< တမန်တော်ဝတ္ထု 28 >

1 ကျွန်ုပ်​တို့​သည်​ဘေး​ကင်း​စွာ​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ ထို​ကျွန်း​ကို​မေ​လိ​တေ ကျွန်း​ဟု​ခေါ်​ကြောင်း​သိ​ရှိ​ကြ​၏။-
われら救はれて後、この島のマルタと稱ふるを知れり。
2 ကျွန်း​သူ​ကျွန်း​သား​တို့​သည်​ကျွန်ုပ်​တို့​အ​ပေါ်​တွင် အ​ထူး​ကြင်​နာ​မှု​ကို​ပြ​ကြ​၏။ မိုး​ရွာ​သ​ဖြင့် ချမ်း​အေး​လာ​သော​ကြောင့် ထို​သူ​တို့​သည်​မီး​ဖို ပြီး​လျှင်​ကျွန်ုပ်​တို့​အား​ဧည့်​ခံ​ကြ​၏။
土人ら一方ならぬ情を我らに表し、降りしきる雨と寒氣とのために、火を焚きて我ら一同を待遇せり。
3 ပေါ​လု​သည်​ထင်း​တစ်​စည်း​ကို​ယူ​ပြီး​လျှင်​မီး ထဲ​သို့​ထည့်​လိုက်​၏။ ထို​အ​ခါ​မီး​ပူ​ရှိန်​ကြောင့် ထင်း​စည်း​ထဲ​မှ​မြွေ​တစ်​ကောင်​ထွက်​လာ​ပြီး နောက် ပေါ​လု​၏​လက်​ကို​တွယ်​လျက်​နေ​၏။-
パウロ柴を束ねて火にくべたれば、熱によりて蝮いでて其の手につく。
4 သူ​၏​လက်​မှ​တန်း​လန်း​ကျ​နေ​သော​မြွေ ကို​ကျွန်း​သူ​ကျွန်း​သား​တို့​မြင်​လျှင် ``ဤ​သူ ကား​သူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ ပင်​လယ် တွင်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ခဲ့​သော်​လည်း တ​ရား​မျှ​တ​မှု​က​သူ့​အား​အ​သက်​ရှင် ခွင့်​မ​ပြု'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
蛇のその手に懸りたるを土人ら見て互に言ふ『この人は必ず殺人者なるべし、海より救はれしも、天道はその生くるを容さぬなり』
5 သို့​ရာ​တွင်​ပေါလု​သည်​မြွေ​ကို​မီး​ထဲ​သို့​ခါ ၍​ချ​လိုက်​၏။ သို့​သော်​အ​ဘယ်​သို့​မျှ​ဘေး ဥ​ပဒ်​မ​ဖြစ်။-
パウロ蛇を火のなかに振り落して何の害をも受けざりき。
6 ထို​သူ​တို့​က​ပေါ​လု​သည်​တစ်​ကိုယ်​လုံး​ရောင် လာ​လိမ့်​မည်။ သို့​မ​ဟုတ်​တ​ခ​ဏ​ချင်း​တွင်​လဲ သေ​လိမ့်​မည်​ဟု​စောင့်​မျှော်​နေ​ကြ​၏။ ဤ​အ​တိုင်း ပင်​ဆက်​လက်​၍​အ​တော်​ကြာ​အောင်​စောင့်​မျှော် နေ​ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​ပေါ​လု​၌ ဘေး​ဥ​ပဒ်​မ​ဖြစ်​သည်​ကို​မြင်​ကြ​သော​အ​ခါ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​လျက် ``ဤ​သူ​ကား​နတ်​ဘု​ရား​ပေ​တည်း'' ဟု​ဆို ကြ​ကုန်​၏။
人々は彼が腫れ出づるか、または忽ち倒れ死ぬるならんと候ふ。久しく窺ひたれど、聊かも害を受けぬを見て、思を變へて、此は神なりと言ふ。
7 ထို​နေ​ရာ​အ​နီး​အ​နား​တွင်​ကျွန်း​သူ​ကြီး ပု​ဗ​လိ​ပိုင်​သည့်​မြေ​ယာ​များ​ရှိ​၏။ ထို​သူ သည်​ကျွန်ုပ်​တို့​ကို​လက်​ခံ​ပြီး​လျှင်​သုံး​ရက် တိုင်​တိုင်​ကျွေး​မွေး​ဧည့်​ခံ​၏။-
この處の邊に島司のもてる土地あり、島司の名はポプリオといふ。此の人われらを迎へて懇切に三日の間もてなせり。
8 ပု​ဗ​လိ​၏​ဖ​ခင်​သည်​အ​ဖျား​ရော​ဂါ၊ ဝမ်း​ကိုက် ရော​ဂါ​များ​ဖြင့်​လဲ​၍​နေ​၏။ ပေါ​လု​သည်​သူ​၏ အ​ခန်း​ထဲ​သို့​ဝင်​၍​ဆု​တောင်း​ပြီး​နောက် သူ​၏ အ​ပေါ်​မှာ​လက်​ကို​တင်​၍​သူ့​ကို​ကျန်း​မာ လာ​စေ​၏။-
