< ထွက်မြောက်ရာ 23 >

1 ``သင်​တို့​သည်​မ​ဟုတ်​မ​မှန်​သော​သ​တင်း ကို​မ​လွှင့်​နှင့်။ အ​ပြစ်​ကူး​လွန်​သူ​ဘက်​မှ မ​တ​ရား​သက်​သေ​မ​ခံ​နှင့်။-
Nie będziesz rozgłaszał fałszywych wieści. Nie wchodź w spółkę z bezbożnym, by być fałszywym świadkiem.
2 လူ​များ​စု​နောက်​သို့​လိုက်​၍​မ​တ​ရား​သ​ဖြင့် မ​ပြု​နှင့်။ လူ​များ​စု​နောက်​သို့​လိုက်​၍​တ​ရား မျှ​တ​မှု​ကို​ဖောက်​ပြန်​စေ​ရန်​မ​တ​ရား​သော သက်​သေ​ကို​လည်း​မ​ခံ​နှင့်။-
Nie idź za większością, aby wyrządzić zło, i nie zeznawaj w sprawie, ulegając [zdaniu] większości, by naginać [sąd].
3 အ​မှု​စစ်​ဆေး​ရာ​၌​ဆင်း​ရဲ​သည့်​အ​ကြောင်း​ကို ထောက်​၍ ဆင်း​ရဲ​သား​ဘက်​မှ​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။
I nie okazuj przychylności ubogiemu w jego sprawie.
4 ``သင့်​ရန်​သူ​၏​နွား​သို့​မ​ဟုတ်​မြည်း​သည် အုပ်​မှ ကွဲ​နေ​သည်​ကို​တွေ့​လျှင်​သူ့​ထံ​သို့​ပြန်​ပို့​ရ မည်။-
Jeśli napotkasz błądzącego wołu swego wroga lub jego osła, musisz odprowadzić go do niego.
5 သူ​၏​မြည်း​သည်​ဝန်​ပိ​၍​လဲ​နေ​လျှင်​လွှဲ​ရှောင် မ​သွား​ဘဲ​မြည်း​ကို​ဝိုင်း​၍​ထူ​ပေး​ရ​မည်။
Jeśli zobaczysz, że osioł tego, który cię nienawidzi, leży pod swoim ciężarem, nie odmówisz mu pomocy. Owszem, masz mu z nim pomóc.
6 ``ဆင်း​ရဲ​သော​သူ​သည်​ရုံး​၌​တ​ရား​ဆိုင်​ရ သော​အ​ခါ သူ့​အား​တ​ရား​သ​ဖြင့်​စီ​ရင်​လော့။-
Nie naginaj sądu twego ubogiego w jego sprawie.
7 လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။-
Trzymaj się z dala od nieuczciwej sprawy. Nie zabijaj niewinnego i sprawiedliwego, bo nie usprawiedliwię bezbożnego.
8 တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။
Nie będziesz też brać darów, ponieważ dar zaślepia mądrych i wypacza słowa sprawiedliwych.
9 ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နှင့် နေ​ထိုင်​ခဲ့​ဖူး​၍​ဧည့်​သည်​၏​ခံ​စား​ချက်​ကို သိ​သည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​ပြည်​တွင် ဧည့်​သည်​ဖြစ်​သော​အ​ခြား​အ​မျိုး​သား​တို့ ကို​မ​ညှဉ်း​ဆဲ​နှင့်။
Nie uciskaj również przybysza, bo sami wiecie, jak się czuje przybysz, gdyż byliście przybyszami w ziemi Egiptu.
10 ၁၀ ``သင်​တို့​သည်​ခြောက်​နှစ်​ပတ်​လုံး​ထွန်​ယက် စိုက်​ပျိုး​၍ ထွက်​သ​မျှ​သီး​နှံ​ကို​စု​သိမ်း​ရ မည်။-
Przez sześć lat będziesz obsiewał swoją ziemię i zbierał jej plony;
11 ၁၁ သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။
A w siódmym [roku] zostawisz ją odłogiem, żeby odpoczęła, aby jedli ubodzy twego ludu, a co zostanie po nich, zjedzą zwierzęta polne. Tak też postąpisz ze swoją winnicą i swoim sadem oliwnym.
12 ၁၂ ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။
Przez sześć dni będziesz wykonywać swoją pracę, ale siódmego dnia odpoczniesz, aby odpoczął twój wół i twój osioł i [żeby] odetchnął syn twojej niewolnicy i przybysz.
13 ၁၃ ``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။
A we wszystkim, co wam powiedziałem, bądźcie ostrożni. Nie wspominajcie też imienia obcych bogów, niech nie będzie słyszane z twoich ust.
