< Waiata 10 >

1 He aha koe ka tu mai ai i tawhiti, e Ihowa? ka whakangarongaro ai i nga wa o te he?
အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေး ရပ် ၍ နေတော်မူသနည်း။ ဘေး အန္တရာယ် ရောက် သည်ကာလ အဘယ်ကြောင့်ပုန်းကွယ် ၍ နေတော်မူသနည်း။
2 E whakakake ana te tangata kino, e tukino ana i te tangata iti: kia hopukina ratou ki nga whakaaro i whakaaro ai ratou.
မတရား သောသူသည် မာန စိတ်ရှိ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲ တတ်ပါ၏။ မိမိ ပြုသော ပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီး တတ်ပါ၏။
3 E whakapehapeha ana hoki te tnngata kino ki te hiahia o tona ngakau, a ko te hunga apo taonga, e whakakahore ana, ae ra, e whakahawea ana ki a Ihowa.
မတရား သောသူသည် မိမိ စိတ် အလို ၌ ဝါကြွား တတ်ပါ၏။ လောဘ ကြီးသောသူသည် ထာဝရဘုရား ကို ပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏။
4 Ka mea te tangata kino, i te whakapehapeha o tona mata, E kore e hiahiatia e ia. Kei roto i ona whakaaro katoa e mea ana, Kahore he Atua.
မတရား သောသူသည် မာန ထောင်လွှား သောကြောင့် ၊ မ စဉ်းစား တတ်ပါ။ ဘုရား သခင်မ ရှိဟု အစဉ် အောက်မေ့ တတ်ပါ၏။
5 Whanoke tonu ona ara i nga wa katoa; kei runga noa ake au whakaritenga te kitea e ia, he mea whakatupereru e ia ona hoariri katoa.
အစဉ် ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင် တော်မူချက်တို့သည်သူ နှင့် ဝေးမြင့် သည်ဖြစ်၍ခပ်သိမ်း သောရန်သူ တို့ကို မထီမဲ့မြင် ပြုတတ်ပါ၏။
6 E mea ana i roto i tona ngakau, e kore ahau e whakakorikoria: kahore hoki he he moku a nga whakatupuranga katoa.
ငါသည်အစဉ်မ ရွေ့ ရ၊ ဆင်းရဲ ခြင်းသို့ မ ရောက်ရ ဟု အောက်မေ့ တတ်ပါ၏။
7 Ki tonu tona mangai i te kanga, i te hianga, i te tukino: kei raro i tona arero te whanoke me te teka.
သူ ၏နှုတ် သည်ကျိန်ဆဲ ခြင်း၊ လှည့်စား ခြင်း၊ ရှုတ်ချ ခြင်းနှင့် ပြည့်ဝ ပါ၏။ လျှာ အောက် မှာ မကောင်း သောအကြံနှင့် မ တရားသော အမှုရှိပါ၏။
8 E noho ana ia, e whanga ana i nga pa koraha: e kohurutia ana e ia te hunga harakore i nga wahi ngaro; e matatau ana ona kanohi ki te hunga rawakore.
ရွာ အနားတွင် ပုန်း နေရာအရပ်မှာ ထိုင် ၍၊ အပြစ် မရှိသောသူကို ဆိတ်ကွယ် ရာအရပ်၌ သတ် တတ် ပါ၏။ ဆင်းရဲ သောသူ ကို ချောင်းမြောင်း တတ်ပါ၏။
9 E whanga puku ana ia me he raiona i tona kuhunga: e whanga ana kia hopukia te tangata iti: e hopukia ana e ia te tangata iti, ua kumea ki tana. kupenga.
ချုံ ထဲ မှာနေသောခြင်္သေ့ ကဲ့ သို့ကွယ် ရာအရပ်၌ ပုန်း ၍နေတတ်ပါ၏။ ဆင်းရဲ သောသူကို ဘမ်းဆီး ခြင်းငှါ ပုန်းကွယ် ၍ နေပါ၏။ ဆင်းရဲ သောသူကို ကွန်ရွက် ထဲ သို့ ဆွဲ ၍ဘမ်းဆီး တတ်ပါ၏။
10 Kupapa ana ia, piko ana, hinga ana te hunga rawakore i ana mea kaha.
၁၀ထိုသို့ ညှဉ်းဆဲ နှိပ်စက် ခြင်းကို ခံရ၍ ၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ ၏လက် သို့ ကျ ရောက် တတ် ကြပါ၏။
11 E mea ana i roto i tona ngakau, Ka wareware te Atua: e huna ana ia i tona mata, e kore ia e kite ake tonu atu.
၁၁ထို သူက၊ ဘုရား သခင်သည် မေ့လျော့ တော်မူ၏။ မျက်နှာ ကို လွှဲ တော်မူ၏။ မြင် တော်မ မူဟု အောက်မေ့ တတ်ပါ၏။
12 Whakatika, e Ihowa, e te Atua, takiritia tou ringa: kaua e wareware ki te hunga iti.
၁၂အိုထာဝရဘုရား ထ တော်မူပါ။ အိုဘုရား သခင်လက် တော်ကို ချီ တော်မူပါ။ နှိမ့်ချ လျက်ရှိသောသူတို့ကို မေ့လျော့ တော်မ မူပါနှင့်။
13 He aha te tangata kino ka whakahawea ai ki te Atua? kua mea ia i roto i tona ngakau, E kore tenei e whakatakina e koe.
၁၃မတရား သောသူသည် ဘုရား သခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ် တော်မ မူဟု အဘယ်ကြောင့်အောက်မေ့ ရပါအံ့နည်း။
14 Kua kite koe; e tirohia nei hoki e koe te whanoke me te whakatoi, a ka utua e tou ringa: e tuku ana te rawakore i a ia ano ki a koe; ko koe hei tuara mo te pani.
၁၄သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
15 Whatiia e koe te ringa o te tangata kino; tena ko te tangata nanakia, whakatakina tona kino, kia kahore ra ano e kitea e koe.
၁၅မတရား သဖြင့် ပြု၍ ဆိုး သောသူ ၏လက်ရုံး ကို ချိုး တော်မူပါ။ သူ ပြုသော အဓမ္မအမှုကို အကုန်အစင်စစ် တော်မူပါ။
16 Ko Ihowa te Kingi ake ake: kua kahore ke nga tauiwi i tona whenua.
၁၆ထာဝရဘုရား သည် ကာလ အစဉ်အမြဲတည် သော ရှင် ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိုးသား တို့သည် နိုင်ငံ တော်ထဲ က ကွယ်ပျောက် ကြပါလိမ့်မည်။
17 E Ihowa, kua whakarongo koe ki te hiahia o te hunga whakaiti: mau ano o ratou ngakau e whakapai, ka tahuri ano tou taringa ki te whakarongo:
၁၇အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချ လျက် ရှိသောသူတို့ ၏တောင့်တ ခြင်း အသံကိုကြား တော်မူ၏။ သူ တို့၏စိတ် နှလုံးကို တည်ကြည် စေတော်မူ၏။
18 Ki te whakawa mo te pani, mo te tangata e tukinotia ana, kei whakamataku a mua ake te tangata o te whenua.
၁၈ဆင်းရဲသားကို သူ ၏မြေ မှ တဖန် မ နှင်ထုတ် မည် အကြောင်း ၊ မိဘ မရှိသော သူနှင့် ညှဉ်းဆဲ ခံရသောသူတို့ ကို တရား ပေးခြင်းငှါ နား တော်ကို ဖွင့် တော်မူ၏။

< Waiata 10 >