< တရားဟောရာ 8 >

1 ``သင်​တို့​သည်​အ​သက်​ရှင်​၍​တိုး​ပွား​များ​ပြား လျက် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သော​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​နိုင်​ခြင်း​အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ် ရှိ​သ​မျှ​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။-
כָּל־הַמִּצְוָ֗ה אֲשֶׁ֨ר אָנֹכִ֧י מְצַוְּךָ֛ הַיֹּ֖ום תִּשְׁמְר֣וּן לַעֲשֹׂ֑ות לְמַ֨עַן תִּֽחְי֜וּן וּרְבִיתֶ֗ם וּבָאתֶם֙ וִֽירִשְׁתֶּ֣ם אֶת־הָאָ֔רֶץ אֲשֶׁר־נִשְׁבַּ֥ע יְהוָ֖ה לַאֲבֹתֵיכֶֽם׃
2 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-
וְזָכַרְתָּ֣ אֶת־כָּל־הַדֶּ֗רֶךְ אֲשֶׁ֨ר הֹלִֽיכֲךָ֜ יְהוָ֧ה אֱלֹהֶ֛יךָ זֶ֛ה אַרְבָּעִ֥ים שָׁנָ֖ה בַּמִּדְבָּ֑ר לְמַ֨עַן עַנֹּֽתְךָ֜ לְנַסֹּֽתְךָ֗ לָדַ֜עַת אֶת־אֲשֶׁ֧ר בִּֽלְבָבְךָ֛ הֲתִשְׁמֹ֥ר מִצְוֹתֹו (מִצְוֹתָ֖יו) אִם־לֹֽא׃
3 ကိုယ်​တော်​သည်​သင်​တို့​ကို​အ​စာ​ငတ်​စေ​တော် မူ​၏။ ထို့​နောက်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​စား​ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ သည်။ ဤ​နည်း​အား​ဖြင့်​လူ​သည်​အ​စား​အ​စာ ကို​သာ​မှီ​ဝဲ​၍ အ​သက်​ရှင်​ရ​သည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​မှီ​ဝဲ​၍ အ​သက်​ရှင် ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား​သွန်​သင်​တော် မူ​၏။-
וַֽיְעַנְּךָ֮ וַיַּרְעִבֶךָ֒ וַיַּֽאֲכִֽלְךָ֤ אֶת־הַמָּן֙ אֲשֶׁ֣ר לֹא־יָדַ֔עְתָּ וְלֹ֥א יָדְע֖וּן אֲבֹתֶ֑יךָ לְמַ֣עַן הֹודִֽעֲךָ֗ כִּ֠י לֹ֣א עַל־הַלֶּ֤חֶם לְבַדֹּו֙ יִחְיֶ֣ה הָֽאָדָ֔ם כִּ֛י עַל־כָּל־מֹוצָ֥א פִֽי־יְהוָ֖ה יִחְיֶ֥ה הָאָדָֽם׃
4 ထို​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​သင်​တို့​၏ အဝတ်​အင်္ကျီ​များ​မ​ဟောင်း​နွမ်း​ခဲ့​ရ။ သင်​တို့ ၏​ခြေ​ထောက်​များ​လည်း​မ​ရောင်​ခဲ့​ရ။-
שִׂמְלָ֨תְךָ֜ לֹ֤א בָֽלְתָה֙ מֵֽעָלֶ֔יךָ וְרַגְלְךָ֖ לֹ֣א בָצֵ֑קָה זֶ֖ה אַרְבָּעִ֥ים שָׁנָֽה׃
5 ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​များ​ကို​အ​ပြစ် ဒဏ်​ပေး​ဆုံး​မ​သ​ကဲ့​သို့ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ဆုံး​မ​သည် ကို​သိ​မှတ်​ကြ​လော့။-
וְיָדַעְתָּ֖ עִם־לְבָבֶ֑ךָ כִּ֗י כַּאֲשֶׁ֨ר יְיַסֵּ֥ר אִישׁ֙ אֶת־בְּנֹ֔ו יְהוָ֥ה אֱלֹהֶ֖יךָ מְיַסְּרֶֽךָּ׃
6 သို့​ဖြစ်​၍​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​အ​တိုင်း​နာ​ခံ​လော့။ ပ​ညတ်​တော်​များ ကို​လိုက်​နာ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။-
וְשָׁ֣מַרְתָּ֔ אֶת־מִצְוֹ֖ת יְהוָ֣ה אֱלֹהֶ֑יךָ לָלֶ֥כֶת בִּדְרָכָ֖יו וּלְיִרְאָ֥ה אֹתֹֽו׃
