< ၄ ဓမ္မရာဇဝင် 24 >

1 ယော​ယ​ကိမ်​နန်း​စံ​ချိန်​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း ဝင်​ရောက်​လာ​၏။ ယော​ယ​ကိမ်​သည်​လည်း​သုံး နှစ်​တိုင်​တိုင် သူ​၏​ထံ​တွင်​အ​ညံ့​ခံ​လျက်​နေ ပြီး​မှ​ပုန်​ကန်​လေ​၏။-
उसके दिनों में बाबेल के राजा नबूकदनेस्सर ने चढ़ाई की और यहोयाकीम तीन वर्ष तक उसके अधीन रहा; तब उसने फिरकर उससे विद्रोह किया।
2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန် ဗာ​ဗု​လုန်၊ ရှု​ရိ၊ မော​ဘ​နှင့်​အမ္မုန်​တပ်​သား​များ​ကို​စေ​လွှတ် တော်​မူ​၏။-
तब यहोवा ने उसके विरुद्ध और यहूदा को नाश करने के लिये कसदियों, अरामियों, मोआबियों और अम्मोनियों के दल भेजे, यह यहोवा के उस वचन के अनुसार हुआ, जो उसने अपने दास भविष्यद्वक्ताओं के द्वारा कहा था।
3 ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​ပြု​ခဲ့​သည့် ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့် အ​ထူး​သ​ဖြင့် အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ် ကြောင့် ယု​ဒ​ပြည်​သူ​တို့​အား​မျက်​မှောက်​တော် မှ​နှင်​ထုတ်​တော်​မူ​လို​သ​ဖြင့် ဤ​သို့​စီ​ရင် တော်​မူ​ခြင်း​ဖြစ်​သ​တည်း။ ထို​ပြစ်​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မ​မူ​နိုင်။
निःसन्देह यह यहूदा पर यहोवा की आज्ञा से हुआ, ताकि वह उनको अपने सामने से दूर करे। यह मनश्शे के सब पापों के कारण हुआ।
4
और निर्दोष के उस खून के कारण जो उसने किया था; क्योंकि उसने यरूशलेम को निर्दोषों के खून से भर दिया था, जिसको यहोवा ने क्षमा करना न चाहा।
5 ယော​ယ​ကိမ်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။-
यहोयाकीम के और सब काम जो उसने किए, वह क्या यहूदा के राजाओं के इतिहास की पुस्तक में नहीं लिखे हैं?
6 ယော​ယ​ကိမ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
अन्त में यहोयाकीम मरकर अपने पुरखाओं के संग जा मिला और उसका पुत्र यहोयाकीन उसके स्थान पर राजा हुआ।
7 အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​သည်​နောင် အ​ဘယ်​အ​ခါ​၌ အီ​ဂျစ်​ပြည်​မှ​မ​ထွက်​ခွာ​ရ ကြ​တော့​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဥ​ဖ​ရတ် မြစ်​မှ​အီ​ဂျစ်​ပြည်​မြောက်​ဘက်​နယ်​စပ်​တိုင် အောင် အီ​ဂျစ်​ပိုင်​နယ်​မြေ​ရှိ​သ​မျှ​ကို​ဗာ​ဗု​လုန် ဘု​ရင်​က​ထိန်း​သိမ်း​အုပ်​ချုပ်​လျက်​နေ​သော ကြောင့်​ဖြစ်​၏။
और मिस्र का राजा अपने देश से बाहर फिर कभी न आया, क्योंकि बाबेल के राजा ने मिस्र के नाले से लेकर फरात महानद तक जितना देश मिस्र के राजा का था, सब को अपने वश में कर लिया था।
8 ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင် မြို့​သား​ဧ​လ​နာ​သန်​၏​သ​မီး​န​ဟုတ္တ​ဖြစ်​၏။-
जब यहोयाकीन राज्य करने लगा, तब वह अठारह वर्ष का था, और तीन महीने तक यरूशलेम में राज्य करता रहा; और उसकी माता का नाम नहुश्ता था, जो यरूशलेम के एलनातान की बेटी थी।
9 ယေ​ခေါ​နိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ် မှား​၏။-
उसने ठीक अपने पिता के समान वह किया, जो यहोवा की दृष्टि में बुरा है।
10 ၁၀ နေ​ဗု​ခဒ်​နေ​ဇာ​၏​တပ်​မှူး​များ​ကွပ်​ကဲ​သည့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ ကို​ဝိုင်း​ရံ​ထား​သည်​မှာ​ယေ​ခေါ​နိ​မင်း​၏ လက်​ထက်​၌​ဖြစ်​၏။-
१०उसके दिनों में बाबेल के राजा नबूकदनेस्सर के कर्मचारियों ने यरूशलेम पर चढ़ाई करके नगर को घेर लिया।
11 ၁၁ ယင်း​သို့​ဝိုင်း​ရံ​ထား​ချိန်​၌​နေ​ဗု​ခဒ်​နေ​ဇာ​ကိုယ် တိုင်​ပင် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​လေ​သည်။-
११जब बाबेल के राजा नबूकदनेस्सर के कर्मचारी नगर को घेरे हुए थे, तब वह आप वहाँ आ गया।
12 ၁၂ ယေ​ခေါ​နိ​မင်း​သည်​မိ​မိ​၏​မယ်​တော်၊ သား​တော် များ၊ တပ်​မှူး​များ၊ နန်း​တော်​အ​ရာ​ရှိ​များ​နှင့်​တ​ကွ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​တွင်​အ​ညံ့​ခံ​တော် မူ​ရ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​နန်း​စံ​ရှစ်​နှစ် မြောက်​၌​ယေ​ခေါ​နိ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ၍၊-
