< Kaiwhakariterite 15 >

1 Otiia i muri iho, na ka haere a Hamahona, me tetahi kuao koati, i te wa o te kotinga witi, kia kite i tana wahine, a ka mea, Ka haere ahau ki taku wahine ki roto ki te whare moenga. Otiia kihai ia i tukua e te papa o te wahine kia haere ki roto.
နောက်တဖန်ဂျုံ စပါးရိတ် ရာ ကာလ ၌ ရှံဆုန် သည် ဆိတ် သငယ် ပါ လျက်၊ မိမိ မယား ကို ကြည့်ရှု ခြင်းငှါသွား၍၊ သူ့အခန်း ထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား ၍၊
2 I mea hoki tona papa, i tino mea ahau e kino rawa ana koe ki a ia; na hoatu ana ia e ahau ma tou hoa; kahore ianei tona teina e pai atu i a ia? Tena kia riro tenei i a koe hei utu mo tera.
သင်သည် ငါ့သမီးကို ဆက်ဆက်မုန်း သည်ဟု ငါအထင်ရောက်သောကြောင့် ၊ သင့် အပေါင်းအဘော် အား ငါပေးစား ပြီ။ သူ့ ညီမ သည် သူ့ ထက် သာ၍လှ သည် မဟုတ် လော။ အစ်မ ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏။
3 Na ka mea a Hamahona ki a ratou, Engari i tenei, ka kore hara ahau ki nga Pirihitini, ina tukino ahau ki a ratou.
ထိုအမှုကို ထောက်၍ ရှံဆုန် က၊ ငါ သည် ဖိလိတ္တိ လူတို့၌ အပြစ် ပြု သော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင် စရာမရှိဟု ဆို သည်နှင့်အညီ၊
4 Na haere ana a Hamahona, a hopukia ana e ia e toru rau nga pokiha; katahi ka tikina etahi rama e ia, a whakaangahia atu ana nga hiawero ki a raua whaka hiawero, a whakanohoia iho he rama ki waenganui o nga hiawero e rua.
သွား ၍ မြေခွေး သုံး ရာ တို့ကို ဘမ်း ပြီးမှ ၊ မြေခွေးအမြီး တခုနှင့် တခုကို ပေါင်း လျက် ၊ အမြီး နှစ် ခုကြား ၌ မီးရှူး ကို စည်း ၍၊
5 Na ka tahuna e ia nga rama, a tukua atu ana ki te witi a nga Pirihitini, wera ake nga puranga witi, me nga mea ano e tu ana; nga mara waina, oriwa ano hoki.
မီးရှူး တို့ကို မီး ညှိ သဖြင့် ဖိလိတ္တိ လူတို့ စပါး လယ်ထဲ သို့ လွှတ် လိုက်၍ စပါး ပင်ကို၎င်း၊ ကောက်လှိုင်း ကို၎င်း၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို၎င်း မီးလောင် လေ၏။
6 A ka ki nga Pirihitini, Na wai tenei mahi? na ka korerotia, Na Hamahona hunaonga a te Timini; mona i tango i tana wahine, a hoatu ana ki tona hoa. Katahi ka haere nga Pirihitini, a tahuna ake e ratou te wahine raua ko tona papa ki te ahi.
ဖိလိတ္တိ လူတို့ကလည်း၊ ဤ အမှုကို အဘယ်သူ ပြု သနည်းဟု မေးမြန်း သော် ၊ တိမနတ် မြို့သား၏ သားမက် ရှံဆုန် ပြုပြီ။ သူ ၏မယား ကို သူ ၏အပေါင်းအဘော် အား ပေးစား ပြီတကားဟု ပြန် ပြောလျှင်၊ ဖိလိတ္တိ လူတို့သည် လာ ၍ ထိုမိန်းမ နှင့် သူ ၏အဘ ကို မီးရှို့ ကြ၏။
7 Na ka mea a Hamahona ki a ratou, Ahakoa kua meatia tenei e koutou, he pono ka rapu utu ano ahau i a koutou, a muri iho ka mutu taku.
