< Waiata 113 >

1 Whakamoemititia a Ihowa. Whakamoemititia, e nga pononga a Ihowa, whakamoemititia te ingoa o Ihowa.
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ချင်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ​လော့။
2 Kia whakapaingia te ingo o Ihowa aianei a ake ake.
ကိုယ်​တော်​၏​နာ​မ​တော်​အား​ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သော။
3 Kia whakamoemititia te ingoa o Ihowa i te putanga mai o te ra, a tae noa ki tona torengitanga.
နေ​ထွက်​ရာ​အ​ရပ်​မှ​နေ​ဝင်​ရာ​အ​ရပ်​သို့ တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ ပါ​စေ​သ​တည်း။
4 Kei runga rawa a Ihowa i nga iwi katoa: kei runga ake i nga rangi tona kororia.
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​ထွန်း​တောက်​တော်​မူ​၏။
5 Ko wai te rite ana ki a Ihowa, ki to tatou Atua, kei runga nei tona nohoanga,
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် နှိုင်း​ယှဉ်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​တွင်​စံ​နေ တော်​မူ​၏။
6 E whakaiti nei i a ia ki te titiro iho ki nga mea kei te rangi, kei te whenua?
သို့​ရာ​တွင်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို ငုံ့​ကြည့်​တော်​မူ​၏။
7 E whakaara ake ana ia i te iti i roto i te puehu, e whakateitei ake ana i te rawakore i roto i te puranga paru;
ဆင်း​ရဲ​သူ​တို့​ကို​မြေ​မှုန့်​ထဲ​က​ချီး​မြှင့်​၍ နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​ထဲ​က ချီး​မြှောက်​တော်​မူ​၏။
8 Kia whakanohoia ai e ia ki roto ki nga rangatira, ki nga rangatira o tana iwi.
ထို​နောက်​မင်း​သား​များ​ဖြစ်​ကြ​သော၊ကိုယ် တော်​၏ လူ​စု​တော်​ကို​အုပ်​စိုး​သော​မင်း​သား​များ​နှင့် အ​တူ သွား​လာ​ပေါင်း​ဖော်​ခွင့်​ကို​ပေး​တော်​မူ​၏။
9 Nana hoki te pakoko i whai whare ai, hei whaereere e koa ana ki ana tamariki. Whakamoemititia a Ihowa.
ကိုယ်​တော်​သည်​မြုံ​သော​အိမ်​ရှင်​မ​အား ချီး​မြှင့်​တော်​မူ​ရာ​သား​သ​မီး​ရ​စေ​၍ ဝမ်း​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

< Waiata 113 >