< ဧ​ဇ​ရ 6 >

1 သို့​ဖြစ်​၍​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ဗာ​ဗု​လုန်​မြို့​တွင် ထား​ရှိ​သည့်​နန်း​တော်​မှတ်​တမ်း​များ​တွင်​ရှာ​ဖွေ​ကြည့်​ရှု​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
तब राजा दारा की आज्ञा से बाबेल के पुस्तकालय में जहाँ खजाना भी रहता था, खोज की गई।
2 သို့​ရာ​တွင်​အောက်​ပါ​မှတ်​တမ်း​၌​ပါ​ရှိ​သည့်​စာ​လိပ်​ကို မေ​ဒိ​ပြည်​နယ်၊ အာ​ခ​မေ​သ​မြို့​၌​သာ​တွေ့​ရှိ​ကြ​ရ​၏။
मादे नामक प्रान्त के अहमता नगर के राजगढ़ में एक पुस्तक मिली, जिसमें यह वृत्तान्त लिखा था:
3 ထို​စာ​လိပ်​တွင်``ကု​ရု​ဘု​ရင်​သည်​မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ယဇ်​များ​ကို​ပူ​ဇော်​ရန်​နှင့် ပူ​ဇော်​သကာ​များ​ကို​မီး​ရှို့​ရန်​ဌာ​န​တော်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ​၏။ ဗိ​မာန်​တော်​သည်​အ​မြင့်​ပေ​ကိုး​ဆယ်​နှင့်​အ​ချင်း​ပေ​ကိုး​ဆယ်​ရှိ​ရ​မည်။-
“राजा कुस्रू के पहले वर्ष में उसी कुस्रू राजा ने यह आज्ञा दी, कि परमेश्वर के भवन के विषय जो यरूशलेम में है, अर्थात् वह भवन जिसमें बलिदान किए जाते थे, वह बनाया जाए और उसकी नींव दृढ़ता से डाली जाए, उसकी ऊँचाई और चौड़ाई साठ-साठ हाथ की हो;
4 နံ​ရံ​များ​ကို​ကျောက်​တုံး​တန်း​သုံး​ဆင့်၊ သစ်​သား​တန်း​တစ်​ဆင့်​ကျ​အ​ထပ်​ထပ်​ဆောက်​လုပ်​ရ​မည်။ ကုန်​ကျ​သည့်​စ​ရိတ်​မှန်​သ​မျှ​ကို ဘု​ရင့်​ဘဏ္ဍာ​တော်​တိုက်​မှ​ထုတ်​၍​သုံး​စွဲ​ရ​မည်။-
उसमें तीन रद्दे भारी-भारी पत्थरों के हों, और एक परत नई लकड़ी की हो; और इनकी लागत राजभवन में से दी जाए।
5 ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ယူ​ဆောင်​လာ​ခဲ့​သည့်​ရွှေ​ငွေ​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း သက်​ဆိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ပေး​ပို့​ရ​မည်'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပါ​၏။
परमेश्वर के भवन के जो सोने और चाँदी के पात्र नबूकदनेस्सर ने यरूशलेम के मन्दिर में से निकलवाकर बाबेल को पहुँचा दिए थे। वह लौटाकर यरूशलेम के मन्दिर में अपने-अपने स्थान पर पहुँचाए जाएँ, और तू उन्हें परमेश्वर के भवन में रख देना।”
6 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ပြန်​ကြား​စာ​ကို​ပေး​ပို့​တော်​မူ​သည်။ ထို​ပြန်​ကြား​စာ​တွင်၊ ``ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ၊ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ရှိ သင်​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သို့၊ ``သင်​တို့​သည်​ဗိ​မာန်​တော်​အ​နီး​သို့​မ​ချဉ်း​မ​ကပ်​ကြ​နှင့်။-
“अब हे महानद के पार के अधिपति तत्तनै! हे शतर्बोजनै! तुम अपने सहयोगियों महानद के पार के फारसियों समेत वहाँ से अलग रहो;
7 ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​လည်း​မ​နှောင့်​ယှက်​ကြ​နှင့်။ ယု​ဒ​ဘု​ရင်​ခံ​နှင့်​ယု​ဒ​ခေါင်း​ဆောင်​တို့​အား ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု​ကြ​လော့။-
परमेश्वर के उस भवन के काम को रहने दो; यहूदियों का अधिपति और यहूदियों के पुरनिये परमेश्वर के उस भवन को उसी के स्थान पर बनाएँ।
8 ပြန်​လည်​တည်​ဆောက်​မှု​တွင်​သူ​တို့​ကို​ကူ​ညီ​ကြ​ရန် ယ​ခု​သင်​တို့​အား​ငါ​အ​မိန့်​တော်​ရှိ​သည်။ တည်​ဆောက်​မှု​အ​ဆက်​မ​ပြတ်​စေ​ရန် ကုန်​ကျ​စ​ရိတ်​များ​ကို​ဥ​ဖ​ရတ်​မြစ်​အ​နောက်​ဘက်​ဒေ​သ​မှ ကောက်​ခံ​ရ​ရှိ​သော​အ​ခွန်​ငွေ​များ​ဖြစ်​သည့်​ဘု​ရင်​၏​ဘဏ္ဍာ​တော်​မှ​မ​ဆိုင်း​မ​တွ​ထုတ်​ပေး​ကြ​လော့။-