ရှံဆုန် ကလည်း ၊ ထိုသို့ ပြု သောကြောင့် ငါသည် စိတ်ပြေ အောင်ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက် စွာနေမည်ဟု ဆို လျက်၊
8 Na tukitukia ana ratou e ia, te papa, te huha, he nui te patunga, a haere ana, noho ana i te kapiti o te kamaka i Etama.
သူတို့ကို ကြီးစွာ သော လုပ်ကြံခြင်းအားဖြင့်တပြိုင်နက်ရိုက်သတ်ပြီးလျှင်ဧတံ ကျောက်ထိပ်သို့ သွား၍ နေ ၏။
9 Katahi ka haere nga Pirihitini, noho ana i Hura, tohatoha noa atu i Rehi.
တဖန် ဖိလိတ္တိ လူတို့သည် ယုဒ ပြည်သို့ ချီ သွား၍ တပ်ချ သဖြင့် ၊ လေဟိ အရပ်၌ အနှံ့အပြား နေကြ၏။
10 Na ka mea nga tangata o Hura, He aha koutou i haere mai ai ki a matou? Na ka mea ratou, He here i a Hamahona i haere mai ai matou, kia meatia ki a ia tana i mea ai ki a matou.
၁၀ယုဒ လူ တို့ကလည်း ၊ အဘယ်ကြောင့် ချီ လာကြသနည်းဟုမေး သော် ၊ ငါ တို့၌ ရှံဆုန်ပြု သကဲ့သို့ သူ့ ကို ချည်နှောင် ၍ ပြု ခြင်းငှါ ချီ လာသည်ဟု ပြန်ပြော ကြ၏။
11 Katahi ka haere etahi tangata o Hura, e toru nga mano, ki te kapiti o te kohatu i Etama, ka mea ki a Hamahona, Kahore ianei koe e mohio he rangatira no tatou nga Pirihitini? he mahi aha tenei nau ki a matou? Na ka mea ia ki a ratou, Rite tonu ki ta ratou i mea mai ai ki ahau, taku i mea ai ki a ratou.
၁၁ထိုအခါ ယုဒ လူ သုံး ထောင် တို့သည် ဧတံ ကျောက် ထိပ် သို့ သွား ၍ ၊ ဖိလိတ္တိ လူတို့သည် ငါ တို့သခင် ဖြစ်ကြောင်း ကို သင်မ သိ သလော။ သင်သည် ငါ တို့၌ အဘယ်သို့ ပြု သနည်းဟုမေး သော် ၊ ငါ ၌ သူတို့ပြု သကဲ့သို့ သူ တို့၌ ငါပြု ပြီဟု ပြန် ပြော၏။
12 Na ka mea ratou ki a ia, He here i a koe i haere mai ai matou, kia hoatu koe ki te ringa o nga Pirihitini. Na ka mea a Hamahona ki a ratou, Oati mai ki ahau e kore koutou na e rere ki runga ki ahau.
၁၂သူတို့ကလည်း ၊ သင့် ကို ချည်နှောင် ၍ ဖိလိတ္တိ လူတို့လက် သို့ အပ် ခြင်းငှါ ယခု ငါတို့ လာ ကြပြီဟုဆို သော် ၊ ရှံဆုန် က၊ သင်တို့သည် ကိုယ်တိုင် ငါ့ ကို မလုပ်ကြံ ပါဟု ကျိန်ဆို ကြလော့ဟု ဆို လျှင်၊
13 Na ka korero ratou ki a ia, ka mea, Kahore; erangi me ata here koe e matou, a ka hoatu koe ki to ratou ringa: ko te whakamate ia, e kore matou e whakamate i a koe. Na ka herea ia e ratou ki nga taura hou e rua, a kawea atu ana i te kamaka.
