< ၁ ဓမ္မရာဇဝင် 10 >

1 ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။-
Sa-mu-ên lấy một ve nhỏ đựng dầu, đổ trên đầu Sau-lơ, hôn người, mà nói rằng: Nầy Ðức Giê-hô-va đã xức dầu cho ngươi đặng ngươi làm vua của cơ nghiệp Ngài.
2 ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။-
Ngày nay, khi đã lìa khỏi ta, ngươi sẽ gặp hai người gần bền mộ Ra-chen, trên bờ cõi xứ Bên-gia-min, tại Xết-sa; họ sẽ nói với ngươi rằng: Những lừa cái mà ngươi đi tìm đã gặp được rồi; này cha ngươi chẳng còn lo đến lừa cái nữa, nhưng lại lo sợ về các ngươi, tự hỏi rằng: Phải lo liệu sao về con trai ta?
3 သင်​သည်​ထို​အ​ရပ်​မှ​နေ​၍​တာ​ဗော်​လွင်​ပြင် ရှိ မြတ်​သည့်​ဝက်​သစ်​ချ​ပင်​သို့​ရောက်​သည်​တိုင် အောင်​သွား​ရ​မည်။ ထို​နေ​ရာ​တွင်​လူ​သုံး​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ကြ သူ​များ​ဖြစ်​၏။ သူ​တို့​အ​နက်​တစ်​ယောက် သည်​ဆိတ်​သုံး​ကောင်​ကို​ဆွဲ​လျက်​တစ်​ယောက် က​မုန့်​သုံး​လုံး​ကို​ကိုင်​လျက်၊ အ​ခြား​တစ် ယောက်​က​စ​ပျစ်​ရည်​အ​ပြည့်​ပါ​သော​သား ရေ​ဘူး​ကို​ဆောင်​လျက်​လာ​လိမ့်​မည်။-
Từ đó ngươi sẽ đi tới, đến cây dẻ bộp Tha-bô, ngươi sẽ gặp ba người đi lên Bê-tên đặng thờ lạy Ðức Chúa Trời, một người chở ba con dê đực, một người đem ba ổ bánh, và người thứ ba đem một bầu da rượu.
4 သူ​တို့​သည်​သင့်​အား​နှုတ်​ခွန်း​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး​လိမ့်​မည်။ ထို​မုန့်​တို့​ကို သင်​သည်​လက်​ခံ​ရ​မည်။-
Chúng sẽ chào ngươi và cho ngươi hai ổ bánh mà ngươi phải nhận lấy nơi tay chúng.
5 ထို​နောက်​သင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏ တပ်​စ​ခန်း​ချ​ရာ ဂိ​ဗာ​မြို့​ရှိ​ဘု​ရား​သ​ခင် ၏​တောင်​တော်​သို့​သွား​ရောက်​ရ​မည်။ ဂိ​ဗာ​မြို့ အ​ဝင်​ဝ​၌​သင်​သည်​စောင်း​ကြီး၊ စောင်း​ငယ်၊ ပတ်​သာ၊ ပြွေ​တို့​ကို​တီး​မှုတ်​လျက်​တောင်​ပေါ် ရှိ​ယဇ်​ပလ္လင်​မှ​လာ​ကြ​သော​ပ​ရော​ဖက်​တစ်​စု ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​က​ခုန်​ဟစ်​အော် ၍​နေ​ကြ​လိမ့်​မည်။-
Kế sau, ngươi sẽ đến Ghi-bê-a-Ê-lô-him, là nơi có một cái đồn của dân Phi-li-tin; khi đã vào thành, ngươi sẽ gặp một đoàn tiên tri từ nơi cao xuống, có đờn sắt, trống cơm, ống sáo, và đờn cầm đi trước; họ sẽ nói tiên tri.
6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။-
Thần của Ðức Giê-hô-va sẽ cảm động ngươi nói tiên tri cùng chúng, rồi ngươi sẽ hóa ra một người khác.
7 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင့်​အား​ဘု​ရား​သ​ခင်​လမ်း​ပြ​တော်​မူ​သည့် အ​တိုင်း​ပြု​လော့။-
Khi ngươi thấy các dấu hiệu nầy xảy ra, thì tùy cơ mà làm; Vì Ðức Chúa Trời ở cùng ngươi!
