< ၂ ကောရိန္သု 11 >
1 ၁ ငါ၏အနည်းငယ်မိုက်မဲမှုကိုသင်တို့သည်းခံ ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။ ကျေးဇူးပြု၍ သည်းခံကြလော့။-
わたしが少しばかり愚かなことを言うのを、どうか、忍んでほしい。もちろん忍んでくれるのだ。
2 ၂ ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-
わたしは神の熱情をもって、あなたがたを熱愛している。あなたがたを、きよいおとめとして、ただひとりの男子キリストにささげるために、婚約させたのである。
3 ၃ ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
ただ恐れるのは、エバがへびの悪巧みで誘惑されたように、あなたがたの思いが汚されて、キリストに対する純情と貞操とを失いはしないかということである。
4 ၄ လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။
というのは、もしある人がきて、わたしたちが宣べ伝えもしなかったような異なるイエスを宣べ伝え、あるいは、あなたがたが受けたことのない違った霊を受け、あるいは、受けいれたことのない違った福音を聞く場合に、あなたがたはよくもそれを忍んでいる。
5 ၅ ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။-
事実、わたしは、あの大使徒たちにいささかも劣ってはいないと思う。
6 ၆ ငါသည်အဟောအပြောညံ့သော်လည်းအသိ ပညာမညံ့။ ငါတို့သည်အခါခပ်သိမ်းအခြေ အနေအမျိုးမျိုးတွင်ဤအချက်ကိုသင်တို့ အားကောင်းစွာသိစေခဲ့၏။
たとい弁舌はつたなくても、知識はそうでない。わたしは、事ごとに、いろいろの場合に、あなたがたに対してそれを明らかにした。
7 ၇ ငါသည်သင်တို့၏ဂုဏ်ကိုမြှင့်တင်ရန် မိမိကိုယ် ကိုနှိမ့်ချလျက် ဘုရားသခင်၏သတင်းကောင်း ကိုသင်တို့အားအခမဲ့ကြေညာခြင်းသည် မှားယွင်းပါသလော။-
それとも、あなたがたを高めるために自分を低くして、神の福音を価なしにあなたがたに宣べ伝えたことが、罪になるのだろうか。
8 ၈ ငါသည်သင်တို့ထံတွင်အမှုတော်ဆောင်စဉ်ကုန် ကျသည့်စရိတ်များကိုအခြားအသင်းတော် များအားကျခံစေခဲ့၏။ ငါတို့သည်သင်တို့ကို ကူညီမစနိုင်ရန်ထိုအသင်းတော်များကို ဋ္ဌားပြတိုက်ရသကဲ့သို့ဖြစ်၏။-
わたしは他の諸教会をかすめたと言われながら得た金で、あなたがたに奉仕し、
9 ၉ ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။-
あなたがたの所にいて貧乏をした時にも、だれにも負担をかけたことはなかった。わたしの欠乏は、マケドニヤからきた兄弟たちが、補ってくれた。こうして、わたしはすべての事につき、あなたがたに重荷を負わせまいと努めてきたし、今後も努めよう。
10 ၁၀ ဤသို့ငါဝါကြွားသည်ကိုအခါယပြည်တစ် လျှောက်လုံးတွင်မည်သူမျှပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်း ငါ၌ရှိသောခရစ်တော်၏သစ္စာ တရားတော်ကိုအမှီပြု၍ငါဆို၏။-
わたしの内にあるキリストの真実にかけて言う、この誇がアカヤ地方で封じられるようなことは、決してない。
11 ၁၁ အဘယ်ကြောင့်ဤသို့ငါဆိုရသနည်း။ သင်တို့ အားမချစ်၍လော။ ငါချစ်ကြောင်းကိုဘုရား သခင်သိတော်မူ၏။
なぜであるか。わたしがあなたがたを愛していないからか。それは、神がご存じである。
