< ထွက်မြောက်ရာ 1 >

1 အီ​ဂျစ်​ပြည်​သို့​ယာ​ကုပ်​နှင့်​အ​တူ သွား​ရောက်​ကြ​သော​ယာ​ကုပ်​၏​သား​များ​မှာ၊-
इस्राएल के पुत्रों के नाम, जो अपने-अपने घराने को लेकर याकूब के साथ मिस्र देश में आए, ये हैं:
2 ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊-
रूबेन, शिमोन, लेवी, यहूदा,
3 ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ န​ဿ​လိ၊ ဂဒ်၊ အာ​ရှာ​တို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မိ​သား​စု​များ​လည်း​လိုက်​ပါ​သွား​ကြ​၏။-
इस्साकार, जबूलून, बिन्यामीन,
4
दान, नप्ताली, गाद और आशेर।
5 ဤ​သူ​တို့​သည်​ယာ​ကုပ်​မှ​တိုက်​ရိုက်​ဆင်း​သက်​၍ ဦး​ရေ​အား​ဖြင့်​စု​စု​ပေါင်း​ခု​နစ်​ဆယ်​ရှိ​သ​တည်း။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက်​နှင့်​ပြီး​ဖြစ်​၏။-
और यूसुफ तो मिस्र में पहले ही आ चुका था। याकूब के निज वंश में जो उत्पन्न हुए वे सब सत्तर प्राणी थे।
6 အ​ချိန်​တန်​သော်​ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ​နှင့်​တ​ကွ သူ​တို့​၏​ခေတ်​က​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည်​ကွယ်​လွန်​ကြ​ကုန်​၏။-
यूसुफ, और उसके सब भाई, और उस पीढ़ी के सब लोग मर मिटे।
7 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။
परन्तु इस्राएल की सन्तान फूलने-फलने लगी; और वे अत्यन्त सामर्थी बनते चले गए; और इतना अधिक बढ़ गए कि सारा देश उनसे भर गया।
8 ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။-
मिस्र में एक नया राजा गद्दी पर बैठा जो यूसुफ को नहीं जानता था।
9 ထို​ဘု​ရင်​က​သူ​၏​ပြည်​သား​တို့​အား``ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လူ​ဦး​ရေ​အ​လွန်​များ​ပြား​၍​အင်​အား​ကြီး​မား​လာ​သ​ဖြင့် ငါ​တို့​အား​အန္တရာယ်​ပြု​နိုင်​၏။-
और उसने अपनी प्रजा से कहा, “देखो, इस्राएली हम से गिनती और सामर्थ्य में अधिक बढ़ गए हैं।
10 ၁၀ သူ​တို့​၏​လူ​ဦး​ရေ​ယခု​ထက်​မ​တိုး​ပွား​လာ​စေ​ရန် လိမ္မာ​စွာ​ငါ​တို့​ပြု​ရ​ကြ​မည်။ အ​ကယ်​၍​စစ်​မက်​ဖြစ်​ပွား​လာ​လျှင် သူ​တို့​သည်​ငါ​တို့​၏​တစ်​ဘက်​ရန်​သူ​နှင့်​ပူး​ပေါင်း​၍​ငါ​တို့​ကို​တိုက်​ခိုက်​ပြီး​လျှင် တိုင်း​ပြည်​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​ကြား​လေ​၏။-
१०इसलिए आओ, हम उनके साथ बुद्धिमानी से बर्ताव करें, कहीं ऐसा न हो कि जब वे बहुत बढ़ जाएँ, और यदि युद्ध का समय आ पड़े, तो हमारे बैरियों से मिलकर हम से लड़ें और इस देश से निकल जाएँ।”
11 ၁၁ သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။-
११इसलिए मिस्रियों ने उन पर बेगारी करानेवालों को नियुक्त किया कि वे उन पर भार डाल-डालकर उनको दुःख दिया करें; तब उन्होंने फ़िरौन के लिये पितोम और रामसेस नामक भण्डारवाले नगरों को बनाया।
12 ၁၂ သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။-
१२पर ज्यों-ज्यों वे उनको दुःख देते गए त्यों-त्यों वे बढ़ते और फैलते चले गए; इसलिए वे इस्राएलियों से अत्यन्त डर गए।
13 ၁၃ ထို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​အ​ဖြစ်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​၍​ညှဉ်း​ဆဲ​ကြ​၏။