ポプリオの父、熱と痢病とに罹りて臥し居たれば、パウロその許にいたり、祈りかつ手を按きて醫せり。
9 ထို​အ​ခါ​ကျွန်း​ပေါ်​ရှိ​အ​ခြား​မ​ကျန်း​မာ သော​သူ​အ​ပေါင်း​တို့​သည်​ပေါ​လု​ထံ​သို့​လာ ကြ​၏။ ပေါ​လု​သည်​သူ​တို့​ကို​ကျန်း​မာ​စေ​၏။-
この事ありてより、島の病める人々みな來りて醫されたれば、
10 ၁၀ သူ​တို့​သည်​ကျွန်ုပ်​တို့​အား​လက်​ဆောင်​များ​ပေး ကြ​၏။ ကျွန်ုပ်​တို့​ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​၌ လည်း​လို​အပ်​သည့်​စား​နပ်​ရိက္ခာ​များ​ကို သင်္ဘော​ပေါ်​သို့​ပို့​ပေး​ကြ​၏။
禮を厚くして我らを敬ひ、また船出の時には必要なる品々を贈りたり。
11 ၁၁ သုံး​လ​ကြာ​သော်​ကျွန်ုပ်​တို့​သည် ထို​ကျွန်း​တွင် ဆောင်း​ခို​နေ​ခဲ့​သည့်​သင်္ဘော​ဖြင့်​ရွက်​လွှင့်​ကြ​၏။ သင်္ဘော​သည်​အာ​လေ​ဇ​န္ဒြိ​မြို့​မှ​လာ​၍​နတ် အ​မြွှာ​ညီ​နောင်​ဟု​အ​မည်​တွင်​၏။-
三月の後、われらはこの島に冬籠せしデオスクリの號あるアレキサンデリヤの船にて出で、
12 ၁၂ ကျွန်ုပ်​တို့​သည်​သု​ရ​ကုတ်​မြို့​တွင်​သင်္ဘော​ဆိုက် ကပ်​၍ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။-
シラクサにつきて三日とまり、
13 ၁၃ ထို​မြို့​မှ​ရွက်​လွှင့်​ပြန်​ရာ​ရေ​ဂျုန်​မြို့​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​တောင်​လေ​လာ​သ​ဖြင့် နှစ်​ရက်​ကြာ​သော်​ပေါ​တ​ယော​လိ​မြို့​သို့​ရောက် ကြ​၏။-
此處より繞りてレギオンにいたり、一日を過ぎて南 風ふき起りたれば、我ら二日めにポテオリに著き、
14 ၁၄ ထို​မြို့​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့​၍ သူ​တို့​က မိ​မိ​တို့​နှင့်​ခု​နစ်​ရက်​မျှ​နေ​ရန် တောင်း​ပန်​သည်​အ​တိုင်း​နေ​ပြီး​နောက် ရော​မ​မြို့​သို့​ခ​ရီး​ဆက်​ကြ​၏။-
此處にて兄弟たちに逢ひ、その勸によりて七日のあひだ留り、而して遂にロマに往く。
15 ၁၅ ထို​ရော​မ​မြို့​ရှိ​ယုံ​ကြည်​သူ​များ​သည် ကျွန်ုပ် တို့​လာ​သည့်​အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့် အပ္ပိ​စျေး​သို့​တိုင်​အောင်​လည်း​ကောင်း၊ တည်း​ခို ရိပ်​သာ​သုံး​ဆောင်​သို့​တိုင်​အောင်​လည်း​ကောင်း လာ​ရောက်​ကြို​ဆို​ကြ​၏။ ပေါ​လု​သည်​ထို​သူ တို့​ကို​မြင်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၍​အား​တက်​လာ​၏။
かしこの兄弟たち我らの事をききて、アピオポロおよびトレスタベルネまで來りて我らを迎ふ。パウロこれを見て神に感謝し、その心 勇みたり。
16 ၁၆ ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ​ပေါ​လု သည် တစ်​ကိုယ်​တည်း​အ​စောင့်​စစ်​သား​တစ်​ယောက် နှင့်​အ​တူ​နေ​ခွင့်​ရ​ရှိ​၏။
我らロマに入りて後、パウロは己を守る一人の兵卒とともに別に住むことを許さる。