12 ၁၂ သို့ရာတွင်ငါတို့ကဲ့သို့လုပ်ဆောင်သည်ဟူ၍ ကြွားဝါပြောဆိုခွင့်ကိုထိုတမန်တော်တို့မရ နိုင်ကြစေရန် ငါသည်ယခုအတိုင်းဆက်လက် လုပ်ဆောင်သွားမည်။-
しかし、わたしは、現在していることを今後もしていこう。それは、わたしたちと同じように誇りうる立ち場を得ようと機会をねらっている者どもから、その機会を断ち切ってしまうためである。
13 ၁၃ ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။-
こういう人々はにせ使徒、人をだます働き人であって、キリストの使徒に擬装しているにすぎないからである。
14 ၁၄ သူတို့ဤသို့ပြုကြသည်မှာအံ့သြစရာမဟုတ်။ စာတန်ပင်လျှင်အလင်း၏ကောင်းကင်တမန် အသွင်ကိုယူဆောင်နိုင်ပေသည်။-
しかし、驚くには及ばない。サタンも光の天使に擬装するのだから。
15 ၁၅ သို့ဖြစ်၍သူ၏တပည့်များသည်ဖြောင့်မတ်ခြင်း တရားကိုဟောပြောကြေညာသူများအဖြစ် ယောင်ဆောင်ကြသည်မှာအံ့သြစရာမဟုတ် ပေ။ နောက်ဆုံး၌သူတို့သည်မိမိတို့ကျင့်ကြံ ပြုမူသည်အတိုင်းထိုက်သင့်ရာအကျိုး အပြစ်ကိုခံစားကြရလိမ့်မည်။
だから、たといサタンの手下どもが、義の奉仕者のように擬装したとしても、不思議ではない。彼らの最期は、そのしわざに合ったものとなろう。
16 ၁၆ တစ်ဖန်ငါဆိုသည်ကားငါ့အားလူမိုက်ဟု အဘယ်သူမျှမထင်မမှတ်စေနှင့်။ သို့ရာတွင် သင်တို့ထင်မှတ်ကြလျှင်လည်းလူမိုက်အဖြစ် ဖြင့်ပင်ငါ့အားလက်ခံကြလော့။ သို့မှသာ လျှင်ငါ့မှာကြွားဝါစရာအခွင့်အနည်း ငယ်ရရှိနိုင်ပေမည်။-
繰り返して言うが、だれも、わたしを愚か者と思わないでほしい。もしそう思うなら、愚か者あつかいにされてもよいから、わたしにも、少し誇らせてほしい。
17 ၁၇ ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။-
いま言うことは、主によって言うのではなく、愚か者のように、自分の誇とするところを信じきって言うのである。
18 ၁၈ သို့သော်လူအများကလောကီအရာများ အတွက်ကြွားဝါတတ်ကြသည်ဖြစ်ရာ ငါ သည်လည်းကြွားဝါမည်။-
多くの人が肉によって誇っているから、わたしも誇ろう。
19 ၁၉ သင်တို့သည်ပညာရှိကြီးများဖြစ်သဖြင့် လူ မိုက်များကိုဝမ်းမြောက်စွာသည်းခံကြပေသည်။-
あなたがたは賢い人たちなのだから、喜んで愚か者を忍んでくれるだろう。
20 ၂၀ သင်တို့သည်မိမိတို့အားစေစားသူ၊ အခွင့် ကောင်းယူသူ၊ အမြတ်ထုတ်သူ၊ အထင်အမြင် သေးသူ၊ ပါးရိုက်သူတို့ကိုသည်းခံကြ၏။-
実際、あなたがたは奴隷にされても、食い倒されても、略奪されても、いばられても、顔をたたかれても、それを忍んでいる。
21 ၂၁ ငါတို့သည်ဤသို့သောအမှုတို့ကိုသင်တို့အား ပြုရန်သတ္တိမရှိကြောင်းကိုရှက်ရှက်နှင့်ပင်ငါ ဝန်ခံ၏။ သို့ရာတွင်လူမိုက်အနေနှင့်ပြောရမည်ဆိုလျှင် အကယ်၍တစ်စုံတစ်ယောက်ကအရာတစ်ခု အတွက်ကြွားဝါပါကငါလည်းကြွားဝါ နိုင်၏။-
言うのも恥ずかしいことだが、わたしたちは弱すぎたのだ。もしある人があえて誇るなら、わたしは愚か者になって言うが、わたしもあえて誇ろう。
22 ၂၂ သူတို့သည်ဟေဗြဲအမျိုးသားဖြစ်သည်ဟု ဆိုလျှင် ငါလည်းဖြစ်၏။ သူတို့သည်ဣသရေလ အမျိုးသားများဖြစ်သည်ဟုဆိုလျှင် ငါလည်း ဖြစ်၏။ သူတို့သည်အာဗြဟံ၏အမျိုးအနွယ် များဖြစ်သည်ဟုဆိုလျှင် ငါလည်းဖြစ်၏။-
