< ၄ ဓမ္မရာဇဝင် 1 >

1 ဣသ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ မော​ဘ​ပြည်​သည်​ဣသ​ရေ​လ​ပြည်​ကို​ပုန်​ကန် လေ​သည်။
अहाब के मरने के बाद मोआब इस्राएल के विरुद्ध बलवा करने लगा।
2 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့ နန်း​တော်​အ​မိုး​ထက်​ရှိ​လ​သာ​ဆောင်​မှ​လိမ့် ကျ​သ​ဖြင့် ပြင်း​ထန်​စွာ​ဒဏ်​ရာ​ရ​ရှိ​၏။ သို့ ဖြစ်​၍​သူ​သည်​ဖိ​လိတ္တိ​ပြည်​ဧ​ကြုန်​မြို့​၏​ဘု​ရား ဗာ​လ​ဇေ​ဗုပ်​ထံ​သံ​တ​မန်​များ​စေ​လွှတ်​ကာ မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည်​မ​လာ​မည် ကို​စုံ​စမ်း​မေး​မြန်း​စေ​၏။-
अहज्याह एक जालीदार खिड़की में से, जो सामरिया में उसकी अटारी में थी, गिर पड़ा, और बीमार हो गया। तब उसने दूतों को यह कहकर भेजा, “तुम जाकर एक्रोन के बाल-जबूब नामक देवता से यह पूछ आओ, कि क्या मैं इस बीमारी से बचूँगा कि नहीं?”
3 သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် တိ​ရှ​ဘိ​မြို့​သား​ပ​ရော​ဖက်​ဧ​လိ​ယ အား``အာ​ခ​ဇိ​မင်း​၏​သံ​တ​မန်​များ​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သူ​တို့​အား​ဣ​သ​ရေ​လ ပြည်​တွင်​ဘု​ရား​မ​ရှိ​သော​ကြောင့် ဧ​ကြုန် ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​ထံ​သွား​ရောက်​စုံ​စမ်း မေး​မြန်း​ရ​သ​လော​ဟု​မေး​လော့။-
तब यहोवा के दूत ने तिशबी एलिय्याह से कहा, “उठकर सामरिया के राजा के दूतों से मिलने को जा, और उनसे कह, ‘क्या इस्राएल में कोई परमेश्वर नहीं जो तुम एक्रोन के बाल-जबूब देवता से पूछने जाते हो?’
4 မင်း​ကြီး​အား`မိ​မိ​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍ ထ​နိုင်​မည်​မ​ဟုတ်​ကြောင်း၊ သေ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​သင်​တို့ လျှောက်​ထား​ကြ​လော့' ဟု​ဆင့်​ဆို​ရ​မည်'' ဟု မိန့်​တော်​မူ​သည်။ ဧ​လိ​ယ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ပြု​သ​ဖြင့်၊-
इसलिए अब यहोवा तुझ से यह कहता है, ‘जिस पलंग पर तू पड़ा है, उस पर से कभी न उठेगा, परन्तु मर ही जाएगा।’” तब एलिय्याह चला गया।
5 သံ​တ​မန်​တို့​သည်​မင်း​ကြီး​ထံ​သို့​ပြန်​ကြ​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သင်​တို့​ပြန်​လာ ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
जब अहज्याह के दूत उसके पास लौट आए, तब उसने उनसे पूछा, “तुम क्यों लौट आए हो?”
6 ထို​သူ​တို့​က``လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​နှင့် လာ​ရောက်​တွေ့​ဆုံ​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား`ဣ​သ​ရေ​လ​ပြည်​တွင်​ဘု​ရား​မ​ရှိ သော​ကြောင့် ဧ​ကြုန်​ဘု​ရား​ထံ​သံ​တ​မန်​များ စေ​လွှတ်​၍​စုံ​စမ်း​မေး​မြန်း​ရ​သ​လော။ သင်​သည် သင်​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍​ထ​နိုင်​မည် မ​ဟုတ်။ သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း အ​ရှင့်​ထံ​ပြန်​ကြား​လျှောက်​ထား​ရန် အ​ကျွန်ုပ် တို့​အား​ပြော​ကြား​သွား​ပါ​သည်'' ဟု​သံ တော်​ဦး​တင်​ကြ​၏။
उन्होंने उससे कहा, “एक मनुष्य हम से मिलने को आया, और कहा कि, ‘जिस राजा ने तुम को भेजा उसके पास लौटकर कहो, यहोवा यह कहता है, कि क्या इस्राएल में कोई परमेश्वर नहीं जो तू एक्रोन के बाल-जबूब देवता से पूछने को भेजता है? इस कारण जिस पलंग पर तू पड़ा है, उस पर से कभी न उठेगा, परन्तु मर ही जाएगा।’”
7 မင်း​ကြီး​က``ထို​သူ​၏​ပုံ​ပန်း​သဏ္ဌာန်​ကား အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။
उसने उनसे पूछा, “जो मनुष्य तुम से मिलने को आया, और तुम से ये बातें कहीं, उसका कैसा रंग-रूप था?”
