< Waiata 82 >

1 He himene na Ahapa. E tu ana te Atua i roto i te whakaminenga o te Atua, e whakawa ana i waenganui i nga atua.
ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တွင်​ကျင်း​ပ သည့် ကောင်​စီ​အ​စည်း​အ​ဝေး​၌​နေ​ရာ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တို့​၏​အ​စည်း​ဝေး​၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သည်​မှာ
2 Kia pehea ake te roa o ta koutou whakawa he, o ta koutou whakapai ki nga kanohi o te hunga kino. (Hera)
``သင်​တို့​သည်​မ​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ် မှု​ကို မ​ပြု​ကြ​တော့​နှင့်။ သူ​ယုတ်​မာ​တို့​၏​မျက်​နှာ​ကို​ထောက်​၍ တ​ရား​စီ​ရင်​မှု​ကို​မ​ကျင့်​သုံး​ကြ​တော့​နှင့်။
3 Whakatikaia ta te ware, ta te pani: kia tika te whakawa mo te ngakau mamae, mo te rawakore.
ဆင်း​ရဲ​သူ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏​ရ​ပိုင်​ခွင့် များ​ကို ကွယ်​ကာ​စောင့်​ရှောက်​ရ​ကြ​မည်။ ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့​သူ​တို့​အ​တွက် တ​ရား​မျှ​တ​စွာ​တ​ရား​စီ​ရင်​ရ​ကြ​မည်။
4 Whakaorangia te ware me te rawakore; tangohia mai ratou i te ringa o te tangata kino.
သူ​တို့​အား​မ​တ​ရား​သော​သူ​တို့​၏​လက်​မှ ကယ်​ဆယ်​ရ​ကြ​မည်။
5 Kahore o ratou matauranga, kakore hoki e mahara; e kopikopiko noa ana ratou i te pouri; e oioi ana nga turanga katoa o te whenua.
``သင်​တို့​သည်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​လွန်​စွာ​ပင် မိုက်​မဲ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လုံး​ဝ​အ​ကျင့်​ပျက်​ကြ​ပြီ။ တ​ရား​မျှ​တ​မှု​သည်​ကမ္ဘာ​လော​က​မှ ကွယ်​ပျောက်​သွား​လေ​ပြီ။
6 I mea ahau, He atua koutou, he tama katoa na te Runga Rawa.
သင်​တို့​သည်​ဘု​ရား​များ​ဖြစ်​ကြောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​၏ သား​များ ဖြစ်​ကြောင်း​ကို​ငါ​ဖော်​ပြ​ခဲ့​၏။
7 Heoi ka pera koutou me te tangata, ka mate; ka hinga, ka pera me tetahi o nga piriniha.
သို့​ရာ​တွင်​သင်​တို့​သည်​လူ​သာ​မန်​များ​နည်း​တူ သေ​ရ​ကြ​မည်။ မင်း​သား​တို့​နည်း​တူ​အ​သက်​ကုန်​ဆုံး​ရ​ကြ​မည်။''
8 E ara, e te Atua, whakawakia te whenua: mou hoki nga tauiwi katoa.
အို ဘု​ရား​သ​ခင်၊ ကြွ​လာ​တော်​မူ​၍​ကမ္ဘာ​လော​က​ကို​အုပ်​စိုး​တော် မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​ကို​ကိုယ်​တော်​ရှင်​ပိုင်​တော် မူ​ပါ​၏။

< Waiata 82 >