17 ၁၇ နောက်​သုံး​ရက်​ကြာ​လျှင်​ပေါ​လု​သည် မြို့​ပေါ်​ရှိ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ် ၏။ ထို​သူ​တို့​လာ​ရောက်​စု​ဝေး​လျက်​ရှိ​သော အ​ခါ​ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဘိုး​ဘေး တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​အား​လည်း​ကောင်း ဆန့်​ကျင်​သည့်​အ​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ပြု​လုပ်​ခဲ့​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ငါ့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ရော​မ​အ​မျိုး​သား​တို့​၏​လက်​သို့​အပ် ကြ​၏။-
三日すぎてパウロ、ユダヤ人の重立ちたる者を呼び集む。その集りたる時これに言ふ『兄弟たちよ、我はわが民わが先祖たちの慣例に悖ることを一つも爲さざりしに、エルサレムより囚人となりて、ロマ人の手に付されたり。
18 ၁၈ ထို​သူ​တို့​သည်​ငါ့​ကို​စစ်​ဆေး​မေး​မြန်း​ပြီး နောက် ငါ​၏​အ​မှု​တွင်​သေ​ဒဏ်​ပေး​ထိုက်​သော အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​မ​တွေ့​ရ သ​ဖြင့်​ငါ့​အား​လွှတ်​လို​ကြ​၏။-
かれら我を審きて死に當ることなき故に、我を釋さんと思ひしに、
19 ၁၉ သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​က​ကန့်​ကွက် ကြ​သော​ကြောင့် ငါ​သည်​မ​လွဲ​မ​ရှောင်​သာ​တော့ ဘဲ​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ရ​၏။ သို့​ပြု ရ​ခြင်း​မှာ​မိ​မိ​၏​အ​မျိုး​သား​တို့​အား​စွပ် စွဲ​ပြော​ဆို​ရန်​အ​ကြောင်း​ရှိ​၍​မ​ဟုတ်။-
ユダヤ人さからひたれば、餘義なくカイザルに上訴せり。然れど我が國人を訴へんとせしにあらず。
20 ၂၀ သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။
この故に我なんぢらに會ひ、かつ共に語らんことを願へり、我はイスラエルの懷く希望の爲にこの鎖に繋がれたり』
21 ၂၁ ထို​သူ​တို့​က ``ငါ​တို့​သည်​သင်​၏​အ​ကြောင်း ယု​ဒ​ပြည်​မှ​စာ​တစ်​စောင်​မျှ​မ​ရ​ခဲ့​ကြ​ပါ။ ငါ​တို့​ယု​ဒ​အ​မျိုး​သား​ညီ​အစ်​ကို​တစ်​စုံ​တစ် ယောက်​မျှ​လည်း လာ​ရောက်​၍​သင်​၏​အ​ကြောင်း မ​ကောင်း​သ​တင်း​မ​ပြော​ပါ။-
かれら言ふ『われら汝につきてユダヤより書を受けず、また兄弟たちの中より來りて、汝の善からぬ事を告げたる者も、語りたる者もなし。
22 ၂၂ သို့​ရာ​တွင်​ဤ​ဂိုဏ်း​အ​ကြောင်း​ကို​မူ​ဆန့်​ကျင် ၍ နေ​ရာ​တ​ကာ​တွင်​ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​သိ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​သင်​၏​အ​ယူ ဝါ​ဒ​ကို​သင့်​ထံ​မှ​ငါ​တို့​ကြား​နာ​လို​ပါ ၏'' ဟု​ဆို​ကြ​၏။
ただ我らは汝の思ふところを聞かんと欲するなり。それは此の宗旨の到る處にて非 難せらるるを知ればなり』
23 ၂၃ ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။
ここに日を定めて多くの人パウロの宿に來りたれば、パウロ朝より夕まで神の國のことを説明して證をなし、かつモーセの律法と預言者の書とを引きてイエスのことを勸めたり。
