< ၁ ဓမ္မရာဇဝင် 3 >

1 သူ​ငယ်​ရှ​မွေ​လ​သည်​ဧ​လိ​ညွှန်​ကြား​မှု​ကို ခံ​ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​လျက်​နေ​၏။ ထို​ကာ​လ​၌​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​များ​ကို​များ​စွာ မ​ကြား​ရ​ကြ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို လည်း​မြင်​တွေ့​ရ​မှု​နည်း​ပါး​လေ​သည်။-
童子撒母耳在以利面前事奉耶和华。当那些日子,耶和华的言语稀少,不常有默示。
2 တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။-
一日,以利睡卧在自己的地方;他眼目昏花,看不分明。
3 ရှ​မွေ​လ​မူ​ကား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှိ​ရာ တဲ​တော်​တွင်​အိပ်​လျက်​နေ​သ​တည်း။ အ​ရုဏ် မ​တက်​သေး​သ​ဖြင့် မီး​ခွက်​ကို​မ​ငြိမ်း​မ​သတ် ရ​သေး​မီ​အ​ချိန်​၌၊-
神的灯在 神耶和华殿内约柜那里,还没有熄灭,撒母耳已经睡了。
4 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား​ခေါ် တော်​မူ​၏။ ရှ​မွေ​လ​က​လည်း``ရှိ​ပါ​သည် အ​ရှင်'' ဟု​ထူး​ပြီး​လျှင်၊-
耶和华呼唤撒母耳。撒母耳说:“我在这里!”
5 ဧ​လိ​ထံ​သို့​ပြေး​၍​သွား​ကာ``အ​ရှင်​ခေါ် သ​ဖြင့် ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``သင့်​ကို​ငါ​မ​ခေါ်။ ပြန်​၍ အိပ်​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည် ပြန်​၍​အိပ်​လေ​၏။
就跑到以利那里,说:“你呼唤我?我在这里。”以利回答说:“我没有呼唤你,你去睡吧。”他就去睡了。
6 ဘု​ရား​သ​ခင်​သည်​ရှ​မွေ​လ​ကို​တစ်​ဖန်​ခေါ်​တော် မူ​ပြန်​၏။ သူ​ငယ်​သည်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော် မူ​မှန်း​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား​အ​ဘယ်​အ​ခါ​က​မျှ​ဗျာ ဒိတ်​ပေး​တော်​မ​မူ​ခဲ့​ဘူး​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​သူ​သည်​ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင် ခေါ်​သော​ကြောင့် လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``ငါ့​သား​သင့်​ကို​ငါ မ​ခေါ်။ သင်​ပြန်​၍​အိပ်​လော့'' ဟု​ဆို​၏။
耶和华又呼唤撒母耳。撒母耳起来,到以利那里,说:“你呼唤我?我在这里。”以利回答说:“我的儿,我没有呼唤你,你去睡吧。”
7
那时撒母耳还未认识耶和华,也未得耶和华的默示。
8 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​ကို​တ​တိ​ယ အ​ကြိမ်​ခေါ်​တော်​မူ​ပြန်​၏။ သူ​သည်​ထ​၍ ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင်​ခေါ်​သော ကြောင့်​ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဧ​လိ​သည်​သူ​ငယ်​ကို​ခေါ်​သော​သူ ကား ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း ရိပ်​မိ​သ​ဖြင့်၊-
耶和华第三次呼唤撒母耳。撒母耳起来,到以利那里,说:“你又呼唤我?我在这里。”以利才明白是耶和华呼唤童子。
9 ``သင်​သည်​ပြန်​၍​အိပ်​လော့။ အ​ကယ်​၍​သင့်​အား နောက်​တစ်​ကြိမ်​ခေါ်​လျှင်`ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့် ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ကျွန်​နာ​ခံ​လျက်​ရှိ ပါ​၏' ဟု​လျှောက်​ထား​လော့'' ဟု​မှာ​ကြား​လိုက်​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ပြန်​၍​အိပ်​လေ​၏။
因此以利对撒母耳说:“你仍去睡吧;若再呼唤你,你就说:‘耶和华啊,请说,仆人敬听!’”撒母耳就去,仍睡在原处。
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၍ ရှ​မွေ​လ​အ​နီး​တွင်​ရပ်​တော်​မူ​လျက်``ရှ​မွေ​လ၊ ရှ​မွေ​လ'' ဟု​ရှေး​နည်း​တူ​ခေါ်​တော်​မူ​၏။ ရှ​မွေ​လ​က``အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏ ကျွန်​နာ​ခံ​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
耶和华又来站着,像前三次呼唤说:“撒母耳啊!撒母耳啊!”撒母耳回答说:“请说,仆人敬听!”
