< တမန်တော်ဝတ္ထု 9 >

1 ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် သ​ခင် ဘု​ရား​၏​တ​ပည့်​တော်​တို့​အား​သတ်​ဖြတ်​ရန် ခြိမ်း​ခြောက်​လျက်​နေ​၏။ သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊-
Ma ugbu a, Sọl, onye ume niile ọ na-ekupụta bụ naanị ịba mba na igbu ndị na-eso ụzọ Onyenwe anyị, gakwuuru onyeisi nchụaja,
2 သ​ခင်​ဘု​ရား​၏​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သော​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​တွေ့ ရှိ​ပါ​က ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယေ​ရု​ရှ​လင် မြို့​သို့​ခေါ်​ဆောင်​လာ​နိုင်​ရန် မိ​မိ​အား​အာ​ဏာ အပ်​နှင်း​ကြောင်း​ဒ​မာ​သက်​မြို့​ရှိ​ဇ​ရပ်​များ သို့​အ​မှာ​စာ​များ​ရေး​ပေး​ပါ​ရန်​ပန်​ကြား လျှောက်​ထား​၏။
rịọ ya ka o nye ya akwụkwọ ozi nke ọ ga-eji jekwuru ndị ụlọ nzukọ ndị Juu dị na Damaskọs, nke ọ ga-abụ ọ hụ onye ọbụla na-eso Ụzọ ahụ ma ha bụ nwoke ma ha bụ nwanyị, ka ọdọkpụrụ ha nʼagbụ, kpụgaa Jerusalem.
3 သူ​သည်​ခ​ရီး​ပြု​၍​ဒ​မာ​သက်​မြို့​အ​နီး သို့​ရောက်​လာ​သော​အ​ခါ​၌ မိုး​ကောင်း​ကင်​မှ အ​လင်း​ရောင်​ခြည်​တစ်​ခု​သည်​သူ​၏​ပတ် လည်​တွင်​ရုတ်​တ​ရက်​ထွန်း​တောက်​လာ​၏။-
Mgbe ọ na-aga nʼụzọ, ọ bịaruru ebe dị Damaskọs nso. Na mberede, ihe ìhè nke sitere nʼeluigwe chara ya gburugburu.
4 သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​သွား​ပြီး​နောက် ``ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သ​နည်း'' ဟု​မေး​မြန်း​သံ ကို​ကြား​ရ​၏။
Ọ dara nʼala, nụ olu na-akpọ ya oku, “Sọl, Sọl, gịnị mere i ji na-akpagbu m?”
5 ရှော​လု​က ``အ​ရှင်၊ အ​ရှင်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ ထို​အ​သံ က ``ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​နေ​သူ ယေ​ရှု​ပင်​တည်း။-
Ọ sịrị, “Ị bụ onye, Onyenwe anyị?” Olu ahụ zaghachiri, “Abụ m Jisọs onye ị na-akpagbu.
6 သို့​သော်​သင်​သည်​ထ​၍​မြို့​ထဲ​သို့​ဝင်​လော့။ သင်​ပြု​ရ​မည့်​အ​မှု​ကို​ထို​အ​ရပ်​တွင်​သိ​ရှိ ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Ugbu a, bilie, baa nʼime obodo, a ga-agwa gị ihe ị na-aghaghị imezu.”
7 ရှော​လု​နှင့်​အ​တူ​ခ​ရီး​ပြု​လျက်​နေ​ကြ​သူ တို့​သည် ထို​အ​သံ​ကို​ကြား​ရ​သော်​လည်း လူ တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​တွေ့​မ​မြင်​ရ သ​ဖြင့်​ကြက်​သေ​သေ​လျက်​ရပ်​နေ​ကြ​၏။-
Ndị ikom ha na ya so aga guzoro nʼebe ahụ, ma ha enweghị ike ikwu okwu. Ha nụrụ olu ahụ, ma ha ahụghị onye ọbụla.
8 ရှော​လု​သည်​မြေ​ပေါ်​မှ​ထ​၍​မျက်​စိ​ကို​ဖွင့် လိုက်​သော​အ​ခါ အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ရ​တော့​ချေ။ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​သူ့ လက်​ကို​ဆွဲ​၍​ဒ​မာ​သက်​မြို့​ထဲ​သို့​ခေါ် ဆောင်​သွား​ကြ​၏။-
Sọl si nʼala bilie, ma nʼagbanyeghị nʼanya ya meghere emeghe, ọ dịghị ihe o nwere ike ịhụ. Nke a mere na ha sekpụrụ ya nʼaka dubata ya na Damaskọs.
