< ထွက်မြောက်ရာ 17 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သိန် ဟု​ခေါ်​သော​တော​ကန္တာ​ရ​မှ​ထွက်​၍ စ​ခန်း တစ်​ထောက်​ပြီး​တစ်​ထောက်​နား​လျက်​ခ​ရီး သွား​ကြ​၏။ သူ​တို့​သည်​ရေ​ဖိ​ဒိမ်​အ​ရပ်​သို့ ရောက်​၍​စ​ခန်း​ချ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ရပ်​၌​သောက်​စ​ရာ​ရေ​မ​ရှိ။-
फिर इस्राएलियों की सारी मण्डली सीन नामक जंगल से निकल चली, और यहोवा के आज्ञानुसार कूच करके रपीदीम में अपने डेरे खड़े किए; और वहाँ उन लोगों को पीने का पानी न मिला।
2 ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​အား``အ​ကျွန်ုပ် တို့​သောက်​စ​ရာ​ရေ​ပေး​ပါ'' ဟု​ညည်း​ညူ တောင်း​ဆို​ကြ​၏။ မော​ရှေ​က``အ​ဘယ်​ကြောင့်​ညည်း​ညူ​ကြ သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း'' ဟု​ပြန်​၍​ပြော​လေ​၏။
इसलिए वे मूसा से वाद-विवाद करके कहने लगे, “हमें पीने का पानी दे।” मूसा ने उनसे कहा, “तुम मुझसे क्यों वाद-विवाद करते हो? और यहोवा की परीक्षा क्यों करते हो?”
3 သို့​ရာ​တွင်​လူ​တို့​သည်​အ​လွန်​ရေ​ငတ်​သ​ဖြင့် မော​ရှေ​အား​ညည်း​ညူ​လျက်``အ​ကျွန်ုပ်​တို့​နှင့် အ​ကျွန်ုပ်​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ ကို​ရေ​ငတ်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့်​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပါ​သ​နည်း'' ဟု​ဆို ကြ​၏။
फिर वहाँ लोगों को पानी की प्यास लगी तब वे यह कहकर मूसा पर बुड़बुड़ाने लगे, “तू हमें बाल-बच्चों और पशुओं समेत प्यासा मार डालने के लिये मिस्र से क्यों ले आया है?”
4 ထို​အ​ခါ​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား ကို``အ​ကျွန်ုပ်​သည်​ဤ​လူ​တို့​အ​တွက်​မည်​ကဲ့ သို့​ဖြေ​ရှင်း​ပေး​ရ​ပါ​မည်​နည်း။ သူ​တို့​သည် မ​ကြာ​မီ​အ​ကျွန်ုပ်​အား​ခဲ​နှင့်​ပစ်​သတ်​ကြ ပါ​လိမ့်​မည်'' ဟု​တောင်း​ပန်​လျှောက်​ထား လေ​၏။
तब मूसा ने यहोवा की दुहाई दी, और कहा, “इन लोगों से मैं क्या करूँ? ये सब मुझे पथरवाह करने को तैयार हैं।”
5 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို``သင်​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့​တို့​သည် လူ​အ​ပေါင်း​တို့​ကို​ဦး​ဆောင်​၍​ရှေ့​သို့​သွား လော့။ နိုင်းမြစ်​ကို​ရိုက်​သော​တောင်​ဝှေး​ကို​ယူ ၍​သွား​လော့။-
यहोवा ने मूसा से कहा, “इस्राएल के वृद्ध लोगों में से कुछ को अपने साथ ले ले; और जिस लाठी से तूने नील नदी पर मारा था, उसे अपने हाथ में लेकर लोगों के आगे बढ़ चल।
6 သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။
देख मैं तेरे आगे चलकर होरेब पहाड़ की एक चट्टान पर खड़ा रहूँगा; और तू उस चट्टान पर मारना, तब उसमें से पानी निकलेगा जिससे ये लोग पीएँ।” तब मूसा ने इस्राएल के वृद्ध लोगों के देखते वैसा ही किया।
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။
और मूसा ने उस स्थान का नाम मस्सा और मरीबा रखा, क्योंकि इस्राएलियों ने वहाँ वाद-विवाद किया था, और यहोवा की परीक्षा यह कहकर की, “क्या यहोवा हमारे बीच है या नहीं?”