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``တစ်​နေ့​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပြု​မည့် အ​မှု​သည်​လွန်​စွာ​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် ယင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သူ​လူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​၍​သွား​ကြ​လိမ့်​မည်။-
耶和华对撒母耳说:“我在以色列中必行一件事,叫听见的人都必耳鸣。
12 ၁၂ ထို​နေ့​ကျ​ရောက်​သော​အ​ခါ ငါ​သည်​ဧ​လိ​၏ အိမ်​ထောင်​စု​သား​တို့​အား​ဒဏ်​စီ​ရင်​မည်​ဟု မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​စ​မှ​အ​ဆုံး တိုင်​အောင်​ငါ​စီ​ရင်​မည်။-
我指着以利家所说的话,到了时候,我必始终应验在以利身上。
13 ၁၃ သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။-
我曾告诉他必永远降罚与他的家,因他知道儿子作孽,自招咒诅,却不禁止他们。
14 ၁၄ သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
所以我向以利家起誓说:‘以利家的罪孽,虽献祭奉礼物,永不能得赎去。’”
15 ၁၅ ရှ​မွေ​လ​သည်​မိုး​လင်း​သည်​တိုင်​အောင်​အိပ် ရာ​တွင်​နေ​ပြီး​မှ ဘု​ရား​သ​ခင်​၏​အိမ်​တော် တံ​ခါး​များ​ကို​ဖွင့်​၏။ သူ​သည်​မိ​မိ​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ဧ​လိ အား​မ​ပြော​ဝံ့။-
撒母耳睡到天亮,就开了耶和华的殿门,不敢将默示告诉以利。
16 ၁၆ ဧ​လိ​က``ငါ့​သား​ရှ​မွေ​လ'' ဟု​ခေါ်​လျှင်၊ ``ရှိ​ပါ​သည်​အ​ရှင်'' ဟု​လျှောက်​၏။
以利呼唤撒母耳说:“我儿撒母耳啊!”撒母耳回答说:“我在这里!”
17 ၁၇ ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
以利说:“耶和华对你说什么,你不要向我隐瞒;你若将 神对你所说的隐瞒一句,愿他重重地降罚与你。”
18 ၁၈ ထို့​ကြောင့်​ရှ​မွေ​လ​သည်​အ​ဘယ်​အ​ရာ​ကို​မျှ ချန်​လှပ်​၍​မ​ထား​ဘဲ မိန့်​တော်​မူ​သ​မျှ​ကို​ပြန် ကြား​လျှောက်​ထား​လေ​၏။ ဧ​လိ​က``ကိုယ်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ အ​လို တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
撒母耳就把一切话都告诉了以利,并没有隐瞒。以利说:“这是出于耶和华,愿他凭自己的意旨而行。”
19 ၁၉ ရှ​မွေ​လ​သည်​ကြီး​ပြင်း​၍​လာ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ရှ​မွေ​လ ဖော်​ပြ​သ​မျှ​သော​အ​မှု​အ​ရာ​တို့​ကို​ဖြစ် ပျက်​စေ​တော်​မူ​၏။-
撒母耳长大了,耶和华与他同在,使他所说的话一句都不落空。
20 ၂၀ သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​ကြောင်း​ကို တိုင်း​ပြည် တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​၏။-
从但到别是巴所有的以色列人都知道耶和华立撒母耳为先知。
21 ၂၁ ရှိ​လော​မြို့​သည်​ရှ​မွေ​လ​အား​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ်​၏။ ကိုယ်​တော် သည်​ထို​မြို့​တွင်​အ​ကြိမ်​ကြိမ်​ထင်​ရှား​တော် မူ​၏။ ရှ​မွေ​လ​မိန့်​ကြား​သည့်​အ​ခါ​များ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နာ​ခံ ကြ​လေ​သည်။
耶和华又在示罗显现;因为耶和华将自己的话默示撒母耳,撒母耳就把这话传遍以色列地。

< ၁ ဓမ္မရာဇဝင် 3 >