8 ထို​သူ​တို့​က``သူ​သည်​တိ​ရစ္ဆာန်​သား​ရေ​ဖြင့် ချုပ်​လုပ်​ထား​သည့်​ဝတ်​လုံ​ကို​ဝတ်​၍ သား​ရေ ခါး​ပတ်​ကို​စည်း​ထား​ပါ​သည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​သည်​ဧ​လိ​ယ​ဖြစ် ပါ​သည်​တကား'' ဟု​မြွက်​ဆို​တော်​မူ​၏။
उन्होंने उसको उत्तर दिया, “वह तो रोंआर मनुष्य था और अपनी कमर में चमड़े का फेंटा बाँधे हुए था।” उसने कहा, “वह तिशबी एलिय्याह होगा।”
9 ထို​နောက်​မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​ကို လူ​ငါး​ဆယ်​တပ်​နှင့်​အ​တူ​ဧ​လိ​ယ​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။ တပ်​မှူး​သည်​တောင်​ကုန်း တစ်​ခု​ပေါ်​တွင်​ဧ​လိ​ယ​ထိုင်​နေ​သည်​ကို​တွေ့ မြင်​သ​ဖြင့် သူ့​အား``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ ဆင်း​ခဲ့​လော့။ ဘု​ရင်​အမိန့်​တော်​ရှိ​သည်'' ဟု ဆို​၏။
तब उसने उसके पास पचास सिपाहियों के एक प्रधान को उसके पचासों सिपाहियों समेत भेजा। प्रधान ने एलिय्याह के पास जाकर क्या देखा कि वह पहाड़ की चोटी पर बैठा है। उसने उससे कहा, “हे परमेश्वर के भक्त राजा ने कहा है, ‘तू उतर आ।’”
10 ၁၀ ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​မီး​ကျလာ​သ​ဖြင့် တပ်​မှူး နှင့်​သူ​၏​တပ်​သား​တို့​သည်​ကျွမ်း​လောင်​လေ ၏။
१०एलिय्याह ने उस पचास सिपाहियों के प्रधान से कहा, “यदि मैं परमेश्वर का भक्त हूँ तो आकाश से आग गिरकर तुझे तेरे पचासों समेत भस्म कर डाले।” तब आकाश से आग उतरी और उसे उसके पचासों समेत भस्म कर दिया।
11 ၁၁ မင်း​ကြီး​သည်​အ​ခြား​တပ်​မှူး​တစ်​ယောက်​နှင့် လူ​ငါး​ဆယ်​တပ်​ကို​စေ​လွှတ်​ပြန်​၏။ သူ​တို့ သည်​ဧ​လိ​ယ​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင် ၏​အ​စေ​ခံ၊ အ​မြန်​ဆင်း​ခဲ့​လော့။ ဘု​ရင် အ​မိန့်​တော်​ရှိ​သည်'' ဟု​ဆို​၏။
११फिर राजा ने उसके पास पचास सिपाहियों के एक और प्रधान को, पचासों सिपाहियों समेत भेज दिया। प्रधान ने उससे कहा, “हे परमेश्वर के भक्त राजा ने कहा है, ‘फुर्ती से तू उतर आ।’”
12 ၁၂ ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​ကောင်း​ကင်​မှ​မီး​ကျ သ​ဖြင့် တပ်​မှူး​နှင့်​တပ်​သား​တို့​သည်​ကျွမ်း လောင်​လေ​၏။
१२एलिय्याह ने उत्तर देकर उनसे कहा, “यदि मैं परमेश्वर का भक्त हूँ तो आकाश से आग गिरकर तुझे और तेरे पचासों समेत भस्म कर डाले।” तब आकाश से परमेश्वर की आग उतरी और उसे उसके पचासों समेत भस्म कर दिया।
13 ၁၃ မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​နှင့်​လူ​ငါး ဆယ်​တပ်​ကို​နောက်​တစ်​ကြိမ်​စေ​လွှတ်​ပြန်​၏။ ထို​တပ်​မှူး​သည်​တောင်​ကုန်း​ပေါ်​သို့​တက်​၍ ဧ​လိ​ယ​ရှေ့​တွင်​ဒူး​ထောက်​လျက်``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ တပ်​သား​တို့​ကို​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော်​မူ​ပါ။-
