< ယေဇကျေလ 28 >

1 ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
यहोवा का यह वचन मेरे पास पहुँचा:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ သင်​သည်​မာန် မာ​န​ထောင်​လွှား​လျက်​မိ​မိ​ကိုယ်​ကို​ဘု​ရား ဟူ​၍​ပင်​လယ်​ဝိုင်း​ရံ​၍​နေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင် ဘု​ရား​ကဲ့​သို့​ထိုင်​လျက်​နေ​ရ​သည် ဟု​ဆို​လေ​သည်။ သင်​သည်​ဘု​ရား​နည်း​တူ ပ​ညာ​ရှိ​သည်​ဟု​ထင်​သော်​လည်း သင်​သည် ဘု​ရား​မ​ဟုတ်။ အ​မှန်​ပင်​မ​ဟုတ်။ လူ​သား မျှ​သာ​ဖြစ်​၏။-
“हे मनुष्य के सन्तान, सोर के प्रधान से कह, परमेश्वर यहोवा यह कहता है कि तूने मन में फूलकर यह कहा है, ‘मैं ईश्वर हूँ, मैं समुद्र के बीच परमेश्वर के आसन पर बैठा हूँ,’ परन्तु, यद्यपि तू अपने आपको परमेश्वर सा दिखाता है, तो भी तू ईश्वर नहीं, मनुष्य ही है।
3 မိ​မိ​ကိုယ်​ကို​ဒံ​ယေ​လ​ထက်​ပင်​ပ​ညာ​ရှိ သည်​ဟူ​၍ မိ​မိ​ထံ​မှ​အ​ဘယ်​အ​ရာ​မျှ လျှို့​ဝှက်​မ​ထား​နိုင်​ဟူ​၍​ထင်​မှတ်​၏။-
तू दानिय्येल से अधिक बुद्धिमान तो है; कोई भेद तुझ से छिपा न होगा;
4 သင်​သည်​အ​သိ​ပ​ညာ၊ အ​တတ်​ပညာ​ဖြင့် ရွှေ၊ ငွေ​ဘဏ္ဍာ​ပေါ​များ​ကြွယ်​ဝ​လာ​၏။-
तूने अपनी बुद्धि और समझ के द्वारा धन प्राप्त किया, और अपने भण्डारों में सोना-चाँदी रखा है;
5 ကုန်​သွယ်​မှု​တွင်​လည်း​ကျွမ်း​ကျင်​သည့် အ​တွက်​အ​မြတ်​အ​စွန်း​များ​ကို​ဆက်​ကာ ဆက်​ကာ​ရ​ရှိ​နေ​ခဲ့​၏။ သင်​သည်​မိ​မိ​၏ စည်း​စိမ်​ချမ်း​သာ​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ပါ သည်​တ​ကား။''
तूने बड़ी बुद्धि से लेन-देन किया जिससे तेरा धन बढ़ा, और धन के कारण तेरा मन फूल उठा है।
6 ``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား သင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​ကဲ့​သို့​ပ​ညာ​ရှိ​သည်​ဟု​ထင်​မှတ် သ​ဖြင့်၊-
इस कारण परमेश्वर यहोवा यह कहता है, तू जो अपना मन परमेश्वर सा दिखाता है,
7 ငါ​သည်​သ​နား​ညှာ​တာ​မှု​ကင်း​ခဲ့​သည့် တိုင်း​တစ်​ပါး​သား​တို့​အား သင့်​ကို​တိုက်​ခိုက် ရန်​ခေါ်​ဆောင်​ခဲ့​မည်။ အ​သိ​ပ​ညာ​နှင့်​အ​လှ အ​ပ​အား​ဖြင့် သင်​စု​ဆောင်း​ထား​သ​မျှ​သော ပစ္စည်း​ဥစ္စာ​တို့​ကို​သူ​တို့​သည်​ဖျက်​ဆီး​ပစ် ကြ​လိမ့်​မည်။-
इसलिए देख, मैं तुझ पर ऐसे परदेशियों से चढ़ाई कराऊँगा, जो सब जातियों से अधिक क्रूर हैं; वे अपनी तलवारें तेरी बुद्धि की शोभा पर चलाएँगे और तेरी चमक-दमक को बिगाड़ेंगे।
8 သင့်​ကို​လည်း​တွင်း​ထဲ​သို့​ဆွဲ​ချ​၍ ရေ​သင်္ချိုင်း တွင်​အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။-
वे तुझे कब्र में उतारेंगे, और तू समुद्र के बीच के मारे हुओं की रीति पर मर जाएगा।