9 သူ​သည်​သုံး​ရက်​တိုင်​တိုင်​မျက်​စိ​အ​လင်း ကွယ်​လျက်​နေ​၏။ ထို​သုံး​ရက်​အ​တွင်း​မ​စား မ​သောက်​ဘဲ​နေ​၏။
Ọ hụghị ụzọ ụbọchị atọ, o nweghị ike iri nri maọbụ ṅụọ ihe ọṅụṅụ.
10 ၁၀ ဒ​မာ​သက်​မြို့​တွင်​အာ​န​နိ​နာ​မည်​ရှိ​သူ တ​ပည့်​တော်​တစ်​ယောက်​ရှိ​၏။ ဗျာ​ဒိတ်​ရူ​ပါ ရုံ​ထဲ​တွင်​သ​ခင်​ဘု​ရား​က​အာ​န​နိ​အား ``အာ​န​နိ'' ဟု​ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က ``ရှိ​ပါ​သည်​သ​ခင်​ဘု​ရား'' ဟု လျှောက်​၏။
Otu onye nke na-eso ụzọ ya nọ na Damaskọs, a na-akpọ Ananayas. Onyenwe anyị gwara ya nʼọhụ, “Ananayas!” Ọ sịrị, “Lee m, Onyenwe anyị.”
11 ၁၁ သ​ခင်​ဘု​ရား​က​လည်း ``သင်​သည်​ထ​၍​လမ်း ဖြောင့်​အ​မည်​တွင်​သော​လမ်း​သို့​သွား​လော့။ တာ​ရှု မြို့​သား​ရှော​လု​ဆို​သူ​ကို ယု​ဒ​၏​အိမ်​တွင်​စုံ စမ်း​မေး​မြန်း​လော့။ သူ​သည်​ဆု​တောင်း​လျက် နေ​၏။-
Onyenwe anyị gwara ya, “Gaa nʼụlọ Judas nke dị nʼokporoụzọ Guzoziri Eguzo, jụọ ajụjụ banyere onye a na-akpọ Sọl, onye si Tasọs, ọ nọ ugbu a na-ekpe ekpere.
12 ၁၂ သူ​သည်​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ​နိုင် ရန် အာ​န​နိ​ဆို​သူ​လာ​၍​မိ​မိ​အ​ပေါ်​မှာ လက်​တင်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင် ရ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
Ọ hụla ọhụ na otu nwoke a na-akpọ Ananayas na-abịakwute ya, ibikwasị ya aka nʼisi ka ọ hụ ụzọ.”
13 ၁၃ အာ​န​နိ​က ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​ယေ​ရု ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​၏​လူ​စု​တော်​အား​မည် မျှ​ဒုက္ခ​ပေး​ခဲ့​သည်​ကို လူ​အ​မြောက်​မြား​ထံ မှ​အ​ကျွန်ုပ်​ကြား​သိ​ရ​ပါ​၏။-
Ma Ananayas zara, “Onyenwe anyị, anụla m akụkọ ihe ọjọọ niile nwoke a mere ndị nsọ gị bi na Jerusalem.
14 ၁၄ ထို့​ပြင်​ကိုယ်​တော်​အား​ပတ္ထနာ​ပြု​သူ​မှန်​သ​မျှ ကို​လည်း ဖမ်း​ဆီး​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့ ထံ​မှ​အ​ခွင့်​အာ​ဏာ​ရ​ရှိ​ထား​သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
Ugbu a, ọ natara ikike nʼaka ndịisi nchụaja bịa nʼebe a ka o jide ndị niile na-akpọku aha gị.”
15 ၁၅ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။-
Ma Onyenwe anyị gwara ya, “Gaa, nʼihi na ahọpụtala m nwoke a ka ọ bụrụ ngwa ọrụ m, onye ga-ewegara mba ndị ọzọ, ndị eze na ụmụ Izrel aha m.
16 ၁၆ ငါ​၏​နာ​မ​တော်​အ​တွက်​ကြောင့်​သူ​ခံ​ရ​မည့် ဒုက္ခ​ဆင်း​ရဲ​အ​ကြောင်း​ကို သူ့​အား​ငါ​ကိုယ် တိုင်​ဖော်​ပြ​မည်'' ဟု​မိန့်​တော်​မူ​၏။
Mụ onwe m ga-egosi ya ụdị ahụhụ ọ na-aghaghị ịta nʼihi aha m.”