24 ၂၄ လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။-
パウロのいふ言を或 者は信じ、或 者は信ぜず。
25 ၂၅ ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။
互に相 合はずして退かんとしたるに、パウロ一言を述べて言ふ『宜なるかな、聖 靈は預言者イザヤによりて汝らの先祖たちに語り給へり。曰く、
26 ၂၆ `ဤ​လူ​မျိုး​ထံ​သို့​သွား​၍​ပြော​ကြား​လော့။ သင်​တို့​သည်​ကြိုး​စား​၍​နား​ထောင်​သော်​လည်း နား​လည်​လိမ့်​မည်​မ​ဟုတ်။ ကြိုး​စား​၍​ကြည့်​သော်​လည်း​မြင်​လိမ့်​မည်​မ​ဟုတ်။
「なんぢらこの民に往きて言へ、なんぢら聞きて聞けども悟らず、見て見れども認めず、
27 ၂၇ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လူ​မျိုး​၏ စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်​သူ​တို့​၏ မျက်​စိ​များ​သည်​ပိတ်​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​သာ​ဤ​သို့​မ​ဖြစ်​ဘဲ​သူ​တို့​၏ မျက်​စိ​များ​သည်​မြင်​နိုင်​လျက်၊ နား​များ​သည်​ကြား​နိုင်​လျက်​စိတ်​နှ​လုံး​များ​သည် သိ​နား​လည်​ကြ​ပါ​မူ၊ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​ကြ​မည် ဖြစ်​၍ ငါ​သည်​လည်း​သူ​တို့​အား​ကျန်း​မာ​စေ​တော် မူ​မည်' '' ဟု​ဆို​လေ​သည်။
この民の心はにぶく、耳は聞くにものうく、目は閉ぢたればなり。これ目にて見、耳にて聞き、心にてさとり、ひるがへりて我に醫さるることなからん爲なり」
28 ၂၈ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပေါ​လု​က ``သို့​ဖြစ်​၍ ကယ်​တင်​တော်​မူ​ခြင်း​ဆိုင်​ရာ​ဘု​ရား​သ​ခင်​၏ ကယ်​တင်​ခြင်း​တ​ရား​ကို လူ​မျိုး​ခြား​တို့​ကြား နာ​ရန်​ဟော​ပြော​မည့်​သူ​တို့​ကို​စေ​လွှတ်​ပြီ​ဖြစ် ၍ သူ​တို့​သည်​ကြား​နာ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့'' ဟု​ဆို​၏။
然れば汝ら知れ、神のこの救は異邦人に遣されたり、彼らは之を聽くべし』
29 ၂၉ (ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။)
[なし]
30 ၃၀ ပေါ​လု​သည်​ထို​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား ရမ်း​ထား​သည့်​အိမ်​တွင်​နေ​၏။ မိ​မိ​ထံ​လာ​ရောက် ကြ​သူ​အ​ပေါင်း​တို့​အား​ကြို​ဆို​ဧည့်​ခံ​လျက်၊-
パウロは滿 二年のあひだ、己が借り受けたる家に留り、その許にきたる凡ての者を迎へて、
31 ၃၁ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ဟော ပြော​၍ သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​တော်​ကို အ​ဆီး​အ​တား​မ​ရှိ​ဘဲ​ရဲ​ရင့်​စွာ​ဟော​ပြော သွန်​သင်​လျက်​နေ​၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​သား​သော​တ​မန်​တော် ဝတ္ထု​ပြီး​၏။
更に臆せずまた妨げられずして、神の國をのべ、主イエス・キリストの事を教へたり。

< တမန်တော်ဝတ္ထု 28 >