9 သင့်​ကို​သတ်​မည့်​သူ​တို့​ရှေ့​တွင် သင်​သည် ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ဦး​မည်​လော။ သူ​တို့ သင့်​ကို​သတ်​ရန်​လာ​ကြ​သော​အ​ခါ သင်​သည် ဘု​ရား​မ​ဟုတ်​တော့​ဘဲ​လူ​သား​မျှ​သာ​ဖြစ် ရ​ပေ​တော့​အံ့။-
तब, क्या तू अपने घात करनेवाले के सामने कहता रहेगा, ‘मैं परमेश्वर हूँ?’ तू अपने घायल करनेवाले के हाथ में ईश्वर नहीं, मनुष्य ही ठहरेगा।
10 ၁၀ သင်​သည်​လူ​မျိုး​ခြား​တို့​၏​လက်​တွင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သေး​သူ​ကဲ့​သို့ သေ ရ​ပေ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။
१०तू परदेशियों के हाथ से खतनाहीन लोगों के समान मारा जाएगा; क्योंकि मैं ही ने ऐसा कहा है, परमेश्वर यहोवा की यह वाणी है।”
11 ၁၁ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
११फिर यहोवा का यह वचन मेरे पास पहुँचा:
12 ၁၂ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် တွေ့​ကြုံ​ရ​မည့်​ကံ​ကြမ္မာ​အ​တွက်​ဝမ်း​နည်း ပူ​ဆွေး​လော့။ ငါ​အ​ရှင်​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သူ့​အား​ဆင့်​ဆို​ရ​မည် မှာ​သင်​သည်​အ​ခါ​တစ်​ပါး​က​ခြောက်​ပြစ် ကင်း​စံ​တင်​ထိုက်​သူ​ဖြစ်​ခဲ့​ဖူး​၏။ သင်​သည် အ​လွန်​ပ​ညာ​ရှိ​၍​အ​ဆင်း​လှ​သူ​ဖြစ်​ခဲ့ ပါ​သည်​တ​ကား။-
१२“हे मनुष्य के सन्तान, सोर के राजा के विषय में विलाप का गीत बनाकर उससे कह, परमेश्वर यहोवा यह कहता है: तू तो उत्तम से भी उत्तम है; तू बुद्धि से भरपूर और सर्वांग सुन्दर है।
13 ၁၃ ဘု​ရား​သခင်​၏​ဥ​ယျာဉ်​တော်​ဧ​ဒင်​၌​စံ​ပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥ​ဿ​ဖ​ရား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ဂေါ်​မုတ်​အ​စ​ရှိ​သော ကျောက်​မျက်​ရ​တ​နာ​အ​မျိုး​မျိုး​တို့​ကို ဝတ်​စား​ဆင်​ယင်​ရ​၏။ သင်​၏​ဝတ်​စား​တန် ဆာ​များ​သည်​ရွှေ​ဖြင့်​ပြီး​၏။ ထို​ဝတ်​စား တန်​ဆာ​တို့​ကို​သင်​မွေး​ဖွား​သည့်​နေ့​၌​ပင် လျှင်​သင်​၏​အ​တွက်​ပြု​လုပ်​ခဲ့​၏။-
१३तू परमेश्वर की अदन नामक बारी में था; तेरे पास आभूषण, माणिक्य, पुखराज, हीरा, फीरोजा, सुलैमानी मणि, यशब, नीलमणि, मरकत, और लाल सब भाँति के मणि और सोने के पहरावे थे; तेरे डफ और बाँसुलियाँ तुझी में बनाई गई थीं; जिस दिन तू सिरजा गया था; उस दिन वे भी तैयार की गई थीं।
14 ၁၄ ငါ​သည်​သင့်​ကို​အ​စောင့်​ကောင်း​ကင်​တ​မန် တစ်​ပါး​အ​ဖြစ်​ဘိ​သိက်​ပေး​၏။ သင်​သည် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော် ပေါ်​တွင်​နေ​၍ အ​ရောင်​လက်​သော​ကျောက် မျက်​ရ​တ​နာ​များ​အ​လယ်​တွင်​သွား​လာ ရ​၏။-
१४तू सुरक्षा करनेवाला अभिषिक्त करूब था, मैंने तुझे ऐसा ठहराया कि तू परमेश्वर के पवित्र पर्वत पर रहता था; तू आग सरीखे चमकनेवाले मणियों के बीच चलता फिरता था।
