင့်​ထံ​သို့ ပြန်​ပါ​ရ​စေ'' ဟု​ပြန်​ပြော​၏။
५६उसने उनसे कहा, “यहोवा ने जो मेरी यात्रा को सफल किया है; इसलिए तुम मुझे मत रोको अब मुझे विदा कर दो, कि मैं अपने स्वामी के पास जाऊँ।”
57 ၅၇ တစ်​ဖန်​သူ​တို့​က``မိန်း​က​လေး​ကို​ခေါ်​၍​သူ ၏​သ​ဘော​ကို​မေး​ကြည့်​ကြ​ပါ​စို့'' ဟု​ပြော ကြ​၏။-
५७उन्होंने कहा, “हम कन्या को बुलाकर पूछते हैं, और देखेंगे, कि वह क्या कहती है।”
58 ၅၈ သူ​တို့​သည်​ရေ​ဗက္က​ကို​ခေါ်​၍``သင်​သည်​ဤ​သူ နှင့်​အ​တူ​လိုက်​သွား​လို​သ​လော'' ဟု​မေး​၏။ ``လိုက်​သွား​ပါ​မည်'' ဟု​ဖြေ​ကြား​သ​ဖြင့်၊
५८और उन्होंने रिबका को बुलाकर उससे पूछा, “क्या तू इस मनुष्य के संग जाएगी?” उसने कहा, “हाँ मैं जाऊँगी।”
59 ၅၉ ရေ​ဗက္က​နှင့်​သူ​၏​အ​ထိန်း​ကို​အာ​ဗြ​ဟံ​၏ အ​စေ​ခံ​လူ​စု​နှင့်​အ​တူ​လိုက်​ပါ​သွား​စေ ကြ​၏။-
५९तब उन्होंने अपनी बहन रिबका, और उसकी दाई और अब्राहम के दास, और उसके साथी सभी को विदा किया।
60 ၆၀ သူ​တို့​က၊ ``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။
६०और उन्होंने रिबका को आशीर्वाद देकर कहा, “हे हमारी बहन, तू हजारों लाखों की आदिमाता हो, और तेरा वंश अपने बैरियों के नगरों का अधिकारी हो।”
61 ၆၁ ထို​နောက်​ရေ​ဗက္က​နှင့်​သူ​၏​ကျွန်​မ​များ​တို့​သည် ကု​လား​အုတ်​များ​ကို​စီး​၍ အာ​ဗြ​ဟံ​၏​အ​စေ ခံ​နှင့်​အ​တူ​လိုက်​ပါ​သွား​ကြ​လေ​သည်။
६१तब रिबका अपनी सहेलियों समेत चली; और ऊँट पर चढ़कर उस पुरुष के पीछे हो ली। इस प्रकार वह दास रिबका को साथ लेकर चल दिया।
62 ၆၂ ဣ​ဇာက်​သည်``ငါ့​ကို​မြင်​တော်​မူ​သည့်​အ​သက်​ရှင် တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟူ​သော​နာ​မည် ရှိ​ရာ​တော​ကန္တာရ​သို့​ရောက်​လာ​၍ ခါ​နာန်​ပြည် တောင်​ပိုင်း​တွင်​နေ​ထိုင်​လျက်​ရှိ​၏။-
६२इसहाक जो दक्षिण देश में रहता था, लहैरोई नामक कुएँ से होकर चला आता था।
63 ၆၃ ည​နေ​ချမ်း​အ​ချိန်​၌​သူ​သည်​လယ်​ကွင်း​ထဲ တွင်​ကု​လား​အုတ်​များ​လာ​နေ​သည်​ကို​မြင် ရ​လေ​၏။-
६३साँझ के समय वह मैदान में ध्यान करने के लिये निकला था; और उसने आँखें उठाकर क्या देखा, कि ऊँट चले आ रहे हैं।
64 ၆၄ ရေ​ဗက္က​သည်​ဣ​ဇာက်​ကို​မြင်​လျှင်​ကု​လား​အုတ် ပေါ်​မှ​ဆင်း​၍၊-
६४रिबका ने भी आँखें उठाकर इसहाक को देखा, और देखते ही ऊँट पर से उतर पड़ी।
65 ၆၅ ``လယ်​ကွင်း​ထဲ​၌​ကျွန်ုပ်​တို့​ထံ​သို့​လာ​နေ​သူ ကား​မည်​သူ​ပါ​နည်း'' ဟု​အာ​ဗြ​ဟံ​၏​အ​စေ ခံ​အား​မေး​လေ​၏။ ``ကျွန်ုပ်​၏​သ​ခင်​ဖြစ်​ပါ​သည်'' ဟု​ဖြေ​လျှင် ရေ​ဗက္က​သည်​ပု​ဝါ​ကို​ယူ​၍​မျက်​နှာ​ကို​ဖုံး​လိုက်​၏။
६५तब उसने दास से पूछा, “जो पुरुष मैदान पर हम से मिलने को चला आता है, वह कौन है?” दास ने कहा, “वह तो मेरा स्वामी है।” तब रिबका ने घूँघट लेकर अपने मुँह को ढाँप लिया।
66 ၆၆ အ​စေ​ခံ​က​လည်း​မိ​မိ​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို ဣ​ဇာက်​အား​အ​ကုန်​အ​စင်​ပြော​ပြ​လေ​၏။-
६६दास ने इसहाक से अपने साथ हुई घटना का वर्णन किया।
67 ၆၇ ထို​နောက်​ဣ​ဇာက်​သည်​မိ​မိ​၏​အ​မိ​စာ​ရာ​နေ ထိုင်​ခဲ့​သော​တဲ​ထဲ​သို့​ရေ​ဗက္က​ကို​ခေါ်​ဆောင် သွား​၍​အ​ကြင်​လင်​မ​ယား​ဖြစ်​လာ​ကြ​၏။ ဣ​ဇာက်​သည်​ရေ​ဗက္က​ကို​ချစ်​မြတ်​နိုး​၏။ ထို့ ကြောင့်​သူ​၏​မိ​ခင်​ကွယ်​လွန်​၍​ဝမ်း​နည်း ကြေ​ကွဲ​ရာ​မှ​စိတ်​သက်​သာ​ရာ​ရ​လေ​သည်။
६७तब इसहाक रिबका को अपनी माता सारा के तम्बू में ले आया, और उसको ब्याह कर उससे प्रेम किया। इस प्रकार इसहाक को माता की मृत्यु के पश्चात् शान्ति प्राप्त हुई।

< ကမ္ဘာ​ဦး 24 >