१३तो भी मिस्रियों ने इस्राएलियों से कठोरता के साथ सेवा करवाई;
14 ၁၄ ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။
१४और उनके जीवन को गारे, ईंट और खेती के भाँति-भाँति के काम की कठिन सेवा से दुःखी कर डाला; जिस किसी काम में वे उनसे सेवा करवाते थे उसमें वे कठोरता का व्यवहार करते थे।
15 ၁၅ အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊-
१५शिप्रा और पूआ नामक दो इब्री दाइयों को मिस्र के राजा ने आज्ञा दी,
16 ၁၆ ``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-
१६“जब तुम इब्री स्त्रियों को बच्चा उत्पन्न होने के समय प्रसव के पत्थरों पर बैठी देखो, तब यदि बेटा हो, तो उसे मार डालना; और बेटी हो, तो जीवित रहने देना।”
17 ၁၇ သို့​ရာ​တွင်​ဝမ်း​ဆွဲ​အ​မျိုး​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ဘု​ရင်​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ကြ​၏။-
१७परन्तु वे दाइयाँ परमेश्वर का भय मानती थीं, इसलिए मिस्र के राजा की आज्ञा न मानकर लड़कों को भी जीवित छोड़ देती थीं।
18 ၁၈ ထို့​ကြောင့်​ဘု​ရင်​သည်​ဝမ်း​ဆွဲ​တို့​အား​ဆင့်​ခေါ်​လျက်``သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ အ​ဘယ်​ကြောင့်​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ရ​သ​နည်း'' ဟု​မေး​လေ​၏။-
१८तब मिस्र के राजा ने उनको बुलवाकर पूछा, “तुम जो लड़कों को जीवित छोड़ देती हो, तो ऐसा क्यों करती हो?”
19 ၁၉ ထို​အ​ခါ​ဝမ်း​ဆွဲ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​သည် အီ​ဂျစ်​အ​မျိုး​သ​မီး​တို့​နှင့်​မ​တူ​ပါ။ သူ​တို့​သည်​သား​ဖွား​လွယ်​ကြ​သ​ဖြင့်​ဝမ်း​ဆွဲ​မ​ရောက်​မီ က​လေး​ကို​ဖွား​နှင့်​ပြီး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-
१९दाइयों ने फ़िरौन को उतर दिया, “इब्री स्त्रियाँ मिस्री स्त्रियों के समान नहीं हैं; वे ऐसी फुर्तीली हैं कि दाइयों के पहुँचने से पहले ही उनको बच्चा उत्पन्न हो जाता है।”
20 ၂၀ ဝမ်း​ဆွဲ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​ကို​ကျေး​ဇူး​ပြု​၍ သူ​တို့​၌​အိမ်​ထောင်​မိ​သား​စု​များ​ရှိ​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဦး​ရေ​သည်​လည်း​တိုး​ပွား​များ​ပြား​လာ​၏။-
२०इसलिए परमेश्वर ने दाइयों के साथ भलाई की; और वे लोग बढ़कर बहुत सामर्थी हो गए।
21 ၂၁
२१इसलिए कि दाइयाँ परमेश्वर का भय मानती थीं उसने उनके घर बसाए।
22 ၂၂ သို့​ဖြစ်​၍​ဖာ​ရော​ဘု​ရင်​သည်``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​မှ​ဖွား​မြင်​သော သား​ယောကျာ်း​မှန်​သ​မျှ​တို့​ကို​နိုင်း​မြစ်​ထဲ​သို့​ပစ်​ချ​ရ​မည်။ သ​မီး​မိန်း​က​လေး​များ​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ရ​မည်'' ဟု​မိ​မိ​၏​ပြည်​သူ​ပြည်​သား​တို့​အား​အ​မိန့်​ပေး​လေ​၏။
२२तब फ़िरौन ने अपनी सारी प्रजा के लोगों को आज्ञा दी, “इब्रियों के जितने बेटे उत्पन्न हों उन सभी को तुम नील नदी में डाल देना, और सब बेटियों को जीवित रख छोड़ना।”

< ထွက်မြောက်ရာ 1 >