15 ၁၅ သင်​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ဒု​စ​ရိုက် ကို​စ​တင်​ပြု​ကျင့်​ချိန်​အ​ထိ သင်​၏​အ​ပြု အ​မူ​များ​သည်​အ​ဘယ်​သို့​မျှ​အ​ပြစ်​ဆို စ​ရာ​မ​ရှိ။-
१५जिस दिन से तू सिरजा गया, और जिस दिन तक तुझ में कुटिलता न पाई गई, उस समय तक तू अपनी सारी चाल चलन में निर्दोष रहा।
16 ၁၆ သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​မှု​များ​ပြား သည့်​အ​တွက် အ​ကြမ်း​ဖက်​မှု​နှင့်​အ​ပြစ်​ကူး လွန်​မှု​များ​ကို​ပြု​ကျင့်​လာ​လေ​သည်။ သို့ ဖြစ်​၍​ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော တောင်​ပေါ်​မှ​သင့်​ကို​ထွက်​စေ​ခဲ့​၏။ အို အ​စောင့် ကောင်း​ကင်​တ​မန်၊ အ​ရောင်​လက်​လျက်​နေ သည့်​ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ရာ​မှ သင့်​ကို​ငါ​နှင်​ထုတ်​ခဲ့​၏။-
१६परन्तु लेन-देन की बहुतायत के कारण तू उपद्रव से भरकर पापी हो गया; इसी से मैंने तुझे अपवित्र जानकर परमेश्वर के पर्वत पर से उतारा, और हे सुरक्षा करनेवाले करूब मैंने तुझे आग सरीखे चमकनेवाले मणियों के बीच से नाश किया है।
17 ၁၇ သင်​သည်​မိ​မိ​၏​အ​ဆင်း​ကြောင့်​ဂုဏ်​ယူ​ဝါ ကြွား​ကာ မိ​မိ​၏​ဂုဏ်​သ​တင်း​ကြောင့်​လူ​မိုက် ကဲ့​သို့​ပြု​၏။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို​မြေ တိုင်​အောင်​နှိမ့်​ချ​၍ အ​ခြား​ဘု​ရင်​များ​အား သ​တိ​ပေး​သည့်​စံ​န​မူ​နာ​ဖြစ်​စေ​မည်။-
१७सुन्दरता के कारण तेरा मन फूल उठा था; और वैभव के कारण तेरी बुद्धि बिगड़ गई थी। मैंने तुझे भूमि पर पटक दिया; और राजाओं के सामने तुझे रखा कि वे तुझको देखें।
18 ၁၈ သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။-
१८तेरे अधर्म के कामों की बहुतायत से और तेरे लेन-देन की कुटिलता से तेरे पवित्रस्थान अपवित्र हो गए; इसलिए मैंने तुझ में से ऐसी आग उत्पन्न की जिससे तू भस्म हुआ, और मैंने तुझे सब देखनेवालों के सामने भूमि पर भस्म कर डाला है।
19 ၁၉ သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
१९देश-देश के लोगों में से जितने तुझे जानते हैं सब तेरे कारण विस्मित हुए; तू भय का कारण हुआ है और फिर कभी पाया न जाएगा।”
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
२०यहोवा का यह वचन मेरे पास पहुँचा:
21 ၂၁ ``အ​ချင်း​လူ​သား​ဇိ​ဒုန်​မြို့​ဘက်​သို့​လှည့်​၍ ထို​မြို့​ကို​ရှုတ်​ချ​လော့။-
२१“हे मनुष्य के सन्तान, अपना मुख सीदोन की ओर करके उसके विरुद्ध भविष्यद्वाणी कर,
22 ၂၂ ထို​မြို့​ရှိ​လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဇိ​ဒုန် မြို့၊ ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ကို​ငါ ပြု​သည့်​အ​မှု​အ​တွက်​လူ​တို့​သည် ငါ့​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​သင်​၏ လူ​တို့​အား​အ​ပြစ်​ဒဏ်​ပေး​၍ ငါ​၏​သန့်​ရှင်း မြင့်​မြတ်​မှု​ကို​ပြ​သော​အ​ခါ​ငါ​သည်​ထာ ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်။-