वरन् मैं आज्ञा देता हूँ कि तुम्हें यहूदियों के उन पुरनियों से ऐसा बर्ताव करना होगा, कि परमेश्वर का वह भवन बनाया जाए; अर्थात् राजा के धन में से, महानद के पार के कर में से, उन पुरुषों को फुर्ती के साथ खर्चा दिया जाए; ऐसा न हो कि उनको रुकना पड़े।
9 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သည့်​ယဇ်​များ​ကို​ပူ​ဇော်​၍ ငါ​နှင့်​ငါ​၏​သား​များ​အ​တွက်​ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ပေး​ကြ​ရန် ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​က မီး​ရှို့​ရာ​ပူ​ဇော်​သကာ​များ​အ​ဖြစ်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​အား​ဆက်​သ​ရန် လို​အပ်​သ​မျှ​သော​နွား​သ​ငယ်၊ သိုး၊ သိုး​သ​ငယ်၊ ဂျုံ​စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​ကို​နေ့​စဉ်​နေ့​တိုင်း​မ​ပျက်​မ​ကွက်​ပေး​ကြ​လော့။-
क्या बछड़े! क्या मेढ़े! क्या मेम्ने! स्वर्ग के परमेश्वर के होमबलियों के लिये जिस-जिस वस्तु का उन्हें प्रयोजन हो, और जितना गेहूँ, नमक, दाखमधु और तेल यरूशलेम के याजक कहें, वह सब उन्हें बिना भूल चूक प्रतिदिन दिया जाए,
10 ၁၀
१०इसलिए कि वे स्वर्ग के परमेश्वर को सुखदायक सुगन्धवाले बलि चढ़ाकर, राजा और राजकुमारों के दीर्घायु के लिये प्रार्थना किया करें।
11 ၁၁ ထပ်​မံ​၍​ငါ​မိန့်​ဆို​သည်​မှာ ဤ​အ​မိန့်​ကို​မ​နာ​ခံ​သော​သူ​အား သူ​၏​အိမ်​မှ​ယက်​မ​တစ်​ချောင်း​ကို​ယူ​၍​ထိပ်​ကို​ချွန်​အောင်​ပြု​လျက်၊ သပ်​လျှို​၍​သတ်​စေ၊ သူ​၏​အိမ်​သည်​လည်း​အ​မှိုက်​ပုံ​ကဲ့​သို့​ဖြစ်​ပါ​စေ။-
११फिर मैंने आज्ञा दी है, कि जो कोई यह आज्ञा टाले, उसके घर में से कड़ी निकाली जाए, और उस पर वह स्वयं चढ़ाकर जकड़ा जाए, और उसका घर इस अपराध के कारण घूरा बनाया जाए।
12 ၁၂ ယေ​ရု​ရှ​လင်​မြို့​ကို မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​အ​ဖြစ်​ရွေး​ချယ်​သတ်​မှတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ဤ​အ​မိန့်​ကို​ဖီ​ဆန်​ကာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ရန်​ကြိုး​စား​သူ အ​ဘယ်​ဘု​ရင်​သို့​မ​ဟုတ်​လူ​မျိုး​ကို​မ​ဆို​ဖျက်​ဆီး​တော်​မူ​ပါ​စေ​သ​တည်း။ ဤ​ကား​ငါ​ဒါ​ရိ​မင်း​၏​အ​မိန့်​တော်​ဖြစ်​၏။ အ​မိန့်​တော်​အ​တိုင်း​နာ​ခံ​ကြ​လော့'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။
१२परमेश्वर जिसने वहाँ अपने नाम का निवास ठहराया है, वह क्या राजा क्या प्रजा, उन सभी को जो यह आज्ञा टालने और परमेश्वर के भवन को जो यरूशलेम में है नाश करने के लिये हाथ बढ़ाएँ, नष्ट करे। मुझ दारा ने यह आज्ञा दी है फुर्ती से ऐसा ही करना।”
13 ၁၃ ထို​အ​ခါ​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် မင်း​ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ကြ​လေ​သည်။-
१३तब महानद के इस पार के अधिपति तत्तनै और शतर्बोजनै और उनके सहयोगियों ने दारा राजा के चिट्ठी भेजने के कारण, उसी के अनुसार फुर्ती से काम किया।
14 ၁၄ ယု​ဒ​ခေါင်း​ဆောင်​တို့​သည်​ဟ္ဂဲ​နှင့်​ဇာ​ခ​ရိ​တို့​၏​အား​ပေး​မှု​ကြောင့် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​တိုး​တက်​အောင်​မြင်​စွာ​ဆောင်​ရွက်​နိုင်​ကြ​လေ​သည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ဘု​ရင်​များ​ဖြစ်​သည့်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း​နှင့်​အာ​တ​ဇေ​ရဇ်​မင်း​တို့​၏​အ​မိန့်​တော်​များ​အ​ရ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင်​တည်​ဆောက်​ကြ​ရာ၊-