17 ၁၇ ထို့​ကြောင့်​အာ​န​နိ​သည်​ရှော​လု​ရှိ​သည့်​အိမ် သို့​သွား​၍ ရှော​လု​၏​အ​ပေါ်​မှာ​လက်​ကို​တင် ပြီး​လျှင် ``ငါ့​ညီ၊ သင်​သည်​မျက်​စိ​အ​လင်း​ကို ပြန်​လည်​ရ​ရှိ​စေ​ရန်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လာ​စေ​ရန်​လည်း ကောင်း၊ လမ်း​ခ​ရီး​တွင်​သင့်​အား​ထင်​ရှား​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် ငါ့​အား​သင့်​ထံ​သို့ စေ​လွှတ်​တော်​မူ​လိုက်​၏'' ဟု​ဆို​၏။-
Ya mere, Ananayas garuru nʼụlọ ahụ, banyekwa nʼime ya. Ọ bikwasịrị aka ya nʼisi Sọl, sị, “Nwanna Sọl, Onyenwe anyị Jisọs, onye gosiri gị onwe ya nʼụzọ, zitere m ka ị hụkwa ụzọ ọzọ, ka ị jupụtakwa na Mmụọ Nsọ.”
18 ၁၈ ထို​အ​ခါ​ချက်​ချင်း​ပင်​ရှော​လု​သည်​မျက်​စိ​မှ အ​ကြေး​များ​ကွာ​ကျ​သ​ကဲ့​သို့​ဖြစ်​ပြီး​လျှင် မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​၏။ သူ​သည် ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လေ​သည်။-
Otu mgbe ahụ, ihe dịka akpịrịkpa sitere nʼanya ya dapụta, o bidokwara ịhụ ụzọ ọzọ. O biliri ọtọ, e mee ya baptizim.
19 ၁၉ ထို​နောက်​အ​စား​အ​စာ​သုံး​ဆောင်​ပြီး​သော အ​ခါ​ခွန်​အား​ပြည့်​လာ​၏။ ရှော​လု​သည်​ဒ​မာ​သက်​မြို့​တွင် တ​ပည့်​တော် တို့​နှင့်​အ​တူ​ရက်​အ​နည်း​ငယ်​နေ​၏။-
Mgbe o richara nri, ọ nwetakwara ike ya. Ya na ndị na-eso ụzọ Jisọs nọrọ na Damaskọs ọtụtụ ụbọchị.
20 ၂၀ တ​ရား​ဇ​ရပ်​များ​သို့​ချက်​ချင်း​သွား​ရောက် ၍ သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ဟော​ပြော​လေ​၏။
Ngwangwa, o bidoro ikwusa Jisọs nʼụlọ nzukọ na-asị, Ọ bụ Ọkpara Chineke.
21 ၂၁ သူ​၏​စ​ကား​ကို​ကြား​သူ​အ​ပေါင်း​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သူ​သည်​ထို သ​ခင်​ကို​ပတ္ထ​နာ​ပြု​သူ​ဟူ​သ​မျှ​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သတ်​ဖြတ်​ခဲ့​သူ​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​ထံ​ခေါ်​ဆောင်​သွား​ရန်​လာ​ရောက်​သူ မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။
O juru ndị niile nụrụ ya anya, ha na asị, “Ọ bụghị nwoke a bụ onye ahụ na-emekpa ndị niile na-akpọku aha ahụ na Jerusalem? Ọ bụ na ọ bụghị maka nke a ka o ji bịa ebe a ịkpụrụkwa ha kpụgara ndịisi nchụaja?”
22 ၂၂ သို့​သော်​ရှော​လု​က​သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ဖြစ်​တော်​မူ​ကြောင်း​ကို ပိုင်​ပိုင်​နိုင်​နိုင်​သက်​သေ​ပြ ၍​ဟော​ပြော​ရာ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး သား​တို့​ပြန်​လည်​၍​မ​ချေ​ပ​နိုင်​ကြ​ပေ။
Ma Sọl gara nʼihu baa ụba nʼike karịa na ikwu okwu nke gbara ndị Juu bi nʼobodo Damaskọs gharịị site nʼụzọ o siri gosi na Jisọs bụ Kraịst ahụ.
