< ယေဇကျေလ 40 >

1 နေ့​ရက်​ကား​ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက်​နှစ်​ဆယ့်​ငါး​နှစ်​မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ဆယ်​ရက်​နေ့၊ ယေ​ရု​ရှ​လင်​မြို့​အ​သိမ်း​ခံ​ရ​ချိန်​တစ်​ဆယ့်​လေး​နှစ်​စေ့​သော​နေ့​ဖြစ်​၏။ ထို​နေ့​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​လွှမ်း​မိုး​ခြင်း​ခံ​ရ​ပြီး​လျှင် ကိုယ်​တော်​သည်​ငါ့​အား​ဆောင်​ယူ​သွား​တော်​မူ​၏။-
Двадцятого й п'ятого року нашого вигна́ння, на поча́тку року, десятого дня місяця, чотирна́дцятого року по то́му, як було́ зруйно́ване місто, того самого дня була на мені Господня рука, і Він упрова́див мене туди́.
2 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​ပြည်​သို့​ခေါ်​ဆောင်​တော်​မူ​၍ မြင့်​သော​တောင်​ပေါ်​တွင်​ချ​ထား​တော်​မူ​၏။ ထို​တောင်​၏​တောင်​ဘက်​၌​မြို့​တစ်​မြို့​နှင့်​တူ​သော​အ​ဆောက်​အ​အုံ​များ​ကို​ငါ​မြင်​ရ​၏။-
У Божих виді́ннях упрова́див Він мене до Ізраїлевого кра́ю, і дав спочи́ти мені на дуже високій горі́, а на ній була́ ніби будо́ва міста, з полу́дня.
3 ကိုယ်​တော်​သည်​ငါ့​အား​ထို​မြို့​အ​နီး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ​သည်​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​သော​လူ​တစ်​ယောက်​ကို​မြင်​ရ​၏။ သူ​သည်​ပေ​ကြိုး​နှင့်​တိုင်း​တာ​ရန် ကူ​လုံး​တို့​ကို​ကိုင်​ကာ​မြို့​တံ​ခါး​ဝ​တွင်​ရပ်​လျက်​နေ​၏။
І привів мене туди, і ось чоловік, що його вид, ніби вид блиску́чої міді, а в його руці — льняна́ нитка та мірни́ча па́лиця, і він стояв у брамі.
4 ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ သင့်​အား​ငါ​ပြော​သည်​ကို​ဂ​ရု​ပြု​နား​ထောင်​၍​ငါ​ပြ​သည့်​အ​ရာ​မှန်​သ​မျှ​ကို​သေ​ချာ​စွာ​မှတ်​သား​ထား​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင့်​အား ထို​အ​ရာ​များ​ကို​ပြ​ရန်​အ​တွက် ဤ​အ​ရပ်​သို့​ဆောင်​ယူ​လာ​ခြင်း​ဖြစ်​သော​ကြောင့်​တည်း။ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​တွေ့​မြင်​ရ​သော​အ​မှု​အ​ရာ​ကို​ပြော​ပြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
І сказав мені цей чоловік: „Сину лю́дський, дивися своїми очи́ма й слухай своїми ву́хами, і зверни́ своє серце на все, що я покажу́ тобі, бо ти приве́дений сюди, щоб показати тобі. Усе, що ти поба́чиш, об'яви́ Ізраїлевому до́мові“.
5 ငါ​မြင်​ရ​သော​အ​ရာ​မှာ​ဗိ​မာန်​တော်​ဖြစ်​၏။ ထို​ဗိ​မာန်​တော်​ကို​တံ​တိုင်း​ကာ​ရံ​ထား​၏။ ကူ​လုံး​ကို​ကိုင်​ထား​သော​လူ​သည်​ထို​ဆယ်​ပေ​ရှည်​သော​ကူ​လုံး​ဖြင့်​တံ​တိုင်း​ကို​တိုင်း​ထွာ​ကြည့်​၏။ တံ​တိုင်း​သည်​အ​မြင့်​ဆယ်​ပေ၊ ထု​ဆယ်​ပေ​ရှိ​၏။-
І ось мур назовні храму навко́ло, а в руці того чоловіка мірни́ча па́лиця на шість ліктів, на міру ліктем та долонею. І зміряв він ширину тієї будівлі — одна па́лиця, і завви́шки — одна палиця.