14 ၁၄ ``သင်​တို့​သည်​ငါ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် ပွဲ​ကို​တစ်​နှစ်​လျှင်​သုံး​ကြိမ်​ကျင်း​ပ​ရ​မည်။-
Trzy razy w roku będziesz obchodzić dla mnie święto.
15 ၁၅ တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။
Będziesz obchodzić Święto Przaśników. Siedem dni będziesz jeść przaśniki, jak ci nakazałem, w miesiącu Abib, bo w nim wyszedłeś z Egiptu. Nie pokażecie się przede mną z pustymi rękami.
16 ၁၆ ``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-
I Święto Żniw, pierwocin twojej pracy, tego, co posiałeś na polu. I także Święto Zbiorów pod koniec roku, gdy zbierzesz z pola [owoce] swojej pracy.
17 ၁၇ နှစ်​စဉ်​ဤ​ပွဲ​သုံး​ကြိမ်​ကျင်း​ပ​စဉ်​တွင်​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ရ​မည်။
Trzy razy w roku wszyscy twoi mężczyźni mają się pokazać przed Panem BOGIEM.
18 ၁၈ ``ငါ့​အား​ယဇ်​ကောင်​ပူ​ဇော်​သော​အ​ခါ တ​ဆေး ပါ​သော​မုန့်​နှင့်​မ​ပူ​ဇော်​ရ။ ဤ​ပွဲ​တော်​များ​တွင် ငါ့​အား​ပူ​ဇော်​သော​ယဇ်​ကောင်​၏​အ​ဆီ​ကို နောက် တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း​ကျန်​စေ​ရ။
Nie będziesz ofiarował krwi mojej ofiary z chlebem kwaszonym, a tłuszcz mojej ofiary nie zostanie przez noc aż do poranka.
19 ၁၉ ``နှစ်​စဉ်​သင်​တို့​၏​လယ်​များ​မှ အ​စ​ဦး​ဆုံး​ရိတ် သိမ်း​ရ​သော​သီး​နှံ​များ​ကို သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​ယူ​ဆောင်​လှူ​ဒါန်း ရ​မည်။ ``သိုး​ငယ်​သို့​မ​ဟုတ်​ဆိတ်​ငယ်​ကို အ​မိ​နို့​ရည်​နှင့်​မ​ချက်​မ​ပြုတ်​ရ။
Przyniesiesz do domu PANA, twego Boga, pierwociny z pierwszych plonów swojej ziemi. Nie będziesz gotował koźlęcia w mleku jego matki.
20 ၂၀ ``ခ​ရီး​လမ်း​တွင်​သင်​တို့​အား​စောင့်​ရှောက်​ရန်​နှင့် ငါ​ပြင်​ဆင်​သော​အ​ရပ်​သို့ သင်​တို့​ကို​ပို့​ဆောင်​ရန် သင်​တို့​ရှေ့​က​ကောင်း​ကင်​တ​မန်​ကို​ငါ​စေ​လွှတ် မည်။-
Oto posyłam Anioła przed tobą, aby cię strzegł w drodze i doprowadził do miejsca, które przygotowałem.
21 ၂၁ သူ့​ကို​ရို​သေ​လေး​စား​၍​သူ့​စ​ကား​ကို​နား​ထောင် လော့။ သူ့​ကို​ငါ​စေ​လွှတ်​သော​ကြောင့်​သူ့​ကို​မ​ပုန် ကန်​နှင့်။ သူ​သည်​ထို​သို့​သော​ပုန်​ကန်​မှု​ကို​ခွင့် လွှတ်​လိမ့်​မည်​မ​ဟုတ်။-
Zważaj na niego i słuchaj jego głosu; nie pobudzaj go do gniewu, bo nie przebaczy waszych przestępstw, gdyż moje imię jest w nim.
22 ၂၂ သို့​ရာ​တွင်​သင်​တို့​သည်​သူ့​စ​ကား​ကို​နား ထောင်​၍ ငါ​မိန့်​မှာ​သ​မျှ​အ​တိုင်း​ပြု​လုပ်​လျှင် ငါ​သည်​သင်​တို့​၏​ရန်​သူ​အ​ပေါင်း​ကို​တိုက် ခိုက်​၍ သင့်​အား​ဆန့်​ကျင်​သူ​အ​ပေါင်း​ကို ဆန့်​ကျင်​မည်။-
Bo jeśli będziesz pilnie słuchać jego głosu i uczynisz wszystko, co powiem, będę wrogiem twoich wrogów i będę dręczyć tych, którzy cię dręczyli.