彼らはヘブル人なのか。わたしもそうである。彼らはイスラエル人なのか。わたしもそうである。彼らはアブラハムの子孫なのか。わたしもそうである。
23 ၂၃ သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။-
彼らはキリストの僕なのか。わたしは気が狂ったようになって言う、わたしは彼ら以上にそうである。苦労したことはもっと多く、投獄されたことももっと多く、むち打たれたことは、はるかにおびただしく、死に面したこともしばしばあった。
24 ၂၄ ယုဒအမျိုးသားတို့သည်ငါ့အားသုံးဆယ့် ကိုးချက်ရိုက်ဒဏ်ကိုငါးကြိမ်တိုင်တိုင်ပေး ခဲ့ကြ၏။-
ユダヤ人から四十に一つ足りないむちを受けたことが五度、
25 ၂၅ ရောမအမျိုးသားတို့ထံ၌ငါသည်သုံးကြိမ် တိုင်တိုင်ကြိမ်ဒဏ်ခံခဲ့ရသည်။ ခဲနှင့်အပေါက် ခံရသည်မှာတစ်ကြိမ်၊ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်၏။ ပင်လယ်ပြင်တွင်နှစ်ဆယ့် လေးနာရီမျောခဲ့ရ၏။-
ローマ人にむちで打たれたことが三度、石で打たれたことが一度、難船したことが三度、そして、一昼夜、海の上を漂ったこともある。
26 ၂၆ ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-
幾たびも旅をし、川の難、盗賊の難、同国民の難、異邦人の難、都会の難、荒野の難、海上の難、にせ兄弟の難に会い、
27 ၂၇ အလုပ်ကိုပင်ပန်းခက်ခဲစွာလုပ်ကိုင်ရခြင်း မကြာခဏအအိပ်ပျက်ခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဝအောင်မစားရခြင်း၊ အအေးဒဏ်ခံရ ခြင်း၊ ဝတ်စရာလည်းလုံလောက်စွာမရှိ ခြင်းများကိုငါခံရ၏။-
労し苦しみ、たびたび眠られぬ夜を過ごし、飢えかわき、しばしば食物がなく、寒さに凍え、裸でいたこともあった。
28 ၂၈ ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။-
なおいろいろの事があった外に、日々わたしに迫って来る諸教会の心配ごとがある。
29 ၂၉ အားနည်းသူရှိလျှင်ငါသည်လည်းအားနည်း ရ၏။ အပြစ်ကူးသူရှိလျှင်ငါသည်ပူပန် ရ၏။
だれかが弱っているのに、わたしも弱らないでおれようか。だれかが罪を犯しているのに、わたしの心が燃えないでおれようか。
30 ၃၀ ငါသည်ဝါကြွားရမည်ဆိုလျှင် မိမိ၏အား နည်းမှုကိုသာအကြောင်းပြု၍ဝါကြွားမည်။-
もし誇らねばならないのなら、わたしは自分の弱さを誇ろう。
31 ၃၁ ငါသည်လိမ်လည်၍မပြောကြောင်းကို သခင် ယေရှု၏ခမည်းတော်ဘုရားသခင်သိတော် မူ၏။ ထိုအရှင်၏နာမတော်သည်ထာဝစဉ် မင်္ဂလာရှိတော်မူပါစေသတည်း။- (aiōn )
永遠にほむべき、主イエス・キリストの父なる神は、わたしが偽りを言っていないことを、ご存じである。 (aiōn )
32 ၃၂ ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။-
ダマスコでアレタ王の代官が、わたしを捕えるためにダマスコ人の町を監視したことがあったが、
33 ၃၃ သို့ရာတွင်တပည့်တော်တို့သည်ငါ့ကိုတောင်း တွင်ထည့်၍ ပြူတင်းပေါက်မှမြို့ရိုးကလျှောချ ကြသဖြင့် ငါသည်ထိုဘုရင်ခံ၏လက်မှ လွတ်မြောက်ရပေသည်။
その時わたしは窓から町の城壁づたいに、かごでつり降ろされて、彼の手からのがれた。