6 ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-
І прийшов він до брами, що її пе́ред у напрямі до сходу, і ввійшов її схо́дами, і зміряв порога тієї брами — одна палиця завши́ршки, і другий поріг — одна па́лиця завши́ршки.
7 တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-
А вартівня́ — одна палиця завдо́вжки й одна палиця завши́ршки, а поміж вартівня́ми — п'ять ліктів; а поріг брами з боку сі́нечок тієї брами, зсере́дини — одна па́лиця.
8 ထို​လူ​သည်​ဤ​အ​ခန်း​ကြီး​ကို​တိုင်း​တာ​ကြည့်​ရာ​အ​နံ​တစ်​ဆယ့်​သုံး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။ ထို​အ​ခန်း​၏​အ​စွန်​ဆုံး​နံ​ရံ​များ​သည်​ထု​သုံး​ပေ​စီ​ရှိ​၏။-
І змі́ряв він сіни тієї брами зсере́дини — одна па́лиця.
9
І зміряв сіни брами — вісім ліктів, а стовпи́ її — два лікті, а сіни брами — зсере́дини.
10 ၁၀ (မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။)
А брамні вартівні́ в напрямі на схід — три зві́дси й три зві́дти, і міра одна їм трьом, і міра одна стовпа́м зві́дси та зві́дти.
11 ၁၁ ထို​နောက်​သူ​သည်​ကြား​လမ်း​၏​အ​နံ​ကို​တိုင်း​ကြည့်​ရာ စု​စု​ပေါင်း​နှစ်​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ မုခ်​ပေါက်​လမ်း​တစ်​လျှောက်​လုံး​ကား​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-
І зміряв він ширину́ входу до брами — десять ліктів, довжина́ брами — тринадцять ліктів.
12 ၁၂ အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​တစ်​ခု​စီ​ရှေ့​တွင်​အ​မြင့်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​တံ​တိုင်း​ရှိ​၏။ (ထို​အ​ခန်း​တို့​သည်​အ​လျား​ဆယ်​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​သ​တည်း။-)
А розмежува́ння перед вартівня́ми — один лі́коть, і один лікоть звідти, а вартівня́ — шість ліктів звідси й шість ліктів звідти.
13 ၁၃ ထို​နောက်​ထို​လူ​သည်​အ​ခန်း​ငယ်​တစ်​ခု​၏​နောက်​ဘက်​နံ​ရံ​မှ​မုခ်​ပေါက်​လမ်း​ကို​ဖြတ်​၍ အ​စွန်း​အ​ခန်း​ငယ်​နောက်​ဘက်​နံ​ရံ​အ​ထိ​တိုင်း​တာ​ရာ​လေး​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-
І зміряв браму з да́ху вартівні́ до даху її, завши́ршки — двадцять і п'ять ліктів, двері навпро́ти двере́й.
14 ၁၄ အ​စွန်း​ဆုံး​၌​ရှိ​သော​အ​ခန်း​မှ​ထွက်​လျှင် တံ​တိုင်း​အ​တွင်း​ရှိ​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သို့​ရောက်​ရှိ​လေ​သည်။ ထို​အ​ခန်း​ကို​တိုင်း​ထွာ​၍​ကြည့်​ရာ​သုံး​ဆယ့်​လေး​ပေ​ကျယ်​သည်​ကို​တွေ့​ရ​၏။-
І поробив стовпи́, шістдеся́т ліктів, і до стовпів підхо́дить подві́р'я, навко́ло брами.
15 ၁၅ မုခ်​ပေါက်​ဝ​မှ​နေ​၍​အ​စွန်​ဆုံး​အ​ခန်း​အ​ထိ စု​စု​ပေါင်း​ရှစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-
А від пе́реду брамного входу аж до пе́реду сіне́й внутрішньої брами — п'ятдеся́т ліктів.