१२तब यहूदा का राजा यहोयाकीन अपनी माता और कर्मचारियों, हाकिमों और खोजों को संग लेकर बाबेल के राजा के पास गया, और बाबेल के राजा ने अपने राज्य के आठवें वर्ष में उनको पकड़ लिया।
13 ၁၃ ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-
१३तब उसने यहोवा के भवन में और राजभवन में रखा हुआ पूरा धन वहाँ से निकाल लिया और सोने के जो पात्र इस्राएल के राजा सुलैमान ने बनाकर यहोवा के मन्दिर में रखे थे, उन सभी को उसने टुकड़े-टुकड़े कर डाला, जैसा कि यहोवा ने कहा था।
14 ၁၄ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ မင်း​ညီ​မင်း​သား​ရှိ​သ​မျှ​နှင့်​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ စု​စု​ပေါင်း​လူ​တစ်​သောင်း ကို​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​ဆီး​သွား​၏။ သူ​သည် အ​လွန့်​အ​လွန်​ဆင်း​ရဲ​သူ​များ​ကို​သာ​လျှင် ယု​ဒ​ပြည်​တွင်​ချန်​ထား​ပြီး​လျှင်​ပန်း​ပဲ​ဆ​ရာ များ​မှ​စ​၍ အ​တတ်​ပ​ညာ​သည်​အ​ပေါင်း​ကို ခေါ်​ဆောင်​သွား​လေ​သည်။
१४फिर वह पूरे यरूशलेम को अर्थात् सब हाकिमों और सब धनवानों को जो मिलकर दस हजार थे, और सब कारीगरों और लोहारों को बन्दी बनाकर ले गया, यहाँ तक कि साधारण लोगों में से कंगालों को छोड़ और कोई न रह गया।
15 ၁၅ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​မှ​စ​၍​သူ​၏ မယ်​တော်၊ မိ​ဖု​ရား​များ၊ မှူး​မတ်​များ၊ ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို ဗာ​ဗု​လုန်​မြို့ သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လေ​သည်။-
१५वह यहोयाकीन को बाबेल में ले गया और उसकी माता और स्त्रियों और खोजों को और देश के बड़े लोगों को वह बन्दी बनाकर यरूशलेम से बाबेल को ले गया।
16 ၁၆ သူ​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​စု​စု​ပေါင်း လူ​ခု​နစ်​ထောင်​ကို ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး ခေါ်​ဆောင်​သွား​၏။ ထို့​ပြင်​ပန်း​ပဲ​ဆ​ရာ​များ အ​ပါ​အ​ဝင်​အ​တတ်​ပ​ညာ​သည်​တစ်​ထောင် ကို​လည်း​ခေါ်​ဆောင်​သွား​၏။ ထို​သူ​အား​လုံး​ပင် ကိုယ်​လက်​သန်​စွမ်း​၍​စစ်​မှု​ထမ်း​နိုင်​သူ​များ ဖြစ်​ကြ​သ​တည်း။
१६और सब धनवान जो सात हजार थे, और कारीगर और लोहार जो मिलकर एक हजार थे, और वे सब वीर और युद्ध के योग्य थे, उन्हें बाबेल का राजा बन्दी बनाकर बाबेल को ले गया।
17 ၁၇ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏​ဘ​ထွေး တော်​မ​ဿ​နိ​အား ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း တင်​ပြီး​လျှင်​ဇေ​ဒ​ကိ​ဟု​နာ​မည်​ပြောင်း ၍​ခေါ်​တွင်​စေ​၏။
१७बाबेल के राजा ने उसके स्थान पर उसके चाचा मत्तन्याह को राजा नियुक्त किया और उसका नाम बदलकर सिदकिय्याह रखा।
18 ၁၈ ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ယေ​ရု​ရှ​လင် မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး၊ ဟာ​မု​တာ​လ​ဖြစ်​၏။-
१८जब सिदकिय्याह राज्य करने लगा, तब वह इक्कीस वर्ष का था, और यरूशलेम में ग्यारह वर्ष तक राज्य करता रहा; उसकी माता का नाम हमूतल था, जो लिब्नावासी यिर्मयाह की बेटी थी।
19 ၁၉ ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​နည်း​တူ​ပင် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​လေ​သည်။-
१९उसने ठीक यहोयाकीम की लीक पर चलकर वही किया जो यहोवा की दृष्टि में बुरा है।
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​သား​များ နှင့် ယု​ဒ​ပြည်​သူ​တို့​အား​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​သ​ဖြင့်​ရှေ့​တော်​မှ​နှင်​ထုတ်​တော် မူ​၏။
२०क्योंकि यहोवा के कोप के कारण यरूशलेम और यहूदा की ऐसी दशा हुई, कि अन्त में उसने उनको अपने सामने से दूर किया।

< ၄ ဓမ္မရာဇဝင် 24 >