23 ၂၃ ထို​နောက်​ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်​ရှော​လု​ကို​သတ် ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-
Mgbe ọtụtụ ụbọchị gasịrị ndị Juu gbara izu igbu ya.
24 ၂၄ သို့​ရာ​တွင်​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ရှော​လု သိ​သွား​၏။ သူ​တို့​သည်​ရှော​လု​ကို​သတ်​ရန် နေ့ ရော​ညဥ့်​ပါ​မြို့​တံ​ခါး​များ​တွင်​စောင့်​နေ ကြ​၏။-
Ma Sọl chọpụtara ihe ha zubere ime. Ehihie na abalị, ndị a nọ na-eche ụzọ niile e si apụ nʼobodo ahụ nche, ka ha nwe ike gbuo ya.
25 ၂၅ သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။
Ma ụmụazụ ya kunyere ya na nkata amanyere ụdọ bufee ya nʼofe mgbidi nke obodo.
26 ၂၆ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​ပေါင်း​ဖော်​ရန်​ကြိုး​စား​၏။ သို့​သော်​လည်း​သူ​သည်​တ​ပည့်​တော်​တစ်​ဦး ဖြစ်​လာ​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့ သည်​မ​ယုံ​သ​ဖြင့်​သူ့​ကို​ကြောက်​ကြ​၏။-
Mgbe o rutere Jerusalem, ọ gbalịrị ịdịnyere ndị na-eso ụzọ Jisọs nọ nʼebe ahụ, ma ha tụrụ egwu. Ha ekwenyeghị na ọ ghọọla ezi onye na-eso ụzọ Jisọs dịka ha.
27 ၂၇ ထို​အ​ခါ​ဗာ​န​ဗ​သည်​ရှော​လု​ကို​တ​မန်​တော် တို့​ထံ​သို့​ခေါ်​ခဲ့​ပြီး​လျှင် လမ်း​ခ​ရီး​တွင်​သ​ခင် ဘု​ရား​အား​ရှော​လု​ဖူး​မြင်​ခဲ့​ရ​ပုံ​ကို​လည်း ကောင်း၊ သ​ခင်​ဘု​ရား​က​ရှော​လု​အား​မည်​သို့ အ​မိန့်​ရှိ​ခဲ့​ပုံ​ကို​လည်း​ကောင်း ဒ​မာ​သက်​မြို့ တွင်​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရှော​လု​ရဲ​ရင့်​စွာ​ဟော​ပြော​ခဲ့​ပုံ​ကို​လည်း ကောင်း​ပြော​ပြ​လေ​သည်။-
Ma Banabas duuru ya gaa nʼebe ndị ozi nọ. Ọ kọọrọ ha akụkọ otu o siri hụ Onyenwe anyị na otu o siri gwakwa ya okwu. Na otu o siri kwusaa oziọma nʼaha Jisọs na Damaskọs na-atụghị egwu.
28 ၂၈ ရှော​လု​သည်​လည်း​တ​မန်​တော်​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​တွင်​သွား​လာ​လှုပ်​ရှား​လျက် သ​ခင်​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​သည်။-
O soro ha na-agagharị na Jerusalem. Ọ na-ekwusakwa okwu nʼaha Onyenwe anyị na-atụghị egwu.
29 ၂၉ သူ​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​ချေ​အ​တင် ဆွေး​နွေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ့ ကို​သတ်​ရန်​ကြံ​စည်​အား​ထုတ်​ကြ​၏။-
Ya na ndị Juu na-asụ asụsụ Griik rụrịtakwara ụka. Nʼihi ya ndị a gbara izu igbu ya.
30 ၃၀ ထို​အ​ကြောင်း​ကို​ညီ​အစ်​ကို​တို့​ကြား​သိ​သော အ​ခါ သူ့​ကို​ကဲ​သ​ရိ​မြို့​သို့​ပို့​ဆောင်​ပြီး​လျှင် ထို​မှ​တစ်​ဖန်​တာ​ရှု​မြို့​သို့​ထွက်​ခွာ​သွား​စေ ကြ​၏။
Mgbe ndị kwere ekwe nụrụ banyere nzube ha, ha duuru ya gaa Sizaria site nʼebe ahụ zipụ ya ka ọ laa obodo Tasọs.
