< Waiata 100 >

1 He himene whakamoemiti. Kia hari te hamama ki a Ihowa, e nga whenua katoa:
မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား ကြွေးကြော် ကြလော့။
2 Mahi atu ki a Ihowa i runga i te koa, waiata haere ki tona aroaro.
ထာဝရ ဘုရား၏ အမှုတော်ကို ဝမ်းမြောက် စွာ ဆောင်ရွက် ကြလော့။ ရွှင်လန်း စွာ သီချင်းဆိုလျက် ၊ အထံ တော်သို့ ဝင် ကြလော့။
3 Kia matau ki a Ihowa, ko ia te Atua: nana tatou i hanga, ehara hoki i a tatou: ko tana iwi tatou, ko ana hipi e hepara ai.
ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူသည် ဟု သိမှတ် ကြလော့။ ထာဝရ ဘုရားသည် ငါ တို့ကို ဖန်ဆင်း တော်မူ၍ ၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါ တို့ သည်လည်း၊ ထာဝရ ဘုရား၏ လူ ဖြစ်ကြ၏။ အထံ တော်၌ ကျက်စား သော သိုးစု လည်း ဖြစ်ကြ၏။
4 Tomokia ona tatau i runga i te whakawhetai, ona marae i runga i te whakamoemiti: whakawhetai atu ki a ia, whakapaingia tona ingoa.
ကျေးဇူး တော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါး တော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်း လျက် တန်တိုင်း တော်တို့ကို၎င်းဝင် ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း ၍ နာမ တော်ကို ကောင်းကြီး ပေးကြလော့။
5 He pai hoki a Ihowa, pumau tonu tana mahi tohu: a kei tena whakatupuranga, kei tena whakatupuranga, tona pono.
အကြောင်း မူကား၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ကရုဏာ တော်သည် အစဉ် အမြဲရှိ၍ ၊ သစ္စာ တော်သည် ကာလ အဆက်ဆက်တည်လေ သတည်း။

< Waiata 100 >