8 အာ​မ​လက်​အ​မျိုး​သား​တို့​သည် ရေ​ဖိ​ဒိမ် အ​ရပ်​သို့​လာ​ရောက်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ကြ​၏။-
तब अमालेकी आकर रपीदीम में इस्राएलियों से लड़ने लगे।
9 မော​ရှေ​က​ယော​ရှု​အား``သင်​သည်​နက်​ဖြန်​နေ့ တွင်​အာ​မ​လက်​အ​မျိုး​သား​တို့​ကို​စစ်​ချီ တိုက်​ခိုက်​ရန်​လူ​အ​ချို့​ကို​ရွေး​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အပ်​နှင်း​ထား​တော်​မူ​သော တောင်​ဝှေး​ကို​ကိုင်​လျက် တောင်​ထိပ်​ပေါ်​တွင် ရပ်​နေ​မည်'' ဟု​ဆို​၏။-
तब मूसा ने यहोशू से कहा, “हमारे लिये कई एक पुरुषों को चुनकर छाँट ले, और बाहर जाकर अमालेकियों से लड़; और मैं कल परमेश्वर की लाठी हाथ में लिये हुए पहाड़ी की चोटी पर खड़ा रहूँगा।”
10 ၁၀ ယော​ရှု​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​ရန် စစ်​ချီ​သွား​နေ​စဉ်​မော​ရှေ၊ အာ​ရုန်​နှင့်​ဟု​ရ တို့​သည်​တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။-
१०मूसा की इस आज्ञा के अनुसार यहोशू अमालेकियों से लड़ने लगा; और मूसा, हारून, और हूर पहाड़ी की चोटी पर चढ़ गए।
11 ၁၁ မော​ရှေ​သည်​မိ​မိ​၏​လက်​များ​ကို​မြှောက်​ထား သည့်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက် က​စစ်​ရေး​သာ​၏။ သူ​၏​လက်​များ​ကို​ချ​သည့် အ​ခါ​အာ​မ​လက်​အ​မျိုး​သား​တို့​ဘက်​က စစ်​ရေး​သာ​၏။-
११और जब तक मूसा अपना हाथ उठाए रहता था तब तक तो इस्राएल प्रबल होता था; परन्तु जब जब वह उसे नीचे करता तब-तब अमालेक प्रबल होता था।
12 ၁၂ မော​ရှေ​၏​လက်​များ​ညောင်း​လာ​သော​အ​ခါ အာ​ရုန်​နှင့်​ဟု​ရ​တို့​သည် မော​ရှေ​အား​ကျောက် တုံး​တစ်​ခု​ပေါ်​တွင်​ထိုင်​စေ​ပြီး​လျှင် တစ်​ဘက် စီ​၌​ရပ်​လျက်​မော​ရှေ​၏​လက်​များ​ကို​ချီ​ပင့် ထား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​မော​ရှေ​၏ လက်​များ​ကို​နေ​ဝင်​သည့်​တိုင်​အောင်​ချီ​ပင့် ထား​ကြ​သည်​ဖြစ်​ရာ၊-
१२और जब मूसा के हाथ भर गए, तब उन्होंने एक पत्थर लेकर मूसा के नीचे रख दिया, और वह उस पर बैठ गया, और हारून और हूर एक-एक ओर में उसके हाथों को सम्भाले रहे; और उसके हाथ सूर्यास्त तक स्थिर रहे।
13 ၁၃ ယော​ရှု​သည်​အာ​မ​လက်​တပ်​ကို​အောင်​မြင် ချေ​မှုန်း​ခဲ့​လေ​၏။
१३और यहोशू ने अनुचरों समेत अमालेकियों को तलवार के बल से हरा दिया।
14 ၁၄ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ အောင်​ပွဲ​အ​ကြောင်း​ကို​အ​မှတ်​တ​ရ​ဖြစ်​စေ ရန် ရေး​၍​မှတ်​တမ်း​တင်​လော့။ ငါ​သည်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ်​မည် ဖြစ်​ကြောင်း​ယော​ရှု​အား​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။-
१४तब यहोवा ने मूसा से कहा, “स्मरणार्थ इस बात को पुस्तक में लिख ले और यहोशू को सुना दे कि मैं आकाश के नीचे से अमालेक का स्मरण भी पूरी रीति से मिटा डालूँगा।”
15 ၁၅ မော​ရှေ​သည်​ယဇ်​ပလ္လင်​ကို​တည်​၍``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​အ​လံ​ဖြစ်​၏'' ဟု​နာ​မည် မှည့်​လေ​၏။-
१५तब मूसा ने एक वेदी बनाकर उसका नाम ‘यहोवा निस्सी’ रखा;
16 ၁၆ ထို​နောက်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​၏​အ​လံ တော်​ကို​မြှောက်​ထား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​မ​လက်​အ​မျိုး​သား​တို့​အား​ထာ​ဝ​စဉ် တိုက်​ခိုက်​တော်​မူ​မည်'' ဟု​ဆို​လေ​၏။
१६और कहा, “यहोवा ने शपथ खाई है कि यहोवा अमालेकियों से पीढ़ियों तक लड़ाई करता रहेगा।”

< ထွက်မြောက်ရာ 17 >