16 ၁၆ အ​ခန်း​အား​လုံး​၏​အ​ပြင်​နံ​ရံ​တိုင်း၊ အ​တွင်း​နံ​ရံ​တိုင်း​တို့​၌​ပြူ​တင်း​ပေါက်​ငယ်​များ​ရှိ​၏။ လမ်း​ကြား​သို့​မျက်​နှာ​မူ​လျက်​နေ​သော​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထု​ထား​လေ​သည်။
І були вікна, широкі знадво́ру й вузькі в сере́дині, до вартіве́нь та до їхніх стовпів у сере́дині брами навко́ло, і так до сіне́й, і ві́кна навколо до сере́дини, а на стовпа́х ви́різьблені па́льми.
17 ၁၇ ထို​လူ​သည်​ငါ့​အား​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော်​အ​ပြင်​တံ​တိုင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍​ဆောက်​လုပ်​ထား​သော​အ​ခန်း​ပေါင်း​သုံး​ဆယ်​ရှိ​၏။ ထို​အ​ခန်း​များ​၏​ရှေ့​တွင်​ကျောက်​များ​ခင်း​ထား​သော​အ​ကွက်​ရှိ​လေ​သည်။ တံ​တိုင်း​အ​ပြင်​၏​မြေ​မျက်​နှာ​ပြင်​သည်​တံ​တိုင်း​အ​တွင်း​ရှိ​မြေ​မျက်​နှာ​ပြင်​ထက်​နိမ့်​၏။
І він впровадив мене до зо́внішнього подві́р'я. І ось комо́ри та підлога, викладена з каміння, зро́блена для подві́р'я навко́ло, тридцять комі́р на підлозі.
18 ၁၈
А ця підлога була позад брам, по довжині брам, до́лішня підло́га.
19 ၁၉ ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ရောက်​နိုင်​သော မြေ​မျက်​နှာ​ပြင်​မြင့်​သည့်​နေ​ရာ​တွင်​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​လူ​သည်​အ​တွင်း​မုခ်​ဦး​ပေါက်​နှင့်​အ​ပြင်​မုခ်​ဦး​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ တစ်​ရာ​ခြောက်​ဆယ့်​ရှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။
І зміряв він ширину́ від пе́реду до́лішньої брами до пе́реду вну́трішнього подві́р'я назо́вні, — сто ліктів, на схід та на пі́вніч.
20 ၂၀ ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ရှိ​ဝင်း​သို့​သွား​ရာ မြောက်​မုခ်​ပေါက်​လမ်း​ကို​တိုင်း​တာ​ကြည့်​၏။-
А та брама, що пе́ред її в напрямі на пі́вніч до зо́внішнього подвір'я, він зміряв довжину́ її та ширину́ її.
21 ၂၁ လမ်း​၏​ဝဲ​ယာ​သုံး​ခန်း​စီ​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ ထို​အ​ခန်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​နှင့်​အ​ဝင်​ခန်း​တို့​သည် အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​တူ​ညီ​၏။ ထို​လမ်း​သည်​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
І вартівні́ її три звідси й три звідти, і стовпи́ її, і сіни її були за мірою першої брами, п'ятдесят ліктів довжина́ її, а ширина́ — двадцять і п'ять на міру ліктем.
22 ၂၂ အ​ဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​နှင့်​ထွင်း​ထု​ထား​သည့်​စွန်​ပ​လွံ​ပင်​ပုံ​များ​သည်​လည်း​အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​တံ​ခါး​သို့​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ အ​စွန်း​ဆုံး​ရှိ​အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​လျက်​နေ​၏။-
А вікна її, і сіни її та ви́різьблені па́льми її — за мірою брами, що пе́ред її в напрямі на схід, а сімома́ схі́дцями входять у неї, а її сіни перед ними.
23 ၂၃ အ​ရှေ့​ဘက်​မှာ​ကဲ့​သို့​ပင်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​ဖြတ်​၍ ဤ​မြောက်​ဘက်​မုခ်​ပေါက်​နှင့်​တည့်​တည့်​၌​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ဝင်​ရန်​မုခ်​ပေါက်​တစ်​ခု​ရှိ​လေ​သည်။ ထို​သူ​သည်​မုခ်​ပေါက်​နှစ်​ခု​၏​အ​ကွာ​အ​ဝေး​ကို​တိုင်း​၍​ကြည့်​ရာ တစ်​ရာ​ခု​နစ်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။
І брама вну́трішнього подві́р'я навпро́ти брами на пі́вніч та на схід. І змі́ряв він від брами до брами — сто ліктів.