၁၃သူတို့က၊ ငါတို့သည် မ လုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင် ၍ သူ တို့လက် ၌ အပ် မည်။ အကယ်စင်စစ်ကိုယ်တိုင်သင့် ကို မ သတ် ပါဟုဆို လျက် ကြိုး သစ် နှစ် စင်းဖြင့် ချည်နှောင် ၍ ကျောက် ပေါ်က ဆောင် ခဲ့ကြ၏။
14 I tona taenga ki Rehi, na ka hamama nga Pirihitini i te tutakitanga ki a ia. Ko te tino putanga o te wairua o Ihowa ki runga ki a ia: na rite tonu nga taura i ona ringa ki te muka kua wera i te ahi; harotu noa iho nga here o ona ringa.
၁၄လေဟိ အရပ်သို့ ရောက် သောအခါ၊ ဖိလိတ္တိ လူတို့သည် ကြွေးကြော် ကြ၏။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူ့ လက် ၌ ချည်သော ကြိုး တို့သည် မီး ထိ သော ပိုက်ဆန် ကဲ့သို့ ဖြစ်၍ အချည် အနှောင် ကျွတ် လေ၏။
15 Na kia pono ia ki tetahi kauae kaihe, he mea hou, a totoro atu ana tona ringa, tangohia ake ana; na kotahi mano tangata i patua e ia ki taua mea.
၁၅သူသည်လည်း မြည်း မေးရိုး လတ်လတ် ကို တွေ့ ၍ ကိုင် ယူပြီးလျှင် လူ တထောင် တို့ကိုသတ် လေ၏။
16 Na ka mea a Hamahona, Na te kauae kaihe, puranga atu, puranga atu; na te kauae kaihe, patua iho e ahau kotahi mano tangata.
၁၆သတ်ပြီးလျှင် မြည်း မေးရိုး ဖြင့် အပုံ ပုံ၊ မြည်း မေးရိုး ဖြင့် လူ တထောင် ကို ငါသတ် လေပြီဟု ဆို သောနောက်၊
17 A, i te mutunga o tana korero, na maka atu ana e ia te kauae i tona ringa, a huaina iho te ingoa o tena wahi, Ko Ramatarehi.
၁၇မြည်းမေးရိုး ကို ပစ် လိုက်၍ ၊ ထို အရပ် ကို ရာမတ်လေဟိ အမည် ဖြင့် တွင်လေ၏။
18 Na nui rawa tona matewai, a ka karanga ia ki a Ihowa, ka mea, Nau i homai tenei whakaoranga nui ki te ringa o tau pononga, a ka mate nei ahau i te matewai, ka hinga hoki i te ringa o te hunga kokotikore?
၁၈အလွန် ရေငတ် ၍ ထာဝရဘုရား ကို ဆုတောင်း လျက် ၊ ကိုယ်တော်သည် ဤ ကြီးစွာ သော ကယ်တင် ခြင်းကို ကိုယ်တော် ၏ကျွန် လက် ၌ ပေး တော်မူပြီးမှ ၊ ယခု အကျွန်ုပ်သည် ရေငတ် သဖြင့် သေ ၍ အရေဖျားလှီးခြင်းကိုမခံ သော လူတို့လက် သို့ ရောက် ရပါမည်လောဟု လျှောက် သော်၊
19 Na ka wahia e te Atua he poka i Rehi, a ka puta mai he wai i reira. Katahi ka inu ia, a hoki ana tona wairua, na kua ora ia. Na reira i huaina ai to reira ingoa, Ko Enehakore: kei Rehi na ano a tae noa ki tenei ra.
၁၉လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။
20 Na e rua tekau nga tau i whakarite ai ia mo Iharaira i nga ra o nga Pirihitini.
၂၀ရှံဆုန်သည်လည်း ဖိလိတ္တိ လူတို့လက်ထက် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး လေ၏။

< Kaiwhakariterite 15 >