१३फिर राजा ने तीसरी बार पचास सिपाहियों के एक और प्रधान को, पचासों सिपाहियों समेत भेज दिया, और पचास का वह तीसरा प्रधान चढ़कर, एलिय्याह के सामने घुटनों के बल गिरा, और गिड़गिड़ाकर उससे विनती की, “हे परमेश्वर के भक्त मेरा प्राण और तेरे इन पचास दासों के प्राण तेरी दृष्टि में अनमोल ठहरें।
14 ၁၄ အ​ခြား​တပ်​မှူး​နှစ်​ယောက်​နှင့်​သူ​တို့​၏​တပ် သား​များ​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​သေ ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ'' ဟု​တောင်း​ပန်​၏။
१४पचास-पचास सिपाहियों के जो दो प्रधान अपने-अपने पचासों समेत पहले आए थे, उनको तो आग ने आकाश से गिरकर भस्म कर डाला, परन्तु अब मेरा प्राण तेरी दृष्टि में अनमोल ठहरे।”
15 ၁၅ ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က​ဧ​လိ​ယ အား``မ​ကြောက်​နှင့်။ ထို​သူ​နှင့်​အ​တူ​လိုက်​သွား လော့'' ဟု​ဆို​သ​ဖြင့် ဧ​လိ​ယ​သည်​မင်း​ကြီး​ထံ သို့​တပ်​မှူး​နှင့်​အ​တူ​လိုက်​သွား​ပြီး​လျှင်၊-
१५तब यहोवा के दूत ने एलिय्याह से कहा, “उसके संग नीचे जा, उससे मत डर।” तब एलिय्याह उठकर उसके संग राजा के पास नीचे गया,
16 ၁၆ ``ထာ​ဝ​ရ​ဘု​ရား​က`ဣ​သ​ရေ​လ​ပြည်​တွင် ဗျာ​ဒိတ်​တော်​ကို​မေး​လျှောက်​ရန် ဘု​ရား​မ​ရှိ သော​ကြောင့်​ဧ​ကြုန်​မြို့​၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ် အား​စုံ​စမ်း​မေး​မြန်း​ရန်​သံ​တမန်​တို့​ကို​စေ လွှတ်​ရ​သ​လော။ သို့​ဖြစ်​၍​သင်​သည်​ပြန်​လည် ကျန်း​မာ​လာ​လိမ့်​မည်​မ​ဟုတ်။ သေ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​လေ​၏။
१६और उससे कहा, “यहोवा यह कहता है, ‘तूने तो एक्रोन के बाल-जबूब देवता से पूछने को दूत भेजे थे तो क्या इस्राएल में कोई परमेश्वर नहीं कि जिससे तू पूछ सके? इस कारण तू जिस पलंग पर पड़ा है, उस पर से कभी न उठेगा, परन्तु मर ही जाएगा।’”
17 ၁၇ ဧ​လိ​ယ​ဆင့်​ဆို​သော​ထာ​ဝရ​ဘု​ရား​၏​ဗျာ ဒိတ်​တော်​အ​တိုင်း အာ​ခ​ဇိ​သည်​ကွယ်​လွန်​လေ​၏။ အာ​ခ​ဇိ​တွင်​သား​တော်​မ​ရှိ​သ​ဖြင့်​ညီ​တော် ယော​ရံ​သည် ယော​ရှ​ဖတ်​၏​သား​ယု​ဒ​ဘု​ရင် ယ​ဟော​ရံ​၏​နန်း​စံ​ဒုတိ​ယ​နှစ်​၌​နန်း​တက် လေ​သည်။
१७यहोवा के इस वचन के अनुसार जो एलिय्याह ने कहा था, वह मर गया। और उसकी सन्तान न होने के कारण यहोराम उसके स्थान पर यहूदा के राजा यहोशापात के पुत्र यहोराम के दूसरे वर्ष में राज्य करने लगा।
18 ၁၈ အာ​ခ​ဇိ​မင်း​၏​အ​ခြား​လုပ်​ဆောင်​ချက်​ရှိ သ​မျှ​တို့​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
१८अहज्याह के और काम जो उसने किए वह क्या इस्राएल के राजाओं के इतिहास की पुस्तक में नहीं लिखे हैं?

< ၄ ဓမ္မရာဇဝင် 1 >