24 ၂၄ ထို​နောက်​ထို​သူ​သည်​ငါ့​အား​တောင်​မျက်​နှာ​သို့​ခေါ်​ဆောင်​သွား​ရာ ငါ​တို့​သည်​ထို​အ​ရပ်​တွင်​အခြား​မုခ်​ပေါက်​တစ်​ခု​ကို​မြင်​ရ​ကြ​၏။ သူ​သည်​ထို​မုခ်​ပေါက်​၏​အ​တွင်း​နံ​ရံ​နှင့်​အ​ဝင်​ခန်း​ကို​တိုင်း​တာ​ကြည့်​၏။ ယင်း​တို့​သည်​အ​ခြား​မုခ်​ပေါက်​နှင့်​အဆောင်​များ​နည်း​တူ​ပင်​ဖြစ်​၏။-
І він попрова́див мене в напрямі на пі́вдень, аж ось брама в напрямі на пі́вдень. І він зміряв стовпи́ її та сіни її за тими мі́рами.
25 ၂၅ ဤ​မုခ်​ပေါက်​မှ​အ​ခန်း​များ​တွင် အ​ခြား​မုခ်​ပေါက်​များ​မှ​အ​ဆောင်​များ​မှာ​ကဲ့​သို့​ပင်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ မုခ်​ပေါက်-သည်​စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
А в неї ві́кна та сіни її навко́ло, як ті ві́кна, п'ятдесят ліктів завдо́вжки, а завши́ршки — двадцять і п'ять ліктів.
26 ၂၆ ယင်း​ကို​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ ထို​မုခ်​ပေါက်​၏​အ​ဝင်​ခန်း​သည်​လည်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​၍​နေ​၏။ လမ်း​ကြား​ကို​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။-
А семеро схі́дців — вхід до неї, і сіни її перед ними, а ви́різьблені пальми її одна звідси, а одна звідти при стовпа́х її.
27 ၂၇ ဤ​အ​ရပ်​၌​လည်း​တံ​တိုင်း​အ​တွင်း​ဝင်း​သို့​ဝင်​ရာ​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​သူ​သည်​ဤ​မုခ်​ပေါက်​နှင့်​ပ​ထ​မ​မုခ်​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။
А брама вну́трішнього подві́р'я — у напрямі на пі́вдень, і він змі́ряв від брами до брами в напрямі на пі́вдень — сто ліктів.
28 ၂၈ ထို​သူ​သည်​တောင်​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-
І впрова́див мене до вну́трішнього подві́р'я півде́нною брамою, і зміряв південну браму за тими мірами.
29 ၂၉ ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
І вартівні́ її, і стовпи́ її, і сіни її за тими мірами, і вікна її, і в сі́нях її навколо — п'ятдесят ліктів завдо́вжки, а завши́ршки — двадцять і п'ять ліктів.
30 ၃၀
А сіни її навколо — завдо́вжки двадцять і п'ять ліктів, а завши́ршки п'ять ліктів.
31 ၃၁ ယင်း​တွင်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​နေ​သော​အ​ဝင်​ခန်း​ရှိ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​ထား​၏။ ဤ​မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
І сіни її при зо́внішньому подвір'ї, і пальми при стовпа́х її, а вісім сходів — її вхід.
32 ၃၂ ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-
І він упрова́див мене до вну́трішнього подвір'я в напрямі на схід, і зміряв брами за тими мірами.
33 ၃၃ ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
І вартівні́ її, і стовпи́ її, і сіни її за тими мі́рами, а в неї ві́кна та в її сі́нях навколо, завдо́вжки — п'ятдесят ліктів, а завши́ршки — двадцять і п'ять ліктів.
34 ၃၄ အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
А її сіни були до зо́внішнього подвір'я, а пальми її при її стовпа́х звідси й звідти, а вісім схі́дців — її вхід.