7 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အစာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည် သို့​ပို့​ဆောင်​လျက်​ရှိ​တော်​မူ​၏။ ထို​ပြည်​ရှိ​ချိုင့် ဝှမ်း​နှင့်​တောင်​ကုန်း​များ​တွင် မြစ်​များ၊ စမ်း​ပေါက် များ၊ မြေ​အောက်​စမ်း​များ​စီး​ထွက်​လျက်​ရှိ​လေ သည်။-
כִּ֚י יְהוָ֣ה אֱלֹהֶ֔יךָ מְבִֽיאֲךָ֖ אֶל־אֶ֣רֶץ טֹובָ֑ה אֶ֚רֶץ נַ֣חֲלֵי מָ֔יִם עֲיָנֹת֙ וּתְהֹמֹ֔ת יֹצְאִ֥ים בַּבִּקְעָ֖ה וּבָהָֽר׃
8 ထို​ပြည်​တွင်​ဂျုံ၊ မု​ယော​စ​ပါး၊ စ​ပျစ်​သီး၊ သ​ဖန်း သီး၊ သ​လဲ​သီး၊ သံ​လွင်​သီး၊ ပျား​ရည်​စ​သည်​တို့ ပေါ​များ​သည်။-
אֶ֤רֶץ חִטָּה֙ וּשְׂעֹרָ֔ה וְגֶ֥פֶן וּתְאֵנָ֖ה וְרִמֹּ֑ון אֶֽרֶץ־זֵ֥ית שֶׁ֖מֶן וּדְבָֽשׁ׃
9 ထို​ပြည်​တွင်​အ​စား​အ​စာ​ပြတ်​လပ်​ခြင်း​မ​ရှိ​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ​လို​လိမ့်​မည်​မ​ဟုတ်။ ကျောက် တောင်​မှ​သံ​ကို​လည်း​ကောင်း၊ တောင်​ကုန်း​များ​မှ ကြေး​နီ​ကို​လည်း​ကောင်း​တူး​ဖော်​ရ​ရှိ​နိုင်​လိမ့် မည်။-
אֶ֗רֶץ אֲשֶׁ֨ר לֹ֤א בְמִסְכֵּנֻת֙ תֹּֽאכַל־בָּ֣הּ לֶ֔חֶם לֹֽא־תֶחְסַ֥ר כֹּ֖ל בָּ֑הּ אֶ֚רֶץ אֲשֶׁ֣ר אֲבָנֶ֣יהָ בַרְזֶ֔ל וּמֵהֲרָרֶ֖יהָ תַּחְצֹ֥ב נְחֹֽשֶׁת׃
10 ၁၀ သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​ကြ သ​ဖြင့် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သော သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။''
וְאָכַלְתָּ֖ וְשָׂבָ֑עְתָּ וּבֵֽרַכְתָּ֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ עַל־הָאָ֥רֶץ הַטֹּבָ֖ה אֲשֶׁ֥ר נָֽתַן־לָֽךְ׃
11 ၁၁ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​ရန်​သ​တိ​ပြု​လော့။ ယ​နေ့​သင်​တို့​အား ငါ​ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​လိုက် နာ​ရန်​မ​မေ့​နှင့်။-
הִשָּׁ֣מֶר לְךָ֔ פֶּן־תִּשְׁכַּ֖ח אֶת־יְהוָ֣ה אֱלֹהֶ֑יךָ לְבִלְתִּ֨י שְׁמֹ֤ר מִצְוֹתָיו֙ וּמִשְׁפָּטָ֣יו וְחֻקֹּתָ֔יו אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיֹּֽום׃
12 ၁၂ ဝ​စွာ​စား​ရ​လျက်​အိမ်​ကြီး​အိမ်​ကောင်း​များ ဆောက်​လျက် နေ​ထိုင်​ရ​သည့်​အ​ခါ​၌​လည်း ကောင်း၊-
פֶּן־תֹּאכַ֖ל וְשָׂבָ֑עְתָּ וּבָתִּ֥ים טֹובִ֛ים תִּבְנֶ֖ה וְיָשָֽׁבְתָּ׃
13 ၁၃ သိုး၊ နွား၊ ရွှေ၊ ငွေ​မှ​စ​၍​ပစ္စည်း​ဥစ္စာ​တိုး​ပွား လာ​သည့်​အ​ခါ​၌​လည်း​ကောင်း၊-
וּבְקָֽרְךָ֤ וְצֹֽאנְךָ֙ יִרְבְּיֻ֔ן וְכֶ֥סֶף וְזָהָ֖ב יִרְבֶּה־לָּ֑ךְ וְכֹ֥ל אֲשֶׁר־לְךָ֖ יִרְבֶּֽה׃
14 ၁၄ သင်​တို့​သည်​မာ​န​ထောင်​လွှား​၍​သင်​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မ​မေ့​ရန်​သ​တိ​ပြု​ကြ​လော့။-