8 သင်​သည်​ငါ​၏​အ​လျင်​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​ထို​မြို့​တွင်​သင်​နှင့်​တွေ့ ဆုံ​၍​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​များ​ကို​ပူဇော်​မည်။ သင်​အ​ဘယ်​သို့​ပြု ရ​မည်​ကို ငါ​လာ​၍​မ​ဖော်​ပြ​မ​ချင်း​ထို မြို့​တွင်​ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​နေ​လော့'' ဟု​ဆို​၏။
Ðoạn hãy đi xuống trước ta đến Ghinh-ganh, ta sẽ theo ngươi ở đó đặng dâng của lễ thiêu và của lễ thù ân. Ngươi sẽ đợi bảy ngày cho đến chừng ta tới; bấy giờ ta sẽ dạy ngươi điều phải làm.
9 ရှော​လု​သည်​ရှ​မွေ​လ​ထံ​မှ​ထွက်​ခွာ​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​အား စိတ်​သ​ဘော​သစ်​ကို​ပေး​တော်​မူ​၏။ ရှ​မွေ​လ ဖော်​ပြ​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည် လည်း​ထို​နေ့​၌​ဖြစ်​ပျက်​လာ​လေ​သည်။-
Sau-lơ vừa xây lưng lìa khỏi Sa-mu-ên, Ðức Chúa Trời bèn đổi lòng người ra khác, và các dấu hiệu đã bảo trước điều ứng nghiệm nội ngày ấy.
10 ၁၀ ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။-
Khi Sau-lơ đến Ghi-bê-a, có một đoàn tiên tri đến đón người. Thần của Ðức Giê-hô-va cảm động người, người nói tiên tri giữa chúng.
11 ၁၁ သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။-
Khi những kẻ vốn quen biết Sau-lơ trước, thấy người nói tiên tri với các đấng tiên tri, thì hỏi nhau rằng: Con trai của Kích đã xảy ra làm sao? Sau-lơ cũng vào số các tiên tri ư?
12 ၁၂ ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။-
Có người ở Ghi-bê-a đáp rằng: Mà cha họ là ai? Bởi đó có câu ngạn ngữ rằng: Sau-lơ há cũng vào số các tiên tri ư?
13 ၁၃ က​ခုန်​ဟစ်​အော်​ပြီး​သော​အ​ခါ​ရှော​လု သည်​တောင်​ကုန်း​ပေါ်​ရှိ​ယဇ်​ပလ္လင်​သို့​ထွက် ခွာ​သွား​၏။
Khi Sau-lơ thôi nói tiên tri, thì đi lên nơi cao.
14 ၁၄ ရှော​လု​၏​ဦး​လေး​သည်​ရှော​လု​နှင့်​အ​စေ​ခံ ကို​မြင်​လျှင် ``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​ပြန် လာ​ကြ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``မြည်း​များ​ကို​ရှာ​ဖွေ​ရာ​မှ​ဖြစ် ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​မြည်း​များ​ကို​ရှာ မ​တွေ့​သ​ဖြင့် ရှ​မွေ​လ​ထံ​ကို​သွား​ရောက်​ခဲ့ ကြ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
Chú Sau-lơ hỏi người và kẻ tôi tớ rằng: Hai ngươi đi đâu? Sau-lơ thưa rằng: Ði kiếm những lừa cái; và vì không gặp được, chúng tôi có cầu vấn Sa-mu-ên.
15 ၁၅ ``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊
Chú Sau-lơ tiếp rằng: Xin cháu hãy tỏ cho chú biết điều Sa-mu-ên đã nói cùng hai ngươi.
16 ၁၆ ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။
Sau-lơ thưa cùng chú mình rằng: Người đã dạy tỏ cho chúng tôi rằng lừa cái đã tìm được rồi. Nhưng Sau-lơ không tỏ gì về Sa-mu-ên đã nói về việc nước.
17 ၁၇ ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊-
Sa-mu-ên nhóm hiệp dân sự trước mặt Ðức Giê-hô-va tại Mích-ba,
18 ၁၈ ဤ​သို့​ဆို​၏။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​၍ သင်​တို့ အား​နှိပ်​စက်​က​လူ​ပြု​သော​အီ​ဂျစ်​အ​မျိုး သား​များ​နှင့်​အ​ခြား​အ​မျိုး​သား​အ​ပေါင်း တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့​သည်။-
rồi nói cùng dân Y-sơ-ra-ên rằng: Giê-hô-va Ðức Chúa Trời của Y-sơ-ra-ên có phán như vầy: Ta đã đem Y-sơ-ra-ên ra khỏi Ê-díp-tô; ta đã giải cứu các ngươi khỏi tay dân Ê-díp-tô và khỏi tay mọi vua hà hiếp các ngươi.