31 ၃၁ ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။
Mgbe ahụ, nzukọ niile ndị nọ na Judịa, Galili na Sameria, nọọrọ nʼudo, guzosiekwa ike. Ha na-amụba nʼọnụọgụgụ site nʼịtụ egwu nke Onyenwe anyị na ịgbaume nke Mmụọ Nsọ.
32 ၃၂ ပေ​တ​ရု​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​သွား လာ​၏။ အ​ခါ​တစ်​ပါး​၌​လုဒ္ဒ​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
Pita na-ejegharị nʼetiti ndị kwere ekwe, ọ gakwara leta ndị nsọ nọ nʼobodo Lida.
33 ၃၃ ထို​မြို့​တွင်​လေ​ဖြတ်​သ​ဖြင့်​ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​မှာ​တုံး​လုံး​လဲ​နေ​သူ​အဲ​နေ နာ​မည်​ရှိ​သော​လူ​တစ်​ယောက်​ကို​တွေ့​၏။-
Nʼebe ahụ, ọ hụrụ otu nwoke aha ya bụ Ainias. Nwoke a anọọla nʼute ọrịa afọ asatọ. Ọ bụ onye ahụ ya kpọnwụrụ akpọnwụ.
34 ၃၄ သူ့​အား​ပေ​တ​ရု​က ``အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီ။ ထ​၍​အိပ်​ရာ ကို​ပြင်​လော့'' ဟု​ဆို​၏။ အဲ​နေ​သည်​ချက်​ချင်း ပင်​ထ​၏။-
Pita sịrị ya, “Ainias, Jisọs Kraịst agwọọla gị. Bilie mezie ute gị.” Ngwangwa, Ainias biliri ọtọ.
35 ၃၅ လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​လွင်​ပြင်​တွင်​နေ​ထိုင်​သူ​လူ အ​ပေါင်း​တို့​သည်​သူ့​ကို​တွေ့​မြင်​၍ သ​ခင် ဘု​ရား​ထံ​တော်​သို့​ပြောင်း​လဲ​လာ​ကြ​၏။
Ndị niile bi na Lida na Sharọn hụrụ ya. Nʼihi ya, ha nabatara Onyenwe anyị.
36 ၃၆ ယုပ္ပေ​မြို့​တွင်​တ​ဗိ​သ​နာ​မည်​ရှိ​သော​တ​ပည့် တော်​မ​တစ်​ဦး​ရှိ​၏။ (သူ​၏​နာ​မည်​မှာ​ဂ​ရိ စ​ကား​အား​ဖြင့်​ဒေါ်​ကာ​ဖြစ်​၍ ``ဒ​ရယ်'' ဟု အ​နက်​ရ​လေ​သည်။) သူ​သည်​ကောင်း​မှု​နှင့် စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို​အ​စဉ်​သ​ဖြင့်​ပြု တတ်​၏။-
Nʼobodo Jopa, e nwere otu onye nwanyị na-eso ụzọ ya, nke aha ya bụ Tabita nke pụtakwara Dọkas na asụsụ Griik. O jupụtara nʼọrụ ọma, na ọrụ obi ebere nʼebe ụmụ ogbenye nọ.
37 ၃၇ သူ​သည်​ဖျား​နာ​၍​သေ​လေ​၏။ သူ​၏​အ​လောင်း ကို​ရေ​ချိုး​ပေး​ကြ​ပြီး​သော်​အိမ်​၏​အ​ထက် ခန်း​တွင်​ပြင်​ထား​ကြ​၏။-
Nʼoge a, ọ rịara ọrịa, nwụọ. Mgbe ha sachara ya ahụ, ha nibere ya nʼotu ime ụlọ dị nʼụlọ elu.
38 ၃၈ လုဒ္ဒ​မြို့​သည်​ယုပ္ပေ​မြို့​အ​နီး​တွင်​ရှိ​သ​ဖြင့်​ထို မြို့​တွင်​ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား သိ​ကြ​သော​အ​ခါ ``အ​ကျွန်ုပ်​တို့​ထံ​သို့​အ​လျင် အ​မြန်​ကြွ​လာ​တော်​မူ​ပါ'' ဟူ​သော​ပန်​ကြား ချက်​ဖြင့်​လူ​နှစ်​ယောက်​ကို​ပေ​တ​ရု​ထံ​သို့​စေ လွှတ်​လိုက်​ကြ​၏။-
Jopa dịkwa nso na Lida. Mgbe ndị na-eso ụzọ ya nụrụ na Pita nọ nʼebe ahụ, ha ziri ụmụ nwoke abụọ ozi ka a rịọọ ya, sị, “Biko, ahapụla ịbịakwute anyị ngwangwa.”