35 ၃၅ ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​ထို​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​ကြောင်း​တွေ့​ရ​၏။-
І впровадив мене до півні́чної брами, і зміряв тими мірами.
36 ၃၆ ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
Вартівні́ її, стовпи́ її, і її сі́ни та ві́кна в неї навколо, завдо́вжки — п'ятдесят ліктів, а завши́ршки — двадцять і п'ять ліктів.
37 ၃၇ အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ဆောင်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​၍​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
А стовпи́ її — до зо́внішнього подвір'я, а пальми — при стовпа́х її з цього й з того боку, а вісім сходів — її вхід.
38 ၃၈ တံ​တိုင်း​အ​ပြင်​ဝင်း​အ​တွင်း​၌​မြောက်​ဘက်​အ​တွင်း​မုခ်​ပေါက်​နှင့်​ကပ်​၍​တည်​ဆောက်​ထား​သော​တိုး​ချဲ့​ဆောင်​ရှိ​၏။ ထို​အ​ဆောက်​အ​အုံ​မှ​နေ​၍​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ဝင်​ခန်း​ကို​ဝင်​နိုင်​၏။ ဤ​အ​ဆောက်​အ​အုံ​သည်​တစ်​တောင်​လုံး​မီး​ရှို့​ပူ​ဇော်​မည့်​ယဇ်​ကောင်​များ​ကို​ဆေး​ကြော​ရာ​ဖြစ်​၏။-
І комо́ра, і її вхід — у стовпах брам, там поло́щуть цілопа́лення.
39 ၃၉ အ​ဝင်​ခန်း​၏​အ​တွင်း​၌​တစ်​ဖက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​၏။ တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရန်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​များ​အ​တွက်၊ တိ​ရစ္ဆာန်​များ​ကို​ဤ​စား​ပွဲ​များ​ပေါ်​တွင်​တင်​၍​သတ်​ရ​ကြ​၏။-
А в сі́нях брами — два столи́ звідси й два столи звідти, щоб різати на них цілопа́лення й жертви за гріх та жертви за провину.
40 ၄၀ အ​ခန်း​၏​အ​ပြင်​ဘက်​၌​လည်း​မြောက်​မုခ်​ပေါက်​တစ်​ဘက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​သဖြင့်​စု​စု​ပေါင်း​လေး​လုံး​ရှိ​၏။-
А при зо́внішньому боці, що підіймається до входу півні́чної брами, два столи, і при боці іншому, що при сі́нях брами, два столи.
41 ၄၁ သို့​ဖြစ်​၍​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​အ​ခန်း​ထဲ​၌​စား​ပွဲ​လေး​လုံး၊ အ​ပြင်​၌​လေး​လုံး၊ စု​စု​ပေါင်း​ရှစ်​လုံး​ရှိ​သ​တည်း။-
Чотири столи звідси й чотири столи звідти при боці брами, вісім столів, що на них ріжуть.
42 ၄၂ တိုး​ချဲ့​ဆောင်​တွင်​တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​ကို​ပြင်​ဆင်​ရန်​စား​ပွဲ​လေး​လုံး​မှာ​ကျောက်​ကို​ဆစ်​၍​ပြု​လုပ်​ထား​လေ​သည်။ ထို​စား​ပွဲ​များ​သည်​အ​လျား​တူ​အ​နံ​တူ​လက်​မ​သုံး​ဆယ်​စီ​ရှိ​၍ လက်​မ​နှစ်​ဆယ်​မြင့်​၏။ ယင်း​တို့​အ​ပေါ်​တွင်​ယဇ်​ကောင်​များ​ကို​သတ်​ရန်​ကိ​ရိ​ယာ​တန်​ဆာ​များ​ကို​တင်​ထား​၏။-
І чотири столи на цілопа́лення, камі́ння те́сане, завдо́вжки — лікоть один і пів, а завви́шки — один лікоть; на них кладуть знаря́ддя, що ними ріжуть цілопа́лення та жертву.