19 ၁၉ ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''
Ngày nay các ngươi từ chối Ðức Chúa Trời của các ngươi, là Ðấng đã giải cứu các ngươi khỏi mọi sự hoạn nạn và nguy hiểm; các ngươi đã thưa cùng Ngài rằng: Xin hãy lập một vua quản trị chúng tôi! Vậy bây giờ, hãy ứng hầu trước mặt Ðức Giê-hô-va từ chi phái và từ hằng ngàn người.
20 ၂၀ ထို​နောက်​ရှ​မွေ​လ​သည်​အ​နွယ်​တို့​ကို​တစ် စု​ပြီး​တစ်​စု ရှေ့​သို့​လာ​ရောက်​စေ​ပြီး​လျှင် မဲ​ချ​၍ ဗင်္ယာ​မိန်​အ​နွယ်​ကို​ရွေး​ချယ်​၏။-
Sa-mu-ên biểu mọi chi phái Y-sơ-ra-ên đến gần, rồi chi phái Bên-gia-min được chỉ định.
21 ၂၁ ထို​နောက်​ရှ​မွေ​လ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အိမ်​ထောင်​စု​များ​ကို ရှေ့​သို့​လာ​ရောက်​စေ သော​အ​ခါ​မာ​တ​ရိ​အိမ်​ထောင်​စု​သည် အ​ရွေး​ခံ​ရ​၏။ ထို​နောက်​မာ​တ​ရိ​အိမ်​ထောင် စု​မှ​အ​မျိုး​သား​တို့​သည်​ရှေ့​သို့​ထွက်​၍ လာ​ကြ​လျှင် ကိ​ရှ​၏​သား​ရှော​လု​သည် အ​ရွေး​ခံ​ရ​၏။ သို့​ရာ​တွင်​သူ့​ကို​ရှာ​၍ မ​တွေ့​ကြ​သော​အ​ခါ၊-
Người biểu chi phái Bên-gia-min đến gần từ họ hàng, rồi họ Mát-ri được chỉ định. Ðoạn, Sau-lơ, con trai của Kích được chỉ định. Người ta tìm Sau-lơ nhưng không thấy.
22 ၂၂ လူ​တို့​သည်``ရှော​လု​အ​ပြင်​အ​ခြား​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​သည်​ကုန်​ထုပ် များ​၏​နောက်​တွင်​ပုန်း​ကွယ်​လျက်​ရှိ​သည်'' ဟု​မိန့်​တော်​မူ​၏။
Chúng bèn hỏi lại Ðức Giê-hô-va rằng: Còn có người nào khác sẽ đến đây chăng? Ðức Giê-hô-va đáp: Kìa, nó ẩn trong đồ đạc kia.
23 ၂၃ သို့​ဖြစ်​၍​သူ​တို့​သည်​ပြေး​၍​ရှော​လု​ကို လူ​တို့​ရှေ့​သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ သူ​သည် အ​ခြား​သူ​အ​ပေါင်း​တို့​ထက်​အ​ရပ်​တစ် ပေ​မျှ​ပို​၍​မြင့်​သည်​ကို​တွေ့​မြင်​ရ​ကြ​၏။-
Người ta chạy tìm người tại chỗ đó. Sau-lơ ra mặt giữa dân sự, người cao hơn cả chúng từ vai trở lên.
24 ၂၄ ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း``အ​ရှင်​မင်း​ကြီး သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​၏။
Sa-mu-ên nói cùng cả dân sự rằng: Các người có thấy người mà Ðức Giê-hô-va đã chọn chăng? Trong cả dân sự không có ai giống như người. Hết thảy đều tung hô mà la lên rằng: Nguyện vua vạn tuế!
25 ၂၅ ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-
Sa-mu-ên tuyên giảng luật pháp của nước tại trước mặt dân sự, chép trong một cuốn sách mà người để trước mặt Ðức Giê-hô-va. Ðoạn, Sa-mu-ên cho cả dân sự ai về nhà nấy.
26 ၂၆ ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။-
Sau-lơ cũng về nhà mình tại Ghi-bê-a, có những người dõng sĩ chịu Ðức Chúa Trời cảm động lòng đều đi theo người.
27 ၂၇ သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။
Song có mấy ngươi phỉ đồ nói rằng: Hắn đó cứu giúp chúng ta được việc chi? Chúng nó khinh dể người, không đem lễ vật gì cho người hết. Nhưng Sau-lơ giả đò không nghe.

< ၁ ဓမ္မရာဇဝင် 10 >