< ဒံယေလ 9 >
1 ၁ မေဒိလူမျိုးဖြစ်သူအာရွှေရု၏သားတော် ဒါရိသည် ဗာဗုလုန်နိုင်ငံတွင်မင်းပြုတော် မူ၏။-
Im ersten Jahre von Darius, dem Sohne des Achaschverosch, von dem Samen der Meder, der über der Chaldäer Reich zum König gemacht ward,
2 ၂ သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။-
Im ersten Jahre seines Königtums vermerkte ich, Daniel, in den Büchern die Zahl der Jahre, davon das Wort Jehovahs zum Propheten Jeremiah geschehen, daß die Verödungen Jerusalems erfüllt würden siebzig Jahre.
3 ၃ ထိုနောက်ငါသည်အစာရှောင်ပြီးလျှင်လျှော် တေကိုဝတ်၍ ပြာထဲတွင်ထိုင်ကာ ထာဝရ ဘုရားသခင်ထံတော်သို့ဆုတောင်းအသ နားခံ၏။-
Und ich wandte mein Angesicht zum Herrn Gott, zu bitten ein Gebet und ein Flehen, mit Fasten und Sack und Asche.
4 ၄ ငါသည်ငါ၏ဘုရားသခင်ထာဝရဘုရား အား ဆုတောင်းပတ္ထနာပြု၍ငါ့လူမျိုး၏ အပြစ်များကိုဖော်ပြဝန်ခံ၏။ ငါက``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုချီးကူးကြ ပါ၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော် ကိုတည်မြဲစေတော်မူလျက် မိမိအားချစ် ၍ပညတ်တော်တို့ကိုစောင့်ထိန်းသူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူပါ၏။
Und ich betete zu Jehovah, meinem Gott, und bekannte und sprach: Ach Herr, großer und furchtbarer Gott, Der Bund und Barmherzigkeit hält denen, die Ihn lieben und Seine Gebote halten.
5 ၅ ``အကျွန်ုပ်တို့သည်အပြစ်ကူးမိကြပါ ပြီ။ အမှားကိုပြုမိကြပါပြီ။ ညစ်ညူးသူ များဖြစ်၍ပုန်ကန်မိကြပါပြီ။ အကျွန်ုပ် တို့သည်ကိုယ်တော်၏အမိန့်တော်တို့ကို ပစ်ပယ်၍ ကိုယ်တော်ပြတော်မူသောပညတ် များမှသွေဖည်မိကြပါပြီ။-
Wir haben gesündigt und Missetat begangen, und ungerecht gehandelt, und uns empört, und sind von Deinen Geboten und Rechten abgewichen.
6 ၆ အကျွန်ုပ်တို့သည်မိမိတို့၏ဘုရင်များ၊ မင်း ညီမင်းသားများ၊ ဘိုးဘေးများမှစ၍ပြည် သူပြည်သားအပေါင်းတို့အားနာမတော် ကိုအမှီပြု၍ ကိုယ်တော်၏အစေခံပရော ဖက်တို့ဟောကြားသည်ကိုအကျွန်ုပ်တို့မ လိုက်နာခဲ့ကြပါ။-
Und haben nicht gehört auf Deine Knechte, die Propheten, die in Deinem Namen zu unseren Königen, unseren Obersten und Vätern und zu allem Volk des Landes geredet haben.
7 ၇ အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။-
Dein, o Herr, ist Gerechtigkeit, unser aber Scham des Angesichts wie dieses Tages bei dem Mann von Jehudah und bei denen, so in Jerusalem und in ganz Israel wohnen, denen, die nahe und die fern sind in allen Landen, wohin Du sie verstoßen hast ob der Untreue, daß sie von Dir abgefallen sind.
8 ၈ အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-
O Herr, unser ist Scham des Angesichts, unseren Königen, unseren Obersten und unseren Vätern, die wir wider Dich gesündigt haben.
9 ၉ အကျွန်ုပ်တို့သည်ကိုယ်တော်အားပုန်ကန်ကြ သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ကရုဏာထားတော်မူ၍အကျွန်ုပ် တို့၏အပြစ်များကိုဖြေလွှတ်တော်မူပါ၏။-
Dein, o Herr, unser Gott, ist Erbarmen und Vergebung, denn wir haben uns empört wider Ihn.
10 ၁၀ အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အား မိမိ၏အစေခံပရောဖက်များမှတစ်ဆင့် ပေးအပ်တော်မူသောပညတ်တော်များ အတိုင်းလိုက်နာရန်မိန့်ကြားသော်လည်း အကျွန်ုပ်တို့သည်နားမထောင်ခဲ့ကြပါ။-
Und haben nicht gehört auf die Stimme Jehovahs, unseres Gottes, daß wir gewandelt wären nach Seinen Gesetzen, die Er durch die Hand Seiner Knechte, die Propheten, vor uns gegeben.
11 ၁၁ ဣသရေလအမျိုးသားတစ်ရပ်လုံးပင် လျှင် ကိုယ်တော်ရှင်ပညတ်တော်တို့ကိုချိုး ဖောက်၍အမိန့်တော်ကိုမလိုက်နာကြပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုပြစ်မှား ကြသည်ဖြစ်၍ ကိုယ်တော့်အစေခံမောရှေ ၏ပညတ်ကျမ်းတွင်ရေးသားဖော်ပြထား သည့်ကျိန်စာများသင့်စေတော်မူပါ၏။-
Und ganz Israel hat Dein Gesetz übertreten und ist abgewichen und hat nicht auf Deine Stimme gehört; darum ergoß sich über uns die Verwünschung und der Schwur, der geschrieben ist im Gesetze Moses, des Knechts Gottes, weil wir wider Ihn gesündigt haben.