१४तब यहूदी पुरनिये, हाग्गै नबी और इद्दो के पोते जकर्याह के नबूवत करने से मन्दिर को बनाते रहे, और सफल भी हुए और उन्होंने इस्राएल के परमेश्वर की आज्ञा के अनुसार और फारस के राजा कुस्रू, दारा और अर्तक्षत्र की आज्ञाओं के अनुसार बनाते-बनाते उसे पूरा कर लिया।
15 ၁၅ ဒါ​ရိ​မင်း​နန်း​စံ​ခြောက်​နှစ်​မြောက်၊ အာ​ဒါ​လ​သုံး​ရက်​နေ့​၌​လက်​စ​သတ်​ကြ​၏။-
१५इस प्रकार वह भवन राजा दारा के राज्य के छठवें वर्ष में अदार महीने के तीसरे दिन को बनकर समाप्त हुआ।
16 ၁၆ ထို​နောက်​ဣ​သ​ရေ​လ​ပြည်​သူ​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​မှန်​သ​မျှ​တို့​သည် ဗိ​မာန်​တော်​ကို​ရွှင်​လန်း​ဝမ်း​မြောက်​စွာ အ​နု​မော​ဒ​နာ​ပြု​ကြ​ကုန်​၏။-
१६इस्राएली, अर्थात् याजक लेवीय और जितने बँधुआई से आए थे उन्होंने परमेश्वर के उस भवन की प्रतिष्ठा उत्सव के साथ की।
17 ၁၇ ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင်​ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား​ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။-
१७उस भवन की प्रतिष्ठा में उन्होंने एक सौ बैल और दो सौ मेढ़े और चार सौ मेम्ने और फिर सब इस्राएल के निमित्त पापबलि करके इस्राएल के गोत्रों की गिनती के अनुसार बारह बकरे चढ़ाए।
18 ၁၈ သူ​တို့​သည်​မော​ရှေ​၏​ကျမ်း​တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လှည့်​ကျ​ခွဲ​ထား​သော​တာ​ဝန်​ကို​ပေး​အပ်​ကြ​လေ​သည်။
१८तब जैसे मूसा की पुस्तक में लिखा है, वैसे ही उन्होंने परमेश्वर की आराधना के लिये जो यरूशलेम में है, बारी-बारी से याजकों और दल-दल के लेवियों को नियुक्त कर दिया।
19 ၁၉ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​သူ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ကျင်း​ပ​ကြ​၏။-
१९फिर पहले महीने के चौदहवें दिन को बँधुआई से आए हुए लोगों ने फसह माना।
20 ၂၀ ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း​စေ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လျက်​ရှိ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မိ​မိ​တို့​ကိုယ်​တိုင်​တို့​အ​တွက်​ပ​သ​ခါ​ယဇ်​ကောင်​များ​ကို​သတ်​ကြ​၏။-
२०क्योंकि याजकों और लेवियों ने एक मन होकर, अपने-अपने को शुद्ध किया था; इसलिए वे सब के सब शुद्ध थे। उन्होंने बँधुआई से आए हुए सब लोगों और अपने भाई याजकों के लिये और अपने-अपने लिये फसह के पशुबलि किए।
21 ၂၁ ထို​ယဇ်​ကောင်​တို့​၏​အ​သား​ကို​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​ထို​ဒေ​သ​တွင်​နေ​ထိုင်​လျက်​ရှိ​သော​သူ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​စွန့်​လွှတ်​ကြ​သူ​များ​နှင့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန်​လာ​ကြ​သူ​အ​ပေါင်း​တို့​သည်​စား​ကြ​၏။-
२१तब बँधुआई से लौटे हुए इस्राएली और जितने और देश की अन्यजातियों की अशुद्धता से इसलिए अलग हो गए थे कि इस्राएल के परमेश्वर यहोवा की खोज करें, उन सभी ने भोजन किया।
22 ၂၂ သူ​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း အား​ထောက်​ပံ့​ကူ​ညီ​လို​စိတ်​ကို​သွင်း​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် အ​လွန်​ပင်​ဝမ်း​မြောက်​ကြ​လေ​သည်။
२२वे अख़मीरी रोटी का पर्व सात दिन तक आनन्द के साथ मनाते रहे; क्योंकि यहोवा ने उन्हें आनन्दित किया था, और अश्शूर के राजा का मन उनकी ओर ऐसा फेर दिया कि वह परमेश्वर अर्थात् इस्राएल के परमेश्वर के भवन के काम में उनकी सहायता करे।

< ဧ​ဇ​ရ 6 >