43 ၄၃ ထို​စား​ပွဲ​များ​တွင်​အ​ထူ​သုံး​လက်​မ​ရှိ​သော​အ​နား​ပတ်​များ​တပ်​ထား​၏။ ယဇ်​ပူ​ဇော်​ရန်​အ​သား​များ​ကို​ထို​စား​ပွဲ​များ​ပေါ်​တွင်​တင်​ထား​ရ​၏။
І гаки́, на одну доло́ню, були пригото́влені в домі навколо, а на столах — жерто́вне м'ясо.
44 ၄၄ ထို​နောက်​ထို​သူ​သည်​အ​တွင်း​ဝင်း​သို့​ငါ့​ကို​ခေါ်​ဆောင်​သွား​၏။ မြောက်​မုခ်​ပေါက်​၏​နံ​ဘေး​တံ​တိုင်း​အ​တွင်း​ဝင်း​၌​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။ တောင်​မုခ်​ပေါက်​၏​နံ​ဘေး​၌​လည်း​အ​လား​တူ​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။-
А назовні вну́трішньої брами були дві кімна́ті у внутрішньому подвір'ї, що при півні́чному боці брами, а їхній пе́ред — у напрямі на пі́вдень, одна при боці східньої брами, пе́ред її — у напрямі на пі́вніч.
45 ၄၅ ထို​လူ​က​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​သည် ဗိ​မာန်​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း၊-
І сказав він до мене: „Ця кімна́та, що пе́ред її в напрямі на пі́вдень, для священиків, що стережуть сторо́жу храму.
46 ၄၆ မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ခန်း​သည် ယဇ်​ပလ္လင်​ဆိုင်​ရာ​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း​ငါ့​အား​ပြော​ပြ​လေ​သည်။ ထို​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ဇာ​ဒုတ်​မှ​ဆင်း​သက်​လာ​သူ​လေ​ဝိ​အနွယ်​ဝင်​များ​ဖြစ်​ကြ​သည်။ သူ​တို့​သည်​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​သို့​ဝင်​၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခွင့်​ရ​ရှိ​ကြ​သ​တည်း။
А та кімна́та, що пе́ред її в напрямі на пі́вніч, для священиків, що вико́нують сторо́жу же́ртівника. Це Садо́кові сини, що з Левієвих синів наближуються до Господа, щоб служити Йому.
47 ၄၇ ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း​ကို​တိုင်း​တာ​ကြည့်​ရာ​အ​လျား​ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။ ဗိ​မာန်​တော်​သည်​အ​နောက်​ဘက်​တွင်​ရှိ​၍ ဗိ​မာန်​တော်​ရှေ့​၌​ယဇ်​ပလ္လင်​ရှိ​၏။-
І зміряв подві́р'я — завдо́вжки сто ліктів, і завши́ршки сто ліктів, чотирику́тнє, а же́ртівник був перед храмом.
48 ၄၈ ထို​နောက်​သူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မုခ်​ဦး​ပေါက်​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​အ​ဝင်​ဝ​ကို​တိုင်း​တာ​ကြည့်​ရာ​ထု​ရှစ်​လက်​မ၊ အ​နံ​နှစ်​ဆယ့်​လေး​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​ငါး​ပေ​စီ​ရှိ​ကြ​၏။-
І впровадив мене до сіней храму, і зміряв стовпа́ сіне́й, — п'ять ліктів звідси, і п'ять ліктів звідти, а ширина́ брами — три лікті звідси й три лікті звідти.
49 ၄၉ မုခ်​ဦး​ခန်း​သည်​အ​နံ​သုံး​ဆယ့်​လေး​ပေ၊ ထု​ပေ​နှစ်​ဆယ်​ရှိ​၍​ယင်း​ကို​လှေ​ကား​ထစ်​များ​ဖြင့်​တက်​ရ​၏။ မုခ်​ဦး​ပေါက်​တစ်​ဖက်​တစ်​ချက်​တွင်​တိုင်​တစ်​လုံး​စီ​ရှိ​သ​တည်း။
Довжина́ сіней двадцять ліктів, а завши́ршки — одинадцять ліктів, а десятьма́ сходами ходять до нього; а стовпи́ при стовпа́х, один звідси, а один звідти.

< ယေဇကျေလ 40 >