< ကမ္ဘာ​ဦး 22 >

1 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​ဘု​ရား​သ​ခင် သည် အာ​ဗြ​ဟံ​၏​နာ​ခံ​ခြင်း​သ​ဘော​ကို​စစ်​ဆေး တော်​မူ​၏။ ဘု​ရား​သ​ခင်​က``အာ​ဗြ​ဟံ'' ဟု​ခေါ် လျှင်​အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင် ဘု​ရား'' ဟု​ထူး​လေ​၏။
Y aconteció después de estas cosas, que probó Dios a Abraham, y le dijo: Abraham. Y él respondió: Heme aquí.
2 ထို​အ​ခါ​ဘု​ရား​သ​ခင်​က``သင်​အ​လွန်​ချစ်​သော သင်​၏​တစ်​ဦး​တည်း​သော​သား​ဣ​ဇာက်​ကို​ခေါ်​ဆောင် ၍​မော​ရိ​ပြည်​သို့​သွား​လော့။ ထို​အ​ရပ်​တွင်​ငါ​ပြ မည့်​တောင်​ပေါ်​၌​သူ့​ကို​ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ငါ့​အား​ပူ​ဇော်​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။
Y dijo: Toma ahora tu hijo, tu único, Isaac, a quien amas, y vete a tierra de Moriah, y ofrécelo allí en holocausto sobre uno de los montes que yo te diré.
3 နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​အာ​ဗြ​ဟံ​သည် ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ခွဲ​၍​မြည်း​ပေါ်​သို့​တင် ပြီး​လျှင် ဣ​ဇာက်​နှင့်​အ​စေ​ခံ​နှစ်​ယောက်​တို့​ကို ခေါ်​လျက်​ဘု​ရား​သ​ခင်​ညွှန်​ပြ​သော​အ​ရပ် သို့​ရှေ့​ရှု​လာ​ခဲ့​သည်။-
Y Abraham madrugó muy de mañana, y enalbardó su asno, y tomó consigo dos criados suyos, y a Isaac su hijo; y cortó leña para el holocausto, y se levantó, y fue al lugar que Dios le dijo.
4 တ​တိ​ယ​နေ့​သို့​ရောက်​သော်​အာ​ဗြ​ဟံ​သည် ထို​အ​ရပ်​ကို​အ​ဝေး​မှ​မြင်​ရ​၏။-
Al tercer día alzó Abraham sus ojos, y vio el lugar de lejos.
5 ထို​အ​ခါ​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​သည် ဤ​အ​ရပ်​တွင်​မြည်း​နှင့်​အ​တူ​နေ​ရစ်​ကြ။ ငါ နှင့်​ငါ့​သား​တို့​က​ထို​အ​ရပ်​သို့​သွား​၍​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ပြီး​လျှင်​ပြန်​လာ​မည်'' ဟု မှာ​ကြား​လေ​သည်။
Entonces dijo Abraham a sus criados: Esperaos aquí con el asno, y yo y el muchacho iremos hasta allí, y adoraremos, y volveremos a vosotros.
6 အာ​ဗြ​ဟံ​သည်​ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ဣ​ဇာက် အား​သယ်​စေ​၍ သူ​ကိုယ်​တိုင်​က​မူ​ဋ္ဌား​နှင့်​မီး ပျိုး​ရန်​မီး​ခဲ​ကို​ယူ​ဆောင်​ခဲ့​လေ​သည်။ သူ​တို့ အ​တူ​တ​ကွ​လျှောက်​လာ​ကြ​စဉ်၊-
Y tomó Abraham la leña del holocausto, y la puso sobre Isaac su hijo; y él tomó en su mano el fuego y el cuchillo; y fueron ambos juntos.
7 ဣ​ဇာက်​က``အ​ဖ'' ဟု​ခေါ်​လိုက်​၏။ အာ​ဗြ​ဟံ​က``ငါ့​သား'' ဟု​ထူး​၏။ ဣ​ဇာက်​က``အ​ဖ​ထံ​မှာ​မီး​လည်း​ပါ​ပြီ။ ထင်း လည်း​ပါ​ပြီ။ ယဇ်​ပူ​ဇော်​ရန်​သိုး​ငယ်​အ​ဘယ် မှာ​နည်း'' ဟု​မေး​၏။
Entonces habló Isaac a Abraham su padre, y dijo: Padre mío. Y él respondió: Heme aquí, mi hijo. Y él dijo: He aquí el fuego y la leña; mas ¿dónde está el cordero para el holocausto?
8 အာ​ဗြ​ဟံ​က``ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ယဇ်​ကောင်​ကို​စီ​မံ​ပေး​ပါ​လိမ့်​မည်'' ဟု​ပြန် ဖြေ​လိုက်​၏။ ထို​နောက်​သူ​တို့​နှစ်​ဦး​ဆက်​၍ လျှောက်​သွား​ကြ​လေ​သည်။
Y respondió Abraham: Dios proveerá para si cordero para el holocausto, hijo mío. E iban juntos.
9 ဘု​ရား​သ​ခင်​ညွှန်​ပြ​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ အာ​ဗြ​ဟံ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထင်း​ကို​ပလ္လင်​ပေါ်​တွင်​ပုံ​၏။ ထို​နောက် သူ​၏​သား​ကို​တုတ်​နှောင်​ပြီး​လျှင်​ထင်း​ပုံ​ပေါ် တွင်​တင်​ထား​၏။-
Y cuando llegaron al lugar que Dios le había dicho, edificó allí Abraham un altar, y compuso la leña, y ató a Isaac su hijo, y le puso en el altar sobre la leña.