וְרָ֖ם לְבָבֶ֑ךָ וְשָֽׁכַחְתָּ֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ הַמֹּוצִיאֲךָ֛ מֵאֶ֥רֶץ מִצְרַ֖יִם מִבֵּ֥ית עֲבָדִֽים׃
15 ၁၅ ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-
הַמֹּולִ֨יכֲךָ֜ בַּמִּדְבָּ֣ר ׀ הַגָּדֹ֣ל וְהַנֹּורָ֗א נָחָ֤שׁ ׀ שָׂרָף֙ וְעַקְרָ֔ב וְצִמָּאֹ֖ון אֲשֶׁ֣ר אֵֽין־מָ֑יִם הַמֹּוצִ֤יא לְךָ֙ מַ֔יִם מִצּ֖וּר הֽ͏ַחַלָּמִֽישׁ׃
16 ၁၆ တော​ကန္တာ​ရ​ထဲ​တွင်​သင်​တို့​၏​ဘိုး​ဘေး​များ​မ​စား ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ​၏။ နောက်​ဆုံး​၌ သင်​တို့​ကောင်း​ချီး​ခံ​စား​ရ​စေ​ရန် သင်​တို့​အား ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။ ထို​သို့​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ရ​ခြင်း​အ​ကြောင်း​မှာ သင်​တို့​ကို​စစ် ဆေး​ရန်​ဖြစ်​၏။-
הַמּֽ͏ַאֲכִ֨לְךָ֥ מָן֙ בַּמִּדְבָּ֔ר אֲשֶׁ֥ר לֹא־יָדְע֖וּן אֲבֹתֶ֑יךָ לְמַ֣עַן עַנֹּֽתְךָ֗ וּלְמַ֙עַן֙ נַסֹּתֶ֔ךָ לְהֵיטִֽבְךָ֖ בְּאַחֲרִיתֶֽךָ׃
17 ၁၇ ထို့​ကြောင့်​သင်​တို့​၏​အစွမ်း​သတ္တိ​ဖြင့်​ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​သည်​ဟူ​၍​မ​ထင်​မ​မှတ် နှင့်။-
וְאָמַרְתָּ֖ בִּלְבָבֶ֑ךָ כֹּחִי֙ וְעֹ֣צֶם יָדִ֔י עָ֥שָׂה לִ֖י אֶת־הַחַ֥יִל הַזֶּֽה׃
18 ၁၈ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။-
וְזָֽכַרְתָּ֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ כִּ֣י ה֗וּא הַנֹּתֵ֥ן לְךָ֛ כֹּ֖חַ לַעֲשֹׂ֣ות חָ֑יִל לְמַ֨עַן הָקִ֧ים אֶת־בְּרִיתֹ֛ו אֲשֶׁר־נִשְׁבַּ֥ע לַאֲבֹתֶ֖יךָ כַּיֹּ֥ום הַזֶּֽה׃ פ
19 ၁၉ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဆည်း ကပ်​ဝတ်​ပြု​ခြင်း​မ​ပြု​နှင့်။ ထို​သို့​ပြု​လျှင်​သင် တို့​သည်​မု​ချ​ပျက်​စီး​ဆုံး​ပါး​ရ​မည်​ဖြစ် ကြောင်း သင်​တို့​အား​ငါ​ယ​နေ့​သ​တိ​ပေး​၏။-
וְהָיָ֗ה אִם־שָׁכֹ֤חַ תִּשְׁכַּח֙ אֶת־יְהוָ֣ה אֱלֹהֶ֔יךָ וְהָֽלַכְתָּ֗ אַחֲרֵי֙ אֱלֹהִ֣ים אֲחֵרִ֔ים וַעֲבַדְתָּ֖ם וְהִשְׁתַּחֲוִ֣יתָ לָהֶ֑ם הַעִדֹ֤תִי בָכֶם֙ הַיֹּ֔ום כִּ֥י אָבֹ֖ד תֹּאבֵדֽוּן׃
20 ၂၀ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော် ကို​နား​မ​ထောင်​လျှင် သင်​တို့​ချီ​တက်​သည့်​အ​ခါ သင်​တို့​ကို​ခု​ခံ​တိုက်​ခိုက်​သော​လူ​မျိုး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သေ​ကြေ​ပျက်​စီး​စေ​သ​ကဲ့ သို့ သင်​တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော် မူ​မည်။''
כַּגֹּויִ֗ם אֲשֶׁ֤ר יְהוָה֙ מַאֲבִ֣יד מִפְּנֵיכֶ֔ם כֵּ֖ן תֹאבֵד֑וּן עֵ֚קֶב לֹ֣א תִשְׁמְע֔וּן בְּקֹ֖ול יְהוָ֥ה אֱלֹהֵיכֶֽם׃ פ

< တရားဟောရာ 8 >