39 ၃၉ ထို့​ကြောင့်​ပေ​တ​ရု​သည်​ထို​သူ​နှစ်​ယောက်​နှင့် အ​တူ​လိုက်​ခဲ့​လေ​သည်။ ရောက်​သော​အ​ခါ​လူ တို့​သည်​သူ့​အား​အိမ်​အ​ထက်​ထပ်​ရှိ​အ​ခန်း သို့​ခေါ်​သွား​ကြ​၏။ မု​ဆိုး​မ​တို့​သည်​ပေ​တ​ရု ၏​အ​နီး​တွင်​ဝိုင်း​အုံ​လျက်​ငို​ယို​ကာ ဒေါ်​ကာ အ​သက်​ရှင်​စဉ်​အ​ခါ​က​ချုပ်​လုပ်​ထား​ခဲ့​သော အင်္ကျီ​များ​နှင့်​အ​တွင်း​ခံ​အင်္ကျီ​များ​ကို​ပြ ကြ​၏။-
Pita biliri soro ha gawa, mgbe o ruru, ha duuru ya gbago nʼụlọ elu nʼime ụlọ ahụ. Ụmụ nwanyị niile di ha nwụrụ anwụ nọ nʼebe ahụ na-ebe akwa, na-egosi uwe Dọkas dụụrụ ha mgbe ọ dị ndụ.
40 ၄၀ ပေ​တ​ရု​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ပြင် သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။ ထို​နောက်​ရုပ်​အ​လောင်း​ဘက်​သို့ လှည့်​၍ ``တ​ဗိ​သ၊ ထ​လော့'' ဟု​ဆို​၏။ ဒေါ်​ကာ သည်​မျက်​စိ​ဖွင့်​၍​ပေ​တ​ရု​ကို​မြင်​သော အ​ခါ​ထ​ထိုင်​လေ​၏။-
Pita chụpụrụ ha niile nʼezi, gbuo ikpere nʼala, kpee ekpere. Ọ tụgharịrị chee ozu ahụ ihu sị, “Tabita, bilie.” O meghere anya ya, ma mgbe ọ hụrụ Pita, o biliri, nọdụ ala.
41 ၄၁ ပေ​တ​ရု​သည်​လက်​ကို​ကမ်း​ပေး​ပြီး​လျှင်​ထို အ​မျိုး​သ​မီး​ကို​ဆွဲ​ထူ​လိုက်​၏။ ထို​နောက် မု​ဆိုး​မ​များ​အ​ပါ​အ​ဝင်​ယုံ​ကြည်​သူ​များ ကို​ခေါ်​၍ အ​သက်​ရှင်​လျက်​ရှိ​သော​ဒေါ်​ကာ ကို​ပေး​အပ်​၏။-
O nyeere ya aka ka ọ kwụrụ ọtọ. Ọ kpọrọ ndị nsọ niile nọ nʼebe ahụ, ha na ụmụ nwanyị ahụ di ha nwụrụ gosi ha na ọ dị ndụ.
42 ၄၂ ဤ​သ​တင်း​သည်​ယုပ္ပေ​တစ်​မြို့​လုံး​တွင်​ကျော် ကြား​သွား​သ​ဖြင့် လူ​အ​မြောက်​အ​မြား​ပင် သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည်​လာ ကြ​၏။-
A nụrụ akụkọ ihe a mere nʼebe niile na Jopa, nke mere ka ọtụtụ kwere nʼOnyenwe anyị.
43 ၄၃ ပေ​တ​ရု​သည်​ယုပ္ပေ​မြို့​တွင်​ရှိ​မုန်​နာ​မည်​ရှိ​သူ သား​ရေ​နယ်​သ​မား​နှင့်​အ​တူ​ရက်​ပေါင်း​များ စွာ​နေ​ထိုင်​လေ​သည်။
Ọ nọgidere na Jopa ọtụtụ ụbọchị. Ọ nọdụrụ nʼụlọ Saimọn, onye ọrụ ya bụ idozi akpụkpọ anụ.

< တမန်တော်ဝတ္ထု 9 >