12 ၁၂ ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
Und Er hat Sein Wort bestätigt, das Er geredet hat über uns und über unsere Richter, die uns richteten, und über uns kommen lassen so großes Übel, desgleichen nicht geschehen unter allen Himmeln, wie es geschehen ist in Jerusalem.
13 ၁၃ အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-
Wie im Gesetze Moses geschrieben ist, ist all dieses Böse über uns gekommen; wir aber flehten nicht an vor Jehovah, unserem Gotte, daß wir von unseren Missetaten umkehrten und merkten auf Deine Wahrheit.
14 ၁၄ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားဒဏ်ပေးရန် အသင့်ရှိသည်အတိုင်းဒဏ်ပေးတော်မူပါ၏။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစဉ်ဖြောင့်မှန် ရာကိုပြုတော်မူတတ်သော်လည်း အကျွန်ုပ် တို့သည်ကိုယ်တော်၏စကားကိုနားမ ထောင်ခဲ့ကြသောကြောင့်ဖြစ်ပါ၏။
Und der Herr ist wach gewesen mit dem Übel und hat es über uns kommen lassen; denn gerecht ist Jehovah, unser Gott, in allen Seinen Taten, die Er tut, aber wir haben nicht auf Seine Stimme gehört.
15 ၁၅ အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
Und nun, Herr, unser Gott, Der Du Dein Volk mit starker Hand aus dem Lande Ägypten herausgebracht, und Dir einen Namen gemacht hast, wie er ist an diesem Tage, wir haben gesündigt und ungerecht gehandelt.
16 ၁၆ အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
Herr, nach all Deiner Gerechtigkeit wende zurück Deinen Zorn und Deinen Grimm von Deiner Stadt Jerusalem, von dem Berge Deiner Heiligkeit! Denn durch unsere Sünden und durch die Missetaten unserer Väter ist Jerusalem und Dein Volk zur Schmach geworden bei allen, die uns umgeben.
17 ၁၇ အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်တို့၏ဆုတောင်းပတ္ထနာနှင့်အသနား ခံချက်ကိုနားထောင်တော်မူပါ။ ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း လူ တိုင်းသိကြစေရန် ဖြိုဖျက်ခြင်းခံရသည့် ကိုယ်တော်၏ဗိမာန်တော်ကိုပြန်လည်တည် ဆောက်တော်မူပါ။-
Und nun höre, unser Gott, auf das Gebet Deines Knechtes und auf sein Flehen, und laß leuchten Dein Angesicht über Dein Heiligtum, das verwüstete, um des Herrn willen.
18 ၁၈ အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
Neige, o Gott, Dein Ohr und höre, tue auf Deine Augen und siehe, wie verwüstet sind wir und die Stadt, über der Dein Name genannt wird, denn nicht um unserer Gerechtigkeit willen lassen wir unser Flehen vor Dein Angesicht niederfallen, sondern um Deiner vielen Erbarmungen willen.
19 ၁၉ အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။
O Herr, höre, o Herr, vergib, o Herr, horche und tue es und zögere nicht, um Deiner selbst willen, o mein Gott, denn Dein Name wird über Deiner Stadt und über Deinem Volke genannt.
20 ၂၀ ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-
Und noch redete ich, und betete und bekannte meine Sünde und die Sünde meines Volkes Israel, und ließ mein Flehen fallen vor Jehovah, meinem Gott, für den Berg der Heiligkeit meines Gottes.
21 ၂၁ ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
Und noch redete ich im Gebet, da flog daher im Flug der Mann Gabriel, den ich zu Anbeginn im Gesichte gesehen, und rührte mich an um die Zeit des Speiseopfers am Abend.
22 ၂၂ ဂါဗြေလက``ဒံယေလ၊ ငါသည်ဗျာဒိတ် ရူပါရုံကိုသင်သိရှိနားလည်နိုင်ရေး အတွက်အကူအညီပေးရန် ဤအရပ် သို့ရောက်ရှိလာခြင်းဖြစ်၏။-
Und er unterrichtete mich und redete mit mir und sprach: Daniel, ich bin nun ausgegangen, dich zu unterrichten in Einsicht.
23 ၂၃ သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။
Zu Anbeginn deines Flehens ging das Wort aus, und ich bin gekommen, dir anzusagen, daß du bist ein Liebling; und merke du auf das Wort und merke auf die Erscheinung.
24 ၂၄ ``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
Siebzig Wochen sind bestimmt über dein Volk und über die Stadt deiner Heiligkeit, zu vollenden die Übertretung und zu besiegeln die Sünden und zu sühnen die Missetat, und hereinzubringen die Gerechtigkeit der Zeitalter und zu besiegeln das Gesetz und den Propheten und zu salben das Heilige des Heiligen.
25 ၂၅ ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-
Und du sollst wissen und merken: Vom Ausgehen des Wortes, daß Jerusalem wieder hergestellt und gebaut werden soll, bis auf den Messias, den Fürsten, sind es sieben Wochen und zweiundsechzig Wochen, da werden die Straße und der Graben wieder hergestellt und gebaut, aber in der Angst der Zeiten.
26 ၂၆ ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
Und nach den zweiundsechzig Wochen wird der Gesalbte ausgerottet, aber nicht für Sich. Und die Stadt und das Heiligtum wird verderben das Volk eines Fürsten, der da kommt, und sein Ende wird sein mit einer Flut, und bis zum Ende des Streites sind die Verwüstungen entschieden.
27 ၂၇ ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
Er wird aber vielen den Bund bestärken eine Woche, und in der Hälfte der Woche das Schlachtopfer und Speiseopfer zu Ende bringen, und auf den Vogel der Scheusale die Verwüstung, und bis zur Vollendung und Entscheidung wird es sich ergießen über die Verwüstung.