२२और कह, प्रभु यहोवा यह कहता है: हे सीदोन, मैं तेरे विरुद्ध हूँ; मैं तेरे बीच अपनी महिमा कराऊँगा। जब मैं उसके बीच दण्ड दूँगा और उसमें अपने को पवित्र ठहराऊँगा, तब लोग जान लेंगे कि मैं यहोवा हूँ।
23 ၂၃ ငါ​သည်​သင်​၏​ထံ​သို့​ကပ်​ရော​ဂါ​များ​ကို စေ​လွှတ်​မည်။ သင်​၏​လမ်း​များ​တွင်​သွေး​ချောင်း စီး​စေ​မည်။ သင်​သည်​ဝိုင်း​ရံ​တိုက်​ခိုက်​ခြင်း ကို​ခံ​ရ​၍ သင်​၏​လူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
२३मैं उसमें मरी फैलाऊँगा, और उसकी सड़कों में लहू बहाऊँगा; और उसके चारों ओर तलवार चलेगी; तब उसके बीच घायल लोग गिरेंगे, और वे जान लेंगे कि मैं यहोवा हूँ।
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မ​ထီ​မဲ့​မြင်​ပြု​သော​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး တို့​သည် နောက်​တစ်​ဖန်​နာ​ကျင်​စွာ​စူး​သော​ငြောင့် သ​ဖွယ်​မ​ဖြစ်​ရ။ ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
२४“इस्राएल के घराने के चारों ओर की जितनी जातियाँ उनके साथ अभिमान का बर्ताव करती हैं, उनमें से कोई उनका चुभनेवाला काँटा या बेधनेवाला शूल फिर न ठहरेगी; तब वे जान लेंगी कि मैं परमेश्वर यहोवा हूँ।
25 ၂၅ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ကွဲ​လွင့်​လျက် နေ​ရာ​နိုင်​ငံ​များ​မှ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တစ်​ဖန်​ပြန်​၍​ငါ​စု​သိမ်း​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုယ် ပိုင်​ပြည်၊ ငါ​၏​အ​စေ​ခံ​ယာ​ကုပ်​အား​ငါ ပေး​အပ်​သည့်​ပြည်​၌​နေ​ရ​ကြ​လိမ့်​မည်။-
२५“परमेश्वर यहोवा यह कहता है, जब मैं इस्राएल के घराने को उन सब लोगों में से इकट्ठा करूँगा, जिनके बीच वे तितर-बितर हुए हैं, और देश-देश के लोगों के सामने उनके द्वारा पवित्र ठहरूँगा, तब वे उस देश में वास करेंगे जो मैंने अपने दास याकूब को दिया था।
26 ၂၆ သူ​တို့​သည်​ထို​အ​ရပ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ရ​ကြ​လိမ့်​မည်။ အိမ်​များ​ကို​ဆောက်​၍ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​လိမ့်​မည်။ သူ​တို့​အား​မ​ထီ​မဲ့​မြင်​ပြု​ခဲ့​သူ​အိမ်​နီး ချင်း​အ​ပေါင်း​တို့​အား​ငါ​ဒဏ်​ပေး​သော အ​ခါ​ဘေး​မဲ့​လုံ​ခြုံ​လိမ့်​မည်။ ဣ​သ​ရေ​လ ပြည်​သည်​ဘေး​ကင်း​၍​နေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
२६वे उसमें निडर बसे रहेंगे; वे घर बनाकर और दाख की बारियाँ लगाकर निडर रहेंगे; तब मैं उनके चारों ओर के सब लोगों को दण्ड दूँगा जो उनसे अभिमान का बर्ताव करते हैं, तब वे जान लेंगे कि उनका परमेश्वर यहोवा ही है।”

< ယေဇကျေလ 28 >