23 ၂၃ ငါ​၏​ကောင်း​ကင်​တ​မန်​သည်​သင်​တို့​ရှေ့​က သွား​၍ အာ​မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​လိမ့်​မည်။ ထို​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ငါ​သုတ်​သင်​ဖျက်​ဆီး မည်။-
Mój Anioł bowiem pójdzie przed tobą i wprowadzi cię do Amorytów, Chetytów, Peryzzytów, Kananejczyków, Chiwwitów i Jebusytów, i wytracę ich.
24 ၂၄ သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-
Nie będziesz oddawał pokłonu ich bogom ani nie będziesz im służył, ani nie postępuj według ich czynów, ale do gruntu zburz ich i doszczętnie pokrusz ich posągi.
25 ၂၅ သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​လျှင် ငါ​သည်​သင်​တို့​အား ဝ​လင်​စွာ​စား​သောက်​ရ​စေ​မည်။ အ​နာ​ရော​ဂါ တို့​မှ​လည်း​ကင်း​ရှင်း​စေ​မည်။-
Będziecie służyć PANU, waszemu Bogu, a on będzie błogosławić twój chleb i twoją wodę; i oddalę od ciebie chorobę.
26 ၂၆ သင်​တို့​၏​ပြည်​တွင်​ကိုယ်​ဝန်​ပျက်​သော​မိန်း​မ၊ မြုံ​သော​မိန်း​မ​ဟူ​၍​မ​ရှိ​စေ​ရ။ သင်​တို့​အား အ​သက်​ရှည်​စေ​မည်။
Nie będzie w twojej ziemi roniącej ani niepłodnej. Dopełnię liczbę twoich dni.
27 ၂၇ ``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-
Poślę mój strach przed tobą i strwożę wszelki lud, przeciw któremu pójdziesz, i sprawię, że wszyscy twoi wrogowie uciekną przed tobą.
28 ၂၈ ဟိ​ဝိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​တ​ကြား​ဖြစ် ၍​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-
Poślę też przed tobą szerszenie, które wypędzą Chiwwitów, Kananejczyków i Chetytów sprzed twego oblicza.
29 ၂၉ ငါ​သည်​ထို​လူ​မျိုး​အား​လုံး​တို့​ကို​တစ်​နှစ် အ​တွင်း​မောင်း​ထုတ်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို သို့​ပြု​မူ​ပါ​မူ တိုင်း​ပြည်​တွင်​လူ​သူ​ကင်း​မဲ့​၍ သား​ရဲ​များ​မင်း​မူ​သ​ဖြင့်​သင်​တို့​အား​အန္တရာယ် ဖြစ်​စေ​မည်။-
Nie wypędzę ich sprzed twojego oblicza w jednym roku, by ziemia nie zmieniła się w pustynię i nie namnożył się przeciwko tobie dziki zwierz.
30 ၃၀ သင်​တို့​သည်​တိုင်း​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ရန်​လူ​ဦး ရေ​တိုး​ပွား​လာ​သည်​အ​ထိ ငါ​သည်​သူ​တို့​ကို တစ်​စ​တစ်​စ​မောင်း​ထုတ်​မည်။-
Pomału będę ich wypędzał sprzed twego oblicza, aż się rozmnożysz i posiądziesz ziemię.
31 ၃၁ ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-
A ustanowię twoje granice od Morza Czerwonego aż do Morza Filistynów, od pustyni aż do rzeki. Oddam bowiem w wasze ręce mieszkańców tej ziemi, a ty wypędzisz ich sprzed twego oblicza.
32 ၃၂ သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့် သော်​လည်း​ကောင်း သင်​တို့​သည်​မည်​သည့်​ပ​ဋိ ညာဉ်​ကို​မျှ​မ​ပြု​လုပ်​ရ။-
Nie zawrzesz przymierza z nimi ani z ich bogami.
33 ၃၃ သင်​တို့​၏​ပြည်​တွင်​သူ​တို့​ကို​နေ​ထိုင်​ခွင့်​မ​ပေး နှင့်။ သူ​တို့​အား​နေ​ထိုင်​ခွင့်​ပေး​လျှင် သူ​တို့​သည် သင်​တို့​ကို​ငါ့​အား​ပြစ်​မှား​စေ​လိမ့်​မည်။ သင် တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ကိုး​ကွယ် ပါ​က အ​မှန်​ပင်​ပျက်​စီး​ဆုံး​ရှုံး​စေ​မည့် ထောင်​ချောက်​ထဲ​သို့​ကျ​ရောက်​ကြ​လိမ့်​မည်။''
Nie wolno im mieszkać w twojej ziemi, by cię nie doprowadzili do grzechu przeciwko mnie. Jeśli bowiem będziesz służył ich bogom, będzie to dla ciebie sidłem.

< ထွက်မြောက်ရာ 23 >