10 ၁၀ ထို​နောက်​သား​ကို​သတ်​ရန်​ဋ္ဌား​ကို​ယူ​လိုက်​၏။-
Y extendió Abraham su mano, y tomó el cuchillo, para degollar a su hijo.
11 ၁၁ ထို​အ​ခိုက်​တွင်​ထာဝရ​ဘုရား​၏​ကောင်း​ကင်​တမန် သည်``အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ'' ဟု​ကောင်းကင်​မှ ခေါ်​လေ​၏။ အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင်​ဘု​ရား'' ဟု​ထူး​လေ​၏။
Entonces el ángel del SEÑOR le dio voces del cielo, y dijo: Abraham, Abraham. Y él respondió: Heme aquí.
12 ၁၂ ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။
Y dijo: No extiendas tu mano sobre el muchacho, ni le hagas nada; que ahora conozco que temes a Dios, pues que no me rehusaste tu hijo, tu único;
13 ၁၃ ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-
entonces alzó Abraham sus ojos, y miró, y he aquí un carnero a sus espaldas, trabado en una mata por sus cuernos; y fue Abraham, y tomó el carnero, y lo ofreció en holocausto en lugar de su hijo.
14 ၁၄ အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။
Y llamó Abraham el nombre de aquel lugar, YHWH-jireh ( el SEÑOR verá ). Por tanto se dice hoy, en el monte del SEÑOR será visto.
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​အာ​ဗြ​ဟံ​ကို​ဒု​တိ​ယ​အ​ကြိမ် ခေါ်​၍၊-
Y llamó el ángel del SEÑOR a Abraham la segunda vez desde el cielo,
16 ၁၆ ``ငါ​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​မိန့်​ကြား​နေ​သည်။ ငါ​သည်​သင့်​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး မည်။ သင်​၏​တစ်​ယောက်​တည်း​သော​သား​ကို​ငါ တောင်း​သည့်​အ​တိုင်း​ငြင်း​ဆန်​ခြင်း​မ​ပြု​ဘဲ ပူ​ဇော်​သည့်​အ​မှု​ကြောင့်၊-
y dijo: Por mí mismo he jurado, dijo el SEÑOR, que por cuanto has hecho esto, y no me has rehusado tu hijo, tu único;
17 ၁၇ သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-
bendiciendo te bendeciré, y multiplicando, multiplicaré tu simiente como las estrellas del cielo, y como la arena que está a la orilla del mar; y tu simiente poseerá las puertas de sus enemigos:
18 ၁၈ သင်​သည်​ငါ​၏​အ​မိန့်​ကို​နာ​ခံ​သော​ကြောင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​သည် ကောင်း​ချီး​ခံ​ရ​သည့် နည်း​တူ​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သူ တို့​အား​လည်း ကောင်း​ချီး​ပေး​ရန်​ငါ့​အား​တောင်း လျှောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။-
En tu simiente serán benditos todos los gentiles de la tierra, por cuanto escuchaste a mi voz.
19 ၁၉ ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​စေ​ခံ​တို့​ရှိ​ရာ​သို့ ပြန်​လာ​၍ သူ​တို့​နှင့်​အ​တူ​ဗေ​ရ​ရှေ​ဘ​အ​ရပ် သို့​ပြန်​ခဲ့​ကြ​ပြီး​နောက်​ထို​အရပ်​တွင်​နေ​ထိုင် လေ​သည်။
Y se tornó Abraham a sus criados, y se levantaron y se fueron juntos a Beerseba; y habitó Abraham en Beerseba.
20 ၂၀ မ​ကြာ​မီ​အာ​ဗြ​ဟံ​သည်​သူ​၏​ညီ​နာ​ခေါ်​၏ မ​ယား​မိ​လ​ခါ​တွင်​သား​ရှစ်​ယောက်​ထွန်း​ကား ကြောင်း​ကြား​သိ​ရ​လေ​သည်။-
Y aconteció después de estas cosas, que fue dada nueva a Abraham, diciendo: He aquí que también Milca ha dado a luz hijos a Nacor tu hermano:
21 ၂၁ သား​များ​မှာ​သား​ဦး​ဟု​ဇ၊ ဗု​ဇ၊ အာ​ရံ​၏ ဖ​ခင်​ကေ​မွေ​လ၊-
A Uz su primogénito, y a Buz su hermano, y a Kemuel padre de Aram.
22 ၂၂ ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်​နှင့် ဗေ​သွေ​လ​တို့​ဖြစ်​ကြ​၏။-
Y a Quesed, y a Hazo, y a Pildas, y a Jidlaf, y a Betuel.
23 ၂၃ ဗေ​သွေ​လ​သည်​ရေ​ဗက္က​၏​ဖ​ခင်​ဖြစ်​၏။ အာ​ဗြ​ဟံ ၏​ညီ​နာ​ခေါ်​၏​မ​ယား​မိ​လ​ခါ​သည်​ထို​သား ရှစ်​ယောက်​တို့​ကို​ဖွား​မြင်​လေ​သည်။-
Y Betuel engendró a Rebeca. Estos ocho dio a luz Milca a Nacor, hermano de Abraham.
24 ၂၄ နာ​ခေါ်​၌​ရု​မာ​ဟု​နာ​မည်​တွင်​သော​မ​ယား​ငယ် ရှိ​၏။ ရု​မာ​သည်​သား​များ​ဖြစ်​ကြ​သော​တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ​နှင့်​မာ​ခါ​တို့​ကို​ဖွား​မြင်​လေ သည်။
Y su concubina, que se llamaba Reúma, dio a luz también a Teba, y a Gaham, y a Tahas, y a Maaca.

< ကမ္ဘာ​ဦး 22 >